Wednesday, June 22, 2011

Comment မှ ပြောသော ဇာတ်လမ်းလေး


Comment မှ ပြောသော ဇာတ်လမ်းလေး


လွမ်း သူငယ်ချင်းတွေဆီ ဒီနေ့ပေးမဲ့ Comment တွေရှာရင်း စိတ်ကူးလေးတစ်ခု ရလာတယ်…

Comment လေးတွေနဲ့ ဇာတ်လမ်းလေး ဆင်မလားလို့…

ဒါနဲ့ Comment လေးတွေနဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ရေးထားတာပါ…

အချစ်ဆိုတာ ဝင်္ကပါထဲ လျှောက်နေရသလိုပါပဲ…

မချစ်ခင်တုန်းကတော့ သူ “ချစ်တယ်” လို့ ပြောလာမှာကို မျှော်လင့်ခဲ့ရတာလေ…

ချစ်သူတွေဖြစ်သွားတော့ ချစ်သူနဲ့ နှစ်ယောက် လက်ချင်းချိတ်ပြီး ဘဝကို အတူလက်တွဲလျှောက်မယ် လို့ ဆုံးဖြတ်ခဲ့ကြတာပေါ့…



တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နှစ်ယောက်သား ပျော်ခဲ့ကြတာပေါ့…



တစ်ယောက်ရင်ခုန်သံကို တစ်ယောက်က နားထောင်နေတတ်တယ်…




နေပူပူ… မိုးရွာရွာ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဘဲ ချစ်ခဲ့ကြတာ…


ခုတော့ သူက နှုတ်ဆက်ကျောခိုင်းသွားတော့ လွမ်းတော့ သူ့အသည်းနှလုံးကို ထုတ်ယူပေးတာကို ယူပစ်လိုက်တယ်… :P (ရီနဲ့)



အော်… ယောင်္ကျားလေးတွေများ အသည်းနှလုံး ပေါနေတယ်ထင်ပ…

ခု သူက လွမ်းထက်ပိုငယ်ပြီး ပိုချောတဲ့သူနဲ့ ချစ်သူဖြစ်နေကြပြီတဲ့…

တော်ပါပြီ… အချစ်ဆိုတာ ပူလောင်ခြင်းတဲ့… သူငယ်ချင်းတွေလို ချစ်ရတာကမှ ခိုင်မြဲမယ်ဆိုတာ ယုံသွားပါပြီ…


လွမ်းတို့ သူငယ်ချင်းတွေဖြစ်ရတာ ဝမ်းသာကြည်နူးရပါတယ်…

လွမ်းသူငယ်ချင်းတို့အတွက် ပျော်ရွှင်ချမ်းမြေ့စေကြောင်း အမြဲဆုတောင်းပေးနေမှာပါ…






လွမ်း
၂၁-၁၀-၀၉

နေ့လည် ၁:၄၈ နာရီ

No comments: