Wednesday, June 22, 2011

ချော့ကလက်မြို့ သူ midnight နှင့် တွေ့ ဆုံမေးမြန်းခန်း

ချော့ကလက်မြို့ သူ midnight နှင့် တွေ့ ဆုံမေးမြန်းခန်း



လွမ်းရဲ့ ချစ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ midnight ကို တွေ့ ဆုံမေးမြန်းခန်းလေးလုပ်ဖို့  လွမ်း... midnight ဆီ မေးခွန်းလေးတွေ ပို့ ပေးထားတာ ကြာပါပြီ...
ခုလို ချော့ကလက်မြို့ တော်ရဲ့ နှစ်ပတ်လည်အစီအစဉ်လေးထဲမှာ လွမ်းနဲ့  midnight တို့ ရဲ့ တွေ့ ဆုံမေးမြန်းခန်း လေးကို တင်ဆက်ချင်တဲ့အတွက် midnight လေးကို ပြောပြတဲ့အခါ မနေ့ ညက မအိပ်ပဲ ရေးပို့ လိုက်ပုံ ရပါတယ်...
လွမ်းကလဲ တင်ဆက်ချင်တဲ့ အကြောင်းအရာတွေများနေတာနဲ့  ညနေပိုင်းမှ တွေ့ ဆုံမေးမြန်းခန်းလေးတင်ဖို့  ပြင်ဆင်ရပါတယ်...
midnight လေးရဲ့ ဖြေကြားချက်လေးကို နားဆင်ကြည့်ကြပါစို့ ... (ဒီလိုပဲရေးရမှာပေါ့နော်..:P)

(၁) midnight ချော့ကလက်မြို့ တော်ကို ၀င်ဖြစ်ခဲ့ပုံလေးကို သိချင်ပါတယ်... ၀င်ရောက်ခဲ့တဲ့နေ့ ကို မှတ်မိပါသလား...

midnight ချောကလက်ကို စ၀င်ဖြစ်ခဲ့တဲ့နေ့က ၂၀၀၉ သြဂုတ်လ ၈ ရက်နေ့ပါ... midnight က တကယ်တော့ ဒီလို social network site တွေနဲ့ သိပ်မရင်းနှီးတဲ့ တစ်ယောက်ပါ... ရန်ကုန်ကိုလွမ်းစိတ်၊ သူငယ်ချင်းတွေကိုသတိရတဲ့စိတ်တွေကို ဘယ်လို ကျော်ဖြတ်ရမှန်းမသိ ဖြစ်နေတုံး midnight ရဲ့ mail ထဲရောက်နေတဲ့ ဆိုဒ်တွေဝင်ကြည့်မိပါတယ်... အဲဒီမှာ... ကလေးလေး တစ်ယောက်နဲ့ ဆိုဒ်တစ်ခုမှာ ခင်သွားတယ်... သူက ချောကလက်ကိုလာခဲ့ပါလားလို့ခေါ်တာနဲ့ အဲဒီနေ့တင်..သူ့ ဖိတ်ခေါ်ချက်နဲ့ပဲ ရောက်လာပါတယ်...



(၂) midnight စတင်ဝင်ရောက်ခဲ့တုန်းက ခံစားချက်လေးကို
သိချင်ပါတယ်...

ဒီချောကလက်ထဲရောက်တော့ midnight စိတ်ထဲမှာ ဖိတ်ခေါ်တဲ့ ကလေးကလွဲရင် ဘယ်သူမှ မရှိဘူးလို့ထင်ခဲ့တာလေ... ဒါပေမဲ့ midnight ရဲ့ Friend List ထဲမှာ သူငယ်ချင်းတချို့ ရှိနှင့်နေကြတယ်... အဲဒီတော့ပျော်သွားတာပေါ့... တစ်ယောက်ထဲမဟုတ်ပါလားလို့လေ... နောက်တခုက..အဲဒီနေ့မှာဘဲ.. မြို့စားလေးဆိုသူက ကိုယ်တိုင်လာကြိုတယ်လေ... ဟာ..တယ်ဟုတ်ပါလားလို့ ပျော်သွားတယ်.. ကိုယ်ရောက်လာတာကို ဘယ်သူမှ မသိပဲ ခြောက်ခြောက်သွေ့သွေ့လားလို့ဘဲ ထင်ထားခဲ့တာလေ... အဲဒီတုံးကလေ midnight ဆိုတာ အူကြောင်ကြောင် အလွန်နိုင်သော လူတစ်ယောက်ပေါ့... ဟိဟိ... မြို့စားလေးကိုလဲ ဘယ်သူမှန်းသေချာမသိဘဲ ပြောင်သလိုနောက်သလိုနဲ့ သူ့စည်းကမ်းတွေ
လိုက်နာပါ့မယ်လို့ အလေးအနက် ဒါပေမဲ့ စိတ်ထဲက ပျက်ချော်ချော်နဲ့ သွားဝန်ခံခဲ့တယ်..ဟိ..
( မြို့စားလေးရေ ဆောဒီးပါရှင်... midnight ကတကယ်ကို စည်းကမ်းလိုက်နာမယ်ဆိုတာ ကိုယ့်ကို
ကိုယ် သေချာတယ်လေ... အဲဒါကြောင့် ပျော်ရွှင်စိတ်လေးနဲ့ အဲလို လုပ်ခဲ့တာ )
အဲ တခုပြောချင်တယ်..ဒီ နစ်ကလေးပေးဖြစ်ခဲ့တာလေ... အဲဒီခေါ်လာတဲ့ ကလေးပဲ ပေးခဲ့တာ... midnight ကလဲ ဒီနာမည်ကို Cat Woman ဇတ်ကားထဲမှာ ပါတဲ့ ကြောင်ကြီးနာမည် ဆိုပြီး တခါထဲကြိုက်လိုက်တာ... :)




(၃) ချော့ကလက်မြို့ တော်အပေါ် midnight ရဲ့
ထင်မြင်ယူဆချက်လေး ...

အင်း..အရမ်းကိုနွေးထွေးတဲ့မြို့လေးပါဘဲ..
ဒီမြို့လေးကနေ မခွါနိုင်လောက်အောင် ပျော်ရွှင်ခြင်း၊ နွေးထွေးခြင်း၊ ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ မြို့ကလေးပါ...
midnight ရဲ့ အလွန် အားလပ်လေလွင့်နေတဲ့ စိတ်တွေကို စုစည်းစေနိုင်တဲ့ မြို့လေးပါဘဲ... နေ့တိုင်း..မ၀င်ဘဲမနေနိုင်တဲ့နေရာလေးပါ..
midnight က တချိန်လုံး ဒီမြို့ထဲမှာပါဘဲ... ဘယ်မှ မသွားဘူးလေ.. မိုးလင်းကတဲက... သူငယ်ချင်းတွေကို ဘာလေး ပေးရင်ကောင်းမလဲဆိုပြီး အတွေးလေးနဲ့တင် ပျော်ရွှင်နေတာပါ... တခါတလေ.. Internet server down သွားလို့ဆိုပြီး ပျက်သွားတဲ့နေ့တွေဆို အရမ်းအထီးကျန်တယ်... မြို့ထဲကို ဘယ်က၀င်ရင်ကောင်းမလဲလို့ကြံစည်လိုက်ရတာ.. ဒါပေမဲ့ ရန်ကုန်မှာလို ဆိုင်လေးတွေ အလွယ်တကူမရှိတော့ ကိုယ်လက်ကိုယ် လိမ်ပြီး စိတ်ညစ်နေတာပေါ့...
လွမ်းတာလေ..သူငယ်ချင်းတွေကို... အဲဒီလောက် ခင်တယ် ဒီမြို့လေးနဲ့ သူငယ်ချင်းတွေကို... တင်စားပြောရရင်..ဒီနေရာလေးဟာ... midnight ရဲ့ ဒုတိယ မွေးရပ်မြေလေးပါဘဲ... midnight ကို မွေးဖွါးပေးခဲ့တဲ့မြို့လေးပေါ့....



(၄) ချော့ကလက်မြို့ တော်တည်ထောင်တဲ့ မြို့ စားလေးအပေါ် midnight ရဲ့အမြင်လေး....

မြို့စားလေးကို မြင်ရမယ်ဆိုရင် သူက ကိုရီးယားမင်းသားတွေထက်ချောတယ်ရှင့်..ဟိ..
အဲလိုဘဲ..သူ့နှလုံးသားက..ရုပ်ကလေးနဲ့ ဒါရိုက် အချိုးကျတယ်...
အလွန်မွန်မြတ်သောနှလုံးသားကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ...
မြန်မာတွေ တစ်နေရာထဲမှာ..တစ်စုတစ်ဝေးတွေ့ဆုံခင်မင်စေချင်တဲ့ သူ့စေတနာကို ဒီမြို့လေးကို ခင်တွယ်လာရင်းနဲ့ တစတစ ပိုသိလာပါတယ်...
သူတည်ထောင်ပေးခဲ့လို့သာ midnight တို့ဒီလို ခင်မင်ခွင့်၊ ဆုံတွေ့ခွင့် တွေရကြတာ မဟုတ်လား...
အသီးသီးနေထိုင်ရာ နေရာဒေသတွေ ကွဲပြားလို့ မိုင်တွေခြားနေပေမဲ့လဲ ဒီမြို့လေးမှာ midnight တို့အားလုံး အတူတူဘဲ ရှိနေခဲ့ကြတယ်...
အဲဒီအတွက်မြို့စားလေးကို အရမ်းကျေးဇူးတင်ပါတယ်...
ပြီးတော့ မြို့စားလေးက မာနလဲမကြီးဘူး... လူတိုင်းကိုနွေးထွေးဖေါ်ရွေတတ်တဲ့လူငယ် Creator လေးပါ..
midnight ဒီမြို့မှာ အခြေချနေထိုင်နေတာကိုက မြို့စားလေးရဲ့ ခင်မင်တတ်တာ၊ နွေးထွေး လှိုက်လှဲတတ်တာတွေကြောင့်ပါဘဲ...


(၅) ချော့ကလက်မြို့ တော်က သူငယ်ချင်းတွေအကြောင်း ပြောပြပေးပါ...

ဟုတ်ကဲ့..midnight ဒီမြို့ကိုရောက်ကာစက midnight ရဲ့ သူငယ်ချင်းစာရင်းထဲမှာ သူငယ်ချင်းတချို့ ရှိနေခဲ့ပါတယ်... ဒါပေမဲ့ midnight တချို့ကို မသိဘူး.. ရင်းရင်းနှီးနှီး သိတာဆိုလို့... Madness တစ်ယောက်ဘဲ... သူကလဲ ဒီဆိုဒ်ကို မသုံးဘူးတဲ့... အဲဒီတော့ midnight က သန်းခေါင်ယံမှာလျှောက်လည်တတ်တဲ့ ကြောင်ကြီးပီပီ တမြို့လုံးကိုတညလုံး လျှောက်လည်တော့တာပေါ့... ပထမဦးဆုံး midnight ဘာလုပ်လဲဆိုတော့ သူငယ်ချင်းစာရင်းထဲ ပါတဲ့လူတွေ အားလုံးကို ကော်ဖီ လိုက်တိုက်တယ်... midnight အဲဒီတုံးက Comment မပေးတတ်သေးဘူး... ကော်ဖီခွက်နဲ့ မုန့်နဲ့ အရွယ်တူအောင်တောင် မနဲ ညှိနေရတာ... ဟိဟိ... အဲဒါလေးကိုင်ပြီး လိုက်ပေးတာ... မြို့ စားလေး ကိုလဲ သူငယ်ချင်း လုပ်လိုက်တယ်... ဘယ်ရမလဲ ဟိဟိ သူက midnight ကိုလာတောင် ကြိုထားတာလေ.... :P
အဲဒီတော့ ချောကလက်မှာ midnight ရဲ့ ပထမဦးဆုံးသူငယ်ချင်းက မြို့စားလေးပေါ့...
နောက်တစ်ယောက်က midnight လိုက်တိုက်တဲ့ကော်ဖီကို သောက်ပြီး ပြန်လာတိုက်တဲ့ andrew လို့ခေါ်တဲ့သူငယ်ချင်းပါဘဲ ... သူက friend list ထဲမှာ ရှိနှင့်နေတဲ့သူငယ်ချင်း... နောက်မနက်အိပ်ရာနိုးချိန်မှာ အပြေးအလွှား ဖွင့်လိုက်တော့ တုံ့ပြန်သူ နှစ်ယောက်ကို တွေ့ရတယ်.. မြို့စားလေးနဲ့ andrew ပေါ့... midnight တက်ကြွသွားတယ်..ဟားဟား... သူငယ်ချင်းရပြီလေ... midnight သူငယ်ချင်းတွေကို တန်ဖိုးထားတတ်တယ်... အဲဒီကစပြီး သူတို့ကို မှန်မှန် နှုတ်ဆက်တယ်... ဒီနေ့ထိ မပျက်ခဲ့ပါဘူး...
ဒါပေမဲ့ andrew က ခုနောက်ပိုင်းမလာတော့ပါဘူး... midnight ကို ဘယ်သူမှ မသိခင်တုံးကတဲက သူ ဘယ်သူလဲမသိရဘဲ ပုံလေးတွေနဲ့အမြဲနှုတ်ဆက်တယ်... midnight ရဲ့ အထီးကျန်မှုတွေကိုသူ ဖယ်ပေးခဲ့တယ်... သူ့ပုံလေးတွေနဲ့ပေါ့... နောက်...တဖြေးဖြေးနဲ့ midnight မှာ သူငယ်ချင်းတွေ များလာခဲ့ပါတယ်... အဲဒီအချိန်မှာ..သူက တခါတရံမှဘဲလာပါတော့တယ်...သူ့ ကို midnight က my angel လို့ခေါ်ပါတယ်... ဘာလို့လဲဆိုတော့ သူဟာ angel တွေလိုဘဲ... ရုတ်တရက် ရောက်လာပြီး ပျော်ရွှင်ခြင်းတွေပေးတယ်... ပြီးတော့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားလို့ပါဘဲ...
အဲဒီလို midnight မြို့ထဲလျှောက်သွားရင်း တစ်ယောက်ကို သတိထားမိတယ်... သူ့ကို နေရာတိုင်းမှာလိုလို တွေ့ရတတ်တယ်... တခါတရံ ပြောင်သလို နောက်သလိုလေးတွေ ရေးတတ်တယ်... သူပေးတဲ့ပုံလေးတွေက တမျိုးလေးတွေ... ဆန်းပြီးလှတယ်... သူ့ page ကို လိုက်သွားကြည့်တော့ အပြင်အဆင်လဲလှတယ်... သူ့မှာ သူငယ်ချင်းတွေလဲ အများကြီးဘဲ... midnight ခပ်ကုပ်ကုပ်လေးနဲ့ဘဲ ပြန်ခဲ့တယ်...
ချောကလက် မြို့တော်မှာ နောက်တစ်ခု ပျော်စရာက blog post တွေ ဖတ်ရတာပါဘဲ... တချို့ကတော့
အသစ်တွေ၊ တချို့လဲ အဟောင်းတွေပေါ့... Forward mail တွေများတယ်... ဒါပေမဲ့ စာဖတ်ဝါသနာပါတဲ့ midnight အတွက်ကတော့ ပျော်စရာပါဘဲ... ဖတ်ပြီးရင် comment ပေးရမှာတခုဘဲ midnight အတွက် အခက်... အဲဒီတုံးက မြန်မာလို မရိုက်တတ်ဘူးလေ... myanglish နဲ့လဲ မပေးချင်ပါဘူး.. ဒါနဲ့ blogger ကို ပုံလေးတွေဘဲ ပို့ခဲ့တတ်တယ်...
အဲဒီမှာ midnight post တစ်ခုကို စဖတ်ဖြစ်ခဲ့တယ်... ကိုယ်တိုင်ရေးပေါ့... fwd mail post တွေကြားက ဖတ်ရတာဆိုတော့ တမျိုးလေးဘဲ ဖတ်လို့လဲကောင်းတယ်... အဲဒီမှာ blogger ကိုကြည့်လိုက်တော့ အိုး... နေရာတကာမှာတွေ့နေရတတ်တဲ့ လွမ်းဆိုတဲ့ ကောင်မလေးပေါ့...ဟိဟိ... သူ့ကို Comment သွားပေးလိုက်တယ်... အဲဒီက စပြီး midnight နဲ့လွမ်း စခင်သွားတော့တာ...
အဲဒီနေ့ကစ... နှစ်တစ်ရာတိုင်ပေါ့နော် လွမ်း..ဟိ...
နောက်ထပ်ခင်ရတာက... midnight ကို အရမ်းခင်တဲ့ စောယု ဆိုတဲ့ ညီမလေးပါ.. သူက sis* လို့ခေါ်လေ့ရှိတယ်... အဲဒီနေ့တွေက midnight ရဲ့စာမျက်နှာမှာ သူတို့လေးတွေဘဲလေ...
Madness က midnight ကို အမရင်းလို ခင်တာကြောင့် ချောကလက်ထိ Comment လိုက်ပေးပါတယ်... ဟိုဘက်ဆိုဒ်မှာ တွေ့ဘူးနေခဲ့တဲ့ Comment ပေးကောင်းတဲ့ ကောင်လေးကိုလဲ ဒီမှာပြန်တွေ့ရလို့ သွားပေးဖြစ်တယ်... ဒီနေ့ထိ Comment ပေးဖြစ်နေကြတုန်းပါ.. အဲဒီနောက် သူငယ်ချင်းတွေ ၀င်လာလိုက် ထွက်သွားလိုက်နဲ့ midnight ကတော့ ပုံမှန် ပုံလေးတွေဘဲ ပို့နေပါတယ်..
အဲဒီလိုနဲ့သွားရင်းလာရင်း Comment ကို စာလေးနဲ့ရေးပြီး ပို့တတ်တဲ့ ကောင်မလေးကို တွေ့တယ်... သူကတော့ Ecue လေးပါ... ဒီနေ့ထိ ငါတို midnight ကြီးဆီ လာပါတယ် လို့ ချစ်စရာပြောပြီး comment ပေးနေဆဲပါ...
နောက်...ပုံဆန်းဆန်းလေးတွေ ပို့တတ်တဲ့ကောင်လေးတစ်ယောက် ရောက်လာတယ်... VB ပါ... သူပို့တဲ့ပုံလေးတွေမျိုး midnight မရှာတတ်ဘူး...

အဲ... သူနဲ့တူတဲ့ ကောင်မလေးရှိသေးတယ်... မေမီပါ... သူတို့နှစ်ယောက်က ပေးတဲ့ ပုံလေးတွေချင်းတူတယ်... Emo ပုံလေးတွေ... ဒီနေ့ထိ midnight သူတို့လို ပုံလေးတွေ မရှာတတ်ဘူး... သူတို့ ပေးတဲ့ပုံလေးတွေက တကယ်ကို ဆန်းပြီး လှတယ်... မေမီကို နောက် တမျိုး သိရတာက သူက post တွေကို မြူးမြူးသွက်သွက် နဲ့ ရယ်စရာလေးစွက်လို့ရေးရင်း အသိတရား တခုခုကို ပေးတတ်တယ် ဆိုတာပါဘဲ... ချောမောတဲ့ရုပ်လေးနဲ့ စာရေးလဲကောင်း၊ ပုံတွေလဲ အရမ်းရှာတတ်တဲ့ ချစ်စရာမေမီနဲ့ ညပိုင်းတွေ အိပ်ခဲတဲ့ midnight ပုံတွေနဲ့ စကားပြောရင်း အရမ်းခင်သွားကြတယ်... သူက ပုံလေးတွေလာပေး၊ ရယ်စရာတွေရေးခဲ့၊ midnight က ကိုယ့်စာမျက်နှာပေါ်ကဘဲ သူ့ကို ပြန်ရေးနဲ့ ညတွေ မှာ ပျော်ရွှင်ခဲ့ရတယ်... ဒီအချိန်မှာ midnight နဲ့ blackrose ဆိုတဲ့ညီမလေးကလဲ သူတင်တဲ့ post တခုကို Comment ပေးရင်း ခင်နေနှင့်တယ်... blackrose က အရမ်းပွင့်လင်းပြီး ခင်စရာကောင်းတဲ့ ကောင်မလေးပါ... အဲဒီ midnight တို့ရဲ့ ညဘက် ကစားပွဲမှာ သူလဲ ပါလာတယ်... အဲလိုနဲ့ သုံးယောက် အရမ်း ရယ်မော ပျော်ရွှင်ခဲ့ရတယ်...


midnight တို့ပျော်နေတာကို ကြည့်ပြီး လာပျော်တာကတော့ လူတိုင်းကို ပျော်ရွှင်ပါစေလို့ လိုက်နှုတ်ဆက်တတ်တဲ့ Joe ပါ...

သူငယ်ချင်းလေးတွေထဲမှာ အသံလေးတောင်ကြားရမလားထင်ရအောင် comment ပေးတတ်တဲ့သူလေးက မေမွန်ကိုလေး ပါ... ချစ်မ လို့ခေါ်တတ်တယ်... for mama ဆိုပြီး အရမ်းချစ်စရာကောင်းတဲ့ ပုံလေးတွေ ပေးတတ်တယ်...
နောက်ထပ် ချစ်စရာကောင်းသူလေးကတော့ ပုံ့ပုံ့လေးပါ... midnight လေးပျော်ရွှင်ပါစေလို့ အမြဲဆုတောင်းပေးတတ်တယ်...


နောက် ရွှေရုပ်လေး... နောက် honey... သူတို့ကတော့ midnight ရဲ့ အဦးဆုံး ခင်ခဲ့ရသူလေးတွေပါဘဲ...


အဲဒိအချိန်မှာဘဲ... သူငယ်ချင်လေးတွေအများကြီး တိုးပွါးလာနေပြီ... ထွက်သွားသူတွေလဲ အများကြီးပါဘဲ... အဲဒီထဲမှာ..အမှတ်တရ ဖြစ်နေဆဲ သူငယ်ချင်းလေးက မေမိုးလွင် ပါ... မြန်မာစားစရာလေးတွေကို အမြဲ လာကျွေးတတ်ပါတယ်... ခုတော့ သူလဲမလာဖြစ်တော့ဘူး...


နောက်တစ်ယောက်ကတော့ ပုံလှလှလေးတွေနဲ့ မှတ်သားလောက်စရာ စကားတွေပေးတတ်တဲ့ ပန်းကလေးပါဘဲ... ပြန်မလာတာကြာနေပါပြီ..
တခါတလေရောက်လာပြီး..ပုံလှလှတွေပေးတတ်သူလေးကတော့ မြတ်သူပါ..


နောက်ပိုင်းမှာ.. ခင်နေတာတွေကလဲအများကြီးပါ... မငယ်လေးလို့ခေါ်ပြီး ပို့သမျှ ပုံလေးတွေကို ခံစားပေးတတ်တဲ့သူငယ်ချင်းလေး... စာကောင်းကောင်းလေးတွေ ရေးတတ်တဲ့ ထက်မြက်သော သံစဉ်လေး...


အမြဲဆုတောင်းပေးတတ်တဲ့ ကိုမောင်မောင်အောင်... သူက midnight ကို အစားကောင်း ကြိုက်တယ်လို့ကို ထင်နေတော့တာ..ဟိဟိ... တကယ်လဲကြိုက်တယ်... ဈေးကြီးတဲ့ အစားတွေကိုပြောတာမဟုတ်ဘူးနော်... စားလို့ ကောင်းတာကိုကြိုက်တာ.. :P


နောက် wan an လို့နှုတ်ဆက်တတ်တဲ့ ရှီးယန်၊ စာရေးတဲ့ ရာမည၊ mochi၊ chocolate
cupid၊ အမျိုးကောင်းသား၊ Mega လေး၊ လကလေး(မွန်း)၊ သီရိလေး၊ ချစ်ဆူညံလေး၊ memory၊
sandar၊ cutemyo
အား... ချောကလက် တမြို့လုံး ဝေဆာစည်ကားသွားအောင်လုပ်နိုင်သူလေး မီးမီး ယမုံလေး...
နေ့တိုင်း အစားလေးတခုခုနဲ့ ပုံလေးတွေ ပို့ ပေးနေတတ်တဲ့ နှင်းဇလပ်လေး...
ခင်ရတာမကြာသေးပေမဲ့ အရင်ကတဲကရှိနှင့်တဲ့ သူငယ်ချင်းတွေနဲ့ မခြား ခင်ရတဲ့ ချစ်စရာ ညီမလေး ငွေလရောင်...
ပုံလေးတွေနဲ့ စကားပြောတတ်တဲ့ သီဟ၊ အိမ်လွမ်းသူ၊ လူမုန်း...
သူငယ်ချင်းတွေ တစ်ယောက်ချင်းရဲ့ အကြောင်းတွေကို ရေးရမယ်ဆိုရင် နောက်ထပ် blog တစ်ခု ထပ်တင်ရမယ် ထင်တယ်နော်လွမ်း... ဟိ ဟိ
တကယ်တော့သူငယ်ချင်းတွေ ကျန်ပါသေးတယ်...

နောက်တစ်ခေါက်မှ midnight ရဲ့ သူငယ်ချင်းတွေလို့ ထပ်ရေးမယ်နော်..:P



(၄) လွမ်းက midnight ရဲ့ Comment လေးတွေရရင်းနဲ့ ခင်လာရတဲ့သူပါ... Comment လေးတွေပေးဖို့  ဘယ်လိုပြင်ဆင်တယ်ဆိုတာကို ပြောပြပေးလို့  ရနိုင်မလား...

ရပါတယ်လွမ်းလေးရယ်..
midnight ရဲ့ comment ဘယ်လိုပြင်သလဲ ဆိုတာကိုမပြောခင် midnight ဘာလို့ comment
ပေးဖြစ်သလဲဆိုတာ ပြောပြချင်ပါတယ်... ဒီဆိုဒ်တွေထဲ စစ ၀င်တုံးက midnight comment မပေးတတ်ခဲ့ဘူး... သူများပေးတာတွေဘဲ ကြည့်ပြီး အရမ်းအားကျနေခဲ့ရတယ်... အဲဒီအချိန်မှာ အရင် ဆိုဒ်မှာ comment ပေးတာတော်တဲ့ ကောင်လေး နှစ်ယောက်ရှိတယ်... Madness နဲ့ ကောင်လေးပါ... သူတို့ရဲ့ comment တွေကြည့်ပြီး တော်လိုက်ကြတာလို့ အမြဲချီးကျူးနေခဲ့တယ်... မထင်မှတ်ဘဲ... Madness နဲ့ အရမ်းခင်သွားတယ်... သူ midnight ကို comment တွေ အမြဲပေးခဲ့တယ်... သူ့ဆီကပုံလေးတွေရရင် အရမ်းပျော်တယ်... အဲဒီမှာ comment ရရင် ပျော်ပါလားလို့ သိလာတယ်...
ချောကလက်လဲရောက်ရော ပုံလေးတွေစပေးဖို့ကြိုးစားတော့တာဘဲ... အဲဒီမှာ comment site တွေထဲက ပုံတွေနဲ့ ပေးကြည့်ပါတယ်...
သိပ်အားမရပါဘူး... ဒါနဲ့ google ထဲကပုံတွေကို ရှာပြီးပေးပါတယ်..
စစဦးဆုံးမှာ.. ပုံကိုဘယ်လို အရွယ်ညီအောင် ညှိရမလဲဆိုတာတောင် မသိခဲ့ပါဘူး..
အခုတော့ ရသွားပါပြီ.. google မှာပုံတွေရှာ၊ picasa 3 ထဲမှာ save ထား... ပြီးတော့ college ထဲမှာပြင်၊ folder နာမည်လေးတွေတပ်ပြီး comment တခုခြင်းစီကို export လုပ်ပါတယ်.. ပြီးတော့ page ပေါ်မှာ တစ်ပုံခြင်းတင် html code တွေရတော့မှ comment အလိုက် save ထားပေးတဲ့အခါ copy paste လုပ်ပြီးပေးယုံပါဘဲ...
midnight comment ပေးတဲ့ အခြခံကတော့ color အပေါ်မှာ အခြေခံခဲ့ပါတယ်... အစပိုင်းမှာ ပန်းတွေကိုဘဲပေးတတ်ခဲ့ပါတယ်...
နောက်ပိုင်း မိန်းကလေးပုံလေးတွေ ထည့်သုံးဖြစ်လာပါတယ်... midnight သုံးလေ့ရှိတဲ့ မိန်းကလေးတွေက ဘယ်သူရယ်လို့ မဟုတ်ပါဘူး.. အကြည့်လေးတွေ အမူအရာလေးတွေ အပေါ်မှာ အဓိကထားပြီး ရွေးပါတယ်..
comment လေးတွေကိုလဲ အထိမ်းအမှတ်နေ့တွေလိုက်ပြီး ပုံတွေကြိုစု၊ ကြိုစီစဉ်ပြီးမှ ပေးပါတယ်... အချိန်ကိုလိုက်ပြီး အစားအသောက်လေးတွေလဲပို့ပါတယ်... midnight က ပို့လိုက်တဲ့ပုံလေးတွေကို ရတဲ့လူတွေရင်ထဲမှာပျော်စေချင်တာပါ... အဲဒီစိတ်ကို အခြေခံပြီး ပုံတွေကို ရွေးပါတယ်... ပြင်ဆင်ပါတယ်...


(၅) အခုဆိုရင် midnight ဟာ ချော့ကလက်မြို့ တော်မှာ Comment ပေးတာ အကောင်းဆုံး၊ အတော်ဆုံးသူဖြစ်တယ်ဆိုတာ မြို့ သူ၊ မြို့ သားတွေ အားလုံးက လက်ခံထားကြပါတယ်... အဲဒီ့အပေါ် midnight ရဲ့ စိတ်ခံစားချက်လေး သိချင်ပါတယ်...

ဟုတ်ကဲ့ပါ..တကယ်တော့ midnight ကအတော်ဆုံးရယ်လို့ မဟုတ်ပါဘူး... ဒါပေမဲ့ midnight ပို့လိုက်တဲ့ comment အပေါ် မြို့သူမြို့သားတွေနှစ်သက်တယ်၊ ပျော်ရွှင်သွားတယ်ဆိုရင် midnight အရမ်းပျော်ပါပြီ..
midnight ကိုယ်တိုင်က ခုထိ comment တွေကို နှစ်သက်တတ်ဆဲပါ...
ဘယ်လိုပုံလေးဘဲဖြစ်ဖြစ် ရလိုက်ရင် ပျော်မြူးနေဆဲပါ..
ဒါကြောင့်သူငယ်ချင်းတွေရဲ့ comment တွေကို အမြဲမျှော်နေတတ်တာပါ..
ပုံရယ်လို့ မဟုတ်ပါဘူး..
စာလေးရေးခဲ့ရင်ကို အရမ်း ကျေနပ်တတ်တဲ့လူပါ...



(၆) midnight ကို အချစ်နဲ့ ပတ်သက်ပြီး မေးခွန်းမေးချင်ပါတယ်...

ဟုတ်ကဲ့ မေးပါရှင်...
(၇) အချစ်နဲ့ပတ်သက်လို့ ဘယ်လိုထင်မြင်ယူဆလဲ သိချင်ပါတယ်....

အချစ်နဲ့ပတ်သက်လို့ ဘယ်လိုမြင်ယူဆလဲ ဆိုတော့ အချစ်က မီးနဲ့ရေလိုပါဘဲ ..

မချစ်တတ်ရင် အရမ်းပူလောင်ပြီး...

ချစ်တတ်တဲ့ အခါ ရေလိုဘဲ အေးမြပါတယ်...


(၈) အချစ်ရဲ့အဓိပ္ပါယ်ကို midnight ကဘယ်လိုဖွင့်ဆိုချင်ပါသလဲ...

အချစ်ရဲ့အဓိပ္ပါယ် ကို midnight ဒီလိုဘဲ နားလည်ထားပါတယ်...
အချစ်ဆိုတာ ရယူလိုခြင်း၊ ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း စသဖြင့် အမျိုးမျိုး ဖွင့်ဆိုကြပေမဲ့ midnight အတွက်ကတော့ အချစ်ဆိုတာ... ချစ်နေဖို့ပါဘဲ...


(၉) midnight ကရော ဘယ်လိုအချစ်မျိုးနဲ့ ချစ်ချင်ပါသလဲ....

midnight လိုချင်တဲ့ ချစ်ခြင်းက တယောက်နဲ့တယောက် နားလည်ပြီး အပြန်အလှန် ချစ်ကြတဲ့အချစ်မျိုးပါ..



(၁၀) အွန်လိုင်းအချစ်ဆိုတာကိုရော midnight
ကြုံဖူးပါသလား...

ဟုတ်ကဲ့ ကြုံဘူးပါတယ်...



(၁၁) အွန်လိုင်းအချစ်အပေါ် midnight ဘယ်လို ထင်မြင်ယူဆပါသလဲ...

အွန်လိုင်းအချစ် ရှိတယ်လို့ ယုံပါတယ်..မရှိဘူးဆိုတာလဲလက်ခံပါတယ်...
အွန်လိုင်းပေါ်ကနေတွေ့ပြီး တကယ်ချစ်သွားတဲ့လူတွေရှိသလို အွန်လိုင်းကို အသုံးပြုပြီး
အချစ်တွေ အများကြီးထား အလွဲသုံးစား လုပ်တတ်တာတွေလဲ ရှိပါတယ်...



(၁၂) midnight ပြောချင်တဲ့စကားများရှိရင် ကြားချင်ပါတယ်...


midnight ပြောချင်တာကတော့ midnight က ချောကလက်မြို့သူပါ...
ချောကလက်ကသူငယ်ချင်းတိုင်းကို ခင်မင်ပါတယ်...
Comment လေးတွေကိုလဲဆက်ပြီးပေးသွားပါမယ်...
သူငယ်ချင်းအားလုံးကိုပျော်ရွှင်စေချင်ပါတယ်...


ခုလို ချော့ကလက်မြို့ တော် တစ်နှစ်ပြည့် နှစ်ပတ်လည်အစီအစဉ်လေးမှာ ချော့ကလက်မြို့ သူ midnight လေးရဲ့ ဖြေကြားချက်ကို ဖတ်ရတဲ့အခါ မြို့ တော်သူ၊ မြို့ တော်သားများ အတိုင်းအတာ တစ်ခုအထိ ကျေနပ်နှစ်သိမ့်မှုရကြလိမ့်မယ်လို့  မျှော်လင့်ပါတယ်...
ချော့ကလက်မြို့ တော်မှာ မြို့ တော်သူ၊ မြို့ တော်သားများအားလုံး ပျော်ရွှ့င်ချမ်းမြေ့ကြပါစေ...




လွမ်း

၁၈-၀၃-၀၁
ည ၈း၁၅


No comments: