Monday, January 4, 2010

အပြစ်တင်မှာလား


အပြစ်တင်မှာလား

 စကားလှလှတွေပြောပြီး
ယုံကြည်အောင်လုပ်ခဲ့တာ
 …..မင်းပါ…..
 
မင်းရဲ့လှည့်ကွက်ထဲတိုးဝင်ပြီး
..ချစ်ခဲ့မိတာက..
 …..ငါပါ…..

  ကဗျာတွေနဲ့
..သံယောဇဉ်ရစ်ပတ်မိအောင်လုပ်တာ..
 …..မင်းပါ…..

  အသည်းနုနု
..ကွဲအက်သွားရတာက..
 …..ငါပါ…..

ခုတော့
…..မင်းအပေါ်ထားခဲ့တဲ့…..
အချစ်နဲ့ သံယောဇဉ်ကို
…..ဖြတ်တောက်ပစ်ဖို့…..
…….ကြိုးစားနေတာ…….
 ငါပါလို့ ပြောရင်

 …..မင်း…..
 ………ငါ့ကိုအပြစ်တင်မှာလား………



 လွမ်းဧကရီ
၁၈-၀၆-၂၀၀၉
နံနက် ၀၇:၄၂ နာရီ

ချစ်သူနှစ်ဦး၏ပုံရိပ်

Couple

ချစ်သူနှစ်ဦး၏ပုံရိပ်


အလွမ်းစာမျက်နှာ-

လွမ်းနဲ့ မောင် ဆုံတွေ့ ပုံက ရိုးရိုးစင်းစင်းလေးပါ...
မောင့်ကို Website တစ်ခုမှာသိတာ...
မောင်က လွမ်းသူငယ်ချင်းကတစ်ဆင့် လွမ်း gmail address လေးကို ရပြီးလာ Add တာ...
မောင်က အဝေးတစ်နေရာ နိုင်ငံတစ်ခုမှာ အလုပ်လုပ်နေရတော့ မောင်အလုပ်ဆင်းချိန်တွေမှာမှ
လွမ်းနဲ့ စကားပြောဖြစ်ကြတယ်...
မောင်နဲ့ စကားပြောတဲ့ အခါ လွမ်းတို့ တွေဟာ ဟိုးငယ်ငယ်လေးကတည်းက သိခဲ့ကြတဲ့သူတွေလိုပဲ ပြောကြတာလေ...
မောင်က စကားပြောတာ ပွင့်လင်းတယ်...လွမ်း က အဲဒါကို သဘောကျခဲ့တာ...
မောင်နဲ့ စကားပြောနေရင် လွမ်းစိတ်ထဲမှာ တစ်မျိုးပဲ...ကြည်နူးနေမိတာလား မသိဘူး...
မောင်နဲ့ လွမ်း စကားတွေပြောရင် ကဗျာတွေအကြောင်း၊ စာတွေအကြောင်းပဲ ပြောဖြစ်ကြတာ...
နောက်ပိုင်း ရင်းနှီးလာတော့ မောင်က လွမ်းကို တစ်ချိန်လုံး စ နောက်နေတာပဲ...
မောင်နဲ့ စကားပြောနေတဲ့အချိန်လေးတွေဟာ လွမ်းအတွက် အမှတ်တရဖြစ်ခဲ့ရတဲ့ အချိန်လေးတွေပါပဲ...

အွန်လိုင်းဇာတ်လမ်းလေးတစ်ပုဒ်

 

အွန်လိုင်းဇာတ်လမ်းလေးတစ်ပုဒ်


ဒီတစ်ခါ ကျနော် အွန်လိုင်းဇာတ်လမ်းလေးတစ်ပုဒ် ပြောပြမယ်…


ကျနော်က Hi5 သုံးတာများတယ်… Open လုပ်ထားတဲ့ Member တွေရဲ့ Page ကို လျှောက်ကြည့် တဲ့အခါ ချစ်စရာကောင်းတဲ့ နာမည်လေးနဲ့ ချာတိတ်လေးကို သွားတွေ့တယ်… သားသားတဲ့…

ကျနော် သားသား Page မှာ Comment တွေ သွားပို့တယ်…

ကျနော်က ခဏ၊ ခဏ သွားပို့တော့ သူ့ Homepage မှာ ကျနော့် Comment တွေချည်းပဲ ဖြစ်လာတယ်…

ဒီတော့ သားသား ကျနော့်ကို သတိထားမိသွားတယ်…


သားသားက ကျနော့် gmail address ကိုတောင်းတယ်…


ကျနော်ကလည်း တောင်းတာနဲ့ ပေးလိုက်တာပေါ့နော်…

သူနဲ့ ကျနော် Chatting လုပ်တော့ သူက အရမ်းချွဲတာဗျ…


ကျနော့်ကို သူက မမ လို့ခေါ်တယ်…

ဪ…အွန်လိုင်းအချစ်


ဪ…အွန်လိုင်းအချစ်

ဒီတစ်ခါ ကျနော်ရေးမဲ့ဇာတ်လမ်းလေးကို ဖတ်ပြီး သူငယ်ချင်းတို့ ကျနော့်ကို အပြစ်တင်မယ်ဆိုတာ သိပါတယ်…
 
ကျနော်အရင်က Chatting အရမ်းလုပ်တာ…

လာ Add သမျှ Accept လုပ်ပြီး ပြောတာ…

ခင်ဗျားတို့ စဉ်းစားကြည့်လေ…
 
ကျနော်နဲ့ Chatting လုပ်နေရင်းနဲ့ ကျနော့်ကို ချစ်တယ်လို့ လာပြောလို့ ကျနော်က လက်ခံလိုက်တာ ပြောတဲ့သူအပြစ်လား၊ ကျနော့်အပြစ်လား…

ဖေဖေသို့ အမှတ်တရ

ဖေဖေသို့ အမှတ်တရ


လွမ်းဖေဖေက အစိုးရဝန်ထမ်းပါ…

ဒီတော့ ဖေဖေ့အလုပ်က တာဝန်ကျရာနယ်ကို ပြောင်းရတာများပါတယ်…

လွမ်းတို့တွေက ဖေဖေအလုပ်ပြောင်းတဲ့နောက်ကို လိုက်ပြောင်းကြရပါတယ်…

လွမ်းတို့တွေ မန္တလေးကနေ မကွေးပြောင်းတော့ ပြည်တော်သာတိုက်ခန်းမှာ နေရပါတယ်…

ဖေဖေက ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်… အိမ်မှာပဲ ဖလင်ကို ကူးဆေးတယ်… ဖေဖေ့ဝါသနာက လွမ်းဆီ ပါလာတယ်… လွမ်း ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်…

နောက် ဖေဖေက လေယာဉ်ပျံလေးတွေကို ကိုယ်တိုင်ဆင်ပြီး တကယ့်အင်ဂျင်စက်လေးနဲ့ ဘောလုံးကွင်းထဲမှာ ကြိုးနဲ့မောင်းတယ်… ရှိသမျှစက်တွေ ဖေဖေ ပြင်တတ်တယ်… ဖေဖေ စက်ပြင်ရင် လွမ်းက ဘေးက ထိုင်ကြည့်ပြီး လိုတဲ့ပစ္စည်း ယူပေးရတယ်… ဖေဖေ့အမွေ လွမ်း ရလာတယ်… ခုဆို လွမ်းအိမ်မှာ ရေပိုက်လိုင်းပိတ်တာ… မီးချောင်းခြုတ်လဲတာ… လျှပ်စစ်လိုင်းဆွဲတာ… ကွန်ပြူတာဆင်တာ… မီးစက်နှိုးတာ စတဲ့ သာမန်ကိစ္စလေးတွေကို လွမ်းပဲ လုပ်တယ်… လွမ်း စက်မှုတက္ကသိုလ်တက်တော့ လွမ်း စက်မှုမေဂျာပဲ ယူတယ်…

ဝမ်းနည်းကြေကွဲည




ဝမ်းနည်းကြေကွဲည


...ငါ့စိတ်ထွက်ပေါက်အတွက်…

…….ငါသုံးခဲ့တဲ့ အင်တာနက်က…….

…..ငါ့နှလုံးသွေးကို…..

…….ငါ့ဖာသာဖောက်ထုတ်မိနေမှန်း…….

…..ငါသိလိုက်တဲ့အချိန်မှာ…..

………အရာအားလုံးဟာ………

…..ပြီးဆုံးသွားခဲ့ပါပြီ…..

…အက်ကွဲကြေမွနေတဲ့…

…..ငါ့နှလုံးသားဒဏ်ရာတွေကုဖို့…..

…ငါ့ကို…

…..ခဏနားခွင့်ပြုပါ…..



လွမ်း
၁၉-၀၆-၀၉
ညနေ ၅:၃၅ နာရီ

ကောင်လေးသို့




ကောင်လေးသို့


…လွမ်းတောင်းပန်ပါတယ် ကောင်လေးရယ်…
…ဘာလို့များ လွမ်းကို ဝေဒနာတွေ ပေးချင်နေရတာလဲ…
…..လွမ်းက သံယောဇဉ်ကြီးတတ်တဲ့မိန်းမတစ်ယောက်ပါ…..
…လွမ်းအထီးကျန်ဘဝလေးကို ကောင်လေး စာနာစိတ်နဲ့ လာပြောနေမှန်း
လွမ်းနားလည်ပါတယ်…

…….လွမ်းကို ပျော်စေချင်တာတဲ့…….

…လွမ်းကို ရီစရာစကားတွေပြောပေးတယ်…

…လွမ်းကို နားထောင်စေချင်လို့တဲ့…

…လွမ်းအတွက် အလွမ်းသီချင်းလေးတွေ ပို့ပေးတယ်…
…လွမ်းခေါ်တဲ့အခါတိုင်း ပြန်ပြောဖို့ အဆင်သင့်ဖြစ်နေတတ်တယ်…
…လွမ်းတို့ တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူးပါဘူး…

…မြင်ရအောင်လည်း မကြိုးစားဘူး…

…တစ်ယောက်အကြောင်းလည်း တစ်ယောက်မသိပါဘူး…

…သိအောင်လည်း မကြိုးစားဘူး…

…ဒါပေမဲ့ နှစ်ယောက်လုံးသိနေတာတစ်ခုတော့ ရှိတယ်…

…….မမြင်ရတဲ့ သံယောဇဉ်ကြိုးလေးပေါ့…….



လွမ်းဧကရီ
၁၈-၀၆-၀၉
နံနက် ၀၁:၁၄ နာရီ