Wednesday, June 1, 2011

ပြည်တွင်း ခရီးသွားမှတ်တမ်း-၃

ပြည်တွင်း ခရီးသွားမှတ်တမ်း-၃

လွမ်းတို့  မနက် ၇-နာရီ ပင်းတယမြို့ ရဲ့ Inle Inn Hotel မှာ နံနက်စာစားပြီးတာနဲ့ ကုံလုံဆရာတော်ဘုရားရဲ့ ရုပ်ကလာပ်တော်ထားရာ စံကျောင်းတော်ကို သွားခဲ့ကြပါတယ်...
ဆရာတော်ရဲ့ရုပ်ကလပ်တော်ကို အနီးကပ်ဖူးတွေ့ ခွင့်ရခဲ့ပါတယ်...














ရုပ်ကလာပ်တော်ရဲ့ ထူးခြားချက်များရေးသားထားခြင်းကို သူငယ်ချင်းများသိစေရန် ဓါတ်ပုံရိုက်ယူခဲ့တာကို ထည့်လိုက်ပါတယ်...




ရုပ်ကလပ်တော်အနီးမှာ ဆရာတော်ဘုရားရဲ့ ကြေးသွန်းရုပ်ထုတော်ကို ထားရှိတာကို ဖူးတွေ့ ခဲ့ရပါတယ်...



စံကျောင်းတော်ကလည်း စဥ့်နဲ့ တည်ထားတာကိုလည်း ထူးခြားစွာ တွေ့ မြင်ခဲ့ရပါတယ်...



စံကျောင်းတော်က အပြန်မှာ ကုံလုံဆရာတော်ဘုရားကြီး နောက်ဆုံးသီတင်းသုံးနေထိုင်ခဲ့သော သီရိစင်္ကြာရတနာ ကျောင်းတော်ကြီးသို့  ရောက်ရှိခဲ့ပါတယ်...
ကျောင်းတော်ကြီးအတွင်းမှာ ဆရာတော်ဘုရားရဲ့ဖယောင်းရုပ်ထုထားရှိပါသည်...

 

ဖယောင်းရုပ်ထုမှာ (၁၂-၀၆-၂၀၀၈) နေ့ တွင် Thai နိုင်ငံ Human Image Museum အလုပ်ရုံ၌
ရွှံ့ တုံးများဖြင့် စတင်ပုံစံယူခဲ့တယ်လို့  သိရပါတယ်...
(၁၃-၃-၂၀၀၉) နေ့ မှာ တတိယအဆင့် (နောက်ဆုံးအဆင့်) ဖိုက်ဘာသွန်းလောင်းမှု ပြီးစီးခဲ့တယ်
လို့ သိရပါတယ်...
ဆရာတော်ဘုရားကြီး အသက်ကြီးလာ၍ မသန်စွမ်းတော့သဖြင့် တွန်းလှည်း (Wheel Chair) ဖြင့် စီးနေခဲ့ရ၍ ထိုတွန်းလှည်းပေါ် ထိုင်လျက်အနေအထားအတိုင်း သွန်းလောင်းခဲ့ပါတယ်...


သက်တော်မှာ (၈၅) နှစ်တုန်းက ပုံစံကို Computer နည်းပညာဖြင့် ဦးခေါင်းတော်ပြောင်းလဲပြီး သွန်းလောင်းခဲ့တယ်လို့  သိရပါတယ်...
သွားတော်မှာလည်း ဆရာတော်ကြီး သုံးစွဲခဲ့သော အံကပ်ကို ပြန်လည်သုံးစွဲခဲ့ကြောင်းသိရပါတယ်..
ဆံတော်အစစ်စိုက်ခြင်း၊ သွေးတော်ထည့်သွင်း သွန်းလောင်းခဲ့တယ်လို့ သိရပါတယ်...
ဆရာတော်ဘုရားကြီးက ကျန်စစ်သားဟု ၀န်ခံခဲ့သဖြင့် ကျန်စစ်သား၏ လည်ကုတ်၌ရှိသော စာနီအမှတ်အသားသည် ကုံလုံဆရာတော်ဘုရားကြီး၏ လည်ကုတ်၌ မွေးရာပါ ပါခဲ့သဖြင့် ယခု ကိုယ်ပွားတော်၌ ထည့်သွင်းရေးဆွဲထားပါသည်...
အဲဒီကအပြန်မှာ ပင်းတယလ္ဘက်စို၊ လ္ဘက်ခြောက်တွေ ၀င်ဝယ်ကြပါတယ်...
လွမ်းတို့ တွေ ဟိုတယ်မှာ ခဏနားပြီး ကလောမြို့ ကို ဆက်သွားကြပါတယ်...
နေ့ လည်စာကို ကလောမြို့  တောင်ပေါ်ရှုခင်းသာဟိုတယ်မှာ စားကြပါတယ်...


 

ဟိုတယ်က လွမ်းတို့ တွေကို ရှမ်းရိုးရာအကနဲ့  ကြိုဆိုပါတယ်...
တောင်ပေါ်ကနေ လှမ်းတွေ့ ရတဲ့ ရှုခင်းတွေက လှပနေပါတယ်...




နောက် လွမ်းတို့ တွေ တောင်ကြီးမြို့ ကို ဆက်သွားပါတယ်...
တောင်ကြီးဟိုတယ်မှာပဲ တည်းပါတယ်...ရောက်တာနဲ့  ခဏနားပြီး လွမ်းတို့ တွေ စူဠာမုနိ လောကချမ်းသာစေတီတော်ကို သွားရောက်ဖူးမြှော်ကြပါတယ်...



ပုဂံက အာနန္ဒာစေတီတော်နဲ့  အတွင်းရော၊ အပြင်ပါ တစ်ပုံစံတည်း တည်ထားတာကို ဖူးတွေ့ ရပါတယ်...







နောက် လွမ်းတို့ တွေ တောင်ပေါ်မှာရှိတဲ့ ရွှေဘုန်းပွင့်ဘုရားကို သွားရောက်ဖူးမြှော်ပါတယ်...







တောင်ပေါ်မှာရှိတဲ့အတွက် လွမ်းတို့ တွေ တောင်ကြီးမြို့ ရှုခင်းကို အပေါ်စီးကနေ လှမ်းမြင်ရတာလေးကို ဓါတ်ပုံရိုက်ယူခဲ့ပါတယ်...









ညပိုင်းမှာ တောင်ကြီးမြို့ ကို လှည့်လည်ကြည့်ရှုပြီး ညစာ စားကြပါတယ်...
နောက်တစ်နေ့ မနက်မှာတော့ ဟိုတယ်ကကျွေးတဲ့ ရှမ်းခေါက်ဆွဲစားပြီး တောင်ကြီးမြို့ မဈေးထဲမှာ ဈေးဝယ်ထွက်ကြပါတယ်...
လွမ်းကတော့ တောင်ကြီး ခေါပုတ်၊ ပဲပုတ်၊ ရှမ်းပဲငပိ၊ နေကြာစေ့၊ စတော်ဘယ်ရီသီး တွေဝယ်ပါတယ်...
ပုဝါတစ်ထည်ဝယ်လာပါတယ်...
လွမ်းတို့ တွေ နေလည်စာစားပြီး ဟဲဟိုးလေဆိပ်ကို သွားခဲ့ကြပါတယ်...
ဟဲဟိုးကနေ ရန်ကုန်ကို ပြန်လာကြပါတယ်...
လွမ်း ရှမ်းပြည်တောင်ပိုင်းကို ပထမဆုံးရောက်ခဲ့ရတာပါ...
ကြည့်လေရာရာ တောင်တန်းတွေနဲ့  လှနေတဲ့ တောင်ပေါ်ရှုခင်းလေးကိုတော့ လွမ်း မမေ့နိုင်သေးပါဘူး..

လွမ်းဧကရီ

၂၇-၀၆-၀၉
ည ၈း၃၈

No comments: