Wednesday, June 22, 2011

CRAZYFIST အတွက် မွေးနေ့ဆုတောင်း

CRAZYFIST အတွက် မွေးနေ့ဆုတောင်း

၂၀၁၀-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့ဟာ ချော့ကလက်မြို့တော်ရဲ့ Administrator တစ်ယောက်ဖြစ်တဲ့ မောင်လေး CRAZYFIST ရဲ့ ၂၆-နှစ်မြောက် မွေးနေ့လေးပါပဲ…

မောင်လေး CRAZYFIST ဟာ ၂၀၀၉-ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့က ချော့ကလက်မြို့တော်ကို စတင် ဝင်ရောက်ခဲ့ပြီး ချော့ကလက်မြို့တော်ရဲ့ ပထမဆုံး ခန့်အပ်ခံရတဲ့ Administrator တစ်ယောက်ပါ…

မောင်လေးက ကိုးရီးယားနိုင်ငံမှာ အလုပ်လုပ်ရင်း အားလပ်ချိန်တွေမှာ ချော့ကလက်မြို့တော်မှာ Creator ဖြစ်တဲ့ မြို့စားလေးကို ဝိုင်းကူညီပေးနေသူတစ်ယောက် ဖြစ်ပါတယ်…

မောင်လေးက အင်တာနက်နည်းပညာတွေကို အားလပ်ချိန်မှာ လေ့လာရင်း ကိုယ်တတ်သိထားတာတွေကို ပြန်လည် ဝေမျှတတ်တာကို တွေ့ရှိရပါတယ်…

မောင်လေးက နိုင်ငံရပ်ခြားမှာ မွေးနေ့ရောက်တိုင်း ကွန်ပြူတာရှေ့မှာ တစ်ဦးတည်း ကျင်းပနေရတယ် ဆိုတာလေးကို သိခဲ့ရပါတယ်…

သူရဲ့ ၂၆-နှစ်မြောက် မွေးနေ့လေးကို ချော့ကလက်မြို့တော်မှာ ကျင်းပပြီး မြို့တော်သူ၊ မြို့တော်သားတွေရဲ့ ဆုတောင်းတာလေးတွေကို ကြားသိချင်တယ်ဆိုတဲ့ ဆန္ဒလေးကို လွမ်း သိလိုက်ရပါတယ်…

မောင်လေးအတွက် မောင်လေးရဲ့ မွေးနေ့ပါတီပွဲလေးကို ချော့ကလက်မြို့တော်မှာ ကျင်းပပေးဖို့ လွမ်း ဆုံးဖြတ်လိုက်ပါတယ်…




ဒါကတော့ မောင်လေးအတွက် Birthday Cake လေးပါ…




ဒါကတော့ မောင်လေးအတွက် Birthday Poem လေးပါ…


မောင်လေး CRAZYFIST တစ်ယောက်
၂၆-နှစ်မြောက်မွေးနေ့မှသည် နှစ်-၁၂၀ တိုင်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ ပြည့်စုံပြီး လိုရာဆန္ဒပြည့်ဝပါစေလို့
…..မမလွမ်း ဆုတောင်းပေးပါတယ်…..

ကြွရောက်လာတဲ့ မြို့သူ၊ မြို့သားများအားလုံး မိမိကြိုက်နှစ်သက်ရာ အစားအစာများကို ကိုယ်တိုင်ယူစနစ်ဖြင့် စားသုံးနိုင်ပါတယ်…

အချိုပွဲ နှင့် အအေးတို့ကိုလည်း ကြိုက်သလို သုံးဆောင်နိုင်ပါတယ်…

အမျိုးသားများအတွက်လည်း စီစဉ်ထားရှိပါတယ်…

အစားအစာများကို စားသုံးရင်း မောင်လေး CRAZYFIST အတွက် မွေးနေ့ဆုတောင်းပေးကြပါစို့။

No comments: