Wednesday, June 22, 2011

၂၀၁၁-ခုနှစ် နှစ်သစ်စကားလက်ဆောင်

၂၀၁၁-ခုနှစ် နှစ်သစ်စကားလက်ဆောင်


ချောကလက်မြို့ တော်သူ၊ မြို့ တော်သားများ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့  ပြည့်စုံကြပါစေလို့  ဆုတောင်းမေတ္တာပို့ သပါတယ်…

နှစ်သစ်ရောက်လာရင် နှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့တာတွေထဲက အကောင်းအဆိုး ဝေဖန် သုံးသပ်ပြီး ဘ၀ကို ဆက်လက်ဖြတ်သန်းဖို့  အားအင်တွေ မွေးကြရအုန်းမှာပါ…

နှစ်သစ်မှာ လွမ်း အမှတ်တရ စကားလက်ဆောင်လေး ပေးချင်လို့  ဒီစာလေးကို ရေးဖြစ်တာပါ…

အတန်းပညာ နဲ့  အတတ်ပညာအကြောင်းပါ…


အတန်းပညာဆိုတာကတော့ သိတတ်စ ၅-နှစ်အရွယ်မှ စပြီး သူငယ်တန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ဆင့် တက်ရောက် အောင်မြင်ပြီး တက္ကသိုလ်ပညာအဆင့်ထိ သင်ကြားသော ပညာပါ…

အတတ်ပညာဆိုတာကတော့ အဆင့်ဆင့်တက်ရောက်အောင်မြင်လာတဲ့ အတန်းပညာနှင့် မသက်ဆိုင်ပဲ အသက်မွေးဝမ်းကျောင်းပညာကို ဆိုလိုခြင်းဖြစ်ပါတယ်…

လူ့ လောကမှာ အသက်ရှင်နေထိုင်စဉ်ကာလမှာ မိမိဘ၀ရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာကို တတ်မြောက်ကျွမ်းကျင်ရန် လိုအပ်ပါတယ်…

ယနေ့ လူငယ်များအနေနဲ့  မိမိတို့ ရဲ့ အတန်းပညာကို အောင်မြင်အောင် ကြိုးစားရုံမျှနှင့် မလုံလောက်ပဲ အတန်းပညာ တက်ရောက်သင်ကြားရင်း အတတ်ပညာရပ်တစ်ခုကို တတ်ကျွမ်းအောင် လေ့လာ သင်ကြားဖို့  လိုပါတယ်…

ဘ၀ရည်မှန်းချက်ထားပြီး လေ့လာသင်ကြားပါက မဖြစ်နိုင်သောအရာဆိုတာ မရှိပါ…

မိမိလေ့လာသင်ကြားနေသော ပညာရပ်အပေါ်တွင် စိတ်ဝင်စားစွာဖြင့် သင်ကြားပါက အောင်မြင်မှာ ဖြစ်ပါတယ်…

ဘွဲ့ ရပညာတတ်တစ်ယောက်ဖြစ်သော်လည်း တတ်ကျွမ်းသောပညာရပ် မရှိပါက လုပ်ငန်းခွင် ၀င်ရန် အခက်အခဲရှိမည် ဖြစ်ပါတယ်…

အချိန်ကို တန်ဖိုးထားပြီး မိမိစိတ်ဝင်စားသော ပညာရပ်ကို လေ့လာသင်ကြားသင့်ပါတယ်…

မည်သူမျှ မွေးကတည်းက ပညာတတ်မြောက်လာခြင်း မဟုတ်ပါ… လုပ်ငန်းခွင် အတွေ့ အကြုံများမှ လုပ်ငန်းလုပ်ဆောင်ရင်း တတ်ကျွမ်းနားလည်သွားမှာပါ…

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသူများကလည်း မိမိလုပ်ငန်းတွင် ကျွမ်းကျင်ပိုင်နိုင်မှသာ လုပ်ငန်းရှင်က ဆက်လက်ခန့် ထားမှာ ဖြစ်ပါတယ်…

နှစ်သစ်ရောက်၍ အသက်တစ်နှစ် ထပ်ကြီးလာသလို တတ်ကျွမ်းသောပညာတစ်ခု ထပ်ရလာတယ် ဆိုလျှင် ပိုမကောင်းပေဘူးလား…

လွမ်းက စက်မှုအင်ဂျင်နီယာတစ်ယောက်ပါ…  ဒါပေမဲ့ ၁၉၉၆-ခုနှစ်မှာ ကွန်ပျူတာလောကကို စတင် ၀င်ရောက်ပြီး တတ်ကျွမ်းလာသော ကွန်ပျူတာနည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ ဖြစ်ပါတယ်…

အားလပ်ရက်တွင် အွန်လိုင်းတွင် တွေ့ ကြုံခံစားရသည်များကို စာအဖြစ် ချရေးသားသော်လည်း လွမ်း… မလွမ်းအားပါ…

ဘ၀အတွက် ပြေးလွှားရုန်းကန်နေရဆဲပါ…

အချိန်နှင့်ဒီရေသည် လူကို မစောင့် ဆိုတဲ့စကားကို လက်ကိုင်ထားပြီး အချိန်ကို တန်ဖိုးရှိရှိ အသုံးချပြီး အတတ်ပညာများကို ဆက်လက်လေ့လာသင်ကြားနေသင့်ပါကြောင်း တိုက်တွန်းပြောကြားရင်း နှစ်သစ်မှာ ချောကလက်မြို့ သူ၊ မြို့ သားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့  ဘ၀ခရီးမှာ အေးချမ်းသာယာစွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း ပို့ သအပ်ပါတယ်…





လွမ်းဧကရီ

၁-၁-၂၀၁၁

ည ၉း၅၀နာရီ

No comments: