Wednesday, June 22, 2011

ခိုင့် မွေးနေ့  အမှတ်တရ

ခိုင့် မွေးနေ့  အမှတ်တရ

လွမ်း … ဒီနေ့  ချော့ကလက်မြို့ သူလေးတစ်ယောက်ဖြစ်တဲ့ ခိုင့်ကို မိတ်ဆက်ပေးချင်ပါတယ်…


ချော့ကလက်မြို့ တော်တွင်းမှာ ရှိတဲ့ကစားပွဲတွေမှာ ၀င်ရောက် ကစားဖူးသူ မြို့ သူ၊ မြို့  သားများတိုင်း ခိုင့်ကို သိကြမှာပါ…


ချောကလက်မြို့ တော်ရဲ့ ကစားပွဲတွေမှာ တစ်ခါတစ်ရံ ခိုင်ဟာ ဒိုင်လူကြီးလုပ်ပေးဖူးပါတယ်…


ခိုင်ဟာ မြို့ တွင်းမှာရှိတဲ့ သူငယ်ချင်းတွေဆီ သွားလည်ရင် ယဉ်ကျေးပြူငှာစွာနဲ့  ပြောဆိုလည်ပတ်လေ့ ရှိပါတယ်…


ညီမလေးခိုင်ရဲ့ စာမျက်နှာကို သွားလည်မယ်ဆိုရင် နှင်းဆီနီလေးတွေကို သတိထားမိကြမှာပါ…


သူငယ်ချင်းတွေဆီ သွားလည်ရင်လဲ သူနှစ်သက်တဲ့ နှင်းဆီနီလေးတွေကတော့ မပါမဖြစ် ပါလာတတ်တာကို တွေ့  ရမှာပါ…


သူရောက်လာပြီဆိုရင် ခိုင် လာပါပြီ ဆိုပြီး…




ပေးတတ်တဲ့လက်ဆောင်လေးတွေကတော့…
နှင်းဆီနီပန်း


နှင်းဆီပွင့်လေးတွေနဲ့  ကုတ်အင်္ကျီ

နှင်းဆီပွင့်လေးတွေပါတဲ့ လက်ကိုင်အိတ်



သီတင်းကျွတ်ဆိုလဲ လွမ်းက အသက်ကြီးလို့ ဆိုပြီး လာကန်တော့တတ်ပါသေးတယ်…


သူရေးထားတာလေးကို ဖတ်ကြည့်ရင် မြန်မာအမျိုးသမီးလေးများရဲ့ အတုယူဖွယ်လေးကို တွေ့ မြင်ကြရမှာပါ…

ရိုသေထိုက်က၊ ရိုသေရ ၊ နှိမ့်ချကိုယ့်ကိုသာ။
ရောင့်ရဲလေဘိ၊ ကျေးဇူးသိ၊ ဆပ်ဘိတုံ့ ပြန်ကာ။
သင့်လျော်ခါများ ၊ နာတရား၊ မှတ်သားမင်္ဂလာ။
အနန္တောအနန္တ ငါးပါးကိုအစထားပြီး..........ကိုယ့်ထက်ကြီးကဲသော
ပုဂ္ဂိုလ်မှန်သမျှအားလုံးအားရိုသေမြတ်နိုးလက်စုံမိုး၍..ရှိခိုးကန်တော့ပါ၏
ကာယကံဝဇီကံမနောကံ...ကံသုံးပါးမှတစ်ပါးပါးနှင့်ဖြစ်မှားမိတာများရှိရင်
ခွင့်လွှတ်ကြေအေးတော်မူပါ

ဝါတွင်းသုံးလအခါသမယမှာပြုလုပ်အားထုတ်ခဲ့သည့်...
ဥပုဉ်သီလဆောက်တည်ခြင်း...ပဌာန်းရွတ်ခြင်း.
..ဒါနသီလဘာဝနာမေတ္တာ..အစရှိတဲ့......ကုသိုလ်ကောင်းမှုအစုစုကိုလဲ
အမျှပေးဝေပါတယ်..............အမျှရကြ၍
ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ......


လွမ်းတို့ ရဲ့ ခင်မင်ရပါသော ခိုင်လေးမွေးနေ့ ဟာ လာမဲ့ ဒီဇင်ဘာလ (၁၇)ရက်နေ့ ပါ…


ခိုင်ရဲ့ မွေးနေ့ အမှတ်တရအဖြစ် ပြိုင်ပွဲလေးတစ်ခု ပြုလုပ်ပေးချင်ပါတယ်…


ခိုင်ရဲ့ မွေးနေ့ အတွက် ဆုတောင်းမေတ္တာပို့ သရင်း လှပတဲ့ မွေးနေ့  လက်ဆောင်လေးတွေ လာပို့  ပေးစေချင်ပါတယ်…


ခိုင်မွေးနေ့  ဒီဇင်ဘာလ (၁၇)ရက်နေ့ မှာ ခိုင်နှစ်သက်တဲ့ မွေးနေ့ လက်ဆောင် အလှဆုံး ပေးပို့ သူ သုံးယောက်ကို ရွေးချယ်ပြီး မွေးနေ့ ကိတ်ကို ကိုယ်တိုင်သွားရောက် ကျွေးမွေးမှာ ဖြစ်ပါတယ်…


ချောကလက်မြို့ တော်သူ၊ မြို့ တော်သားများ ခိုင့်ရဲ့မွေးနေ့ အတွက် မွေးနေ့  လက်ဆောင်လှလှလေးယူလာပြီး ဆုတောင်းမေတ္တာ ပေးပို့ ကြရအောင်ပါ…


လာမဲ့ ဒီဇင်ဘာလ (၁၇)ရက်နေ့ မှာ ကျရောက်မဲ့ ခိုင့်မွေးနေ့ မှသည် နောင် နှစ်-၁၂၀ တိုင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ အတူ လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့  မမလွမ်းဆုတောင်းပေးပါတယ်…

ဒါက ညီမလေး အတွက် ညီမလေး နှစ်သက်တဲ့ နှင်းဆီနီလက်ဆောင်လေးပါ…
 
ဒါကတော့ ညီမလေးခိုင်အတွက် မွေးနေ့ ကိတ်လေးပါ…


ခိုင်မွေးနေ့ ကို ခိုင့်စာမျက်နှာမှာ မွေးနေ့ လက်ဆောင်သွားပို့ မယ်ဆိုရင်တော့ ဒီနေရာလေးကို Click ပြုလုပ်ပါ…
ပျော်ရွှင်ချမ်းမြေ့ကြပါစေ…




လွမ်းဧကရီ
၁၁-၁၂-၂၀၁၀
ည ၅း၃၀ နာရီ

No comments: