Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

Thursday, August 1, 2013

PhotoShop Software ဖြင့် ဆံပင်အရောင်ကို လွယ်ကူစွာပြောင်းခြင်း

PhotoShop Software ဖြင့် ဆံပင်အရောင်ကို လွယ်ကူစွာပြောင်းခြင်း


Photoshop Software ဖြင့် ဆံပင်အရောင်ကို အောက်ဖော်ပြပါအဆင့်ဆင့်အတိုင်း အလွယ်တကူ အရောင်ပြောင်းပေးနိုင်ပါတယ်။

အဆင့်(၁)
မိမိဆံပင်အရောင်ပြောင်းလိုသောပုံကို ဖွင့်လိုက်ပါမယ်။


အဆင့်(၂)
Create a new layer ကို Click ပြုလုပ်ပြီး New Layer Layer 1 တစ်ခု ပြုလုပ်ပါမယ်။


အဆင့်(၃)
Tool Bar မှ  Brush Tool (B) ကို ယူပြီး ပုံတွင်ပြထားသည့်အတိုင်း Size ကို ရွေးချယ်ပါမယ်။


Monday, July 29, 2013

ပုံတွင် မလိုအပ်သည်များကို အလွယ်တကူ ဖယ်ထုတ်ခြင်း

ပုံတွင် မလိုအပ်သည်များကို အလွယ်တကူ ဖယ်ထုတ်ခြင်း

ဒီတစ်ခါတော့ PhotoShop နည်းပညာလေး ရေးတင်ပါမယ်။

အထက်ပါပုံတွင် ဝမ်းနည်းနေတဲ့ မိန်းခလေးပုံမှာ အုတ်ခုံပေါ်က သစ်တုံးက အလှဖျက်နေပါတယ်။


ဒီလိုအရာတွေကို နောက်ခံ Backgroung ကို မထိခိုက်စေဘဲ ဖယ်ပစ်လိုက်မယ်ဆိုရင်တော့ အောက်ပါအတိုင်း အဆင့်ဆင့် ပြုလုပ်ပေးရုံပါပဲ။


အဆင့် (၁)

ပုံတွင်ပြထားသည့်အတိုင်း Spot Healing Brush Tool ကို Click ပြုလုပ်ပြီး အထက် Tool Bar မှာ Content-Aware option ကို ရွေးချယ်ပေးထားပါ။

Sunday, October 21, 2012

Folder လေးတွေနဲ့ File Name တွေမှာ မြန်မာလိုရေးချင်ရင်

Folder လေးတွေနဲ့ File Name  တွေမှာ မြန်မာလိုရေးချင်ရင်



လွမ်း ဒီတစ်ခါရေးမဲ့ နည်းပညာက သိပြီးသူတွေများမှာပါ…

Computer Operation System ကို Windows 7 တင်ထားသူအတွက် Folder နဲ့ File Name တွေမှာ မြန်မာလိုရေးချင်ရင် လုပ်ပုံအဆင့်ဆင့် ရေးပြသွားပါမယ်…

 

၁။ မိမိ Display ပေါ်မှာ Right Click လုပ်ပြီး Personalize ကို ရွေးရပါမယ်…




Thursday, May 3, 2012

PhotoShop Software ဖြင့် အရောင်ပြောင်း Animation ပြုလုပ်ခြင်း

PhotoShop Software ဖြင့် အရောင်ပြောင်း Animation ပြုလုပ်ခြင်း




လွမ်းရဲ့လက်ရာ သူငယ်ချင်းဆိုတဲ့ Flash Song ရဲ့ နောက်ခံအဖြစ် ထည့်ထားတဲ့ မိန်းခလေးရဲ့အကျီင်္ဟာ အရောင်တွေပြောင်းနေတာကို သူငယ်ချင်းတို့  သတိထားမိကြမှာပါ…



အရောင်ပြောင်းတာကို PhotoShop Software ဖြင့် ပြုလုပ်ပုံကို တင်ပြပါမယ်…

နည်းပညာလေးများ

နည်းပညာလေးများ



လွမ်းကို လာမေးတာကို မသိသေးတဲ့ သူငယ်ချင်းများအားလုံးအတွက် ဖြေပေးလိုက်ပါတယ်...


မေးခွန်း(၁) မိမိအိမ်ကို ၀င်လိုက်တာနဲ့  သီချင်းသံပေါ်ချင်ပါတယ်...

မိမိတင်တဲ့ Flash Song မှာ Play Button ဖြုတ်ထားရပါမယ်...

Play Button မပါတဲ့ Flash Song Code ကို မိမိစာမျက်နှာရဲ့ Text Box ထဲမှာ ထည့်ပေးရပါမယ်...

Flash Song ထည့်ရန် Code



<center><object width="500" height="370" classid="clsid:d27cdb6e-ae6d-11cf-96b8-444553540000" codebase="http://download.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=6,0,40,0"><param name="src" value="သီချင်းလင့်ထည့်ရန်" /><param name="wmode" value="opaque" /><param name="quality" value="high" /><embed width="500" height="370" type="application/x-shockwave-flash" src="သီချင်းလင့်ထည့်ရန်" wmode="opaque" quality="high" /></object></center>
 


သီချင်းလင့်ကိုတော့ ယူတတ်မယ်ထင်ပါတယ်...

Flash Song ကို ဖွင့်ထားရင် Address Bar ပေါ်မှာရှိတဲ့ Link ကို ကူးထည့်ပေးရမှာပါ...


ဒီလောက်ဆိုရင် မိမိစာမျက်နှာမှာ မိမိနှစ်သက်ရာ Flash Song တွေ တင်တတ်သွားမယ်ထင်ပါတယ်...

................................................................................................................................

Sunday, January 22, 2012

ကွန်ပျူတာအခြေခံ အပိုင်း(၁၂)

ကွန်ပျူတာအခြေခံ အပိုင်း(၁၂)


လွမ်း…ခုတလော မအားလပ်တာနဲ့  ကွန်ပျူတာအခြေခံ နည်းပညာများ မရေးဖြစ်ခဲ့ပါဘူး…


ဒီနေ့ တော့ လွမ်း ဆိုဒ်ထဲ ၀င်ရင်း တွေ့ လာရတဲ့ အချက်တွေပေါ်မူတည်ပြီး သိမှတ်စရာလေးကို ရေးချင်ပါတယ်…


လွမ်းတို့  မြန်မာစာ စာလုံးများဟာ ရရစ်အမျိုးမျိုးရှိသလို စာလုံးပေါင်း သတ်ပုံအမျိုးမျိုး ကွဲပြားတာကို တွေ့ ရှိရမှာပါ…


ကွန်ပျူတာမှာလည်း မြန်မာစာရေးပုံတွေက တီထွင်သူအပေါ် မူတည်ပြီး လက်ကွက်များမှာ အနည်းငယ် ကွဲပြားတာကို တွေ့ ရှိရမှာပါ…


မြန်မာစာကို စတင် လေ့ကျင့် ရေးသားသူများအနေနဲ့  အမှားအများဆုံးကို ပြောရရင် မြန်မာစာကို အင်္ဂလိပ်စာလုံးလို Space ခြားပြီး ရေးသားရတာကို ဂရုမပြုမိသူ တော်တော် များပါတယ်…


ရုံးစာများကို ရေးလေ့ရှိသူများကတော့ ဒီအချက်ကို သိမှာပါ…


ဆိုဒ်ထဲမှာ လွမ်းဆီကို စာပို့ သူတစ်ယောက်ဆိုရင် မြန်မာစာကို ဆက်တိုက် ရေးသားသွားတဲ့အတွက် သူရေးတဲ့စာလုံးကို Wrap Text လို့  ခေါ်တဲ့ စာလုံးကို ခေါက်မသွားတော့ဘဲ စာမျက်နှာ တစ်မျက်နှာအလွန်မှာ ဘာရေးထားမှန်း ဖတ်လို့  မရတော့ပါဘူး…


ဒီတော့ မြန်မာစာကို ရေးသောသူများအနေနဲ့  ပထမဆုံး လိုက်နာရမဲ့ အချက်ကတော့ မြန်မာစာရေးရင် စကားပြောသလိုပဲ အဖြတ်အတောက်ကို Space ခြားပြီး ရေးသားသွားရမှာ ဖြစ်ပါတယ်…


Microsoft Word မှာ အင်္ဂလိပ်လို ရေးတဲ့အခါ စာမျက်နှာအဆုံးရောက်တာနဲ့  Enter ခေါက်ရန်မလိုဘဲ စာလုံးက အလိုလို ခေါက်သွားမှာ ဖြစ်ပါတယ်… အဲဒီလို စာလုံးခေါက်သွားတာကို Wrap လုပ်တယ်လို့  ခေါ်ပါတယ်…


Mg Mg is a student. လို့  အင်္ဂလိပ်လို Space ခြား ရေးသလိုပဲ
မောင်မောင်သည် ကျောင်းသားတစ်ယောက် ဖြစ်သည်။ ဆိုတာကို Space ခြားပြီး ရေးသားသွားရမှာ ဖြစ်ပါတယ်…


Space ခြား မရေးဘဲ ဆက်တိုက်ရေးသားခြင်းကို ရှောင်ကြဉ်ရပါမယ်…

PhotoShop CS3 ကို အသုံးပြု၍ မိမိလိုချင်သောပုံကို ဖြတ်ထုတ်ခြင်း


PhotoShop CS3 ကို အသုံးပြု၍ မိမိလိုချင်သောပုံကို ဖြတ်ထုတ်ခြင်း

ဒီနေ့တော့ PhotoShop CS3 ကို အသုံးပြုပြီး မိမိလိုသောပုံကို ဖြတ်ထုတ်ခြင်းကို ရှင်းပြပါမယ်…


လွမ်း အသုံးပြုပုံကိုသာ ရှင်းပြထားခြင်း ဖြစ်ပါသဖြင့် တကယ့် Professional အသုံးပြုနေသောသူများနှင့် နည်းပညာမတူပါက လွမ်းရဲ့ အားနည်းချက်လို့ပဲ ယူဆပေးကြပါ…


ကိုးရီးယားဇာတ်လမ်း ကြော်ငြာလေးတစ်ခုမှ စုံတွဲပုံလေးကို ဖြတ်ထုတ်ပါမယ်…



(၁) မိမိဖြတ်ထုတ်မဲ့ပုံကို Zoom & Fit on Screen လုပ်ထားပါမယ်…



Wednesday, November 23, 2011

Animation Text ပြုလုပ်နည်း

Animation Text ပြုလုပ်နည်း



ပုံတွေမှာ Animation Text ထည့်နည်းလေးကို ဒီနေ့  ရေးပါမယ်…


၁။ Adobe PhotoShop CS5 ကို ဖွင့်ပြီး Animation Text ထည့်မဲ့ပုံကို Open ပြုလုပ်ပါတယ်…


၂။ မိမိရေးလိုသောစာသားကို Font, Size, Color ရွေးချယ်ပြီး Text Tool နဲ့  ရေးသားပါမယ်…
၃။ Text ကို Effect ထည့်မယ်ဆိုရင် fx ကို Click ပြုလုပ်ပါ… Bevel and Emboss ဆိုတာကို ရွေးချယ်ပါမယ်…



PhotoShop ဖြင့် Text ထည့်ခြင်း

PhotoShop ဖြင့် Text ထည့်ခြင်း


အခုတလော Internet Connection ကြောင့် Gtalk ကနေ စကားပြောဖို့ ဝေးရော၊ Connection တက်လိုက်၊ ကျလိုက်နဲ့ ကိုယ်ရေးတာ သူမဖတ်ရ၊ သူရေးတာ ကိုယ့်ဆီမရောက်နဲ့ စိတ်ညစ်နေရတဲ့ အနေအထားပါ…


ဒီကြားထဲ Internet Connection ကြောင့် ကိုကိုနဲ့ မတွေ့ရတော့ဘူးဆိုပြီး လွမ်းကို လာနောက်ပြောင်နေတဲ့သူက ရှိသေးတယ်ဗျာ…


လွမ်းကလည်း တစ်ခွန်းမခံ ပြန်ပြောတာပဲ…


ကိုကိုနဲ့ စကားမပြောရပေမဲ့လည်း စာပို့ပြီး အပြန်အလှန်ပြောကြတာပေါ့လို့… စာပို့လို့ ရသေးလို့ တော်ပါသေးရဲ့… :P

ဒီနေ့တော့ စိတ်လိုလက်ရ ကိုကို့ဆီ စာပို့ဖို့ ပြင်ဆင်တာလေးကို သူငယ်ချင်းတို့ကို ပြောပြမယ်နော်… (တကယ်တော့ မပို့ပါဘူး… စိတ်ဝင်စားအောင် ပြောတာပါ… :P)

PhotoShop ဖြင့် မိမိပုံကို ဖြတ်ထုတ်ခြင်း

PhotoShop ဖြင့် မိမိပုံကို ဖြတ်ထုတ်ခြင်း

 

လွမ်း… ပြည်ပခရီးစဉ်လေးကို ရေးရင်းနဲ့ နည်းပညာလေးတစ်ခုကို စာရေးတင်အုန်းမယ်လို့ စိတ်ကူးရလာပါတယ်…

လွမ်းက စာရေးတဲ့အခါ ကိုယ်ပိုင်ခံစားချက်နဲ့ စာရေးတတ်ပြီး ခရီးသွားမှတ်တမ်း ရေးသားတဲ့အခါ ကိုယ်တိုင်ရိုက်လာတဲ့ ဓာတ်ပုံများကိုသာ အသုံးပြုတတ်ပါတယ်…

Website မှ ပုံများကို အသုံးပြုတဲ့အခါ တစ်ခါတစ်ရံ မိမိအသုံးပြုတဲ့ပုံက Website မှာ မရှိတော့ရင် Blank ဖြစ်သွားတတ်သလို Picture Not Found ဆိုတဲ့စာတွေ ပေါ်လာတတ်ပါတယ်…

ဒီတော့ မိမိကိုယ်ပိုင်ပုံလေးကို အသုံးပြုတဲ့အခါ Double Helix Bridge ကို သီးခြားရိုက်ထားတာ မရှိတဲ့အတွက် လွမ်းပါနေတဲ့ ဓာတ်ပုံမှာ လွမ်းပုံကို ဖြတ်ထုတ်ဖို့ PhotoShop Software ကို အသုံးပြုခဲ့ပါတယ်…

ပုံတွေကို Edit လုပ်တဲ့အခါဖြစ်စေ၊ ပုံတွေမှာ စာရေးတဲ့အခါဖြစ်စေ၊ Animation စာလေးတွေ လုပ်ချင်တဲ့အခါ လွမ်း PhotoShop Software ကို အသုံးပြုပါတယ်…

လွမ်းပုံကို ဖြတ်ထုတ်ထားပုံ အဆင့်ဆင့် ရေးပြပါမယ်…

Wednesday, September 21, 2011

ကွန်ပျူတာအခြခံ အပိုင်း(၁၁)

ကွန်ပျူတာအခြခံ အပိုင်း(၁၁)

အခုအပိုင်းမှာ မိမိကွန်ပျူတာမှ File များကို ဘယ်လိုကူးမယ်၊ ဘယ်လိုရွှေ့ မယ်ဆိုတာနဲ့  ပတ်သက်ပြီး ပထမဆုံး ရှင်းပြပါမယ်…


Move and Copy Files
File များကို ရွှေ့ ခြင်းနဲ့  ကူးခြင်း


You can move or copy your files when you want to take work home, share documents with a colleage or recoganize files on your hard drive. Copying files is also useful for making backup copies.
When you move a file, you delete the file from its original location.
When you copy a file, you create a second file that is exactly the same as the first, you can place the copy in another folder on your computer, on a network drive, on a memory stick. If you create a copy in the same folder, Windows will add “Copy of” to the file name.


မိမိ ကွန်ပျူတာမှ File များကို သူငယ်ချင်းများထံ ပေးပို့ လိုသည်ဖြစ်စေ၊ သူငယ်ချင်းများထံမှ မိမိလိုချင်သည့် File များကို မိမိကွန်ပျူတာထဲသို့  ထည့်သွင်းလိုသည်ဖြစ်စေ File များကို ရွှေ့ ခြင်းနဲ့  ကူးယူခြင်းများ ပြုလုပ်နိုင်ပါတယ်… File ကူးယူခြင်းဟာ မိမိ File များကို Backup copies များအဖြစ် သိမ်းထားရာမှာ အသုံးဝင်ပါတယ်…
File တစ်ခုကို ရွှေ့ ခြင်းပြုလုပ်ပါက မိမိက ၄င်း File ကို မူလနေရာမှ ဖျက်ပစ်လိုက်ခြင်း ဖြစ်ပါတယ်…
File တစ်ခုကို ကူးခြင်းပြုလုပ်ပါက မိမိကူးသည့် File နှင့် ထပ်တူညီသော နောက် File တစ်ခုကို ထပ်မံပြုလုပ်လိုက်ခြင်းပင် ဖြစ်ပါတယ်… မိမိကူးလိုက်သည့် File ကို မိမိကွန်ပျူတာရဲ့ တခြားသော Folder ထဲတွင် ထားနိုင်သကဲ့သို့  Memory Stick ထဲတွင်လည်း ထားနိုင်ပါတယ်… တကယ်လို့  တူညီတဲ့ Folder ထဲမှာပဲ ထားလျှင် မိမိ File နာမည်ရှေ့ တွင် “Copy of” လို့  တပ်ပေးထားမှာ ဖြစ်ပါတယ်…

You can also move and copy folders. When you move or copy a folder, all files in the folder are also moved or copied.
File ကဲ့သို့ ပင် Folder များကိုလည်း ရွှေ့ နိုင်၊ ကူးနိုင်ပါတယ်… Folder ကို ရွှေ့ ခြင်း (သို့ မဟုတ်) ကူးခြင်းပြုလုပ်လျှင် Folder အတွင်းမှ File များအားလုံးကိုပါ ရွှေ့ ခြင်း၊ ကူးယူခြင်းဖြစ်သွားမှာပါ….

When you drag and drop a file, the result depends on the file’s destination. When you drag a file to a new location on the same drive, Windows moves the file. When you drag a file onto a different drive, Windows copies the file.
တကယ်လို့  File တစ်ခုကို Mouse ဖြင့် ထောက်ပြီး ဆွဲယူပြီး လွှတ်ချလိုက်လျှင် File ကို လွှတ်ချမဲ့ နေရာပေါ်မူတည်ပြီး ရွှေ့ ခြင်း (သို့ မဟုတ်) ကူးယူခြင်း ဖြစ်သွားမှာပါ…
တကယ်လို့  File တစ်ခုကို တူညီတဲ့ Drive မှာပဲ ဆွဲယူပြီး လွှတ်လိုက်မယ်ဆိုရင် Windows က အဲဒီ့ File ကို ရွှေ့ ပေးလိုက်မှာပါ…
တကယ်လို့  File တစ်ခုကို မတူညီတဲ့ Drive ပေါ်ကို ဆွဲယူပြီး လွှတ်ချလိုက်မယ်ဆိုရင် Windows က အဲဒီ့ File ကို ကကူးပေးလိုက်မှာ ဖြစ်ပါတယ်…

ကွန်ပျူတာအခြေခံ အပိုင်း(၁၀)

ကွန်ပျူတာအခြေခံ အပိုင်း(၁၀)




ကွန်ပျူတာအခြေခံ အပိုင်း(၉)မှာ File တစ်ခုကို ဘယ်လိုဖွင့်မလဲဆိုတာကို ရေးသားခဲ့ပြီး ဖြစ်ပါတယ်…


အခုအပိုင်းမှာတော့ File တစ်ခုကို ဘယ်လို နာမည်ပြောင်းမယ်ဆိုတာ ပြောပါမယ်…



Rename Files


You can change the name of a file to better describe its contents. This makes it easier for you to find the file later. When naming your files, use a keyword that will identify the file, such as the name of the client, a project or an event.
You can use up to 255 characters to name a file. You can also include spaces and periods. The only characters you cannot use to name a file are the symbols \ / : * ? | “ < or >. If you use periods in the file name, the letters after the last period should be the file’s extension.


File တစ်ခုကို နာမည်ပေးတဲ့အခါ ပါဝင်တဲ့အကြောင်းအရာနဲ့  ပတ်သက်တဲ့ နာမည်ကိုသာ ပေးသင့်ပါတယ်…


ဒါမှသာ မိမိ File ကို ပြန်ရှာတဲ့အခါ လွယ်ကူမှာဖြစ်ပါတယ်…


File ကို နာမည်ပေးပြီးလို့  ပိုသင့်တော်တဲ့ နာမည်ကို ပြောင်းချင်တဲ့အခါ ပြောင်းပေးလို့ ရပါတယ်…


File name ပေးတဲ့အခါ Space နဲ့  Period တွေ ထည့်လို့ ရပါတယ်… ဒါပေမဲ့ \ / : * ? | “ < နဲ့  > တွေ ပါလို့  မရပါဘူး… File Name မှာ Period သုံးရင် Period နောက်ကစာလုံးက File ရဲ့ Extension ပဲ ဖြစ်သင့်ပါတယ်… (ဥပမာ… Word နဲ့ ရေးတဲစာဆိုရင် .doc, စာရင်းဇယားဆိုရင် .xls, Note Pad နဲ့ ဆိုရင် .txt စသဖြင့်ပဲ သုံးရမှာပါ)

ကွန်ပြူတာအခြေခံ အပိုင်း(၉)

ကွန်ပြူတာအခြေခံ အပိုင်း(၉)

 

လွမ်းက AutoCAD လို့ခေါ်တဲ့ Basic Engineering Drawing ကို သင်ကြားပေးနေသူ ဖြစ်ပါတယ်။

CAD ရဲ့ အဓိပ္ပါယ်ကိုက Computer Aided Design ပါ။ ကွန်ပြူတာအကြောင်း မသိဘဲ ကွန်ပြူတာနဲ့ ပုံဆွဲတာကို သင်ကြားပေးလို့ မရပါဘူး။

လွမ်းရေးခဲ့တဲ့ ကွန်ပြူတာအခြေခံများဟာ Application Software တစ်ခုကို မသင်ကြားမှိ သိသင့်တဲ့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရား၊ အခေါ်အဝေါ်တွေပဲ ဖြစ်ပါတယ်။

လွမ်းရေးခဲ့တာတွေဟာ အခြေခံသဘောတရားကလွဲလို့ အသေးစိတ်ရေးထားခြင်း မဟုတ်ပါဘူး။

ကွန်ပြူတာကို သုံးနေသူတစ်‌ယောက်အနေနဲ့ အခြေခံသိထားသင့်တဲ့ အချက်တွေကိုသာ ရေးသားထားခြင်း ဖြစ်ပါတယ်။

အခုနောက်ပိုင်း Laptop ဝယ်သည်ဖြစ်စေ၊ Desktop ဝယ်သည်ဖြစ်စေ၊ Operating Software ကို Windows 7 ကိုသာ တင်ပေးတတ်ပါတယ်။

Windows XP တုန်းက သုံးရကောင်းသလို တော်တော်များများ Software တွေကို တင်ရလွယ်ကူပါတယ်။

Windows Vista ထွက်လာတော့ Graphic တွေက အရမ်းကောင်းလာပါတယ်။ ဒါပေမဲ့ တစ်ချို့ Software တွေ တင်တဲ့အခါ Error များ ရှိလာပါတယ်။

Windows 7 မှာတော့ Vista လို Graphic တွေက ကောင်းလာတဲ့အပြင် Software တင်တဲ့အခါမှာလည်း တင်လို့ လွယ်ကူတာကို တွေ့ရမှာပါ။

ဒီ‌နေ့တော့ မိမိရဲ့ ကွန်ပြူတာမှာ File တွေကို ဘယ်လိုထားသင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးချင်ပါတယ်။

လွမ်းရဲ့ Laptop မှာလည်း Windows 7 တင်ထားတာမို့ Windows 7 ကို အခြေခံပြီး ရေးသွားပါမယ်။

Display ပေါ်မှာ မိမိသုံးနေသော Software မှလွဲပြီး မည်သည့် File မျှ တင်မထားလျှင် ပိုကောင်းပါတယ်။


ကွန်ပျူတာအခြေခံ အပိုင်း (၈)

ကွန်ပျူတာအခြေခံ အပိုင်း (၈)





How Do I Keep My Computer Healthy?
မိမိကွန်ပျူတာကို ထိန်းသိမ်းနည်း
ယနေ့  မိမိသုံးနေသော ကွန်ပျူတာကို ထိန်းသိမ်းနည်း တင်ပြချင်ပါသည်။


Computers are expensive, and with all big purchases, you probably want to protect your investment. Luckily, it is not difficult to keep your computer healthy and in good working order.

Basically, there are 3 areas that you need to maintain. You need to:
Keep the physical components of your computer clean
Protect your computer from threats such as viruses, and
Keep your files in order to make day-to-day use of your computer efficient and easy.


ကွန်ပျူတာသည် ဈေးကြီးမြင့်သည့်အတွက် မိမိကွန်ပျူတာကို ထိန်းသိမ်းရန် လိုအပ်ပါသည်။ မိမိကွန်ပျူတာကို နေ့ စဉ် ထိန်းသိမ်းသည်မှာ ခက်ခဲသောကိစ္စ မဟုတ်ပါ။

Wednesday, June 22, 2011

Gmail မှ အသစ်ပြုလုပ်ပေးသော Button လေး နှစ်ခု

Gmail မှ အသစ်ပြုလုပ်ပေးသော Button လေး နှစ်ခု
Gmail New! Importance Markers



ဒီနေ့  လွမ်း Gmail ကို Mail Check လုပ်ဖို့  ၀င်တဲ့အခါ အသစ်ပေါ်လာတဲ့ Flyout Message လေးကို ဖတ်လိုက်ရပါတယ်…

New! Importance Markers တဲ့…

မိမိအတွက် အသုံးဝင်နိုင်တဲ့အတွက် OK ဆိုပြီး လက်ခံလိုက်ပါတယ်…



Monday, May 30, 2011

Cbox မှာ စာတွေ ရေးကြမယ်

Cbox မှာ စာတွေ ရေးကြမယ်


သူငယ်ချင်းတို့  Website တော်တော်များများမှာ Cbox လေးတွေကို တွေ့ ဖူးမှာပါ...
ဒီနေ့ Cbox မှာ စာလေးတွေ ဘယ်လိုရေးရတယ်ဆိုတာ ပြောပြချင်ပါတယ်...


ပထမဆုံး Cbox မှာ အောက်ဖော်ပြပါပုံလေးအတိုင်း မြင်ရမှာပါ...


Laptop Battery Power ကို ကြာရှည်စွာ အသုံးပြုနိုင်ရန် နည်းလမ်း

Laptop Battery Power ကို ကြာရှည်စွာ အသုံးပြုနိုင်ရန် နည်းလမ်း


Laptop Computer ကို အသုံးပြုတဲ့သူ များတဲ့အကြောင်းကတော့ မည်သည့်နေရာမှာမဆို အချိန်မရွေး Power Supply နဲ့  ဆက်သွယ်စရာမလိုပဲ အသုံးပြုနိုင်လို့ ပဲ ဖြစ်ပါတယ်…

ဒါပေမဲ့ Laptop နဲ့  တခြား Mobile Device တွေရဲ့ အကြီးမားဆုံး ရင်ဆိုင်ရတဲ့ ပြဿနာကတော့ လိုအပ်တဲ့အတိုင်းအတာအထိ Battery Power က မပေးစွမ်းနိုင်တာပါပဲ…

ဒီတော့ သတ်မှတ်ထားတဲ့ စွမ်းအားပြည့်နဲ့  Battery Power ကို အသုံးပြုနိုင်စေရန် နည်းလမ်းများကို ရှာဖွေခဲ့ကြပါတယ်…

ဓါတ်ပုံ၊ ရုပ်ပုံများကို အကြီးချဲ့ ခြင်း

ဓါတ်ပုံ၊ ရုပ်ပုံများကို အကြီးချဲ့ ခြင်း


မိမိဓါတ်ပုံများကို ချုံ့ တာနဲ့  ပတ်သက်ပြီး လွမ်း ရေးတင်ခဲ့ပြီးဖြစ်ပါတယ်…

လွမ်းရေးထားတာကို လက်တွေ့ လုပ်ကြည့်ပြီးတဲ့သူတွေက အခုရေးမဲ့ ဓါတ်ပုံ၊ ရုပ်ပုံတွေကို ချဲ့  ချင်တဲ့အခါ လုပ်ပုံလုပ်နည်းကို လွယ်ကူစွာနဲ့  လုပ်နိုင်မယ်လို့  ယူဆပါတယ်…
စာမျက်နှာနောက်ခံမှာ ထည့်ချင်တဲ့ပုံရဲ့ မူလ Size က 176KB ရှိပြီး Dimensions က 721x540 Pixels ရှိပါတယ်…
Monitor ရဲ့ Background က အနည်းဆုံး 1024x768 Pixels ရှိရပါမယ်… Wide Screen Monitor အတွက်ဆိုရင် အနည်းဆုံး 1280x800 Pixels ရှိရမှာပါ…

နောက်ခံပုံက တစ်ပုံတည်းထားရင် ပိုကြည့်ကောင်းတာမို့  ပုံကို ချဲ့ ဖို့ လိုလာပါပြီ…

မိမိဓါတ်ပုံလေးတွေကို Resolution မကျပဲ ချုံ့ နည်း

မိမိဓါတ်ပုံလေးတွေကို Resolution မကျပဲ ချုံ့ နည်း



အခု လွမ်းရေးပြမဲ့နည်းက မိမိဓါတ်ပုံတွေကို ချုံ့ တဲ့နည်းပါပဲ…


PhotoShop Software မှာ ချုံ့ လိုက်လဲ ဖြစ်ပါတယ်လို့  စောဒကတက်လို့ ရပါတယ်…


PhotoShop Software သုံးခဲ့ရင်တောင်မှ Resolution မကျပဲ ချုံ့ တတ်ဖို့  လိုပါတယ်…


နိုင်ငံခြားမှာနေတဲ့သူအဖို့  ဓါတ်ပုံ Size ဘယ်လောက်ကြီးကြီး တစ်နိုင်ငံနဲ့  တစ်နိုင်ငံ Send Files ကို အသုံးပြုပြီးတောင် ပို့ လို့ ရပါတယ်…


မြန်မာနိုင်ငံကို ဓါတ်ပုံပို့ ချင်လို့ ပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံက တစ်ခြားနိုင်ငံကို ဓါတ်ပုံပို့ ချင်လို့ ပဲ ဖြစ်ဖြစ် Send File နဲ့  ပို့ လို့ မရသလို ဓါတ်ပုံ Size ကြီးနေရင်လဲ ပို့ တာကြာသလို ယူတာလဲ ကြာပါတယ်…


ဒီတော့ ပို့ မဲ့ပုံကို Size ချုံ့ ပေးလို့  လိုလာပါပြီ…


နောက်တစ်ခုက မိမိဓါတ်ပုံကို Background အသုံးပြုချင်တဲ့သူတွေအတွက်ပါ…


ဓါတ်ပုံ Size က မိမိရိုက်တဲ့ Camera ရဲ့ Resolution ပေါ်မူတည်ပြီး Size အကြီးကြီး ဖြစ်နေတတ်ပါတယ်…


Monitor ရဲ့ အများသုံးတဲ့ Resolution က 1024x768 Pixels ဒါမှမဟုတ် Wide Screen Monitor အတွက် 1280x800 Pixels ရှိတတ်ပါတယ်…
ဒါကြောင့် Ning Website Background အတွက် Resolution ကို ချပေးဖို့  လိုအပ်လာပါတယ်…

Friday, May 27, 2011

ကွန်ပျူတာအခြေခံ အပိုင်း(၇)

ကွန်ပျူတာ အခြေခံ
အပိုင်း (၇)

ဒီနေ့ တော့ မိမိကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းတဲ့နည်းလေး ပြောပြပါ့မယ်…
ကိုယ်ပိုင်စက်နဲ့  အင်တာနက်သုံးတဲ့သူတွေအတွက် အသုံးဝင်မယ်လို့  ထင်ပါတယ်…
ကွန်ပျူတာကို သုံးတာကြာလာတဲ့အခါ စက်လေးလာတာတို့ ၊ သိမ်းရခက်တာတို့  ဖြစ်လာတာကို ကြုံဖူးမှာပါ…
၁။ အင်တာနက်သုံးတဲ့စက်ဆိုရင် Website တစ်ခုကို ၀င်လိုက်တာနဲ့  ကိုယ်ကြည့်တဲ့ Web Pages တွေ၊ ပုံတွေကို Temporary Internet Files များအဖြစ် Hard Disk မှာ သိမ်းထားတတ်ပါတယ်…
၂။ မိမိ ၀င်တဲ့ Web Page က ပုံတွေ၊ သီချင်းတွေ Download လုပ်တဲ့အခါမှာလည်း Downloaded Program Files များကို Hard Disk က သိမ်းထားတတ်ပါတယ်…
၃။ မိမိ မလိုချင်လို့  ဖျက်လိုက်တဲ့ Files များဟာ Recycle Bin မှာ ရှိနေတတ်ပါတယ်… လုံးဝ မလိုချင်တော့ဘူးဆိုတာ သေချာတယ်ဆိုရင်တော့ Empty the Recycle Bin လုပ်ရပါမယ်…
၎။ တစ်ချို့ သော Program များကလည်း Temporary Files များအဖြစ် Hard Disk ပေါ်မှာ သိမ်းထားတတ်တဲ့အတွက် Hard Disk ရဲ့ နေရာကို ယူထားတတ်ပါတယ်…
ဒီအချက်တွေကြောင့် မိမိကွန်ပျူတာရဲ့ Hard Disk ရဲ့ Free Space ကို ပြန်လည်ရယူနိုင်ရန် အတွက် Disk Cleanup ဆိုတာ လုပ်ပေးရပါမယ်…
Disk Cleanup လုပ်ရင် ဘယ်အရာကို ဖျက်မလဲဆိုတာ မေးပါတယ်…
Disk Cleanup လုပ်ပြီးရင်တော့ စက်က သုံးရတာ မြန်လာပြီး Hard Disk မှာ သိမ်းရမဲ့နေရာ ပိုလာတာကို တွေ့  ရမှာပါ…