Tuesday, May 31, 2011

သေတမ်းကဗျာ


သေတမ်းကဗျာ



သိရဲ့နဲ့



အသိခေါက်ခက် အဝင်နက်တယ် ပြောပြော



သေသွားရင်



ဘာမှပါမသွားဘူးပြောပေမဲ့



နင်ပေးထားတဲ့



သံယောဇဉ်လေးတော့




…ငါယူသွားချင်တယ်…








လွမ်း

၃၁-၀၈-၂၀၁၀



ည ၈:၅၉ နာရီ

အမှတ်တရ ကဗျာလေး

ညီမလေး ထာဝရကြယ်ဖြူက Comment တွေ လိုက်ပေးတဲ့အခါ ကဗျာလေးတွေနဲ့ လိုက်ပေးလေ့ ရှိပါတယ်…
လွမ်းစာမျက်နှာမှာ လာပေးတဲ့ ညီမလေးကဗျာကို နှစ်သက်မိတဲ့အတွက် ညီမလေးကဗျာပုံစံအတိုင်း လွမ်း ကဗျာလိုက်စပ်ခဲ့ပါတယ်…
အမှတ်တရတင်လိုက်တာပါ…



လွမ်း




လွမ်းဖူးတဲ့ လူတစ်ယောက်အတွက်

အလွမ်းဆိုတာကို….ကောင်းကောင်းနားလည်နေတတ်ပါပြီ

…..ချစ်သူရယ်…..

နေ့လည်းလွမ်း

ညလည်းလွမ်း

လွမ်းတိုင်းသာကြယ်တစ်ပွင့်

ဖြစ်ခွင့်ရမယ်ဆိုရင်

နင့်ကောင်းကင်ကြီးမှာ

ငါ့ အလွမ်းကြယ်လေးတွေများနေပြီပေါ့ကွယ်


…..ဒါပေမယ့်…..

ခုတော့….ငါလွမ်းနေလဲ…နင်မှ မသိနိုင်တာပဲ

ဒီတော့…ငါဟာ…လွမ်းပြီးရင်း လွမ်းနေရပြီပေါ့လေ

ဘယ်တတ်နိုင်ပါ့မလဲ…လွမ်းရဦးမှာပေါ့

ဘာကြောင့်လဲဆိုတော့…ငါ့နာမည်က

…..လွမ်းဖြစ်နေလို့ပါပဲ…..




ထာဝရကြယ်ဖြူ



အပြစ်တင်ခြင်း


အပြစ်တင်ခြင်း


ဘာစဉ်းစားရမှန်း မသိတော့တဲ့ ဦဏှောက်

ဘယ်သွားရမှန်း မသိတော့တဲ့ခြေထောက်

ဘာရေးရမှန်း မသိတော့တဲ့လက်

ဘာတွေးရမှန်း မသိတော့တဲ့စိတ်

အဏုလုံ ပဋိလုံတွေးကြည့်တော့

အဲ့ဒီလိုတွေ ဖြစ်နေရတာ

ကိုကို့ကြောင့်


လွမ်းဧကရီ
၀၄-၀၇-၀၉
ည ၇:၄၁ နာရီ

ချစ်ခဲ့ရသူသို့ ကျေးဇူးတင်လွှာ


ချစ်ခဲ့ရသူသို့ ကျေးဇူးတင်လွှာ

၁။ သင်သည် ကျွန်တော်နှစ်သက်သော Comment လှလှလေးများကို ပေးခဲ့ဖူးပါသည်။

၂။ သင်သည် ကျွန်တော့်ကို ချစ်သည်ဟု ပြောခဲ့ဖူးပါသည်။

ဖြစ်သင့်ရဲ့လား


ဖြစ်သင့်ရဲ့လား

အပိုင်း(၁)


ကျွန်တော့်ဘ၀က ငယ်ငယ်လေးကတည်းကနေ ဆယ်တန်းအောင်တဲ့အထိ ချမ်းမြေ့သာယာတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ရတဲ့သူပါ…

တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် အဖိုး၊ အဖွားတွေက ချစ်သလို ဖေဖေနဲ့  မေမေကလည်း ကျွန်တော့်ကို ချစ်ကြပါတယ်…

ကျွန်တော် ပူဆာသမျှ ဖေဖေက ၀ယ်ပေးခဲ့သလို ကျွန်တော်စားချင်တာ၊ ကျွန်တော်ကြိုက်တဲ့ ဟင်းမှန်သမျှ မေမေက ချက်ကျွေးခဲ့ပါတယ်…

ဖေဖေက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ပြီး ၀င်ငွေကောင်းသလို မေမေကလည်း တစ်ဖက်တစ်လမ်းကနေ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီ တည်ထောင်ပြီး ၀င်ငွေရှာနေတဲ့သူပါ…

ကျွန်တော်တို့ ရဲ့ ချမ်းမြေ့သာယာတဲ့ မိသားစုဘ၀လေးကို ဖျက်ဆီးမဲ့ အကြီးမားဆုံးရန်သူဟာ ကျွန်တော်တို့ မိသားစုထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်…

လွမ်း



လွမ်း



လွမ်း



မင်းကိုယ့်ကို…တစ်ချက်ကလေးတောင်


မလွမ်းဘူးလား။



ကိုယ့်မှာတော့..


အမှောင်ထဲမှာ..ရမ်းနေရပြီ။


(ခြင်ကိုက်လို့)







မန်းသူလေးရယ်…



ကိုလေ..မင်းရဲ့



ရွှေခြေကျင်းလေး..ဖြစ်လိုက်ချင်တယ်



စကားမစပ်..ဘယ်နှစ်ကျပ်သားရှိလဲ?



(ပေါင်မလို့)







ကြည့်…


စိတ်ဆိုးတာလား…?



မင်းနှုတ်ခမ်းစူမှာကို…



မိုးပြိုမှာထက်ကြောက်တယ်..



(မယုံနဲ့နော်..လျှောက်ပြောနေတာ)







လွမ်း..နာမည်က



ကဗျာစပ်လို့..အရမ်းကောင်းတယ်



ဂီတာတစ်လက်..ယူပြီး


ကာရံညှိကြည့်မယ်….။


“လွမ်း..ဂွမ်း..ဗြန်း”




ဟော..မကျေနပ်ဘူးဆိုပြီး



ခိုးနမ်းသွားပြန်ပြီ….



ရှက်လိုက်တာ..ငါးသုံးတစ်ဖွဲ့လုံးကြည့်နေကြတယ်


မျက်နှာဘယ်နားသွားထားရမလဲ?


(တဖက်လှည့်ပြီး..သွားဖြီးပြနေတာ)






 ရင်တွင်းအရမ်းဖြစ်တဲ့..လွမ်း



မောင်မျိုးမင်းနဲ့ ဘာတော်လဲဟင်?



ကိုမှားသွားရင်..တောင်းပန်ပါတယ်



ကိုယ့်အကြောင်း ထည့်ရေးပြီး..



လည်ပင်းအစ်အောင်တော့ မလုပ်နဲ့…



စိတ်ဆိုးလာရင်..ကိုက တအားညှစ်တတ်တယ်



(နွားနို့)






ဟင်း…



နို့ဗူးဖျော်တိုက်တာလည်း..မသောက်ဘူး



ဘာလဲ…စိတ်ကောက်တာလား?



ထိပ်ခေါက်လိုက်မှ…မငိုနဲ့



 “ဟီး”





ဪ..ကိုကြီးက ချစ်လို့စတာပါ


တိတ်…တိတ်



လာ..


လာ..


…ကလေးလေး…


စက်ဘီးအတူစီးပြီး…



လေနုအေးလေးသွေးတုန်း…


ကျုံးပတ်ကြစို့။




အနော်မာ

မှတ်ချက်။ ။ အနော်မာ … လွမ်းအတွက် ပထမဆုံး စပ်ပေးသောကဗျာလေးကို အမှတ်တရ ပြန်တင်ပါသည်။