Wednesday, June 22, 2011

Interview with blackrose

Interview with blackrose


ချော့ကလက်မြို့ သူ၊ မြို့ သားများအနေနဲ့  အလွမ်းမင်းသမီးလေး လွမ်းနဲ့ 
တွေ့ ဆုံမေးမြန်းခန်းလေးကို ဖတ်ရှုပြီးဖြစ်ပါလိမ့်မယ်...

ဒီတစ်ခါတော့ အလွမ်းမင်းသမီးလွမ်းက သူငယ်ချင်းဖြစ်သူ blackrose ကို
တွေ့ ဆုံမေးမြန်းခန်းလေး ပြုလုပ်မှာဖြစ်ပါတယ်...

လွမ်းတို့  သူငယ်ချင်းနှစ်ယောက်ဟာ စာအပြန်အလှန်ပေးပို့ ၊ Comment လေးတွေ အပြန်အလှန်
ပေးပို့ ရင်း ခင်ခဲ့တဲ့ သူငယ်ချင်းတွေပါ...

မြို့ သူ၊ မြို့ သားများစိတ်ဝင်စားစေမဲ့ မေးခွန်းလေးများကို လွမ်းက သူငယ်ချင်း blackrose ကို စာဖြင့်
ပေးပို့ မေးမြန်းခဲ့ပါတယ်...

blackrose ကလဲ စာဖြင့် ပြန်လည်ပေးပို့ ဖြေဆိုခဲ့ပါတယ်...

လွမ်းတို့ ရဲ့ တွေ့ ဆုံမေးမြန်းခန်းလေးကို စတင်လိုက်ကြရအောင်ပါ...




(၁) လွမ်း ။ ။ blackrose က ချော့ကလက်မြို့တော်ကို ဘယ်လိုကနေ သိပြီးဝင်လာတာပါလဲ...

blackrose ။ ။ သူငယ်ချင်းတယောက်က Link ပေးတယ်လေ... ဒီ siteလေး ကလူလဲများတယ်... ပျော်ဖို့လဲကောင်းတယ်... လာလည်ကြည့်ပါဆိုတာနဲ့ member ၀င်ဖြစ်သွားတာပါ...

(၂) လွမ်း ။ ။ ချော့ကလက်မြို့တော်ကိုစရောက်စခံစားချက်လေး...


blackrose ။ ။ နဲနဲ အထီးကျန်သလိုပါဘဲ..သူငယ်ချင်းကလဲမရှိ.. ဘာမှလဲမသိနဲ့... ခုတော့လဲသူငယ်ချင်းတွေအများကြီးရပြီး ပျော်နေပါပြီ...


(၃) လွမ်း ။ ။ ချော့ကလက်မှာ အလွမ်းကဗျာလေးတွေ တင်ထားတာတွေ့တဲ့အတွက် ရင်တွင်းခံစားချက်လေး သိချင်ပါတယ်...


blackrose ။ ။ အဲဒါကတော့အလွမ်းကဗျာရယ်လို့မဟုတ်ပါဘူး... စိတ်ထဲမှာခံစားမိတာ ချရေးလိုက်တာပါ... ဒါပေမဲ့ စိတ်ထဲမှာလွမ်းတာတွေပဲ ရှိနေလို့လားမသိပါဘူး... အလွမ်းကဗျာတွေဘဲဖြစ်သွားတယ်ထင်ပါ့... ဟိဟိ
အလွမ်းမင်းသမီးလွမ်းရဲ့သူငယ်ချင်းလေ... အလွမ်းဓါတ်ခံကတော့ ရှိပြီးသားဘဲ :P :P :P


(၄) လွမ်း ။ ။ ချော့ကလက်မြို့တော်က သူငယ်ချင်းတွေ အကြောင်းပြောပြနိုင်မလား...


blackrose ။ ။ ပြောပြနိုင်ပါတယ်... သူငယ်ချင်းတွေကတော့ အများကြီးပါဘဲ... သူငယ်ချင်းအားလုံးကိုလဲခင်ပါတယ်... ဒါပေမဲ့ကိုယ်နဲ့အတူတူရဲဘော် ရဲဘက်စိတ်အပြည့်နဲ့  တိုက်ပွဲဝင်နေကြသူတွေကတော့ မေမီ၊ လွမ်း နဲ့ midnight ပါဘဲ... ဒါတောင်ဟိုရက်ပိုင်းက ဖြစ်တဲ့တိုက်ပွဲမှာ midnight မပါလိုက်ရဘူး... သူကရွာခဏပြန်နေတာလေ... ရွာကလဲအားလုံးသိကြတဲ့အတိုင်းအွန်လိုင်းကိုလာဖို့  လမ်းပန်းဆက်သွယ်ရေး connection ကမကောင်းတော့ နိုက် ခမျာတူတူ တိုက်ပွဲမ၀င်လိုက်ရဘူး ဖြစ်သွားတယ်..:P :P :P
( ဘာတိုက်ပွဲလဲလို့သိချင်သူများ... အလွမ်းမင်းသမီးအားစုံးစမ်းမေးမြန်းနိုင်ပါသည်...)


(၅) လွမ်း ။ ။ ချော့ကလက်မြို့တော်ရဲ့ မြို့စားလေးအပေါ်ဘယ်လိုမြင်ပါသလဲ.... blackrose ရဲ့အမြင်လေး...

blackrose ။ ။ သူ့အကြောင်းတော့သေချာမသိပါဘူး... ဒါပေမဲ့ သူ့လက်နက်ကတော့ တော်တော်ကောင်းတယ်... heavy တွေချည်းပဲလေ... သူကလက်နက်ကြီးသမားဆိုတာပဲ သိတယ်..အော်... တလွဲမထင်ပါနဲ့နော်.. သူကမြို့စားဆိုတော့ မြို့တော်ကိုကာကွယ်ရမဲ့ တာဝန်ရှိတယ်လေ... ဒါကြောင့် သူ့ရဲ့မြို့စောင့်တပ်မှာ သုံးဖို့တန်ဖိုးရှိတဲ့လက်နက်ကြီးတွေပဲ ၀ယ်တယ်သုံးတယ်လို့ ပြောတဲ့သဘောပါ....


(၆) လွမ်း ။ ။ ချော့ကလက်မြို့တော် အပေါ် ထင်မြင်ယူဆချက်လေး....


blackrose ။ ။ အရမ်းပျော်စရာကောင်းတဲ့မြို့လေးပါ.... ဒီမြို့လေးကခံစားချက်ပေါင်းစုံ၊ ရသပေါင်းစုံပေးနိင်တယ်လို့ထင်ပါတယ်... ဒီမြို့တော်လေးရှိတဲ့အတွက်သူငယ်ချင်းတွေ အများကြီးလဲထပ်ရခဲ့ပါတယ်...ဒီမြို့လေးကို တည်ထောင်ထားတဲ့ မြို့စားလေးကိုလဲ ကျေးဇူးတင်ပါတယ်...


(၇) လွမ်း ။ ။ အချစ်နဲ့ပတ်သက်ပြီးမေးခွန်းနဲနဲမေးချင်ပါတယ်...


blackrose ။ ။ ဟုတ်ကဲ့ရပါတယ်... မေးပါ...

 
(၈) လွမ်း ။ ။ အချစ်နဲ့ပတ်သက်လို့ ဘယ်လိုထင်မြင်ယူဆလဲ သိချင်ပါတယ်.... အချစ်ရဲ့အဓိပ္ပါယ်ကို blackrose ကဘယ်လိုဖွင့်ဆိုချင်ပါလဲ...


blackrose ။ ။ အချစ်ဆိုတာကိုလူတွေအဓိပ္ပါယ်အမျိုးမျိုး ဖွင့်ကြပါတယ်...
ကျွန်မအမြင်ကတော့ အချစ်ဆိုတာက တယောက်ကိုတယောက်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်လို့ပဲ မြင်ပါတယ်...
အချစ်မှာပေးဆပ်ခြင်းနဲ့ရယူခြင်နှစ်မျိုးဘဲရှိတယ်လို့ ထင်ပါတယ်... ချစ်သူတယောက်ရတယ်ပေါ့နော်... အဲဒီမှာကိုယ်ကကိုယ့်ချစ်သူလေးစိတ်မညစ်အောင်... သူအမြဲတမ်းပျော်နေအောင် ဖန်တီးပေးချင်တယ်... သူပျော်နေရင်ကိုယ်ကျေနပ်တယ်... သူဘာပဲလုပ်နေလုပ်နေ ကိုယ်က အမြဲတမ်းခွင့်လွှတ်ပြီး ချစ်နေတယ်... ဒါပေးဆပ်တဲ့အချစ်ပါဘဲ... ကိုယ်ပြန်ရဖို့မရဖို့ထက်ကိုယ်ကချည်းပဲ နားလည်ခွင့်လွှတ်ပြီး ချစ်နေတဲ့အချစ်မျိုးပေါ့....
နောက်တခုကတော့... ရယူပိုင်ဆိုင်ချင်တဲ့အချစ်ပေါ့... ဒါကတော့တမျိုးပေါ့... ကိုယ်ကသူရဲ့အချစ်ဆုံး ဆိုတာဖြစ်ချင်တယ်... သူ့ဘ၀ရဲ့အရေးကြီးဆုံးလူဖြစ်ချင်တယ်... သူအမြဲဂရုစိုက်တာခံချင်တယ်... ဘယ်သူနဲ့ပဲယှဉ်ယှဉ် ကိုယ်ကသူ့ဘ၀မှာအရေးပါဆုံးလို့ သူသတ်မှတ်တာကိုလိုချင်တယ်... သူ့ရဲ့အချိန်တွေအားလုံး... အချစ်တွေအားလုံး... ဂရုစိုက်မှုတွေအားလုံးကို တယောက်ထဲပိုင်ချင်တယ်... ဒီလိုအချစ်ကတော့ နဲနဲပူလောင်တာပေါ့နော်...

 
(၉) လွမ်း ။ ။ blackroseကရော ဘယ်လိုအချစ်မျိုးနဲ့ ချစ်ချင်ပါသလဲ...

blackrose ။ ။ ကျွန်မကတော့ပေးဆပ်ခြင်းဆိုတဲ့အချစ်ကို ပိုသဘောကျပါတယ်... ပေးဆပ်တဲ့အချစ်ဆိုတာ သူဘယ်နေရာမှာပဲ ရှိနေနေ... ကိုယ့်စိတ်ထဲကနေ ချစ်နေခွင့်ရှိတယ်... ချစ်နေလို့ရတယ်... ဖြူစင်တဲ့သံယောဇဉ်လေးနဲ့ပေါ့နော်.... ရယူပိုင်ဆိုင်ချင်တဲ့ အချစ်ကတော့ ပိုင်ဆိုင်လိုတဲ့စိတ်ရှိတဲ့အတွက် ပူလောင်ရမယ်ထင်တယ်.... ဒါပေမဲ့ လူချင်းမတူတဲ့အတွက် အမြင်ချင်း အကြိုက်ချင်းလဲတူမှာမဟုတ်ဘူးလေ.... ဒီလိုပါဘဲအချစ်နဲ့ ပတ်သက်ပြီးတော့လဲ ကျွန်မက ပေးဆပ်တဲ့အချစ်ကိုလက်ခံနိုင်ပေမဲ့ ရယူပိုင်ဆိုင်လိုတဲ့အချစ်ကိုပဲ သဘောကျ လက်ခံတဲ့သူတွေလဲ ရှိမှာပါ.....
 
(၁၀) လွမ်း ။ ။blackrose ကပေးဆပ်တဲ့ အချစ်ကို ပိုသဘောကျတယ်လို့ ပြောတဲ့အတွက် ပေးဆပ်တဲ့အချစ်မှာဆုံစည်းမှုဆိုတာ ရှိပါ့မလား...


blackrose ။ ။ လူတယောက်ကကျွန်မကိုပြောဖူးတယ်... ချစ်သူနှစ်ယောက်ဆုံစည်းဖို့ဆိုတာ ကံကြမ္မာ... ရေစက်... အချိန်နဲ့လဲဆိုင်တယ်တဲ့... ဒီတော့ပေးဆပ်တဲ့အချစ်ပဲဖြစ်ဖြစ်... ရယူတဲ့အချစ်ဘဲဖြစ်ဖြစ်... တစ်ချိန်မှာ ချစ်သူနှစ်ယောက် ဆုံစည်းခွင့်ရမလား... မရဘူးလား ဆိုတာ အချိန်က အဆုံးအဖြတ်ပေးသွားမှာပါ...လွမ်း....

 
(၁၁) လွမ်း ။ ။ ဟုတ်ပါပြီ... ကိုယ်ကပေးဆပ်ခဲ့သလောက် တစ်ချိန်မှာ ကိုယ်ပြန်ရယူနိုင်မယ် လို့ရော blackrose ထင်ပါသလား...


blackrose ။ ။ ကိုယ်ကပေးဆပ်ခဲ့သလောက် တစ်ချိန်မှာကိုယ်ပြန်ရမလား၊ မရဘူးလားဆိုတာ ကျွန်မ မသိချင်ဘူး လွမ်း... ကျွန်မဘာမျှော်လင့်ချက်မှမထားဘဲ... အဖြူစင်ဆုံးမေတ္တာနဲ့ဘဲ ချစ်ချင်တယ်...


(၁၂) လွမ်း ။ ။ အချစ်ကိုဘယ်အချိန်မှာစပြီးခံစားလာတတ်ပါသလဲ...


blackrose ။ ။ ဘ၀မှာ လူတယောက်နဲ့ဆုံတယ်... အဲဒီသူကိုချစ်မိသွားတယ်လို့ သတ်မှတ်လိုက်တဲ့အချိန်ဟာ အချစ်ကို စပြီးခံစားတတ်တဲ့အချိန်လို့ ပြောရမှာပေါ့....

(၁၃) လွမ်း ။ ။ ချစ်သူနှစ်ယောက်ကြားမှာ အဓိကလိုအပ်တာကဘာလဲ...
blackroseအမြင်လေးသိပါရစေ...


blackrose ။ ။ ချစ်သူဘ၀မှာအဓိကလိုအပ်တာကတော့တယောက်နဲ့တယောက်ချစ်နေဖို့.... နောက်ပြီးတော့တယောက်နဲ့တယောက်ကြားမှာနားလည်မှု ရှိနေဖို့... ဒီနှစ်ခုကအဓိက လိုအပ်တယ်လို့ထင်ပါတယ်....

(၁၄) လွမ်း ။ ။ ကဲ..blackroseရေ Information technology ခေတ်မို့ မေးခွန်းလေး တစ်ခုလောက် မေးမယ်နော်..... အွန်လိုင်းချစ်သူဆိုတာ ဘယ်လိုချစ်သူလို့ သတ်မှတ်မလဲ...


blackrose ။ ။ အွန်လိုင်းချစ်သူတွေဆိုတာ အွန်လိုင်းသုံးရင်းနဲ့ တယောက်နဲ့တယောက် သိပြီးချစ်သူတွေ ဖြစ်သွားကြတဲ့သူတွေပေါ့... လွမ်းရဲ့....


(၁၅) လွမ်း ။ ။ အွန်လိုင်းအချစ်ဆိုတာကိုရော blackrose ယုံပါသလား...

blackrose ။ ။ ဒီမေးခွန်းကိုတော့မဖြေပါရစေနဲ့...


(၁၆) နောက်ဆုံးအနေနဲ့  blackrose ပြောချင်တာလေး ကြားချင်ပါတယ်..

ချစ်ကြတဲ့ချစ်သူတိုင်း ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေလို့...ပြောချင်ပါတယ်လွမ်း...



ကဲ... လွမ်းတို့ ရဲ့ တွေ့ ဆုံမေးမြန်းခန်းလေးကို အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်...


လွမ်းရဲ့ သူငယ်ချင်း blackrose ရဲ့ ရင်တွင်းခံစားချက်လေးနဲ့  ဖြေဆိုသွားတာကို မြို့ သူ၊ မြို့ သားများ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့  ယူဆပါတယ်...


နောင်လဲ အလျဉ်းသင့်သလို တွေ့ ဆုံမေးမြန်းခန်းလေး ပြုလုပ်ပေးသွားပါမယ်...


မြို့ သူ၊ မြို့ သားများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်တောင်းပါတယ်...




လွမ်း


၃၀-၁၁-၀၉


မနက် ၂း၂၀

No comments: