Thursday, November 28, 2019

WHO


HD မှာ သိမ်းထားတာလေး တွေ့လို့ပါ။ ရေးတဲ့သူကို Credit ပေးပါတယ်။
 


WHO


This is crime story. Five friends lived in a room, Namely MAD, BRAIN, FOOL, NOBODY, SOMEBODY.

One day SOMEBODY killed NOBODY. At that time BRAIN was in bathroom,

MAD called police.

MAD: Is it police station???

Police: Yes, what is the matter??

MAD: SOMEBODY killed NOBODY.

Police: Are you mad?

MAD: Yes, I"m MAD.

Police: Don`t you have BRAIN.

MAD: BRAIN is in bathroom....

Police: you FOOL...

MAD: No, FOOL is reading this joke...





လွမ်းဧကရီ

အတိတ်က စာစုများ




အတိတ်က စာစုများ


၂၀၀၈-၉ ခုနှစ်ကာလတုန်းက အင်တာနက်မှာ Zopia , Hi5, Friendster တွေ၊ Ning Network တွေ၊ Skype, Gtalk များ အသုံးပြုချိန်မှာ ကျနော်က “လွမ်း” ဆိုတဲ့ နာမည်နဲ့ စာတော်တော်များများ ရေးခဲ့ပါတယ်…

လွမ်းဆိုတာကို ဘယ်သူမှန်းမသိဘဲ၊ မမြင်ဖူးဘဲ ခင်ခဲ့ကြတယ်…

Gtalk အသုံးပြုဖူးသူတွေ သိကြမှာပါ… တစ်ယောက်နဲ့ တစ်ယောက် စွဲလမ်းစိတ်ဖြစ်အောင်ကို Gtalk က စွမ်းဆောင်ပေးနိုင်ပါတယ်…

ကျနော်က ခံစားချက်တွေ ချရေးတတ်တော့ ကျနော့်စာတွေကို နှစ်သက်လက်ခံပြီး ခင်တဲ့သူတွေ များပါတယ်…

ခု ကျနော်တင်တဲ့ စာကို ဖတ်ကြည့်ရင် ကျနော့်ကို ခင်တဲ့သူက ကျနော့်အတွက် ရေးထားတဲ့စာကို စုစည်းတင်လိုက်တာပါ…

ကျနော့်ရဲ့ပြန်စာမရေးဘဲနဲ့ကို သူရေးတဲ့စာမှာ ကျနော်ဘယ်လိုရေးတယ်ဆိုတာ ခန့်မှန်းမိမှာပါ…



ကျနော့် HD မှာ သိမ်းထားတာတွေ့လို့ပါ… လွန်ခဲ့သော ၁၀-နှစ်ကာလကဆိုတော့ ကျနော်တင်တာကို သူလည်း ခွင့်ပြုမယ်ထင်ပါရဲ့…
 
 


အပြောကောင်းမလေး ရွှေလွမ်း…ငါက မေ့စရာလား

ငါ့မှာ အခင်ဆုံးဆိုလို့ နင်တစ်ယောက်တည်းရှိတာ…ငါပြောရင် နင်ယုံမှာ မဟုတ်ဘူး…

ငါ ချက်တင်မထိုင်ဘူးဟ… ဘာဖြစ်လို့လဲ ငါ့ကိုယ်ငါ မသိဘူး… ပြောလည်းပြောချင်တယ်.. ကြောက်လည်းကြောက်တယ်… အဲ ဘာကြောက်တာလဲ ငါလည်း မသိဘူး…

ငါနဲ့ စာရေးဖြစ်တာဆိုလို့ ရင်းရင်းနှီးနှီး နင်တစ်ယောက်ပဲရှိတာ… ငါ အခင်မင်ရဆုံး မမြင်ရတဲ့မိတ်ဆွေထဲမှာ နင့်ကို အခင်ဆုံးပါ… ဒါငါမှန်သော စကားပါ…

ပြီးတော့ ဘလော့မှာ စာရေးတယ်ဆိုတာ ဒီချောကလက်မြို့တော်ရယ်၊ နောက်တစ်ခုရယ်… အဲဒီတစ်ခုကို အခုမရေးတာကြာပြီ… ဘာလို့လဲဆိုတော့ အဲဒီက အက်မင်က သေသေချာချာ မကြည့်ဘဲနဲ့ ငါ့ကဗျာကို သူများဆီက ကူးရေးတာပြောလို့ နောက်တော့မှ မဟုတ်ဘူး ဆင်တာပါဆိုပြီး တောင်းပန်တယ်…

ငါလည်း အဲဒါနဲ့ စိတ်နာပြီး မရေးတော့တာ…အခု ငါရေးတာ၊ ကွန်းမန့်ပေးတာ ဒီဘလော့လေးတစ်ခုပဲ ရှိတယ်… တစ်ခါတစ်လေ အခုလို ပိတ်ရက်တွေဆို ပျင်းလို့စကားပြောချင်မိတယ်… စာတွေ အပြန်အလှန်ရေးချင်မိတယ်… ငါ နင့်ဆီ စာရေးလို့ နင် စိတ်မညစ်ပါဘူးနော်… ငါ နင့်အပေါ် ရိုးသားပါတယ်… ဘာစိတ်မှ မရှိဘူး… အဖြူထည်ပါ…

ဘယ်တော့မှလည်း ပြောင်းလဲမှာ မဟုတ်ဘူး… ဒါငါ့ရဲ့ စိတ်ထားပါ… ငါ နင့်ကို ခင်ပါတယ်… နင် ဘာပဲဖြစ်နေပါစေ… နင်လှတာ၊ ချောတာ၊ ရုပ်ဆိုးတာ၊ မဆိုးတာ ငါမသိဘူး… ငါသိတာ လွမ်းဆိုတဲ့ ကောင်မလေးကို ငါက ခင်တာ မင်တာ ခင်မင်တာပါ… နင်ကတော့ သူငယ်ချင်းတွေ အများကြီးဆိုတော့ ငါ့လို ဘယ်ခံစားရပါ့မလဲ… ငါ ပြောဖူးပါတယ်… ငါ နင့်ဆီက ကွန်းမန့်လေးတွေ လာရင် ပျော်တယ်ဆိုတာလေ… နင် မေ့နေပြီလား… ပြီးတော့ နင့်ဆီက စာဖတ်ရရင် ငါပျော်တယ်ဆိုတာကော… ငါ နင့်ဆီက ခင်မင်မှုပဲ လိုတာပါ…

စိတ်မကောင်းပါဘူး လွမ်းရယ်… တကယ်ပါ နင် မျက်ရည်ကျနေတယ်ဆိုလို့လေ

သံယောဇဉ်ဆိုတာ ထားတတ်ရင် ကောင်းပါတယ်… အခုဖြစ်တဲ့ကိစ္စမှာ ဘယ်သူမှားတယ်၊ မှန်တယ်လို့ ငါ မသိသလို… ငါမပြောချင်ဘူး…

ငါလည်း ချက်တင်ထိုင်မှာကြောက်တာ အဲဒါပါတယ်… နင့်သဘောပါ… နင် ပျော်ရွှင်တာ မြင်ချင်ပါတယ်… ငါ ဘာမှ မလုပ်ပေးနိုင်တဲ့အတွက် နားလည်ပါနော်

သူငယ်ချင်းဆိုတာ အေးအတူ၊ ပူအမျှတဲ့.. နင် အခုလို ရင်ဖွင့်တာပဲ ငါကျေနပ်ပါတယ်… ငါ့ကို ခင်မင်လို့ ပြောတယ်လို့ ငါ ယူဆတယ်… နင် စိတ်ညစ်တဲ့အခါ ငါ့ကို သူငယ်ချင်းလို ရင်ဖွင့်ပါ… တိုင်ပင်ပါ… ငါ နားလည်သလောက် နင့်ကို ပြောပြမယ်… မေ့လိုက်ပါ လို့ မပြောလိုပါဘူး သူငယ်ချင်း… ဘာဆက်လုပ်ရင် ကောင်းမလဲဆိုတာ စဉ်းစားပေါ့… မစာနာလို့ ပြောတာ မဟုတ်ဘူးနော်…

အကောင်းဆုံးက သူနဲ့ဝေးအောင် နေကြည့်ပါ… ကိုယ့်အတွက် ဘာမှ ဖြစ်မလာမှတော့ ငါဆို အဲဒါကို မေ့လိုက်မယ်… နင့်ရင်ထဲ ပူလောင်နေလား သူငယ်ချင်း… သိပ်မကြာပါဘူး… အချိန်ဆိုတာ ကုစားရင်း နင် အဲလိုကြုံလာခဲ့တာ၊ အခုဖြစ်တာ ပြန်ပြောစရာ၊ ရီစရာ၊ အမှတ်ရစရာတစ်ခုလောက်ပဲ ကျန်ခဲ့မှာပါ… အခု ဘယ်အချိန်လဲ မသိဘူး… နင် စိတ်တွေညစ်နေရင် ရေအေးအေးလေး ချိုးလိုက်ပါ… ပြီးရင် နင် ကြိုက်နှစ်သက်မဲ့အရာ… ဥပမာ စာဖတ်နေရင် ပိုကောင်းမယ်… ဖတ်ရင်လည်း နည်းနည်းရယ်ရမဲ့ စာအုပ်မျိုးဖတ်ပါ…

အခုနေ သီချင်း နားမထောင်နဲ့နော်… တိုက်ဆိုင်တာရှိရင် ပိုသတိရနေမယ်… ကဲကဲ လုပ်ကြည့်ပါ… ဒါလည်း နင်အားမှ လုပ်လို့ရမှာ… အခု နင် ဘာလုပ်နေတယ်… ဘယ်မှာရှိတယ်ဆိုတာ မသိလို့ မပြောနိုင်ဘူး… နင် အမြန်ဆုံး ပျော်ရွှင်မှုတွေ ပြန်ရပါစေ.. နင့်ဆီ စာရေးချင်ပေမဲ့ နင် စိတ်မကောင်းဖြစ်နေတော့ နင် လွတ်လွတ်လပ်လပ် သတိရလို့ ရအောင် ငါစာမရေးတော့တာ… ငါ့စာက နင့်ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ… နင် အဆင်ပြေရဲ့လား… သတိရရင်ပဲဖြစ်ဖြစ်၊ တိုင်ပင်ချင်ရင်ပဲဖြစ်ဖြစ် တစ်ယောက်ကို ရင်ဖွင့်လို့ သက်သာမယ်လို့ နင် ယူဆရင်ပဲဖြစ်ဖြစ် ငါ့ဆီ စာရေးနော်… ငါလေ နင်ငိုတယ်ဆိုလို့ စိတ်မကောင်းဖြစ်မိတာ… ဘယ်လိုပြောရမလဲ…

ငါ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတစ်ယောက် ဖြစ်နေသလိုမျိုး ငါလည်း ခံစားရတယ်… မဆီမဆိုင် လူကြားရင် ရယ်စရာဖြစ်မယ်… ငါပါ စိတ်ညစ်နေသလိုပဲ သိလား… အဲလောက် နင့်ကို ခင်မိသွားတာ… နင်ပျော်ရွှင်ပါစေ… နင်နဲ့ ထပ်တူ ခံစားလျက်ပါ…

ငါ သိပ်မရေးတတ်ပါဘူး လွမ်းရယ်… ငါရင်ထဲဖြစ်နေတာရယ်၊ နင်ခံစားနေရတာရယ်ကို ငါ ဘယ်လိုရေးရင် နင့်အတွက် အဆင်ပြေမလဲ စဉ်းစားပြီး ရေးလိုက်တာပါ… ငါ့စာဖတ်ပြီး နင်ပြုံးနိုင်ပြီဆို ငါ ကျေနပ်ပြီ သူငယ်ချင်း… ငါလည်း ငါ့ကိုယ်ငါ ဂရုစိုက်ပါတယ်…

ငါ့အတွက်က ဘာမှ မပူနဲ့… နင်သာ စိတ်ချမ်းသာအောင် နေနော် သူငယ်ချင်း… စိတ်အလိုမလိုက်နဲ့နော်… ငါတို့အရွယ်တွေက ငယ်တော့တဲ့အရွယ်တွေ မဟုတ်ဘူးလေ… လေတိုက်တိုင်း လှုပ်တတ်တဲ့သစ်ရွက်လိုအရွယ် နင်မဟုတ်ဘူးလို့ နင့်ကိုယ်နင် ခံယူလိုက်ပါ သူငယ်ချင်း… ဒါဆို နင့်အတွက် စိတ်ဖြေဆေးတစ်ခု ဖြစ်နိုင်ကောင်းပါရဲ့

ငါ နင့်အကြောင်းသိပ်မသိလို့ သိရင် ငါသိသလောက်ဉာဏ်နဲ့ နင် စိတ်ပြောင်းလာအောင် ငါပြောပြမိမှာ… ငါတို့ဆိုတာ အချစ်က အခုမှတွေ့တာ မဟုတ်ဘူးလေ… စိတ်က ပိုခံစားရတယ်မှတ်ရင် ပိုခံစားရတယ်… ဒီလူကို ပိုချစ်မိပါလားလို့ မှတ်ရင် ပိုချစ်မိပါတယ်… အဲလိုပဲ စိတ်ကို အလိုလိုက်မိရင် ပျော်ရွှင်ရင်ပဲဖြစ်ဖြစ်၊ ဝမ်းနည်းရင်ပဲဖြစ်ဖြစ် သူများထက် ပိုတတ်တယ်… နင်လည်း နင့်စိတ်ကို အလိုမလိုက်နဲ့တော့နော်…

လွမ်းအတွက် ရေးလိုက်တာပါ… ရေးတတ်သလို ရေးထားတော့ အဆင်ပြေသလို ဖတ်ပေါ့…

ဒီကဗျာအတွက် လွမ်းစိတ်ညစ်တာ သက်သာမယ်ဆိုရင် ငါခေါင်းပူခံ စဉ်းစားရေးသမျှ၊ အိပ်ရေးပျက်၊ နင့်အတွက် တွေးရေးသမျှ တန်ပါတယ်… ငါ ကဗျာဆရာမဟုတ်ဘူး လွမ်း…

ဒါပေမဲ့ ငါခင်မင်မိတဲ့ နင့်အတွက် ငါရေးတတ်သလောက် ကြိုးစားရေးထားတာပါ… နင့်တစ်ယောက်တည်း ဖတ်ဖို့ပေါ့… နင်ပြန်လာပါ သူငယ်ချင်း

ပြန်လာပါ သူငယ်ချင်း


ကုန်လွန်သွားတဲ့ နင့်ရဲ့အတိတ်ကို

တမ်းတမနေပါနဲ့ သူငယ်ချင်းရယ်

လွဲမှားနေတဲ့ နင့်သံယောဇဉ်တွေကို

ပျော်ရွှင်မှုတွေ၊ ခင်မင်မှုသံယောဇဉ်တွေနဲ့

အစားထိုးလိုက်ပါ သူငယ်ချင်းရယ်

မလိုလားအပ်တဲ့ အချစ်မမည်တဲ့အရာ

နင့်ရင်ကို ခဏတာ ခိုဝင်လာတာများ

နင် ဘာကြောင့် ရင်ခုန်ချင်တာလဲ

သာယာချင်တာလဲ သူငယ်ချင်းရယ်

ခုမြင်၊ ခုတွေ့၊ နေ့မြင်၊ ညပျောက်

ဒီလောကဓံထက်ဆိုးတဲ့

နင် သွားသွားနေတဲ့

နင်ထိုင်နေကျ နင်ချက်တင်ဝင်နေကျ ဆိုင်လေးက

နင့်ကို ချစ်ပါတယ် ပြောတဲ့ နင့်ချစ်တဲ့လူက

ဝေဒနာပေးတော့ နင် ငိုကြွေးနေဦးမှာလား

သူငယ်ချင်းရယ်

ပြန်လာပါတော့ တက်ကြွတဲ့ အတိတ်က နင့်ပုံရိပ်တွေ

ယုံကြည်မှုနဲ့ တည်ဆောက်တယ်ဆိုတဲ့ နင့်အနာဂတ်တွေ

ပျော်ရွှင်မှုနဲ့ ပြည့်နေတဲ့ နင့်အရင်အချိန်တွေကို နင်……..ပြန်လာပါသူငယ်ချင်း




နင့်သူငယ်ချင်း ငါ








လွမ်းဧကရီ
၂၈-၁၁-၂၀၁၉

နေ့လည် ၂:၁၃ နာရီ