Showing posts with label Feeling with Flash Song. Show all posts
Showing posts with label Feeling with Flash Song. Show all posts

Tuesday, February 11, 2014

“ကို”


သောကတောင်တန်း




ကို

စာရေးတိုင်း “ဧကရီကို ကို သိပ်ချစ်တယ်” လို့ ပြောတတ်တဲ့…ကို

 လွမ်း ဘာလုပ်နေလဲ” ဆိုပြီး တစ်နေ့မှာ ၁၆-ခါလောက် ဖုန်းဆက်မေးတတ်တဲ့…ကို

Tuesday, November 26, 2013

Thursday, October 31, 2013

ရှင်းပြခွင့်


ရှင်းပြခွင့်



မောင်…



မောင့်ကို သတိရခြင်းများစွာနဲ့ လွမ်း စာ‌ရေးလိုက်ပါတယ်…



မောင်နဲ့ လွမ်းတို့ရဲ့  ကံကြမ္မာက တစ်နေ့မှာ ခွဲရလိမ့်မယ်လို့ သတ်မှတ်ထားပေမဲ့ တကယ်တမ်း ခွဲသွားရတော့လည်း တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်မပြတ်နိုင်ကြသေးပါဘူး…


Monday, September 2, 2013

အချစ်လို့ ခေါ်လား

အချစ်လို့ ခေါ်လား


ကို

လွမ်းတယ်ကိုရယ်…


လွမ်းက ကို့အပေါ် တကယ်ချစ်သွားခဲ့မှန်း လွမ်းကိုယ်လွမ်းတောင် သတိမထားခဲ့မိပါဘူး…


လွမ်းနဲ့ ကို စတွေ့တဲ့နေရာလေးကတော့ တစ်ချိန်က လွမ်း နှစ်သက်ပြီး နေ့တိုင်းရောက်ခဲ့ရတဲ့ MM FLASH SONG WEBSITE ပါ…


ကိုလွမ်းစာမျက်နှာမှာ လာ‌ပေးတတ်တဲ့ Comment လေးတွေကိုလည်း ပြန်လည် သတိရတမ်းတမိပါတယ်…


မိတ်ဆွေတစ်ယောက်အနေနဲ့ e-mail နဲ့ စာအပြန်အလှန်ပို့ကြရင်း ခင်မင်ရင်းနှီးလာပါတယ်…


တစ်ယောက်အကြောင်း တစ်ယောက်ပြောဖြစ်ခဲ့ပါတယ်…
 
ကိုက လွမ်းနားထောင်ဖို့ သီချင်းလေးတွေ ပို့ပေးတတ်ပါတယ်…


ကို ပို့ပေးတဲ့သီချင်းလေးတွေ နားထောင်ပြီး လွမ်း ခံစားလာမိပါတယ်…


ကို့အပေါ် ခံစားချက်လေးတွေ ချရေးဖြစ်ရင်းနဲ့ ကို့အချစ်ကို လွမ်း ရခဲ့တာပါ…

Wednesday, August 21, 2013

နှလုံးသားအရင်းအနှီး

နှလုံးသားအရင်းအနှီး


သိမ့်နဲ့ မောင်က အသက်ကွာတယ်။


အင်တာနက်မှာတွေ့ပြီး ခင်ရာကနေ ချစ်သူတွေ ဖြစ်လာခဲ့ပါတယ်။


အပြင်မှာဆုံတော့လည်း မောင်က သိမ့်ကို ဆက်ချစ်ခဲ့ပါတယ်။


မောင်နဲ့ ချစ်သူဖြစ်တဲ့သက်တမ်းမှာ မောင်နဲ့ သုံးကြိမ်ပဲ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

ဘာလို့လည်းဆိုတော့ မောင်က အဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်နေရတဲ့သူမို့ပါ။


မောင်နဲ့ တွေ့ဆုံခွင့်ရတဲ့အချိန်မှာ မောင်က ကလေးတစ်ယောက်လိုပါပဲ။


သိမ့်ပြောသမျှ နားထောင်တတ်ပါတယ်။

မောင့်အိမ်ကတော့ သိမ့်ကို မောင့်ချစ်သူတစ်ယောက်အနေနဲ့တော့ မသိထားပါဘူး။


မောင့်မိသားစုနဲ့တော့ ခင်မင်ခွင့် ရခဲ့ပါတယ်။


တကယ်တမ်းပြောရရင် သိမ့်မိသားစုကိုလည်း မောင်က သိမ့်ချစ်သူပါလို့ ဖွင့်မပြောထားပါဘူး။


ဘာလို့လည်းဆိုတော့ မောင်က သိမ့်ထက်ငယ်တဲ့အပြင် အရာရှိငယ်လေးတစ်ယောက် ဖြစ်နေလို့ပါပဲ။


မောင်နဲ့ သိမ့်က ချစ်သူအဖြစ် နေနေရတာကိုပဲ ကျေနပ်နေကြသူတွေ ဆိုပါတော့။



မောင် အဝေးကနေ သိမ့်ဆီကို အမြဲဖုန်းဆက်တတ်ပါတယ်။


သိမ့်ကို မောင်တကယ်ချစ်ခဲ့တယ်ဆိုတာ သိမ့် ယုံပါတယ်။

ဒါပေမဲ့ သိမ့်အတွက် လွမ်းစရာဖြစ်မဲ့အကြောင်းက ပေါ်ပေါက်လာပါတယ်။

Thursday, July 18, 2013

ရင်နဲ့အမျှ ခံစားရသော သီချင်းလေး


ရင်နဲ့အမျှ ခံစားရသော သီချင်းလေး




ဒီသီချင်းလေးက လွမ်းဧကရီရဲ့ Facebook Timeline မှာ စိုင်းနော်ခမ်း လာပေးထားတဲ့ သီချင်း ဖြစ်ပါတယ်။

ဒီသီချင်းလေးက မိန်းခလေးဆိုထားတဲ့ အရမ်းနာမည်ကြီးနေတဲ့ သီချင်းကို ယောင်္ကျားလေးက ပြန်ဆိုထားတဲ့ သီချင်းဖြစ်နေပါတယ်။

မြန်မာပြည်ရဲ့ Internet Connection ကြောင့် ပေးပေးချင်း မဖွင့်ဖြစ်ခဲ့ပေမဲ့ Download လုပ် နားထောင်တဲ့အခါမှ လွမ်း နားထောင်နေကျ အလွမ်းသီချင်းလေး ဖြစ်နေတာကို သိလိုက်ရပါတယ်။

သီချင်းတစ်ပုဒ်ကို ကြိုက်ပြီဆိုရင် သီချင်းကို Repeat လုပ် နားထောင်တတ်သူမို့ နားထောင်ရင်းနဲ့ သီချင်းလေးကို စွဲလမ်းသွားပါတယ်။

မိန်းခလေးဆိုထားတဲ့ သီချင်းလေးကို Flash Song လုပ်ထားပြီး ဖြစ်ပါတယ်။

ဒီသီချင်းကို နားထောင်ရတဲ့အခါ လွမ်း ချစ်သူက လွမ်းကို လာဆိုပြနေသလိုမျိုး ခံစားရပြီး လွမ်းလည်း ရင်နဲ့အမျှ ခံစားနေရပါတယ်။

အချစ်ဆိုတာ အွန်လိုင်းမှာပဲ ချစ်ချစ်၊ အပြင်မှာပဲ ချစ်ချစ် ချစ်ခဲ့ကြပြီဆိုရင် ချစ်သူနှစ်ဦးစလုံး ခံစားခဲ့ကြရတယ်ဆိုတာ ချစ်ဖူးသူတိုင်း သိကြပါတယ်။

Monday, July 8, 2013

ခေါင်း နဲ့ ပန်း

ခေါင်း နဲ့ ပန်း


ကိုယ်ရယ်…

လွမ်းလေ ကိုယ့်ကို အရမ်းသတိရနေမိတယ်။

တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်ဆို ကိုယ့်ကို အရမ်း တွေ့ချင်တယ်။

ကိုယ်နဲ့ စကားတွေ အများကြီး ပြောချင်တယ်။

ကိုယ့်ကိုလည်း မေးခွန်းတွေ အများကြီး မေးချင်နေမိတယ်။

ကိုယ်နဲ့ လွမ်းတို့ရဲ့ ကျောင်းတုန်းက အကြောင်းတွေကို ပြန်စဉ်းစားရင် ပြန်မရနိုင်တော့တဲ့ အချိန်လေးတွေကို ပြန်တမ်းတမိပါတယ်။

5th. Year တစ်နှစ်လုံးဟာ ကိုယ်နဲ့ လွမ်းတို့ရဲ့ အမှတ်တရ ကျောင်းမှာ ပျော်ခဲ့ရတဲ့နှစ်ပါ။

ကိုယ်နဲ့ လွမ်းက Day က တက်ကြသူတွေဆိုတော့ ကျောင်းရောက်တာနဲ့ ကိုယ်နဲ့ လွမ်း အတူတူ တစ်တွဲတွဲ ဖြစ်နေခဲ့ပါတယ်။


Theatre (US=Theater) ခန်းတွေမှာဆို ကိုယ်နဲ့ လွမ်း အတူထိုင်ဖြစ်ကြတယ်။

အတန်းမရှိတဲ့အချိန်တွေဆို အခန်းလွတ်တစ်ခုထဲမှာ စာအတူကျက်ခဲ့ကြပါတယ်။


ကိုယ်က စကားပြောရင် တိုးတိုးလေး အနားနားကပ် ပြောတတ်တယ်။

အဲလိုအချိန်တွေဆို လွမ်းရင်ထဲ ခုန်ပြီး နွေးနေတတ်တယ်။

Wednesday, June 26, 2013

တစ်ချိန်က အကြောင်းလေး

တစ်ချိန်က အကြောင်းလေး

လူတိုင်းမှာ အတိတ်က အကြောင်းလေးတွေ ရှိတတ်ကြစမြဲပါ။

အတိတ်ဆိုတာ အမှတ်တရဖြစ်စရာ အကြောင်းအရာတွေ ရှိသလို၊ အမှတ်တရ မဖြစ်ချင်တော့တဲ့ အကြောင်းအရာတွေလည်း ရှိတတ်ကြမှာပါ။

ဒါပေမဲ့ တစ်စုံတစ်ရာသော အကြောင်းအရာများကြောင့် တိုက်ဆိုင်မှုတွေ ရှိလာတိုင်း အတိတ်က အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ပြန်ပြောင်း အောင်းမေ့ သတိတရ ဖြစ်ကြရပါတယ်။

လွမ်းမှာလည်း သတိတရ အောင်းမေ့တမ်းတရတဲ့ အတိတ်က ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဖူးပါတယ်။

လွမ်း စက်မှုတက္ကသိုလ်က ကျောင်းပြီးတော့ ကျောင်းက Mechanical Department မှာပဲ ယာယီဆရာမအဖြစ် ပြန်လုပ်ခဲ့ပါတယ်။

အဲဒီ့အချိန်မှာ မောင်က သင်္ဘောလိုက်ဖို့ ကြိုးစားနေပါတယ်။

ကျောင်းပြီးမှပဲ လွမ်းနဲ့ မောင် ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ တစ်ကျောင်းထဲ အတူတူ တက်ခဲ့ပေမဲ့ ကျောင်းနေစဉ်တုန်းက ချစ်သူမဖြစ်ခဲ့ပါဘူး။

ချစ်သူဖြစ်တာနဲ့ နှစ်ဖက်မိဘ အသိပေးပြီး မောင်နဲ့အတူ တွဲသွားလာခွင့်ကို ဖေဖေ၊ မေမေတို့က ခွင့်ပြုခဲ့ပါတယ်။

ဖေဖေ၊ မေမေတို့က လွမ်းနဲ့ မောင့်ကို အလုပ်အကိုင် အတည်တကျဖြစ်မှ လက်ထပ်ပေးမယ်ဆိုတာနဲ့ အမှတ်(၁)စက်မှုဝန်ကြီးဌာနက အလုပ်တွေခေါ်တော့ လွမ်းရော၊ မောင်ပါ ဝင်ဖြေပြီး အလုပ်ရခဲ့ပါတယ်။

ဝန်ကြီးဌာန တစ်ခုတည်းပေမဲ့ လွမ်းက ဆေးဝါး၊ မောင်က စားသောက်ကုန်မှာ ရတာဆိုတော့ လွမ်းက ရန်ကုန်မှာ ကျန်ခဲ့ပြီး မောင်က ဇေယျဝတီသကြားစက်ကို တာဝန်နဲ့ သွားနေရပါတယ်။

မောင်က တစ်လတစ်ခါ ရုံးပိတ်ရက်တိုင်း ရန်ကုန်ကို ပြန်လာပါတယ်။

လွမ်းနဲ့ မောင် အလုပ်လုပ်ရင်း ငွေစုကြပါတယ်။ အတူနေဖို့ တွေးရင်း ပစ္စည်းလေးတွေ စုဖြစ်ကြပါတယ်။

နောက်တော့ မောင်က တစ်ယောက်တစ်နေရာစီ ခွဲနေရမဲ့အတူတူ သင်္ဘောပြန်လိုက်မယ်ဆိုပြီး သင်္ဘောလိုက်ဖို့ အစိုးရအလုပ်ကနေ ထွက်လိုက်ပါတယ်။

သင်္ဘောမလိုက်ခင် မောင်က လွမ်းကို အလုပ်ဆင်းတိုင်း လာကြိုတတ်ပါတယ်။

တစ်ခါတစ်လေ အိမ်မပြန်သေးဘဲ အင်းယားကန်ဘောင်မှာ လမ်းလျှောက်ရင်း စကားပြောတတ်ပါတယ်။

တစ်ခါတစ်ရံ အင်းယားကန်ထိပ်က ဗူးသီးကြော်ဆိုင်မှာ ဗူးသီးကြော်စားရင်း စကားပြောတတ်ပါတယ်။

ရုံးပိတ်ရက်များမှာ ဇာတ်ကားကောင်းရင် ရုပ်ရှင်သွားကြည့်တတ်ပါတယ်။

လွမ်းနဲ့ မောင်အတူ သွားစားတတ်တဲ့နေရာကတော့ ၃၆-လမ်းက ကြေးအိုးဘုရင်ပါ။ (ခုတော့ မဟာ
ဗန္ဓုလလမ်းမပေါ်ကို ပြောင်းသွားပါပြီ။)

နောက် မောင်ထော်လေးလမ်းထဲက ပန်းသေးခေါက်ဆွဲဆိုင်မှာ စားတတ်ပါတယ်။

လွမ်းက ပန်းသေးခေါက်ဆွဲကို အရည်နဲ့ စားရတာကို နှစ်သက်ပါတယ်။ ခေါက်ဆွဲကို ကြက်သားရည်ထည့်၊ ဂေါ်ဖီရွက်၊ သံပုရာသီး ညှစ်ပြီး ငြုပ်သီးမှုန့် ထည့်စားရတာကို ကြိုက်ပါတယ်။

မောင့်ကို သူငယ်ချင်းများက ချစ်ကြပါတယ်။ မောင်က သူငယ်ချင်းများနဲ့ ချိန်းပြီး သွားရင်တော့ လွမ်းဆီကို မလာနိုင်တော့ပါဘူး။

မောင့်သူငယ်ချင်းများက လွမ်းနဲ့ ကျောင်းနေဖက်တွေဆိုတော့ အကုန် ပြောမနာ၊ ဆိုမနာ သူငယ်ချင်းတွေပါ။ မောင့်ကို ခေါ်သွားရင် လွမ်းက သူငယ်ချင်းတွေကို ရန်တွေ့တတ်ပါတယ်။

Wednesday, June 5, 2013

ကိုယ်စိတ်မကောင်းဘူး

ကိုယ်စိတ်မကောင်းဘူး


လွမ်း မောင့်ကို ချစ်သူတစ်ယောက်အနေနဲ့ နေပေးပေမဲ့ မောင့်အပေါ်မှာ ရင်မခုန်ခဲ့ဘူး…


လွမ်းက ဖုန်းပြောရင် မောင့်ကို ချွဲပြောတတ်တာကလွဲလို့ အမှန်တွေကို မပြောတတ်ခဲ့ဘူး…


လွမ်းက မောင့်ကို ချစ်သူလို့ သတ်မှတ်ပေမဲ့ ဘယ်သူရဲ့ အသိအမှတ်ပြုခြင်းကိုမှ မခံယူစေခဲ့ဘူး…


လွမ်း…မောင့်ကို အလိုလိုက်တတ်ပေမဲ့ မောင်အလိုလိုက်တာကို မတောင်းဆိုခဲ့ဘူး…


မောင် လွမ်းကို စိတ်မဆိုးဖူးသလို မောင့်ကိုလည်း စိတ်မဆိုးခဲ့ဘူး…


မောင် တစ်ပါးသူရင်ခွင်မှာ ရောက်နေမှန်း သိပေမဲ့လည်း စိတ်မဆိုးတတ်ခဲ့ဘူး…


ဘဝမှာ အချစ်ဟာ တစ်စိတ်တစ်ပိုင်းမို့လို့ အချစ်ကို ရှေ့တန်းတင် မမိုက်ခဲ့ဘူး…


လွမ်းရဲ့ဘဝဟာ အလုပ်လုပ်ခြင်းပဲမို့ မောင့်ကို တမ်းတနေဖို့လည်း အချိန်မရခဲ့ဘူး…


မောင် ဖုန်းဆက်တော့ လွမ်း…မောင့်ကို လွမ်းလိုက်တာ လို့ ညာပြောတတ်ခဲ့တယ်…


လွမ်းကစပြီး ဘယ်တော့မှ မောင့်ဆီ ဖုနးမဆက်တတ်ခဲ့ဘူး…

Sunday, May 26, 2013

နီးလျက်နှင့် မဝေးချင်


နီးလျက်နှင့် မဝေးချင်



ကိုရယ်…

လွမ်းလေ ကို့ကို အရမ်းလွမ်းနေတယ်…


ကို…လွမ်းအနားမှာ ရှိစဉ်က ကို့ကို လွမ်း ချစ်ခဲ့မှန်း မသိခဲ့ပါဘူး…


ကိုနဲ့ လွမ်းအကြောင်းကို ပြောပြမယ်နော်…


ကိုနဲ့ လွမ်းက အင်တာနက်ကနေ သိလာခဲ့တဲ့သူတွေပါ…


လွမ်းက အင်တာနက်မှာ စာရေးနေတဲ့သူဆိုတော့ ကိုက လွမ်းကို Gmail Address တောင်းပြီး လာ Add ခဲ့တာ…


ကိုက သင်္ဘောလိုက်နေတာလေ…

ကိုက သင်္ဘောကမ်းကပ်လို့ အချိန်ရရင် အင်တာနက် သုံးတတ်တယ်…


လွမ်းက အမြဲတမ်း Online မှာ ရှိနေတတ်သူမို့ ကို…Online ဝင်လာရင် လွမ်းနဲ့ ဆုံတော့တာပဲ…


လွမ်းတို့က အလုပ်အကြောင်း၊ စာအကြောင်းတွေ ပြောတတ်တာပါ…

Thursday, April 18, 2013

ကိုကိုရေ


ကိုကိုရေ

ကိုကို

ကလေးဘဝမှာ ကိုကိုနဲ့ ဆုံတွေ့ခဲ့မယ်လို့ ဘယ်တုန်းကမှ ထင်မထားပါဘူး

ကိုကို့ကို သိခွင့်၊ ခင်ခွင့်ရတော့ ကိုကို့ကို အထင်ကြီး လေးစားခဲ့ပါတယ်

ကိုကို့ကို ကလေး အနိုင်ကျင့်သမျှ ကိုကိုက အလိုလိုက်ခဲ့လို့လည်း ကိုကို့ကို သံယောဇဉ် ရှိခဲ့မိပါတယ်

ကလေးအပေါ်ကိုလည်း ကိုကို သံယောဇဉ်ရှိခဲ့မယ်ဆိုတာ ကလေး ယုံထားပါတယ် ကိုကို… 

ကိုကို့ကို ကလေး တကယ်ချစ်ခဲ့တာပါ ကိုကိုရယ်

ကလေး ကိုကို့ကို ချစ်တာ ဘာကြောင့်လဲ လို့ ကလေးကို လာမေးရင် ကလေး မဖြေတတ်ဘူး ကိုကို

ကလေး ကိုကို့ကို ချစ်တာပဲ သိတယ်

Saturday, April 13, 2013

အချစ်

အချစ်



အချစ်ဆိုတဲ့ စကားလုံးလေးနှစ်လုံးမှာ အဓိပ္ပါယ်တွေ ပြည့်ဝနေတယ်ဆိုတာ လူတိုင်း သိကြပါတယ်။

အချစ်ကိုပဲ အဓိပ္ပါယ်တွေ အမျိုးမျိုးဖွင့်ဆိုထားကြတာကိုလည်း ဖတ်ဖူးကြမှာပါ။

၅၂၈-မေတ္တာ၊ ၁၅၀၀-အချစ်မေတ္တာဆိုပြီး ခွဲခြားရေးသားပြောဆိုကြပါတယ်။

တစ်စိမ်းယောင်္ကျားတစ်ယောက်အပေါ် ချစ်တယ် လို့ ပြောရတဲ့အချစ်က လေးနက်၊ နက်ရှိုင်းပါတယ်။

လွမ်းကတော့ အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုတာပါ လို့ ခံယူထားဆဲပါ။

လွမ်းအချစ်က ပိုင်ဆိုင်လိုစိတ်ကင်းပါတယ်။

လွမ်း Online တွင် ချစ်ခဲ့ဖူးပါတယ်။ Online ချစ်သူကို အပြင်မှာတွေ့ပြီး ဆက်ချစ်ခဲ့ဖူးပါတယ်။

ယခုထက်တိုင်လည်း အဆက်အသွယ်ရှိနေဆဲပါပဲ။

ဒါပေမဲ့ သူများချစ်သူတွေလိုတော့ နေ့စဉ် အဆက်အသွယ်ရှိတာတော့လည်း မဟုတ်ပါ။

အချစ်က ရင်ခုန်သံချင်း တူညီတယ်လို့ အဓိပ္ပါယ်ဖွင့်ရင်တော့ ချစ်သူနဲ့ ဖုန်းပြောရတိုင်း ရင်ခုန်နေတတ်ပါတယ်။

Saturday, March 30, 2013

လွမ်းလွန်းလို့

လွမ်းလွန်းလို့



လွမ်းက လွမ်းနေတတ်သူတစ်ယောက်ပါ။

လွမ်းက အလွမ်းသီချင်းတွေကိုပဲ နားထောင်တတ်ပြီး သီချင်းကို ခံစားပြီး လွမ်းနေတတ်ပါတယ်။

လွမ်းက အလွမ်းသီချင်းလေးတွေ နားထောင်ရင်း နှစ်သက်တဲ့ သီချင်းလေးတွေကို Flash Song ပြုလုပ်တတ်ပါတယ်။

လွမ်းက ခံစားလွယ်သော မိန်းမတစ်ယောက်ပါ။

လွမ်းက ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းများကြည့်ပြီး မျက်ရည်ကျတတ်တဲ့ မိန်းမတစ်ယောက်ပါ။

လွမ်းက ချစ်လွယ်တဲ့ မိန်းမတစ်ယောက်ပါ။

လွမ်းက သဝန်တိုတတ်တဲ့၊ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ မိန်းမတစ်ယောက်ပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း လွမ်းရဲ့ တစ်ဖက်စွန်းရောက်တဲ့ သဝန်တိုမှုကို သိကြမှာပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း လွမ်းတစ်ကိုယ်ကောင်းဆန်စွာ လွမ်းတစ်ယောက်ထဲကိုပဲ ချစ်ခွင့်၊ ဂရုစိုက်ခွင့်ပဲ ပေးတယ်ဆိုတာ သိကြမှာပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း လွမ်း…လွမ်းချစ်သူအပေါ် အရမ်းလွမ်းနေတတ်တယ်ဆိုတာ သိကြမှာပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း လွမ်းချစ်တယ်ဆိုတာ ခဏခဏ ပြောတတ်တယ်ဆိုတာ သိကြမှာပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း လွမ်းချစ်တာကို စိတ်ညစ်ရတတ်တယ်ဆိုတာ သိကြမှာပါ။

လွမ်းချစ်သူဖြစ်ဖူးသူတိုင်း အကြောင်းပြချက် အမျိုးမျိုးနဲ့ လွမ်း ရန်ဖြစ်တတ်တယ်ဆိုတာ သိကြမှာပါ။

Thursday, February 14, 2013

အဝေးကပဲ ချစ်နေမယ်

အဝေးကပဲ ချစ်နေမယ်


ကို
 
ဒီနေ့ ချစ်သူများနေ့မှာ ကို့ကို တစ်နေ့လုံး သတိရနေမိပါတယ်။


တကယ်လို့များ လွမ်းနဲ့ကိုဟာ ချစ်သူတွေ ဖြစ်နေဆဲဆိုရင် ကိုက လွမ်းကို ချောကလက်ကျွေးမှာလား၊ လွမ်းကြိုက်တဲ့ အရုပ်မွှေးပွတွေကို ဝယ်ပေးမှာလား၊ လွမ်းကို ကို့ရင်ခွင်မှာထားပြီး သီချင်းဆိုပြမှာလားဆိုပြီး စိတ်ကူးယဉ်နေမိတယ် ကိုရယ်။


လွမ်းအဖြစ်ကို သိရင် ကိုက လှောင်ရယ်နေမလားပဲ။


ကို…ခုချိန်မှာ လွမ်းကို မေ့နေပြီထင်ပါရဲ့။


လွမ်း…ကိုနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် စာမရေးဖြစ်အောင် နေခဲ့ပါတယ်။


ဒါပေမဲ့ ကိုပေးထားတဲ့ ဓာတ်ပုံလေးတွေ ပြန်ကြည့်မိတယ်။


ကိုပေးထားတဲ့ သီချင်းတွေ နားထောင်ပြီး ကို့ကို လွမ်းနေတတ်တယ်။


ကိုရေးပေးထားတဲ့ စာလေးတွေ ပြန်ဖတ်နေမိတယ်။

Sunday, February 3, 2013

အမှတ်တရ လွမ်းသီချင်းလေး

အမှတ်တရ လွမ်းသီချင်းလေး


လွမ်းဘဝက လွမ်းကျန်ရစ်ခဲ့ရသူဖြစ်တဲ့အတွက် လွမ်းဧကရီ နာမည်ဖြင့် ၂၀၀၈-ခုနှစ်မှ စတင်၍ စာရေးလာခဲ့တာ ကြာပါပြီ။


ကွန်ပြူတာနည်းပညာများ ရေးသားသလို အလွမ်းဇာတ်လမ်း မြောက်များစွာကိုလည်း ရေးခဲ့ပါတယ်။


မကြာသောကာလကမှ အဆိုတော်ဦးခင်မောင်တိုး ဆိုထားတဲ့ လွမ်း သီချင်းကို ရခဲ့ပါတယ်။


လွမ်းသီချင်းကို စက်မှုတက္ကသိုလ်ကျောင်းပုံနဲ့ အမှတ်တရ လုပ်ထားပါတယ်။


ဦးခင်မောင်တိုးကလည်း စက်မှုတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။



လွမ်းသီချင်းတွင် ပါတဲ့ “ပညာရှာရင်းနဲ့ ကျောင်းကြီးရဲ့အရိပ်အောက်မှာ” ဆိုတာ စက်မှုတက္ကသိုလ်ကို ရည်ညွှန်းစပ်ဆိုထားပုံ ရပါတယ်။


Sunday, October 28, 2012

ငယ်ကျွမ်းဆ

သူငယ်ချင်း


ဒီစာလေးဟာ နင့်အတွက် ငါအမှတ်တရရေးလိုက်တဲ့စာပါ…


နင်နဲ့ငါဟာ ကျောင်းပြီးကတည်းက ကွဲသွားကြတာ အနှစ်-၂၀ ကျော်ကြာခဲ့ပြီနော်…


ကျောင်းနေဘက်သူငယ်ချင်းတွေ ဆုံဖြစ်တိုင်း နင်မလာတော့ ငါ မတွေ့ရဘူးပေါ့ဟာ…


မထင်မှတ်ဘဲ နင်နဲ့ ပြန်ဆုံဖို့ အကြောင်းတိုက်ဆိုင်လာတယ်…


နင်နဲ့ ငါပြန်ဆုံတဲ့နေ့လေးကို ငါ မှတ်မိနေတယ်…


ငါက ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်‌နေတာ… နင်က စက်ရုံမှူးဖြစ်နေပြီလေ…


ငါတို့ကုမ္ပဏီက နိုင်ငံခြားသားက နင်တို့စက်ရုံကို လေ့လာချင်တယ်ဆိုလို့ နင်ရဲ့ ခွင့်ပြုချက်ယူဖို့ နင့်စက်ရုံကို ငါရောက်လာခဲ့တယ်…

Monday, October 8, 2012

လွမ်းစိတ်မကောင်းပါ

လွမ်းစိတ်မကောင်းပါ


လွမ်းကို သူငယ်ချင်းများက အမျိုးမျိုးဝေဖန်တာကို ကြားခဲ့ပါတယ်… 


လွမ်း…သူငယ်ချင်းတို့ကို မညာချင်ပါ… 


လွမ်းရဲ့ဘဝ၊ လွမ်းရဲ့အကြောင်းလေးကို သူငယ်ချင်းတို့ကို ပြောပြချင်သေးတယ်…

လွမ်းဘဝမှာ လွမ်းရဲ့အချစ်ဆုံး ချစ်သူရှိခဲ့ဖူးပါတယ်…

လွမ်းတို့ ချစ်သူနှစ်ဦး အတူလက်တွဲပြီး အင်းယားကန်ဘောင်ပေါ်မှာ လမ်းလျှောက်ခဲ့ဖူးပါတယ်…

လွမ်းတို့ချစ်သူနှစ်ဦး အင်းယားကန်ဘောင်မှာထိုင်ပြီး ဘဝလက်တွဲဖော်အဖြစ် ရှေ့ဆက်ရမဲ့ ခရီးလမ်းအတွက် အတူဆွေးနွေးခဲ့ဖူးပါတယ်…

လွမ်းတို့ချစ်သူနှစ်ဦး အတူလက်တွဲပြီး အလုပ်ကို အတူတူသွားခဲ့ဖူးပါတယ်… 


လွမ်းတို့ချစ်သူနှစ်ဦး အလုပ်ကရတဲ့ငွေလေးတွေကို ငွေစုစာအုပ်လေးထဲမှာ အတူထည့်ပြီး လိုအပ်တဲ့ အိမ်ထောင်ပစ္စည်းလေးတွေ စုခဲ့ဖူးပါတယ်…


လွမ်းက လွမ်းချစ်သူကို အနိုင်ယူပြီး စိတ်ဆိုး၊ စိတ်ကောက်လုပ်ခဲ့ဖူးပါတယ်…

Wednesday, September 19, 2012

အချစ်ကြီးသူရဲ့ အရှုံး

အချစ်ကြီးသူရဲ့ အရှုံး


အချစ်ဆိုတာကို စသိသိခြင်းမှာ အချစ်ကြီးချစ်ခဲ့ရသူ ကျွန်မနဲ့ အချစ်တွေ ပေါများလွန်းလှသူ ကိုနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။


ကျွန်မရဲ့အချစ်တွေက ကို တစ်ယောက်တည်းအတွက်သာ ဖြစ်ပေမယ့် “ကို” ရဲ့ အချစ်တွေကတော့ ကျွန်မတစ်ယောက်အတွက် မဟုတ်ခဲ့ရပါဘူး။


 ကို့”ရဲ့ အချစ်တွေက ကျွန်မဆီမှာပဲ အဆုံးသတ်ပါစေလို့ ဆုတောင်းရင်း မရေရာတဲ့ အနာဂတ်ကို မျှော်တွေးလို့ ကြည်နူးတစ်ခါ၊ စိတ်မောတစ်လှည့်နဲ့ ဖြစ်ခဲ့ရတာလည်း အခါခါပါ ကိုရယ်။


သူငယ်ချင်းတွေက ပြောကြတယ်။ “ကို့”ကို ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်တဲ့။ ကျွန်မ မယုံချင်ယောင်ဆောင်ပြီး မဖြစ်နိုင်ဘူးလို့ အတင်းငြင်းလိုက်တယ် ကို


ကျွန်မရင်တွေ လှိုင်းထန်စပြုလာပြီ ကိုရယ်။



ရုံးသွား၊ ရုံးပြန်ကြိုတတ်တဲ့ ကို၊ ညအိပ်ရာဝင်ချိန်တိုင်း ဖုန်းနဲ့ နှုတ်ဆက်တတ်တဲ့ ကို့ရဲ့ အကျင့်လေး တွေလည်း တဖြည်းဖြည်းနဲ့ ဝေးကွာလာခဲ့ရပြီ။


အဲဒီနေ့က “ကို့”ကို ကောင်မလေးတစ်ယောက်နဲ့ ပုခုံးကို ဖက်လို့ ပျော်ရွှင်နေတဲ့ “ကို့”ကို ကျွန်မတွေ့လိုက်ရတယ် ကို


ကို ကျွန်မကို မြင်မှာစိုးလို့ နေရာကနေ အမြန်ရှောင်ပေးလိုက်မိတယ် ကို


သစ်စိမ်းချိုး မချိုးသေးဘဲနဲ့ ကျွန်မအတွက် “ကို” အဖြစ်ရပ်တည်နေပေးသေးတဲ့ ကို့ကို ချစ်လွန်းစွာနဲ့ အလိုက်တသိ ရှောင်ပေးခဲ့မိတာပါ ကို


ကို ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် “ကို့” ဘေးမှာ ကျွန်မတစ်ယောက်လုံး ရှိနေသေးတယ်ဆိုတဲ့ စိတ်မျိုးလေးနဲ့ ကျွန်မဆီကို မမေ့သေးဘဲ ပြန်လှည့်လာနိုင်အောင်လို့ ကို့ကို ကျွန်မ ဘယ်တော့မှ မမေးမယ့် စကားတစ်ခွန်းတော့ ရှိတယ် ကို 
 

အဲဒါကတော့ ကို ကျွန်မကို တကယ်လမ်းခွဲသွားပြီလားဆိုတာကိုပါ။

 ဒါပေမယ့် ကိုရယ် အချစ်ကြီးချစ်ခဲ့မရသူ ကျွန်မအတွက် အချစ်ကြောင့်ပဲ နာကျင်စွာနဲ့ ငိုရတဲ့ မျက်ရည်တွေက များရတယ် ကိုရယ်။
 
ကို့ကြောင့် ကဗျာတွေ ရေးတတ်လာတယ်။


ကို့ကြောင့် အလွမ်းသီချင်းတွေကို ခုံခုံမင်မင် နှစ်သက်လာတယ် ကို။ ကျွန်မရဲ့ အချစ်တွေကို ယုံကြည်စွာနဲ့ ပြန်လာမယ့် “ကို့”ကို ဒီသီချင်းလေးနဲ့အတူ ထာဝရစောင့်ကြိုလျက်ပါ ကိုရယ်…


မြတ်သူ


Sunday, September 9, 2012

ဆုံမှတ်ဟာ အနန္တမှာ

ဆုံမှတ်ဟာ အနန္တမှာ


လွမ်းနဲ့ ကိုဟာ ၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှာ ချစ်သူဖြစ်ခဲ့ကြပါတယ်…

လွမ်းနဲ့ ကိုတို့ရဲ့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါ…

ကိုက ကို့သူငယ်ချင်းအဆိုတော်တစ်ယောက်ရဲ့ သီချင်းကို Flash Song လုပ်ပေးဖို့ လွမ်းကို အကူအညီတောင်းရာကနေ လွမ်းနဲ့ကို တစ်ယောက်နဲ့တစ်ယောက် စာအပြန်အလှန် အဆက်အသွယ် ဖြစ်ခဲ့ကြပါတယ်…

လွမ်းက လွမ်းနေတတ်သူမို့ လွမ်းကို ပျော်အောင်ဆိုပြီး ကိုက ဇာတ်လမ်းလေးတွေ ရေးပို့တယ်…

လွမ်းက 3D ကာတွန်းကားလေးတွေ ကြိုက်လို့ လွမ်းကြည့်ရအောင် 3D ကာတွန်းကားလေးတွေ ပို့ပေးတယ်…

ကိုပို့တဲ့ ဇာတ်လမ်းတွေ၊ ကာတွန်းကားတွေ ကြည့်ပြီးရင် လွမ်းရဲ့အတွေးတွေကို ကို့ကို ပြန်ပြောပြရတယ်…

လွမ်းကလည်း လွမ်းနှစ်သက်တဲ့ သီချင်းတွေကို ကို့ကို နားထောင်ခိုင်းပြီး ကို့ရဲ့အတွေးတွေကို ပြန်မေးတယ်…

ဒီလိုနဲ့ လွမ်းနဲ့ကို သံယောဇဉ် ဖြစ်ခဲ့ပါတယ်…