Wednesday, June 22, 2011

မွေးနေ့ အတွက် ကျေးဇူးတင်လွှာ နှင့် ဖက်ရှင်မောင်မယ် ရွေးချယ်ခြင်း

မွေးနေ့ အတွက် ကျေးဇူးတင်လွှာ


နှင့်


ဖက်ရှင်မောင်မယ် ရွေးချယ်ခြင်း



လွမ်းရဲ့ ဒီနှစ်မွေးနေ့ က တကယ်ထူးခြားတဲ့မွေးနေ့  ဖြစ်ပါတယ်…


ဒီလိုထူးခြားအောင်လဲ လုပ်ပေးတဲ့ မောင်လေး CRAZYFIST ကို ကျေးဇူးတင်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်…


လွမ်းရဲ့ မွေးနေ့ မှန်းမသိပဲ လွမ်းမွေးနေ့ အတွက် ကိုယ့်ရဲ့ မူရင်းပုံလေးတွေနဲ့ ချော့ကလက်ဖက်ရှင် မောင်မယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်တဲ့ မောင်လေး၊ ညီမလေးတွေကို လွမ်း ကျေးဇူးတင်ကြောင်း ပြောပါရစေ…


လွမ်းမွေးနေ့ မရောက်ခင်ကတည်းက ကြိုတင်ဆုတောင်းပေးပြီး မွေးနေ့ မှာ ထပ်မံလာရောက်ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေအားလုံးကို လွမ်းကျေးဇူးတင်ပါတယ်…


လွမ်းကျေးဇူးတင်စကားပြောကြားဖို့  နောက်ကျသွားတဲ့အတွက်လည်း လွမ်းကို ခွင့်လွှတ်ပေးပါ…


လွမ်း မွေးနေ့ မတိုင်ခင်ညမှာကတည်းက အင်တာနက် မသုံးဖြစ်လို့ ပါ…
လွမ်းမွေးနေ့  မနက်အစောကြီးမှာ သင်္ကန်းကျွန်း သီတဂူပရိယတ္တိစာသင်တိုက်မှ ဆွမ်းခံကြွလာသော ဘုန်းတော်ကြီးများအား ဆွမ်း၊ ကြက်သား၊ ၀က်သား နဲ့  ငါးဖယ် ဆွမ်းဟင်းကို ကပ်လှူပါတယ်…


လွမ်းမွေးနေ့ အတွက် ဆွမ်းဟင်း ချက်ပေးသော လွမ်းရဲ့ မမကြီးကို ကျေးဇူးတင်ပါတယ်…


နောက် လွမ်း ဆန်တစ်အိတ် နဲ့ ဆီငါးပိဿာကို စမ်းချောင်း ဇေတ၀န်ကျောင်းတိုက်မှာ လှူပါတယ်…


နေ့ လည်မှာ လွမ်းရဲ့ သူငယ်ချင်းတွေကို လှည်းတန်း IT လ္ဘက်ရည်ဆိုင်မှာ ကျွေးပါတယ်…


ညနေပိုင်းမှာ ရွှေတိဂုံဘုရားရဲ့ မွေးနံထောင့်မှာ ရေသပ္ပယ်ပြီး ဆုတောင်းပါတယ်…


အိမ်ပြန်ရောက်တော့ အင်တာနက်လိုင်းပြတ်နေပါတယ်… 

လွမ်း တစ်နေ့ လုံး အဆင်ပြေပြီးမှ အဲလိုဖြစ်တဲ့အခါ လွမ်း နေလို့ မရခဲ့ပါဘူး… 

ဒါနဲ့  Yatanarpon Teleport ကို ဖုံးဆက်မေးတော့ သူတို့ ဖက်က ဖြစ်နေခြင်းဖြစ်ကြောင်းနဲ့  ပြုပြင်နေကြောင်း၊ အဆင်မပြေလျှင် ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် တနင်္လာနေ့ အထိ စောင့်ကြည့်ပါလို့  ပြန်ဖြေတော့ လွမ်း စိတ်ညစ်သွားပါတယ်… 

ကံအားလျော်စွာပဲ ညပိုင်းမှာ ပြန်ရခဲ့ပေမဲ့ Comment Reply ခဏပဲ လုပ်နိုင်ပြီး လွမ်း အိပ်ပျော်သွားပါတယ်…


လွမ်းမွေးနေ့ မှာ ချော့ကလက်မြို့ တော်နဲ့  အဆက်အသွယ်ပြတ်နေရတဲ့ အကြောင်းလေး ရှင်းပြတာပါ…


လွမ်းမွေးနေ့ အတွက် ဆုတောင်းပေးသူတွေကိုလဲ လွမ်း Reply ချက်ခြင်းမလုပ်နိုင်ခဲ့ပါဘူး….


လွမ်းကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်…


လွမ်းမွေးနေ့ အတွက် ဖက်ရှင်မောင်မယ်ကို ရွေးချယ်ရမှာကိုလဲ အားလုံးက လှနေတော့ ချက်ခြင်း မဆုံးဖြတ်နိုင်ခဲ့ပါဘူး…


လွမ်းရွေးချယ်ပေးရမယ်လို့  မောင်လေး CRAZYFIST ကရေးထားတဲ့အတွက် လွမ်း အမျိုးသား (၃)ယောက်၊ အမျိုးသမီး(၃)ယောက် လွမ်းရွေးချယ်ဖော်ပြလိုက်ပါတယ်…









Third





First





Second






လွမ်း တကယ်ကိုရွေးရခက်ခက်နဲ့  ရွေးထားရတာပါ…


လွမ်းရွေးချယ်တာက မြို့ တော်သူ၊ မြို့ တော်သားတွေနဲ့  အကိုက်မတူညီရင်တော့ လွမ်းရွေးတဲ့အပေါ် အပြစ်မမြင်ပါနဲ့ နော်…


လွမ်းမွေးနေ့ မှာ လွမ်းပျော်ရသလို လွမ်းချစ်တဲ့ မြို့ တော်သူ၊ မြို့ တော်သားတွေ အားလုံးလဲ ပျော်ရွှင်ကြည်နူးကြပါစေလို့  လွမ်းဆုတောင်းပေးပါတယ်…



လွမ်း

၎း၂၂ နာရီ

၀၄-၀၇-၂၀၁၀

No comments: