Wednesday, June 22, 2011

ချော့ကလက်မြို့ တော်တည်ထောင်သူ မြို့ စားလေးနှင့် တွေ့ ဆုံမေးမြန်းခန်း




ချော့ကလက်မြို့ တော်တည်ထောင်သူ မြို့ စားလေးနှင့်
တွေ့ ဆုံမေးမြန်းခန်း



Interview with blackrose ကို ရေးတင်ပြီးချိန်မှာတော့ ချော့ကလက်မြို့ တော်ရဲ့ Network Creator မြို့ စားလေးကို တွေ့ ဆုံမေးမြန်းဖို့  တိုက်တွန်းစာများ ရရှိခဲ့ပါတယ်...


ဒီတော့ မြို့ စားလေးဆီ တွေ့ ဆုံမေးမြန်းခန်း ပြုလုပ်လိုကြောင်း စာပေးပို့ မေးမြန်းခဲ့ပါတယ်...


စာရလျှင် ချက်ခြင်း စာပြန်တတ်သော မြို့ စားလေးက လက်ခံကြောင်း နှင့် ချော့ကလက်မြို့ တော် အင်တာဗျူး ဆိုပြီး တစ်စုတစ်စည်းတည်း ဖော်ပြလိုကြောင်း ဖြေကြားပါတယ်...


မြို့ စားလေးထံ မေးခွန်းများကို ပေးပို့ ခဲ့ပါတယ်... ပြန်လည်ဖြေကြားချက်အပေါ် ထပ်မံ မေးမြန်းခဲ့ပါတယ်...


မြို့ စားလေးရဲ့ဖြေကြားချက်ကို သိချင်နေကြပြီမို့  အစီအစဉ်လေး စတင်လိုက်ကြရအောင်ပါ...






(၁) ချော့ကလက်မြို့ တော်လေးကို ဘယ်လိုရည်ရွယ်ချက်နဲ့ တည်ထောင်ဖြစ်သွားတယ် ဆိုတာ သိပါရစေ...

ချောကလက်မြို့ တော်ရဲ့ ရည်ရွယ်ချက်လေး မပြောခင် ချောကလက်မြို့ တော်လို့  ဘာလို့ နာမည်ပေးရလဲ ဆိုတာလေးကို အများစိတ်ဝင်စားမယ် ထင်ပါတယ်... (ဘယ်သူမှမမေးလဲ ပြောချင်လွန်းလို့ ပါဗျာ) ဒီလိုပါ ကျတော်က အခု တရုတ်ပြည်မှာ နေတာလေ... အဲ့တော့ ဒီမှာအလုပ်ဝင်တော့ အလုပ်ထဲကလူတွေက ကျတော့် အသားအရည်ကို ကြည့်ပြီး ချောကလက်လို့ ခေါ်ကြတယ်ဗျ... ကျတော်ကလဲအဲဒီ့နာမည်လေးကိုကြိုက်ပြီး gmail ကအစ nick name အဆုံး ချောကလက်ချည်းပေးတော့တာဗျ။

မြို့ တော်လေးစတည်ထောင်တော့ ဘာနာမည်ပေးရမှန်းမသိဘူး... နောက်ဆုံးတော့ ကျတော်နဲ့ တသားတည်းဖြစ်အောင် chocolate မြို့ တော်ဆိုပြီး ပေးလိုက်ပါတယ်ဗျား... တည်ထောင်တဲ့နေ့ လေးကလဲ ကျတော့်မွေးနေ့ ပဲ ဖြစ်ပါကြောင်း။

(၂) ချော့ကလက်မြို့ တော် စတင်တည်ထောင်ပြီးစ မြို့ စားလေးရဲ့ ခံစားချက်လေးကို သိချင်ပါတယ်...

စတင်တည်ထောင်ခါစက လူကနှစ်ယောက်နဲ့ တပိုင်းတောင်မပြည့်ချင်ဘူး... ရှိတဲ့သူငယ်ချင်းတွေကလဲ
ဝင်တော့လာကြပါတယ်... ဘာမှမရှိတဲ့နေရာကိုး... သိပ်မပျော်ကြဘူးပေါ့... စိတ်ပျက်မယ်လုပ်လိုက်တိုင်း အားပေးတဲ့သူငယ်ချင်းတွေကြောင့် ဒီမြို့ လေးကို ဆက်လုပ်ဖြစ်သွားတာပါ... ခံစားချက်အနေနဲ့ ကတော့ တော်တော်မောခဲ့ရတယ်ဗျာ။

(၃) ခုဆိုရင် ချော့ကလက်မြို့ တော်သူ မြို့ တော်သားပေါင်း အယောက်-၁၆၇၇၀ ရှိနေပါပြီ... ချော့ကလက်မြို့ တော်ရဲ့ အောင်မြင်မှုအတွက် စတင်တည်ထောင်ခဲ့တဲ့ မြို့ စားလေးရဲ့ ပီတိလေးကို ကြားချင်ပါတယ်...


ဒီလောက်ကြီးဖြစ်လာလိမ့်မယ်လို့ ကို မမျှော်လင့်ခဲ့ပါဘူး... ထိုက်သင့်သလောက်တော့ အောင်မြင်ချင်တာပေါ့... ဘာပဲဖြစ်ဖြစ်ကြိုးစားရကြိုးနပ်ခဲ့ပါတယ်။

(၄)
မြို့ စားလေးရဲ့ ချစ်စရာကောင်းတဲ့အရာလေးက ဘယ်သူကပဲ Comment ပေးပေး၊ စာပဲရေးရေး Reply လုပ်တတ်တာလေးပါ... မြို့ စားလေးအတွက် အချိန်အများကြီးယူရမယ်လို့  ထင်ပါတယ်... ဘယ်လို အချိန်ပေးရတယ်ဆိုတာ သိချင်ပါတယ်...

ဒီမြို့ တော်လေး အတွက် အချိန်ယူခဲ့တာမဟုတ်ပါဘူး... အချိန်ကိုပေးခဲ့တာပါ... စတည်ထောင်တုန်းကဆို
တရက်လုံးမှာအိပ်ချိန်ကလွဲလို့  ဒီမြို့ တော်လေးကိုပဲ စိတ်ရောက်နေခဲ့တာပါ... အလုပ်လုပ်နေရင်းတောင် ဘယ်နေရာလေးမှာ ဘယ်လိုလေးတွေ လုပ်ရင်ကောင်းမလဲ စဉ်းစားခဲ့တာ... comment ပြန်ပေးတာကတော့ အချိန်ပေးရတယ်လို့ ကို မထင်မိခဲ့ပါဘူး။

(၅) လူအမျိုးမျိုး၊ စိတ်အထွေထွေနဲ့ မို့  မြို့ တော်သူ၊ မြို့ တော်သားတွေကို စည်းကမ်းချက်လေးတွေနဲ့  ထိန်းထားရတယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်... Network Creator တစ်ယောက်အနေနဲ့  အခက်အခဲရှိပါသလား...


တကယ်ကပြောရရင်တော့ စည်းကမ်းချက်တွေဆိုတာ ကျတော့်အတွက် လုပ်ထားတာ မဟုတ်ပါဘူး... ဒီ
network ထဲမှာသုံးနေတဲ့သူတွေရဲ့ လုံခြုံမှုလေးတွေကိုအလေးပေးတဲ့ သဘောပါပဲ... ကျတော်ကိုယ်တိုင်လဲ
လူမျိုးစုံနဲ့  ကြုံဖူးတော့ ကိုယ်ချင်းစာတယ်... ဒါကြောင့် ကျတော့်မြို့ ထဲကလူတွေကိုလဲ တတ်နိုင်သလောက် အကာအကွယ်ပေးထားတဲ့သဘောပါပဲ... အားလုံးကို ညီကိုမောင်နှမတွေလိုပဲ သဘောထားပြီး ထိန်းသင့်တာလေးတွေ ထိန်းပေးခဲ့တာပါ... ပြန်ရတဲ့ အကျိုးကျေးဇူးကတော့ လူမုန်းများကြပါတယ်ဗျား။


(၆) မြို့ စားလေးက အချစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခန်းမှာ ခေါင်းစဉ်တော်တော်များများ ဆွေးနွေးဖို့  ဖိတ်ခေါ်ထားတာ တွေ့ ရပါတယ်... အချစ်နဲ့  ပတ်သက်ပြီး ဘယ်လိုများ အဓိပ္ပါယ် ဖွင့်ဆိုချင်ပါသလဲ...

အချစ်နဲ့ ပက်သက်ပြီး ဆွေးနွေးခန်းတွေများရတာကတော့... ဒီဆိုဒ်ကလူငယ်တွေအများဆုံး သုံးတဲ့ ဆိုဒ်ကလေးတခုဖြစ်လို့ ပါပဲ... တခြားအကြောင်းအရာတွေနဲ့ ဆိုရင် ပျင်းစရာကောင်းသွားနိုင်တယ်လေ... နောက်တခုက ဆွေးနွေးခန်းဆိုတာ တယောက်ထဲ အမြင်မဟုတ်တော့ဘူး... အများအမြင်ကို တခါထဲမြင်ရတဲ့နေရာ၊ ကိုယ့်ထင်မြင်ချက်ကိုလဲ ချက်ချင်းထုတ်ရေးနိုင်တဲ့နေရာ... ဘက်မျိုးစုံက အမြင်တွေကိုသိရမြင်ရရင် လူငယ်တွေအနေနဲ့  ကိုယ်ထင်ကိုယ်တွေးထားတဲ့ အချစ်သဘောနဲ့  အများအမြင် ဘယ်လိုကွာခြားလဲဆိုတာ မှတ်ကျောက်တင်ကြည့်လို့ ရနိုင်လိမ့်မယ်... အချစ်ရဲ့ သဘောတရားတွေကို ဆွေးနွေးခန်းတွေကနေပဲ အဖြေထုတ်ကြည့်လို့ ရသွားနိုင်တယ်ပေါ့ဗျာ။



(၇) အချစ်နဲ့ ပတ်သက်လို့  မြို့ စားလေးရဲ့ ခံယူချက်လေးကို ပြောပြပေးပါ...

အချစ်ဆိုတာ လောကကိုအလှဆင်ပေးနေတဲ့အရာတခုပါ... အချစ်တွေသာနဲလာပြီး အမုန်းတရားတွေသာကြီးစိုး လာရင် လောကကြီးတွက် မတွေးရဲစရာနော်။ 


(၈) မြို့ စားလေးက ချောတော့ အချစ်နဲ့ ပတ်သက်ပြီး အများကြီး တွေ့ ကြုံဖူးမယ်လို့  ထင်ပါတယ်... ဖြေပေးပါနော်...
အင်း.... အမေကပြောတော့ သားချောပါ... အမေတို့ မျက်စိမှုန်လို့ ပါ...(မင်းမော်ကွန်း သီချင်းလေးတောင် ပြန်သတိရမိတယ်)


(၉) မြို့ စားလေးက mr. chocolate ဆုရထားသူပါ... အမေမျက်စိမှုန်လို့  မဟုတ်ပါဘူး... လွမ်းမေးတာ နဲ့  ဖြေတာ တစ်ခြားစီဖြစ်နေတာနော်... အချစ်နဲ့  ပတ်သက်လို့  အများကြီး တွေ့ ကြုံခဲ့ဖူးမှာပါ... ဖြေပေးပါနော်...

ယုန်ကလေးနေသိပ်မကောင်းပါ...

(၁၀) အွန်လိုင်းအချစ်နဲ့  ပတ်သက်လို့  မြို့ စားလေးရဲ့ ထင်မြင်ယူဆချက်လေး သိချင်ပါတယ်...

အွန်လိုင်းအချစ်နဲ့ ပါက်သက်ပြီး ကျတော် ဖတ်ဖူးတာလေးထဲက ကောက်နှုတ်ပြရရင်တော့
"အွန်လိုင်းဆိုတဲ့ မှော်ရုံတောကြီးမှာ နတ်သားလေးတွေရှိသလို ဘီလူးတွေလဲရှိတယ်၊ နတ်သမီးလေးတွေရှိသလို သူယောင်မယ်တွေလဲရှိတတ်တယ်" ဒီလောက်ပဲ ပြောချင်ပါတယ် ခင်ဗျား။


(၁၁) အွန်လိုင်းအချစ်ကို ယုံကြည်မှု ရှိပါသလား...

မယုံဘူးပြောရအောင်လဲ အွန်လိုင်းကနေတွေ့ ပြီး လက်ထပ်လို့  ကလေးတောင် မူကြိုတက်နေရတဲ့သူတွေရှိသလို၊
ယုံတယ်ပြောပြန်ရင်လဲ ဒူးနဲ့ မျက်ရည်သုတ်ခဲ့ရတဲ့ ဇာတ်လမ်းတွေကလဲရှိနေတာကိုးနော်။



(၁၂) မြို့ စားလေးရော... အွန်လိုင်းမှာ ချစ်သူရှိခဲ့ဖူးပါသလား...
ယုန်ကလေး နှာစေးနေပါသည် (ဟတ်ချိုး... @@)


(၁၃) အားလုံးစိတ်ဝင်စားမဲ့ မေးခွန်းလေး တစ်ခု မေးချင်ပါတယ်... မြို့ စားလေးမှာ အသက်တမျှ ချစ်ရမဲ့သူ ရှိပါသလား...

ရှိခဲ့ဖူးပါတယ်။ (အင်းယားရယ်မရောက်ဖြစ်တာ၈နှစ်ကြာ သီချင်းလေးထဲကအတိုင်း....)



(၁၄) ရှိခဲ့ဖူးပါတယ် ဆိုတော့ အခုရော ... မရှိသေးဘူးဆိုတဲ့ သဘောလား... အင်းယားရယ် မရောက်ဖြစ်တာ ၈-နှစ်ကြာဆိုတော့ ရန်ကုန်မှာတုန်းက ရှိခဲ့တာပေါ့... ဟုတ်လား... မှန်မှန်ဖြေပေးနော်...
နှာစေးနေသောယုန်ကလေး ဆေးခန်းသွားပြပါသည်...


(၁၅) နောက်ဆုံးအနေနဲ့  မြို့ စားလေး ပြောချင်တာများရှိရင် ကြားချင်ပါတယ်...
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီမြို့ တော်လေး ဒီအခြေအနေရောက်လာတာ ကျတော်တယောက်ထဲကြောင့် မဟုတ်ပါဘူး... သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်းအားကြောင့်ပါ... စတင်တည်ထောင်တုန်းက ကိုယ်နာမည်ကို ကိုယ်တပ်ခဲ့ပေမယ့် ခုတော့ အများပိုင်မြို့ လေး ဖြစ်နေပါပြီ.. ဒီမြို့လေးပေါ်မှာ သံယောဇဉ်တွယ်နေတဲ့သူတွေလဲ မနည်းတော့ပါဘူး... ကျတော်တို့ အက်မင်တွေဆိုတာ ဆားဖြူးရုံ သက်သက်ပါပဲ... အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေကို မြို့ သူမြို့ သားတွေက ယူလာခဲ့တာပါ... ရသမျိုးစုံ ဟင်းကောင်းတွေကို မြို့ သူမြို့ သားတွေ အစဉ် သုံးဆောင်နိုင်ကြပါစေဗျား...
ဒီအစီအစဉ်လေးလုပ်ပေးတဲ့ မမလွမ်းကိုလဲ ကျေးဇူးပါခင်ဗျား။



ကဲ... လွမ်းတို့ ရဲ့ တွေ့ ဆုံမေးမြန်းခန်းလေးကို ဒီနေရာမှာပဲ ရပ်နားလိုက်ပါတယ်...


ဒီဇင်ဘာလရဲ့ ချမ်းအေးလှတဲ့ရာသီကြောင့် အအေးမိ၊ နှာစေးနေတဲ့ မြို့ စား ယုန်ကလေး ဖြေကြားချက်လေးကို ဒီလောက်နဲ့ ပဲ ကျေနပ်နှစ်သိမ့်ကြပါလို့  ပြောကြားလိုပါတယ်...


ချော့ကလက် မြို့ သူ၊ မြို့ သားများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ.....






လွမ်း


၀၂-၁၂-၂၀၀၉


နံနက် ၁၀း၀၈

No comments: