Wednesday, June 15, 2011

ဖြေပေးမှာလား?

ဖြေပေးမှာလား?



ဝေဒနာတွေ ဘာလို့ ပေးချင်နေရတာလဲ ကောင်လေးရယ်…

ငါ့စိတ်တွေကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးသားလို့ ထင်ထားခဲ့မိတာ မှားတာပဲ…

ငါ ကောင်လေးကို ချစ်ခဲ့ပါတယ်…

ရင်ထဲကကို ခံစားပြီး ချစ်ခဲ့ရတာပါ…




ကောင်လေး ငါ့အပေါ် အလိုလိုက်ခဲ့တာတွေအတွက်လည်း ငါ ကျေးဇူးတင်ပါတယ်…

ငါ ကောင်လေးအပေါ် ချစ်နေမိတာ မှားပြီလားလို့ အကြိမ်ကြိမ် ပြန်စဉ်းစားပါသေးတယ်…

ကောင်လေးက ငါ့ကို ချစ်ခွင့်ပေးခဲ့တယ်…

ငါကလည်း ရူးမိုက်စွာ ဆက်ချစ်နေခဲ့မိတယ်…

ဒါပေမဲ့ ကောင်လေး ငါ့ကို တကယ်ချစ်ခဲ့တာ မဟုတ်ပါဘူး…

ကောင်လေး ငါ့အပေါ် ချစ်တဲ့အချစ်ကိုလည်း ငါ နားမလည်ခဲ့ပါဘူး…

ကောင်လေး ငါ့ကို ချစ်လားလို့ မေးချင်နေပေမဲ့ အဖြေကိုလည်း မကြားချင်ပြန်ဘူး…

ငါ ကောင်လေးအပေါ် ချစ်နေရရင် ပြီးတာပါပဲလို့ စိတ်က ဖြေသိမ့်နေပေမဲ့ ကောင်လေး ငါ့ကိုချစ်လားဆိုတာ သိချင်ပြန်တယ်…

ဒီနေ့တော့ ငါ့စိတ်တွေ မထိန်းချုပ်နို်ငတော့လို့ ခံစားနေရတာကို ချရေးနေမိတယ်…

အချစ်ဆိုတာကြီးကို ငါ နားမလည်တော့တာတော့ အမှန်ပဲ…

ငါ ဘာဖြစ်ချင်နေမှန်းလည်း မသိတော့ဘူး…

သေချာတာတစ်ခုက ကောင်လေး ငါ့ကို အထင်လွဲသွားမှာ စိုးကြောက်နေမိတာပါပဲ…

အမှန်တော့ ကောင်လေးအချစ်ကို ငါ ဆုံးရှုံးရမှာ ကြောက်နေတာ…

ကောင်လေး ငါ့ကို မချစ်တော့မှာ စိုးနေတာ…

ကောင်လေးရယ်… ငါ ဘာဆက်လုပ်ရမလဲ…

ပူလောင်နေတဲ့အချစ်ကိုလည်း ငါ မယူချင်ပါဘူး…

အေးမြတဲ့မေတ္တာရိပ်အောက်မှာပဲ ခိုနားချင်တာပါ…

ရစ်ပတ်ခဲ့ပြီး သံယောဇဉ်ကြိုးကိုလည်း ငါ ဖြည်ဖို့ မကြိုးစားပါဘူး…

ဒါပေမဲ့ ကောင်လေး ငါ့ကိုချစ်တာ ဟုတ်၊ မဟုတ်တော့ သိချင်သေးတယ်…

ဖြေပေးမှာလား?




လွမ်းဧကရီ
၁၅-၀၆-၂၀၁၁
နံနက် ၉:၄၅ နာရီ



No comments: