Friday, February 22, 2019

ကျိုက်ထီးရိုးစေတီတော်သို့ ဒုတိယအကြိမ် ဖူးမြှော်ခြင်း


ကျိုက်ထီးရိုးစေတီတော်သို့ ဒုတိယအကြိမ် ဖူးမြှော်ခြင်း


၂-၁-၂၀၁၉ ရက်နေ့မှာ ဖားအံမှ ကျိုက်ထိုမြို့သို့ ထွက်ခွာလာခဲ့ပြီး ကျိုက်ထီးရိုးဘုရားသို့ တက်ရောက် ဖူးမြှော်ကြပါတယ်။


ကားကို တောင်ခြေမှာ အပ်နှံထားခဲ့ပြီး တောင်ပေါ်သို့တက်မဲ့ ကားများပေါ်သို့ တက်ရပါတယ်။



လူ (၆)ယောက်တစ်တန်းနဲ့ ၇-တန်းပြည့်မှ ကားထွက်ပါတယ်။ ကားခ တစ်ယောက် ၂၀၀၀-ကျပ်ပါ။



တောင်ပေါ်မတက်ခင် စစ်ဆေးရေးစခန်းကို ဝင်ရပါတယ်။



တောင်ပေါ်ကို Cable ကားနဲ့ တက်မဲ့သူများကို လမ်းတစ်ဝက်မှာ ချထားခဲ့ပါတယ်။



Cable စီးခက ၄၀၀၀-ကျပ်ပါ။ အပြန်ကို Cable မစီးဘဲ ကားနဲ့ တိုက်ရိုက်ဆင်းပြန်ပါတယ်။



Cable စီးရင် အဆင်မပြေပါ။ ဆင်းလာမဲ့ကားကို စောင့်စီးရတာပါ။



အပြန်ကို ကားရှေ့ခန်းက စီးချင်တဲ့အတွက် ဂိတ်မှာ ကြိုပြီးပြောရပါတယ်။ ကားရှေ့ခန်းက တစ်ယောက် ၃၀၀၀-ကျပ်ပါ။


လွမ်းတို့တွေ ကံကောင်းပါတယ်။ ဘုရားရင်ပြင်တော်မှာ လူသိပ်မများပါ။


လွမ်းတက်ရာနံဘေးမှာတော့ စောင်များလှမ်းထားခြင်း၊ ခရီးသည်များ ယာယီအကာများ ပြုလုပ်နေကြတဲ့အတွက် ကြည့်ရရုပ်ဆိုးပါတယ်။



ကားဂိတ်နဲ့ ဘုရားခြေရင်းကလည်း အတန်ငယ်လှမ်းတဲ့အတွက် အထမ်းနဲ့ သွားတဲ့သူများလည်း ရှိပါတယ်။



အပြန် ကားရှေ့ခန်းက လိုက်တဲ့အတွက် ကားသမားပြောကြားချက်အရ အထမ်းသမားများ အလုပ်ရစေရန် တမင် ကားဂိတ်ကို ဘုရားခြေရင်းထိ မထားခြင်းဖြစ်ကြောင်း ပြောပြပါတယ်။



ကျိုက်ထီးရိုးစေတီကတော့ နိုင်ငံခြားသားများပါ လာရောက်ဖူးမြှော်ရတဲ့ တန်ခိုးကြီးမားသော စေတီတော်ဖြစ်ပါတယ်။



လွမ်းရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။












လွမ်းဧကရီ

၂၂-၂-၂၀၁၉
နေ့လည် ၂:၃၈ နာရီ