Wednesday, June 22, 2011

ချော့ကလက်မြို့ တော်မှ ဟာသစာရေးဆရာမလေး မေမီ နှင့် တွေ့ ဆုံမေးမြန်းခန်း




ချော့ကလက်မြို့ တော်မှ ဟာသစာရေးဆရာမလေး မေမီ
နှင့်
တွေ့ ဆုံမေးမြန်းခန်း


တွေ့ ဆုံမေးမြန်းခန်းလေး မစတင်မှီ တွေ့ ဆုံမေးမြန်းခန်းလေး ဘာကြောင့် ဖြစ်ပေါ်လာရသလဲဆိုတာ အနည်းငယ် ရှင်းပြလိုပါတယ်...

ချော့ကလက်မြို့ တော်မှ အလွမ်းမင်းသမီးလေး လွမ်းနှင့် တွေ့ ဆုံမေးမြန်း... ကို လွမ်းရေးတင်ခဲ့ပါတယ်...အဲဒီ့
တွေ့ ဆုံမေးမြန်းခန်းလေးဟာ လွမ်းကိုယ့်ဟာကိုယ် အမေးအဖြေလုပ်ထားတာပါ... ဘယ်သူမှ လာမေးတာ မဟုတ်ပါဘူး... :P ရီစရာသဘောလေးနဲ့  ရေးတင်လိုက်တာပါ...


မကြာသေးခင်ကမှ သူငယ်ချင်း blackrose က လွမ်းတို့ သူငယ်ချင်းနှစ်ယောက်အတွက် အမှတ်တရဖြစ်အောင် သူ့ ကို မေးခွန်းတွေမေး၊ သူဖြေမယ်ဆိုပြီး လာပြောတော့ လွမ်းတို့  သူငယ်ချင်းနှစ်ယောက်ရဲ့ Interview with blackrose ဆိုပြီး တွေ့ ဆုံမေးမြန်းခန်းလေးကို ရေးတင်ခဲ့ပါတယ်...


အဲဒါလေး ရေးတင်အပြီးမှာ ချော့ကလက်မြို့ တော်ကို တည်ထောင်တဲ့ မြို့ စားလေးကို တွေ့ ဆုံမေးမြန်းဖို့  စိတ်ကူးနေတုန်းမှာပဲ သူငယ်ချင်း မေမီ နဲ့ blackrose က မြို့ စားလေးနဲ့  တွေ့ ဆုံမေးမြန်းဖို့  တိုက်တွန်းခဲ့ပါတယ်...


လွမ်းမြို့ စားလေးနဲ့  တွေ့ ဆုံမေးမြန်းခန်း ရေးတင်ပြီးနောက် လာပေးတဲ့ Comment တွေ ဖတ်ရှုရတဲ့အခါ လွမ်း ဒီလို မြို့ စားလေး နဲ့  တွေ့ ဆုံမေးမြန်းခန်း လုပ်တာ မှန်သွားတယ်ဆိုတာ သိသွားပါတယ်...

မြို့ စားလေးဟာ ချော့ကလက်မြို့ တော်ကို တည်ထောင်သူဆိုတာ မသိတဲ့သူ ရှိသလို မမြင်ဖူးပါဘူးလို့  ပြောလာတဲ့သူတွေ တွေ့ ရပါတယ်... မြို့ စားလေး စာမျက်နှာကို သွားကြည့်ရင် မြို့ စားလေး ဓါတ်ပုံတွေ ထည့်ထားတာ တွေ့ ရမှာပါ...


လွမ်းက မျက်နှာလိုက်ပြီး မေးမြန်းတာလဲ မဟုတ်ပါဘူး... လွမ်းရဲ့ အနီးဆုံး သူငယ်ချင်းတွေကိုပဲ မေးဖြစ်တဲ့သဘောပါ...


လွမ်း ခုရေးတဲ့စာမှာ Link တွေ ထည့်ပေးထားပါတယ်... ယခင်က ရေးခဲ့တဲ့စာတွေ၊ မေမီပြောတဲ့ သူငယ်ချင်းတွေရဲ့ စာမျက်နှာတွေကို သွားချင်ရင် လွယ်ကူအောင် Link တွေ ထည့်ပေးထားပါတယ်(စာလုံးအနီရောင်လေး ဖြစ်နေရင် Link ထည့်ထားတာပါ)... Click လုပ်လိုက်တာနဲ့  ရောက်သွားမှာပါ...


လွမ်းရှင်းပြနေတာ ပျင်းသွားပြီလား မသိဘူး... စာရေးဆရာမလေး မေမီရဲ့ ဖြေကြားပုံလေးကို သိချင်နေကြပြီ ထင်ပါရဲ့...


အမေးအဖြေလေး စတင်လိုက်ကြရအောင်ပါ... မေမီက လွမ်းမေးခွန်းလေးကို ညမှာ ဒီလိုလေး
တွေးပြီး ပြန်ပို့ ပေးလိုက်တာပါ...




၁။ မေမီ ချော့ကလက်မြို့ တော်လေးထဲ ၀င်ဖြစ်ခဲ့ပုံလေးကို သိချင်ပါတယ်...


ကျွန်တော်က အရင်က myanmarfriendsday group တို့ myanmar iT တို့ အဲလိုမျိုး Ning ဆိုဒ်တွေကိုသုံးပါတယ်... tErRiER ဆိုတဲ့နာမည်နဲ့ပါ... နောက်တော့မြို့စားလေးက ဒီမြို့လေးကို createလုပ်တယ်... ကျွန်တော့်ကိုခေါ်တယ်... ကျွန်တော်ရောက်လာခဲ့ပါတယ်...

၂။ ချော့ကလက်မြို့ တော်ကို စ၀င်စ မေမီရဲ့ ခံစားချက်လေး...


ချောကလက်မြို့ကိုစ၀င်ကာစက ဘာမှကို သိပ်လုပ်စရာမရှိခဲ့ပါဘူး... အဲဒီအချိန်က ကျွန်တော်တို့ရွာမှာက နက်ကစုတ်တယ်လေ... ခုလည်းကောင်းမလာပါဘူးး)... Ning site တွေဆို IP Block ဆိုတာချည်းပဲ... တော်တော်လေးဒုက္ခရောက်ပါတယ်... ပေ့ခ်ျကိုလည်း လှလှပပပြင်လို့မရခဲ့ပါဘူး... ဟိုကကျော်ဝင် ဒီကကျော်ဝင်နဲ့ လူတွေကလည်း Baby Milo လေးတွေပေါ့နော်... ဒါပေမယ့် ကျော်ရတဲ့ site တော်တော်များများတော့ သိခဲ့ရတာ အမြတ်ပေါ့နော်... အခုတော့နည်းနည်းကောင်းလာပါပြီ...

၃။ ချော့ကလက်မြို့ တော်အပေါ် မေမီ ဘယ်လိုမြင်ပါသလဲ...


ချောကလက်မြို့ကို ဘယ်လိုမြင်လည်းဆိုတော့ ချစ်ခြင်းတရားများနဲ့ ပြည့်နေတဲ့မြို့လေးလို့ မြင်ပါတယ်ဗျာ... ဘာလို့လည်းဆိုတော့ ကျွန်တော်တို့တတွေက တစ်ယောက် နဲ့ တစ်ယောက် သိပ်ချစ်ကြတယ်လေ... အပြင်မှာ မမြင်ဖူး၊ မတွေ့ဖူးကြပေမယ့် ဒီမြို့လေးမှာ တကယ့်အပြင်က သူငယ်ချင်းတွေလို အပြင်က သူငယ်ချင်းတွေထက်တောင် ပိုချစ်ကြပါတယ်... ဟုတ်တယ်နော်... လွမ်းတို့ blackrose တို့ night တို့ ကျွန်တော့်ကို မချစ်ဘူးလားပြေား)း) အချစ်ဆိုတာ PH7 ရေသန့် လိုပါပဲ လူတိုင်းအတွက် လိုအပ်ပါတယ်... ဒါပေမယ့် သန့်ရှင်းဖို့တော့ လိုမယ်နော်... ဒါမှမြို့လေးလည်း သန့်သန့်ရှင်းရှင်းနဲ့လှနေမှာ...

၎။ မေမီနဲ့ မြို့ စားလေးက သူငယ်ချင်းတွေလို့  လွမ်းသိထားပါတယ်... မြို့ စားလေးရဲ့ chocolate မြို့ တော် တည်ထောင်ခြင်း (၆) လပြည့်ခဲ့ပါပြီ စာလေး ရေးတင်တာကို ဖတ်လိုက်ရပါတယ်... မြို့ စားလေးကို လွမ်းတို့  ရန်သူတော်ကြီး ဖြစ်သွားပုံလေး မေမီ ပြောပြလို့  ရမလား...


ဟုတ်.. မြို့စားလေးနဲ့သူငယ်ချင်းတွေပါ... မြို့စားလေးကို ရန်သူတော်ကြီးလို့ သတ်မှတ်ပြီး ရန်စတာကတော့ ကျွန်တော်တို့အချင်းချင်း ဒီထက်ပိုပြီး ရင်းနှီးမှုရအောင် စနက်တံလေး စပြီး မီးရှို့ ကြည့်တာပါ... တော်တော်လေးလည်း လောင်ခဲ့ပါတယ်နော်း)း)
မြို့စားဘက်က ၀င်ကူတဲ့သူတွေ ဘာတွေတောင်မှ ပါလာသေး... ကျွန်တော်တို့ရန်ပွဲ နာမည်ကြီးခဲ့သားဗျ...


၅။ မေမီက Emo ပုံတွေ ကြိုက်သလိုပဲ... စာရေးတာကလဲ ခုခေတ် လူငယ်တွေလို ရေးတတ်တယ်... အဲဒီအကြောင်းလေး ပြောပြပါလား...

ဟုတ် ကျွန်တော် Emo ပုံတွေကြိုက်ပါတယ်... ဘာကြောင့်လဲဆိုတော့ သူက စကားလုံးတွေ သိပ်မလိုဘဲ ပုံတွေကြည့်ရုံနဲ့တင် ခံစားမှုကိုဖော်ပြနိုင်တယ် လို့ထင်လို့ပါ...
ကျွန်တော့်သူငယ်ချင်းကြီး V B ကလည်း Emo ခင်ဗျး)း) သူ့ comments တွေကြောင့် Emo ကို ပိုကြိုက်ခဲ့တာ ထင်တာပဲ... တချို့တွေကတော့ Emo ပုံတွေကြောင့် အမြင်စောင်းနိုင်ပါတယ်... ဒါပေမယ့် ကျွန်တော်ကတော့ ရှေ့ဆက် ကြိုက်နေအုန်းမှာပါပဲ...
စာရေးတာ ခုခေတ်လူငယ်တွေလိုပဲ ဆိုတာကတော့ ကျွန်တော့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေ၊ တွေ့နေရတာလေးတွေကို ကျွန်တော်မြင်သလိုရေးကြည့်တာပါ... ကျွန်တော်လည်း အခု ဆယ်ကျော်သက် လူငယ်မလေး မဟုတ်တော့ပေမယ့် တစ်ချိန်ကတော့ လူငယ်မလေး ဖြစ်ခဲ့ဖူးတော့ ရင်ခုန်သံချင်း နားလည်နိုင်ပါတယ်း) ahha :)

၆။ လွမ်းက မေမီ စာရေးတာလေးတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တစ်ယောက်ပါ... လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လေးတွေအပေါ် ဟာသဥာဏ်လေး ကွန့် ပြီး ရေးတတ်တာကို တွေ့ ရပါတယ်... စာရေးရင် ဘယ်လိုတွေးပြီး ရေးတတ်လဲဆိုတာ သိချင်ပါတယ်...


လွမ်းက ကျွန်တော်ရေးတဲ့စာတွေကို ကြိုက်နှစ်သက်တယ်ဆိုတာကို တကယ်ဝမ်းသာပါတယ်... ကျွန်တော်ကပိုပြီး လွမ်းရေးတာတွေကို ကြိုက်ခဲ့ရတာပါ... လွမ်းလိုလည်းရေးတတ်ချင်တာလေ... ဒါပေမယ့် ကျွန်တော်က အမြဲလွဲတတ်တော့ အလွဲတွေပဲ ရေးဖြစ်နေတယ်ထင်ပါရဲ့ဗျာ... လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်တွေအပေါ် မြင်ပြီးရေးတာကတော့ ကျွန်တော့်ပတ်ဝန်းကျင်မှာ တွေ့ရမြင်ရတာ တချို့က ရယ်စရာ ဟားစရာ ကောင်းနေတော့ အဲဒါတွေကို စိတ်ထဲမှာ ပေါ်လာသလို ချရေးလိုက်တာပါပဲ... စာရေးတဲ့အခါ ညဥ့်နက်ပိုင်းတွေမှာပဲ ရေးဖြစ်တာ များပါတယ်.... စိတ်ကူးရှိနေရင် ရေးလိုက်ရင် သိပ်တော့မကြာပါဘူး... အချစ်ကဗျာတွေသာ မရေးတတ်တာဗျ... အဲဒါတွေရေးမယ်ဆို စဉ်းစားရတာ မတရားပဲ... တစ်ပုဒ်ကို တစ်ခါထဲနဲ့ ဘယ်တော့မှ မပြီးတတ်ဘူး...


၇။ မေမီ နှစ်သက်တဲ့ စာရေးဆရာတွေ ရှိမှာပေါ့နော်...


လွမ်းရေ... ကျွန်တော်ရေးတဲ့စာတွေက ကျွန်တော်ဖတ်တဲ့စာရေးဆရာတွေရဲ့ ပုံစံအောက်တော့ ရောက်နေပါလိမ့်မယ်... ကျွန်တော်က ဆရာသစ္စာနီ၊ ဆရာမင်းလူ၊ ဆရာတာရာမင်းဝေ၊ ဆရာနီကိုရဲ၊ အရိုး၊ ကျားပေါက် သူတို့ရဲ့စာတွေကို သိပ်ကိုနှစ်သက်ပါတယ်... ဒါကြောင့် အဲဒီစာရေးဆရာတွေကို အတုယူရေးမိပါတယ် လို့လည်း ၀န်ခံပါတယ်...

၈။ စာရေးတဲ့အခါ လွမ်းလိုပဲ ကျွန်တော်လို့ သုံးတတ်တာတွေ့ ရပါတယ်... လွမ်းက မန္တလေးသူပါ... မေမီကရော?

ဟုတ်ပါတယ် ကျွန်တော်က စာရေးတဲ့အခါ လွမ်းလိုပဲ ကျွန်တော်လို့ သုံးတတ်ပါတယ်... လွမ်းက မန္တလေးသူမို့ ကျွန်တော်ပြောတာဆိုပေမယ့် ကျွန်တော်ကတော့ မန်းသူမဟုတ်ပါဘူး... ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းကတော့ အညာသူလေ သူကအဲဒီလိုပြောတယ်... ကျွန်တော်လည်း သူနဲ့ပေါင်းတာများလို့ အဲလိုပြောတတ်သွားတာထင်တယ်... အပြင်က သူငယ်ချင်းတွေကို ဆိုရင်တော့ နင်...ငါ အဲလိုပြောပေမယ့် Online မှာကျတော့ရိုင်းတယ် ထင်မယ်လေ ကျွန်မလို့လည်းပြောဖို့စိတ်ကူးမရှိတော့ ကျွန်တော်လို့ပဲပြောဖြစ်နေပါတယ်... အဲဒီအတွက် ကျွန်တော်ရေးတဲ့ပို့စ်တွေမှာ comments တွေကိုဖတ်ရင် ညီလေးရေတို့ အစ်ကိုတို့ အဲလိုမျိုးတွေ ပေးခဲ့ကြပါတယ် တချို့ကျ ကျွန်တော့်စာတွေကို မြို့စားလေး ရေးတာလို့ ထင်တတ်ကြပါတယ် အကြောင်းကတော့ မြို့စားက check out mails တွေ ပို့ပေးတတ်တာကြောင့် ဖြစ်မယ်ထင်ပါတယ်... ဘယ်လိုပဲဖြစ်ဖြစ်ပါ... ကျွန်တော်ရေးတဲ့စာတွေကြောင့် သူငယ်ချင်းတွေ ပျော်ကြတယ်ဆို ကျွန်တော်လည်းကျေနပ်ရပါတယ်...


၉။ အချစ်နဲ့ ပတ်သက်လို့  မေမီ ဘယ်လိုခံယူထားပါသလဲ...


အချစ် နဲ့ပတ်သက်လို့ ဘယ်လိုခံယူထားသလဲဆိုတော့ အချစ်ကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ကြတယ်လေ... အချစ်ကတော့ သူ့ဘာသာနေတာပါ... လူတွေက နာမည်အမျိုးမျိုး ပေးကြတာပေါ့... ရယူခြင်း၊ စွန့်လွှတ်ခြင်း စသည်ဖြင့်ပေါ့... PH7 လိုအချစ်ကို အရောင်အမျိုးမျိုး ဆိုးကြတာပေါ့လေ... ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတာ ညဥ့်နက်ကြီးမှာ တစ်ယောက်ထဲ သရဲကားကြည့်ရသလိုပါပဲ... စိတ်ကူးယဉ်ပြီး ရိုက်ထားတယ် ဆိုပေမယ့် တကယ်လို့ ထင်နေတယ်... ကြည့်လဲကြည့်ချင်တယ် ကြည့်လဲမကြည့်ရဲဘူး ဒီတော့ ခေါင်းအုံးနဲ့ကွယ်ပြီး ကြည့်ရသလို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစရာကောင်းပါတယ်း)း)

၁၀။ ဒါဆိုရင် မေမီ ရင်တစ်ထိတ်ထိတ်နဲ့  စိတ်လှုပ်ရှားစရာ ကောင်းတဲ့ သရဲကား Twilight ထဲကလို မင်းသားလေးကို အပြင်မှာ တွေ့ ဖူးပြီးပြီလား သိချင်ပါသေးတယ်...


Twilight ထဲကလို မင်းသားလေးကို အပြင်မှာတွေ့ဖူးပြီးပြီလားဆိုတော့ တွေ့ဖူးချင်လိုက်တာနော်... ဒါပေမယ့် Edward လိုဒီဇိုင်းမိတဲ့ ငတိလေးမျိုး ခုထိမတွေ့သေးဘူးဗျာ... Edward နဲ့သာဆုံမယ်ဆို Vampire မလေး ဖြစ်မယ်ဆိုလည်း ပျော်ပျော်ကြီးကိုအဖြစ်ခံလိုက်မှာ...


၁၁။ အွန်လိုင်းအချစ်ကိုရော ဘယ်လိုမြင်ပါသလဲ...


Online အချစ်ကိုဘယ်လိုမြင်သလဲဆိုရင် အရင်ကတော့ လုံးဝ လုံးဝကို အယုံအကြည် မရှိခဲ့ပါဘူး... ဒါပေမယ့် နိုင်ဂျန်ဂါး က ကျွန်တော့်သူငယ်ချင်းတွေရဲ့ အတွေ့အကြုံတွေကြောင့် အွန်လိုင်းမှာလည်း အချစ်စစ်ဆိုတာ ရှိသေးတာပဲလို့ သိလာရပါတယ်... ဒါပေမယ့် မျက်စိစုံမှိတ်ပြီးတော့ မယုံစေချင်ပါဘူး... Online ပါဆိုမှ မျက်စိမှိတ်နားပိတ်ထားရင် ဘာမှ သိရကြားရတော့မှာ မဟုတ်ဘူးလေ...နော်း)
ps.. နိုင်ဂျန်ဂါး = နိုင်ငံခြား ကိုပြောတာပါလွမ်းရေ


၁၂။ အွန်လိုင်းမှာ မေမီကို ချစ်တယ်လို့ ပြောတဲ့သူတွေနဲ့ တော့ တွေ့ ခဲ့မှာပေါ့နော်...


ဟုတ်...


၁၃။ မေမီမှာ ချစ်သူရှိပါသလား...


ကျွန်တော့်မှာချစ်သူရှိလားဆိုရင်ဖြင့် ကျွန်တော်ကချစ်တာလား... ကျွန်တော့်ကို ချစ်တာလားလို့ ပြန်မေးချင်ပါတယ်... ဘယ်လိုများကွာသလဲဆိုရင် အရေအတွက် ကွာတာပေါ့... ကျွန်တော်က ချစ်တဲ့သူတွေက ဒီချောကလက်မြို့ကသူငယ်ချင်းတွေလေ... အထူးသဖြင့် my lovely Angels များပေါ့... ကျွန်တော့်ကိုချစ်တဲ့သူကတော့ ဘယ်နှစ်ယောက် ရှိမလဲ... ကျွန်တော်ထင်တာ ကျွန်တော့်ရဲ့ Angel သုံးယောက်ကတော့ အသေအချာပါပဲနော်း) ကျွန်တော်က အခု အချစ်ဆိုတာထက် သံယောဇဉ်ကို ပိုအလေးထားနေတတ်ပါပြီ... သံယောဇဉ်ဆိုတာက လွယ်လွယ်လေးမှ ဖြစ်မလာတာ... ဥုံဖွ ဆိုပြီး လုပ်လို့မရသလို World Trade Centre ကို လေယာဉ်တွေနဲ့တိုက်ပြီး ဖျက်ချလိုက်သလို မျက်စိတစ်မှိတ် လျှပ်တပြက်အတွင်းမှာလည်း ပျက်အောင် လုပ်လို့မရပါဘူး... အချိန်တွေ နားလည်မှုတွေ အများကြီး ပေးထားပြီးမှ ရလာတဲ့ သံယောဇဉ်ကို ပိုနှစ်သက်ပါတယ်... ဒါကြောင့် သံယောဇဉ်ရှိတဲ့သူရှိပါတယ်လို့ပဲ ဖြေချင်ပါတယ် လွမ်း .....

၁၄။ သံယောဇဉ်ထားမိရင် ဖြတ်ရခက်တဲ့ကြိုးလိုပဲဆိုတာ လွမ်းကိုယ်တိုင် တွေ့ ကြုံခဲ့ရတာပါ... သံယောဇဉ်ထားမိတဲ့သူအပေါ် မေမီ သဘောထားလေး ကြားချင်ပါတယ်...


သံယောဇဉ်ထားမိတဲ့သူအပေါ်ထားမိတဲ့သဘောထားက ကျွန်တော့်သံယောဇဉ်တွေက အဖြူရောင်ပါ... သူများတွေက သံယောဇဉ်ဆိုတာကြိုးလို့ ပြောပါတယ်... ချည်နှောင်ခြင်းလို့လည်း ပြောကြပါတယ်... ကျွန်တော် သူ့ကို မချည်နှောင်ထားပါဘူး ကြိုးဖြေပေးထားပါတယ်... လွတ်လပ်စွာ သွားနိုင်ပါတယ်လို့ ahha :) :) ခပ်ဝေးဝေးမှာ မြင်နေရရုံနဲ့လည်း ကျေနပ်နေတဲ့ သံယောဇဉ်ပါ... သူ့ကို မချည်ခဲ့ပေမယ့် ကိုယ့်ဘာသာတော့ အဲဒီသံယောဇဉ်တွေနဲ့ ပြန်ပတ်မိနေတယ်... ဒါကြောင့် ခုဆို လေယာဉ်ပျံကိုတွေ့ရင် စိတ်နာတယ် ခဲနဲ့ပစ်ချင်တယ်း) လေယာဉ်ပျံကို တီထွင်ခဲ့တဲ့သူတွေကိုလည်း မုန်းတယ်.... လေယာဉ်ပျံစီးသွားတဲ့သူတော့ မပါဘူးနော်း)


၁၅။ မေမီ့ကို ချစ်တဲ့ Chocolate Angels သုံးယောက်အပေါ် မေမီရဲ့ အမြင်၊ သဘောထားလေးကို သိချင်ပါသေးတယ်...


ချစ်တဲ့ Chocolate Angels ၃ ယောက်အပေါ်အမြင်က အရင်ဆုံး ကျွန်တော်သိတာ လွမ်းလွမ်းလေးပေါ့... ကျွန်တော့်အရင်ဆုံး မှော်ဆရာသို့ ကဗျာလေးကို comment ပိတ်ထားလို့ အိမ်ထိလာပြီး ချီးကျူးစကားပြောသွားတဲ့ စာရေးအလွန်တော်တဲ့၊ ပေ့ခ်ျပြင်တာ သိပ်လှတဲ့၊ ကျွန်တော် လေးစားအားကျရတဲ့၊ သူငယ်ချင်းတွေအပေါ် တာဝန်ကျေတဲ့၊ ချစ်ဖို့ကောင်းတဲ့ ကျွန်တော့်ပထမဆုံးချစ်သူလေးပါ...

နောက်တစ်ယောက်က Midnight ပေါ့... ညညတွေမှာ လူသိပ်မရှိတဲ့ ကျွန်တော့်ပေ့ခ်ျကို လာလာပြီး သိပ်ကိုဆန်းတဲ့ color တွေနဲ့ တကူးတက ပုံတွေရှာပေးတတ်တဲ့၊ သူငယ်ချင်းတွေကိုလည်း သိပ်ချစ်တတ်တဲ့၊ ကျွန်တော့်ကိုအပြင်မှာ တွေ့ဖူးချင်တယ်ဆိုပြီး ခုထိမဆက်သွယ်သေးတဲ့၊ ကျွန်တော်အိပ်မက်ထဲထိ လိုက်လာခဲ့ဖူးတဲ့ ဒုတိယချစ်သူလေးပါ...

နောက်ဆုံး Angel Blackrose ကတော့ night ရဲ့ပေ့ခ်ျမှာ ကျွန်တော်ပေးတဲ့ လက်ဆောင်တွေကို လာလာလုရင်း ပျော်ရွှင်ခင်မင်ခြင်းတွေနဲ့ သိခဲ့ရတဲ့၊ ချစ်စရာကောင်းတဲ့၊ မျှော်လင့်ခြင်းကင်းကင်းနဲ့ အဖြူရောင်အချစ်တွေနဲ့ သူ့ချစ်သူကို ချစ်တတ်တဲ့၊ ကျွန်တော့်အပေါ်စိတ်ပူပေးတတ်တဲ့၊ ချယ်လ်ဆီးအသင်းကိုအားပေးနေတဲ့ ကျွန်တော့်တတိယချစ်သူလေးပါ...

သေချာတာကတော့ ကျွန်တော်သူတို့သုံးယောက်ကို တကယ့်ကိုချစ်ပါတယ်း)း) မှန်တာပြောရင် Edward လို ကောင်ချောလေးနဲ့ တွေ့ပါစေဗျာ !!!


၁၆။ နောက်ဆုံးအနေနဲ့  မေမီရဲ့ ပြောချင်တာလေးကို ကြားချင်ပါတယ်...


နောက်ဆုံးအနေနဲ့ပြောချင်တာကတော့...................
အခုလို Interview တွေ အချိန်ပေး လုပ်ပေးတာကို ကျေးဇူးနော်... ကျွန်တော် ဒီမြို့မှာ ရင်းနှီးတဲ့သူ သိပ်မရှိပါဘူး... ဒါပေမယ့် ကျွန်တော် အားလုံးကို ပျော်စေချင်တဲ့ ဆန္ဒရှိပါတယ်... အားလုံးပျော်အောင် ဒီနေရာလေးကို ဖန်တီးပေးတဲ့ မြို့စားလေးကိုလည်း ရှဲရှဲနီပါ... မြို့စားလေးအကြောင်း A to Z မသိပေမယ့် ကျွန်တော်သေချာသိတာကတော့ သူက ဒီမြို့လေးကို တကယ့်ကိုချစ်ပါတယ်... မြို့စားလေးလိုပဲ ကျွန်တော်တို့ Chocolate Angels ၄ ယောက်ကလည်း ဒီမြို့လေးကို ချစ်ပါတယ်လို့.............း)း)း)
အားလုံးကို ခုခေတ်စားနေတဲ့ ကိုရီုးယားလိုပဲ နှုတ်ဆက်ချင်ပါတယ်... (
စားတာနဲရော ဗိုက်ကဆာရော) အဲ..အဲလိုဟုတ်ဘူးထင်တယ် ကျွန်တော်လည်းမပြောတတ်တော့ပါဘူးဗျာ... Korea စကားတတ်တဲ့သူတွေ သင်ပေးကြပါး)း)



ကဲ ဒီလောက်ဆိုရင် လွမ်း ချစ်သူငယ်ချင်းလေးရဲ့ ရင်တွင်းစကားလေးတွေကို ကြားရတာ ကျေနပ်နှစ်သိမ့်ကြမယ်လို့  ထင်ပါတယ်...


လွမ်း အလျဉ်းသင့်သလို မြို့ တော်မှာ ထူးထူးခြားခြားလေး လုပ်တတ်သူတွေနဲ့  တွေ့ ဆုံမေးမြန်းဖို့  စိတ်ကူးထားပါတယ်...


လွမ်းတို့ ရဲ့ Angel တစ်ယောက်ဖြစ်တဲ့ midnight က ခရီးထွက်နေတဲ့အတွက် လွမ်း ဆက်သွယ်မရသေးလို့ ပါ... မေမီပြောသလိုပဲ အရောင်လေးတွေနဲ့  လှပတဲ့ပုံလေးတွေ ရှာပြီး သူငယ်ချင်းတွေဆီ ပို့ တတ်သူပါ... midnight ပုံလေးတွေ ရဖူးသူတိုင်း သိကြမှာပါ...


လွမ်းတို့ တွေ တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူးပဲ ချစ်ကြတဲ့ သူငယ်ချင်းတွေပါ...


ဒီလောက်နဲ့ ပဲ တွေ့ ဆုံမေးမြန်းခန်းလေးကို ရပ်နားပါရစေ...


မြို့ တော်သူ၊ မြို့ တော်သား အပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေလို့  လွမ်းဆုတောင်းပါတယ်...



လွမ်း


၀၅-၁၂-၂၀၀၉


ညနေ ၃း၅၂

No comments: