Wednesday, June 22, 2011

ချော့ကလက်မြို့ တော်မှ မြို့ သား ကောင်လေး နှင့် တွေ့ ဆုံမေးမြန်းခန်း


ချော့ကလက်မြို့ တော်မှ မြို့ သား ကောင်လေး

နှင့်

တွေ့ ဆုံမေးမြန်းခန်း



ဒီတစ်ခါတော့ ချော့ကလက်မြို့ တော်မှ မြို့ သားတစ်ဦးဖြစ်တဲ့ ကောင်လေး နဲ့  တွေ့ ဆုံ မေးမြန်းခန်းလေး တင်ဆက်ချင်ပါတယ်...


လွမ်းက သူငယ်ချင်းတွေဆီက Comment မှာ ပုံလှလှလေးတွေရတာကို နှစ်သက်သူတစ်ဦးပါ...


လွမ်းဆီကို Comment ရောက်လာရင် လွမ်းကလဲ ပုံလေးတွေရှာပြီး ပုံနဲ့ လိုက်တဲ့ စကားလေးတွေနဲ့  နောက်ပြောင်ပြောဆိုပြီး ပြန်လည်ပေးပို့ တတ်ပါတယ်...


ချော့ကလက်မြို့ တော်မှာ လွမ်းက သူငယ်ချင်းတွေနဲ့  Comment ပို့ ရင်း ရင်းနှီးခင်မင်ခဲ့ကြတာပါ...


ဒါကြောင့် Comment ကို ပုံလှလှလေးတွေနဲ့  လာပို့ ပေးတတ်တဲ့ ကောင်လေးကို လွမ်း သတိထားမိတာပါ...


ကောင်လေးရဲ့ Comment လှလှလေးတွေရဖူးတဲ့သူတွေကတော့ ကောင်လေးကို သိကြမှာပါ...


ကောင်လေးဆီ စာပို့ ပြီး တွေ့ ဆုံမေးမြန်းလိုကြောင်း ပြောတဲ့အခါ လက်ခံခဲ့ပါတယ်...


ကောင်လေးကရော လွမ်းမေးတာလေးတွေကို ဘယ်လိုဖြေတယ်ဆိုတာ သိချင်နေကြမှာပါနော်...


လွမ်းတို့ ရဲ့ တွေ့ ဆုံမေးမြန်းခန်းလေးကို စလိုက်ကြရအောင်ပါ...



၁။ ချော့ကလက်မြို့ တော်ကို ၀င်ရောက်ခဲ့ပုံလေးကို ပြောပြပါ...

ချောကလက်မြို့လေးကိုဝင်တာကတော့ ဘယ်လိုပုံစံလဲဆိုတာသိချင်တာရရ်ကြောင့် ၀င်ဖြစ်ခဲ့တာပါ...



၂။ ချော့ကလက်မြို့ တော်ကို ၀င်ရောက်ခါစ ခံစားချက်လေးကို ပြောပြပါ...

ကောင်လေးသူငယ်ချင်းတွေလဲရှိနေတယ်လေ... ၀င်ခါစဆိုပေမဲ့ ကောင်လေးမှာက သူငယ်ချင်းတွေက အများကြီးရှိနေပြီလေ...



၃။ ကောင်လေးက ကောင်လေးစာမျက်နှာမှာ ကဗျာလေးတွေ တင်ထားတာလွမ်းတွေ့ ရပါတယ်... ကဗျာလေးတွေ ရေးဖြစ်ခဲ့ပုံလေး ပြောပြနိုင်မလား...

ကဗျာတွေကိုတော့ ကောင်လေးကြိုက်တယ်လေ… ဖတ်လဲဖတ်တယ်… သိပ်တော့ မရေးတတ်ပါဘူး… ကောင်လေးကဗျာကို အရမ်းစိတ်ဝင်စားတဲ့အချိန်က စိတ်ကစားတဲ့အချိန်ပေါ့... ညဘက်တွေဆို စာတွေရေးမိတယ်... ကဗျာတွေရေးဖြစ်တယ်... စိတ်ထဲမှာ ဖြစ်နေတာလေးတွေပေါ့.... ကောင်လေး အရမ်းလဲ ချစ်ခဲ့ဘူးတယ်... အရမ်းလဲ လွမ်းခဲ့ဘူးတယ်... အသဲလဲ ကွဲခဲ့ဘူးတယ်... အချစ်ဆိုတဲ့အရာက ပေးတဲ့အရာတွေပေါ့...



၎။ ကောင်လေးကြိုက်တဲ့ ကဗျာဆရာ၊ စာရေးဆရာများရှိလား...

ကောင်လေးကြိုက်တာက တာရာမင်းဝေကို အကြိုက်ဆုံးဘဲ... ၀တ္တုစဖတ်တယ်ဆိုကတည်းက တာရာမင်းဝေကိုဖတ်တာလေ...



၅။ လွမ်းက ကောင်လေး Comment မှာ ပုံလှလှလေးတွေ လာပေးတတ်တာစပြီး သတိထားမိသွားတာ... ဘယ်လိုကနေ ပုံလှလှလေးတွေကို သူငယ်ချင်းတွေဆီ ပို့ ပေးမယ်လို့  စိတ်ကူးရခဲ့ပုံလေး သိချင်ပါတယ်....

Comment မှာ ပုံလှလှလေးတွေ ပို့ ပေးတာကတော့ ကောင်လေးကြောင့် တစ်ယောက်ယောက် ပျော်ရွှင်သွားတာ၊ စိတ်ကျေနပ်မှု ရစေချင်တာပါ... အဲဒီရည်ရွယ်ချက်နဲ့ ပဲ ပို့ ပေးတယ်… ကောင်လေး ပို့ ပေးလိုက်တဲ့ ပုံလေးတွေကို သဘောကျတယ်ဆိုတာကို ပြန်ကြားရရင် ကျေနပ်တယ်... ကောင်လေးကြောင့် ခဏတာ ပျော်ရတာဘဲဖြစ်ဖြစ် ဖြစ်စေချင်တယ်... ကျန်တာတော့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး...



၆။ ကောင်လေးက အဖြူရောင်ကို ကြိုက်တယ်ထင်တယ်နော်... အဖြူရောင် ပန်းမျိုးစုံလေးတွေ
ပို့ ပေးတာ တွေ့ ရပါတယ်....

ကောင်လေးအကြိုက်ဆုံးအရောင်က အဖြူပါ... ဒါကြောင့် Comment ပို့ ရင် အဖြူရောင်လေးတွေ ပို့ပေးဖြစ်တာ များပါတယ်... ပန်းလေးတွေပေါ့... ကောင်လေး အဖြူရောင်ကို အရမ်းကြိုက်ပါတယ်...



၇။ ကောင်လေးက "တစ်ခါတစ်လေကျ ချစ်နေရတာထက် လွမ်းနေရတာက ပိုကောင်းတယ်.." လို့  ရေးထားတာလေးနဲ့  ပတ်သက်ပြီး ရှင်းပြနိုင်မလား...

တစ်ခါတစ်လေကျ ချစ်နေရတာထက် လွမ်းနေရတာက ပိုကောင်းတယ်...ဆိုတာက ကောင်လေး ရူးလောက်အောင်လဲ ချစ်ခဲ့ပြီးပြီ... အိပ်ပျက်တဲ့ ညပေါင်းများစွာနဲ့ အတူလဲ လွမ်းတတ်ခဲ့ပြီးပြီ... ဒီနှစ်ခုမှာ ဘာကိုပိုကြိုက်သလဲဆိုတော့ လွမ်းတာကို ပိုကြိုက်တယ်လေ... လွမ်းနေတာကို သူမသိပေမဲ့ သူ့ အတွက် လွမ်းနေရတာကို ကျေနပ်တယ်... ချစ်တာ နဲ့  လွမ်းတာမှာ သူ့  သက်ရောက်မှု နဲ့  သူ ရှိနေပါတယ်... လူတစ်ယောက် ခံစားချက်တစ်မျိုးပေါ့နော်... ဒါပေမဲ့ လူတိုင်းလူတိုင်းရဲ့ ခံစားချက်ကို ပြန်ကြည့်မယ်ဆိုရင် လွမ်းတာရော၊ သတိရတာရော အားလုံးအားလုံးဟာ ချစ်တာကြောင့် ဖြစ်လာရတာဘဲလေ... အားလုံးကအတူတူပါပဲလို့ ကောင်လေးထင်တယ်လေ...



၈။ ကောင်လေးမှာ ချစ်ရတဲ့သူ ရှိပြီလား...

ကောင်လေးချစ်ရတဲ့သူကရှိခဲ့ပြီးပြီ...
ခုချိန်ထိတော့နောက်ထပ်ဆိုတာကိုမမြင်မိသေးဘူး...



၉။ " ကောင်လေးချစ်ရတဲ့သူကရှိခဲ့ပြီးပြီ..." ဆိုတော့ ကောင်လေးက ချစ်ခဲ့တာပဲလား... သူကရော ကောင်လေးကို ချစ်ပါတယ်လို့  အဖြေပေးခဲ့တာလား...

ကောင်လေး ချစ်ခဲ့ပါတယ်... သူက ကောင်လေးရဲ့ ပထမဆုံးချစ်သူလေ... သူများတွေပြောသလို ဆိုရင်တော့အချစ်ဦးပေါ့နော်...ဟဟ
သူ့ အချစ်ကိုလဲ ရခဲ့ပါတယ်... ကံတရားပေါ့ မလွမ်းရရ်နော်... ချစ်တိုင်းလဲ မညားလေ...ဟဟ



၁၀။ "ခုချိန်ထိတော့နောက်ထပ်ဆိုတာကိုမမြင်မိသေးဘူး..." ဆိုတော့ ကောင်လေး နောက်ထပ်ဆိုတာ ရှိလာခဲ့ရင် ကောင်လေး ချစ်သူကို ဘယ်လိုပုံစံမျိုးလေး ဖြစ်စေချင်လဲ...

ကောင်လေးအတွက် နောက်ထပ်ဆိုတာ ရှိလာခဲ့ရင် ကောင်လေးချစ်တဲ့သူက အဖြူစင်ဆုံး နဲ့ အချိုသာဆုံး ပြောတတ်တဲ့သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်ပေါ့... ကောင်လေးအတွက် နောက်ထပ်ဆိုတာ ရှိလာမှာဘဲလေ... ခုတော့ တစ်ယောက်ထဲ နေရတာကို ပိုကြိုက်နေမိတယ်...



၁၁။ ခုခေတ် ကောင်လေးတို့  လူငယ်တွေအပေါ် ဘယ်လိုမြင်လဲ...

ကောင်လေးကတော့ ခုခေတ် မိန်းကလေးတွေကို ဘယ်လို့မှ မသတ်မှတ်တတ်ဘူး… သတ်မှတ်လို့ မကျေနပ်ရင် ကောင်လေးကိုလာထုလိမ့်မယ်လေ… ဟဟ…
မိန်းကလေးတစ်ယောက်အပေါ်မဝေဖန်တတ်ဘူးမလွမ်းရ....



၁၂။ အချစ်နဲ့ ပတ်သက်ပြီး ကောင်လေး ဘယ်လိုနားလည်ထားလဲ... ယောင်္ကျားလေးတွေရဲ့ ချစ်သူအပေါ်ထားတဲ့ ခံယူချက်လေး သိချင်ပါတယ်....

အချစ်ဆိုတာ ဘာလဲဆိုတာကိုတော့ ကောင်လေးမသိပါဘူး…
အဲဒီ့ အချစ်ဆိုတာဘာလဲ ဆိုတာနဲ့ ပတ်သတ်ပြီး အမှတ်ရစရာလေးတစ်ခုတော့ ရှိခဲ့ဘူးတယ်… သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ဘူးတယ်….
သူက ကောင်မလေးတစ်ယောက်ကို အရမ်းချစ်တယ်လေ…
သူ့ ကို ကောင်မလေးကပြန်မချစ်ဘူး… သူက ကောင်လေးကို ဘာဘဲဖြစ်ဖြစ် ပြောပြတတ်တယ်…
သူအရမ်းခံစားနေရတဲ့အချိန်မှာ သူ့ ကိုပျော်စေချင်တဲ့သဘောနဲ့ ပြီးတော့ သိပ်ပြီး မခံစားစေချင်တဲ့ သဘောနဲ့ နောက်လိုက်မိတယ်… ဘာရယ်မဟုတ်ပါဘူး… သူ့ ကို ကောင်လေးမေးလိုက်တယ်…
အချစ်ဆိုတာဘာလဲ လို့မေးတော့ သူက မသိဘူး တဲ့… ကောင်လေး စလိုက်တယ်…
မင်းအချစ်ကို မသိဘဲနဲ့  ဘယ်လိုလုပ် မင်းကို သူက ပြန်ချစ်မလဲ လို့ စလိုက်မိတယ်…
သူ တော်တော် စိတ်ဆိုးသွားတယ်… ငိုလဲငိုတယ်… ကောင်လေး တော်တော်ကြီးကို အံ့သြမိတယ်… အချစ်ဆိုတာ
ထူးဆန်းတယ်နော်… ခုချိန်ထိလဲ အဲဒီအဖြစ်ပျက်လေးကို သတိရနေတယ်…



၁၃။ Information Technology ခေတ်မှာ Internet သုံးစွဲမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ အွန်လိုင်းအချစ်အပေါ် ကောင်လေးရဲ့ ထင်မြင်ယူဆချက်လေး ကြားချင်ပါတယ်...

Internet သုံးလို့ ဖြစ်ပေါ်လာတဲ့ အချစ်ဆိုတာကိုတော့ သဘောမကျဘူး…
ခုနောက်ပိုင်း Internet ကနေ Chat ကြတယ်.
တစ်ယောက်နဲ့ တစ်ယောက် စကားတွေ ပြောကြတယ်…
မမြင်ဘူး မတွေ့ဘူးပဲနဲ့ ချစ်တယ်ဆိုတာကို ပြောကြတယ်…
ဘာရယ်မဟုတ်ပဲ ပြောလိုက်ပေမဲ့ ခံစားချက်ဆိုတာ မပါဘူးလေ…
အဲဒါက ဘယ်လိုလုပ်ပြီးတော့များ အချစ်ဖြစ်နိုင်မလဲ…
အင်တာနက်သုံးလို့ တကယ်ချစ်သွားကြတဲ့ သူတွေအတွက်တော့ သူတို့အစား ပျော်ပါတယ်…



၁၄။ ကောင်လေး နောက်ဆုံးအနေနဲ့  ဘာများပြောချင်သေးလဲ....

ဘာပြောချင်သလဲဆိုတော့ ကောင်လေးစိတ်ကူးထဲကတစ်ချို့ အရာလေးတွေ ပြောပြလိုက်ရတဲ့အတွက် ကျေနပ်ပါတယ်…
မလွမ်းပျော်ရွှင်ပါစေ...
ကျေးဇူးလဲတင်ပါတယ်နော်… မလွမ်း...



ကဲ...ကောင်လေးရဲ့ ဖြေကြားချက်လေးတွေကို မြို့ သူ၊ မြို့ သားများ ဒီလောက်နဲ့  ကျေနပ်နှစ်သိမ့်ကြလိမ့်မယ်လို့  ယူဆပါတယ်...


လွမ်းရဲ့တွေ့ ဆုံမေးမြန်းခန်းလေးဟာ မြို့ သူ၊ မြို့ သားများအတွက် အတိုင်းအတာတစ်ခုထိ စိတ်အပန်းဖြေစရာ ရတယ်ဆိုရင် လွမ်း ကျေနပ်ပါတယ်...


ချော့ကလက်မြို့ သူ၊ မြို့ သားများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...







၁၆-၁၂-၀၉


နံနက် ၇း၂၀

No comments: