Showing posts with label Flashsongs Technique. Show all posts
Showing posts with label Flashsongs Technique. Show all posts

Friday, July 26, 2013

စာသားတွင် Rainbow Effect ထည့်ခြင်း


စာသားတွင် Rainbow Effect ထည့်ခြင်း

ဒီတစ်ခါတော့ လွမ်းဧကရီစာမျက်နှာရဲ့ Cbox မှာ လာရောက်မေးမြန်းထားတဲ့ မောင်လေး မောင်ရဲဇော်ရဲ့ မေးခွန်းကို ဖြေသွားပါမယ်။


မောင်ရဲဇော်က လွမ်းကို မမဆောင်းလို့ ခေါ်ပါတယ်။

သိချင်တာတော့ရှိတယ် မေးပါရစေ (လွမ်းဧကရီ ခံစားပုံဖေါ်ထားပါသည်)ဆိုတာကို လုပ်နည်းလေး ပြောပြပေးပါခင်ဗျာ
ကျနော် လိုချင်တာက မမဆောင်း လုပ်ထားသော ဒီဇိုင်းဖြစ်ပါတယ်ခင်ဗျာ။ ဖြစ်နိုင်ရင် မမဆောင်း လုပ်ထားသော ဒီဇိုင်းလေးကို ရှင်းပြပေးပါ။ 
မမဆောင်း ကျန်းမာပါစေ…
ကျေးဇူးတင်စွာဖြင့်

အဆင့် (၁)

ပုံတွင်ပြထားသည့်အတိုင်း Tool Bar မှ Text Tool ကို Click ပြုလုပ်ပြီး လွမ်းဧကရီခံစားပုံဖော်ထား ပါသည် ကို ရေးသားပါတယ်။ အသုံးပြုထားသော Font, Size နဲ့ Color ကို အနီရောင်ဖြင့် ပြထားပါတယ်။



အဆင့် (၂)


Timeline ပေါ်ရှိ Text နေရာအစတွင် Mouse Right Click ပြုလုပ်ပြီး ပုံတွင်ပြထားသည့်အတိုင်း Looping continuously အောက်တွင်ရှိ Wild-Rainbow Effect ကို ရွေးလိုက်ပါတယ်။



Wednesday, June 26, 2013

Flash Song များတွင် Mouse Follower ထည့်ခြင်း

Flash Song များတွင် Mouse Follower ထည့်ခြင်း


ဒီနေ့တော့ လွမ်း…Flash Song နည်းပညာတစ်ခုကို ရေးသားပါမယ်။

တစ်ချို့သော Flash Song များမှာ Mouse ကို ရွှေ့လိုက်ရင် Mouse နောက်ကနေ ပုံစံမျိုးစုံ လိုက်နေတာကို တွေ့ဖူးကြမှာပါ။

လွမ်းရဲ့ Flash Song မှာတော့ Mouse Follower ထည့်ထားတဲ့ သီချင်းတွေ နည်းပါတယ်။

ခု ရေးမဲ့နည်းက SwishMax 4 ထဲမှာ နဂိုကတည်းက ရှိပြီး Mouse Follower ကနေ မိမိ ကြိုက်နှစ်သက်ရာ ပုံစံများကို ပြောင်းလဲလုပ်ဆောင်သွားတဲ့နည်းလေးပါ။

အဆင့် (၁)

SwishMax 4 Software ကို ဖွင့်လိုက်ပါမယ်။


ပုံတွင်ပြထားသည့်အတိုင်း Components ထဲက Effect ကို Click ပြုလုပ်ပြီး 2D ကို ထပ်မံ Click လုပ်လိုက်တဲ့အခါ MouseFollower ဆိုတာကို တွေ့မြင်ရပါလိမ့်မယ်။

MouseFollower ပေါ်မှာ Double Click လုပ်လိုက်တဲ့အခါ Screen ထဲမှာ မျှားပုံလေး ပေါ်လာတာ တွေ့မြင်ရပါလိမ့်မယ်။

အဆင့် (၂)

ပုံတွင်ပြထားသည့်အတိုင်း Play Button ကို Click လုပ်ပြီး Screen ပေါ်မှာ Mouse ကို လှုပ်ရှားကြည့်မယ်ဆိုရင် Mouse သွားရာနောက်ကို မျှားပုံလေးက လိုက်လာတာကို တွေ့မြင်ရပါလိမ့်မယ်။

Thursday, May 16, 2013

Flash Song Software မှ ရှိပြီး နောက်ခံပုံများကို အသုံးပြုနည်း

Flash Song Software မှ ရှိပြီး နောက်ခံပုံများကို အသုံးပြုနည်း


ဒီတစ်ခါတော့ Flash Song နည်းပညာတစ်ခုကို ရေးပါမယ်။

မိမိစက်ထဲမှာ Flash Song လုပ်တဲ့ Software SwishMax 3 ဒါမှမဟုတ် 4 ရှိရပါမယ်။

လွမ်းရဲ့စက်ထဲမှာ Portable SwishMax 4 ရှိတဲ့အတွက် အဲဒီ့ Software ကို သုံးပြီး ပြုလုပ်ပုံအဆင့်ဆင့် ရေးသွားပါမယ်။

အဆင့်(၁) နောက်ခံကို အနက်ရောင်ပြောင်းထားပြီး ပုံတွင်မြင်ရသည့်အတိုင်း Components Tab မှာ Effects အောက်တွင်ရှိသော 3DSlide ကို Mouse Left Button ကို ဖိပြီး Screen ပေါ်သို့ ဆွဲယူလာပြီး လွှတ်ချလိုက်ပါ။ အပြာရောင်လေးထောင့်ကွက် ပေါ်လာပါလိမ့်မယ်။


အဆင့်(၂) Play Button ကို Click ပြုလုပ်လိုက်လျှင် သစ်ရွက်လေးများ လွင့်နေတာကို တွေ့ မြင်ရပါလိမ့်မယ်။



Saturday, December 1, 2012

Flash Song တွင် Play/Stop Button ထည့်ခြင်း

 Flash Song တွင် Play/Stop Button ထည့်ခြင်း
အမေးအဖြေကဏ္ဍ အပိုင်း(၂)


ခုတစ်ခါ မေးခွန်းမေးသူကတော့ MM Flash Songs Member တစ်ယောက်ဖြစ်တဲ့ မလေးရှားက အောင်လေး(လွမ်းနေသူ) ဖြစ်ပါတယ်…


အခုလိုမသိတာတွေ မေးခွင့်ရတာကို ကျေးဇူးပါ

အခုလိုမေးသမျှကို သိသလောက်ဖြေမယ်ဆိုတော့ အရမ်းလဲဝမ်းသာမိတယ်

ကျနော်သိချင်တာက play/stop button ထည့်နည်းပါ

သီချင်းလုတ်နေစဉ် ဆော့်ဝဲထဲမှာတော့ play/stop button ကအလုတ်လုတ်တယ်

သီချင်းပီးသွားလို့ လိုင်းပေါ်တင် ကျလာတဲ့လင့်ကို ပြန်ဖွင့်လိုက်ရင် အဲ့ button က အလုတ်မလုတ်တော့ဘူး
ကျနော် အဲ့အရာကို အရမ်းသိချင်နေတာပါ ။

သိသမျှကို အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါ၏.....။



ဒီတစ်ခါ Play/Stop Button ထည့်နည်းကို ရေးပါမယ်။

လွမ်းက Flash Song တစ်ခုလုပ်ပြီးတိုင်း Play/Stop Button ကို မထည့်ပဲ Swf File အနေနဲ့  သိမ်းပါတယ်။ 

မိမိစာမျက်နှာကို ဖွင့်လိုက်တာနဲ့  လွမ်း Flash Song သီချင်းသံလေးကို ကြားချင်လို့ ပါ။

နောက်မှ Play/Stop Button ထည့်ပြီး Swf File တစ်ခု ထပ်သိမ်းပါတယ်။

သူငယ်ချင်းတွေကို ဝေမျှတဲ့အခါ (ဒါမှ မဟုတ်) Flash Song တွေ စုပေါင်းတင်တဲ့အခါ Play/Stop Button ပါတဲ့ Flash Song Link ကိုပဲ သုံးပါတယ်။

အဆင်သင့် ပြုလုပ်ထားတဲ့ Play/Stop Button Swi File လေးကို သူငယ်ချင်းတို့ ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အောက်မှာ ပေးထားတဲ့ Play/Stop Button ကို Click ပြုလုပ်ပြီး သိမ်းထားပါ။



Wednesday, November 28, 2012

Flash Song တွင် Group as Movie Clip ပြုလုပ်ခြင်း

Flash Song တွင် Group as Movie Clip ပြုလုပ်ခြင်း
အမေးအဖြေကဏ္ဍ အပိုင်း(၁)


လွမ်း…တစ်ခုစဉ်းစားမိပါတယ်။


လွမ်း ရေးတဲ့စာတွေမှာ မှတ်ချက်ပေးရင်းနဲ့  သိချင်တာတွေ မေးသွားတာလည်း ဖတ်ရပါတယ်။


လွမ်းတို့ ဆိုဒ်က MM Flash Songs ဖြစ်တဲ့အတွက် Flash Song နှင့် ပတ်သက်တာတွေကို အမေးအဖြေ ကဏ္ဍလေးတစ်ခု လုပ်ပေးမလားလို့  စဉ်းစားမိပါတယ်။


အခက်အခဲဖြစ်နေသူများကို လွမ်း အားချိန်ရရင် ရသလို Flash Song နှင့် ပတ်သက်တဲ့ မေးခွန်းလေးတွေကို ဖြေပေးသွားပါမယ်။


ပထမဆုံး ယနေ့  လွမ်းဆီကို မေးခွန်းလေးရောက်လာတာကို ရေးပြပါမယ်။


MM Flash Songs Member တစ်ဦးဖြစ်တဲ့ မလေးရှားက ကိုဇော်ဝင်းအောင်က စာပို့  မေးမြန်းထားတာပါ။


ကျနော့်ကိုတစ်ခုလောက်မေးခွင့်ပြုပါမမလွမ်း


မမလွမ်းရေးတဲ့ Flashsongs လေးတွေမှာ မမလွမ်းရဲ့နာမည်လေးမှာ Rainbow လေးပြေးနေအောင်ဘယ်လိုလုပ်ပါသလဲ
ကျနော့်ကိုပြောပြပေးလို့ရရင်ပြောပြပေးပါနော်
ကျနော်လုပ်တာEffect လေးကဝင်သွားပြီးရင်ရပ်နေတယ်
Effect လေးကအမြဲတမ်းလှုပ်မနေဘူး
play stop ဘတ်တွန်လေးကတော့ထည့်လို့ရပါတယ်
ကျန်တာတွေကတော့လောလောဆယ်အဆင်ပြေပါတယ်
နာမည်လေးမှာEffect လေးထည့်တတ်ချင်တာပါ
ကျေးဇူးတင်ပါတယ်

Sunday, November 4, 2012

Flash Song တင်နည်း

Flash Song တင်နည်း


မိမိလုပ်ထားတဲ့ Flash Song ဖြစ်ဖြစ်၊ မိမိနှစ်သက်ရာ Flash Song ဖြစ်ဖြစ် မိမိစာမျက်နှာမှာ တင်ချင်တယ်ဆိုရင် Text Box ထဲမှာ ထည့်လို့  ရပါတယ်...


Text Box ဘေးမှာရှိတဲ့ ပြုပြင်ရန်ဆိုတာကို Click လုပ်လိုက်ရင် အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်...




HTML ဆိုတဲ့ Button လေးကို Click လုပ်ပြီး အောက်မှာ ပေးထားတဲ့ Code ကို ကူးထည့်လိုက်ပါ...

Sunday, July 22, 2012

Swish Max 2 ဖြင့် သီချင်းစာသားနှင့် Effect ထည့်ခြင်း

Swish Max 2 ဖြင့် သီချင်းစာသားနှင့် Effect ထည့်ခြင်း


လွမ်း Flash Song လုပ်တဲ့နည်းအတိုင်း ရေးပေးပါမယ်…

၁။ Flash Song တစ်ပုဒ်ဖန်တီးတော့မယ်ဆိုရင် မိမိပြုလုပ်မဲ့သီချင်းကို ချုံ့ ထားရပါမယ်… မိမိနှစ်သက်ရာ Software သုံး၍ ချုံ့ ထားပါ…

၂။ လွမ်းက သီချင်းကို နားထောင်ပြီး Microsoft Word ထဲမှာ မိမိပြုလုပ်မဲ့ Font ကို ရွေးပြီး သီချင်းစာသားတွေကို ရေးထားပါတယ်… ထပ်ခါထပ်ခါ ပြန်ဆိုတဲ့ စာသားတွေပါ ချရေးထားရပါမယ်…


၃။ Swish Max 2 ကို ဖွင့်လိုက်ပါမယ်…

Swish Max 2 ကို ဖွင့်ရင် မြင်ရမဲ့ မြင်ကွင်းပါ…


Thursday, July 12, 2012

Format Factory သုံး၍ သီချင်းများကို ချုံ့ ခြင်း

Format Factory သုံး၍ သီချင်းများကို ချုံ့ ခြင်း


ဒီနေ့ တော့ Flash Song တစ်ပုဒ် ဖန်တီးတော့မယ်ဆိုရင် လိုအပ်တဲ့ Software တစ်ခုကို သူငယ်ချင်းတို့ ကို မျှဝေချင်ပါတယ်...

နောက်ပိုင်းမှာ Flash Song တစ်ပုဒ်ဖန်တီးပုံကို အပိုင်းများခွဲ၍ ရေးသားပေးသွားပါမယ်...

သီချင်းတစ်ပုဒ်ကို Flash Software ထဲ ထည့်သွင်းရာမှာ သီချင်း MP3 ကို ချုံ့ ပေးရတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ...

သီချင်းချုံ့ တဲ့ Software လည်း သူငယ်ချင်းတို့ ဆီမှာ ရှိကြမှာပါ...

လွမ်းအသုံးပြုတဲ့ သီချင်းချုံ့ တဲ့ Software ကတော့ Format Factory ပါ...

ဒီ Format Factory က လွမ်းကို လာမေးနေကြတဲ့ Audio, Video Format မျိုးစုံကို ပြောင်းပေးနိုင်တဲ့ Software လေး တစ်ခုပါ...

သူငယ်ချင်းတို့ အတွက် သီချင်းတစ်ပုဒ်ကို ချုံ့ ပုံကို အဆင့်ဆင့် ရှင်းပြသွားပါမယ်...


Thursday, May 3, 2012

Flash Song တွင် Image များ အ၀င်အထွက်ပြုလုပ်ခြင်း

Flash Song တွင် Image များ အ၀င်အထွက်ပြုလုပ်ခြင်း



ဒီတစ်ခါတော့ Flash Song နည်းပညာလေးတစ်ခုကို ရေးပါမယ်...

Flash Song လုပ်တတ်သူတိုင်း သိပြီးသားနည်းပညာဖြစ်မှာပါ...

မသိသေးသောသူများအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်...

သီချင်းစာသားများ ထည့်သွင်းရာမှာ သီချင်းအ၀င်အထွက်ကို Timeline မှာ Effect များကို Appear into position နဲ့  Disappear from position အသုံးပြုပြီး ထည့်သွင်းရတာကို အားလုံးသိပြီး ဖြစ်ပါတယ်...

Insert >>> Import Image ထည့်ရမှာလည်း ထည့်တဲ့ပုံတွေကို Effect များသုံးပြီး ထည့်လို့ ရပါတယ်...

လွမ်းရဲ့ လက်ရာ အဝေးရောက်ချစ်သူ Flash Song မှာ စုံတွဲ Image ပုံနဲ့  Animation ပုံတို့ ကို သီချင်းပေါ်မူတည်ပြီး အ၀င်အထွက် ပြုလုပ်ထားတာကို တွေ့ မြင်ရမှာပါ...

နည်းပညာလေးများ

နည်းပညာလေးများ



လွမ်းကို လာမေးတာကို မသိသေးတဲ့ သူငယ်ချင်းများအားလုံးအတွက် ဖြေပေးလိုက်ပါတယ်...


မေးခွန်း(၁) မိမိအိမ်ကို ၀င်လိုက်တာနဲ့  သီချင်းသံပေါ်ချင်ပါတယ်...

မိမိတင်တဲ့ Flash Song မှာ Play Button ဖြုတ်ထားရပါမယ်...

Play Button မပါတဲ့ Flash Song Code ကို မိမိစာမျက်နှာရဲ့ Text Box ထဲမှာ ထည့်ပေးရပါမယ်...

Flash Song ထည့်ရန် Code



<center><object width="500" height="370" classid="clsid:d27cdb6e-ae6d-11cf-96b8-444553540000" codebase="http://download.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=6,0,40,0"><param name="src" value="သီချင်းလင့်ထည့်ရန်" /><param name="wmode" value="opaque" /><param name="quality" value="high" /><embed width="500" height="370" type="application/x-shockwave-flash" src="သီချင်းလင့်ထည့်ရန်" wmode="opaque" quality="high" /></object></center>
 


သီချင်းလင့်ကိုတော့ ယူတတ်မယ်ထင်ပါတယ်...

Flash Song ကို ဖွင့်ထားရင် Address Bar ပေါ်မှာရှိတဲ့ Link ကို ကူးထည့်ပေးရမှာပါ...


ဒီလောက်ဆိုရင် မိမိစာမျက်နှာမှာ မိမိနှစ်သက်ရာ Flash Song တွေ တင်တတ်သွားမယ်ထင်ပါတယ်...

................................................................................................................................

Saturday, February 18, 2012

Flash Song များကို Download ပြုလုပ်နည်း


Flash Song များကို Download ပြုလုပ်နည်း


လွမ်းရဲ့ Flash Song မှ ပုံများကို Download မလုပ်တတ်သူများအတွက် Download ပြုလုပ်ပုံအဆင့်ဆင့်

ပထမနည်း

၁။ လွမ်းပေးထားသော ခေါင်းစဉ် White Flowers ကို Mouse ဖြင့် Right Click ပြုလုပ်ပါ။

၂။ Save Link As... ကို Click ပြုလုပ်ပြီး မိမိသိမ်းလိုသော Folder အောက်တွင်ထား၍ Save ပြုလုပ်ပါ။


Friday, September 16, 2011

အလွမ်းမှတ်တမ်း

အလွမ်းမှတ်တမ်း


လွမ်းရဲ့ အလွမ်းမှတ်တမ်းကို Flash File လေး လုပ်ပြီး ရေးထားတာကို သူငယ်ချင်းတွေကို ဝေမျှလိုက်ပါတယ်...


လွမ်းရဲ့ ပထမဆုံးခြေလှမ်းလေးဖြစ်တဲ့ Flash File လေးကို ကြည့်ရှုဝေဖန်ပေးပါအုန်းနော်...


လိုအပ်ချက်တွေက ရှိနေမှာပါ...


လေ့လာနေဆဲ အခြေအနေမို့ ပါ...