Wednesday, June 22, 2011

မိမိစိတ်ကြိုက်ထည့်နိုင်သော နည်းပညာလေးများ

မိမိစိတ်ကြိုက်ထည့်နိုင်သော နည်းပညာလေးများ



လွမ်းဆီကို စာရေးမေးမြန်းသောသူများကို တစ်ယောက်ချင်း တတ်နိုင်သမျှ ပြန်လည်ဖြေကြားသော်လည်း မဖြေလိုက်မိသော သူငယ်ချင်းများလည်း ရှိနိုင်ပါတယ်…
ဒီနေ့ တော့ လာမေးသမျှထဲက ကောင်းနိုးရာရာလေးတွေကို ဖြေကြားလိုက်ပါတယ်…
ဖြေကြားပေးမှာတွေကတော့-
၁။ မိမိစာမျက်နှာတွင် Video File တင်ခြင်း၊
၂။ မိမိကိုယ်ပိုင် အုပ်စုအဖွဲ့ ဖွဲ့ ခြင်း၊
၃။ သူငယ်ချင်းများကို တပြိုင်တည်း စာနှင့် ရုပ်ပုံလေးများ ပေးပို့ ခြင်း၊
၎။ မိမိဖတ်စေလိုသော စာမျက်နှာဖွင့်ရန် Link ချိတ်ပေးခြင်း တို့ ကို အဆင့်ဆင့် ပုံနှင့်တကွ ရှင်းပြသွားပါမယ်။


......................................................................................................................................

မိမိစာမျက်နှာတွင် Video တင်လိုသူများအတွက်

၁။ မိမိစာမျက်နှာဘယ်ဖက် မိမိ Profile Photo အောက်တွင် ဗီဒီယိုများ ဆိုတာကို Click ပြုလုပ်ပါ။



၂။ Video ကို YouTube, Hulu or Vimeo မှ သော်လည်းကောင်း၊ မိမိ iphone မှ သော်လည်းကောင်း ထည့်ရင်လည်း ရပါတယ်။ လွမ်းတို့  မြန်မာနိုင်ငံမှတော့ YouTube ကို ပိတ်ထားတဲ့အတွက် ထည့်လို့  မရနိုင်ပါဘူး။ ထည့်လို့ ရခဲ့ရင်တောင်မှ မြန်မာမှ သူငယ်ချင်းများက မြင်ရမှာ မဟုတ်ပါဘူး။



ဒီတော့ လွမ်းတို့ တွေ မိမိစက်ထဲမှာ သိမ်းထားတဲ့ Movie File တွေ ထည့်ရင်တော့ အဆင်ပြေနိုင်ပါတယ်။
Add Videos from Your Computer မှ Simple Uploader ကို ရွေးပါမယ်။



၃။ Browse ကို Click လုပ်ပြီး မိမိစက်ထဲတွင် သိမ်းထားသော Video File ကို ရွေးပြီး တင်နိုင်ပါတယ်။

သတ်မှတ်ချက်က Video File ဟာ 100MB ထက်ကျော်လို့  မရပါဘူး။ Video Format ကလည်း .mov, .mp4, .mpg, .avi, .3gp, .3g2, .wmv extension နဲ့  File တွေကိုပဲ လက်ခံတာပါ။

......................................................................................................................................

မိမိကိုယ်ပိုင်အုပ်စုလေးများ ဖွဲ့ လိုသူများအတွက်

ချောကလက်မြို့ တော်မှာ Group လို့ ခေါ်တဲ့ အုပ်စုအဖွဲ့ လေးများ များစွာရှိပါတယ်။
အဖွဲ့ ဖွဲ့ ပြီး သူငယ်ချင်းတွေကို မိမိအုပ်စုတွင်း ၀င်လာအောင် ဖိတ်ခေါ်ရပါတယ်။
အုပ်စုဖွဲ့ တဲ့ ခေါင်းဆောင်ဟာ မိမိအဖွဲ့ ရဲ့ ဖွဲ့ စည်းရခြင်းရည်ရွယ်ချက် ရှိရပါမယ်။
အဖွဲ့ ဖွဲ့ ပြီးသွားတဲ့အခါမှာလည်း မိမိအဖွဲ့ ဟာ လှုပ်ရှားမှုရှိနေရပါမယ်။

၁။ အဖွဲ့ ဖွဲ့ တော့မယ်ဆိုရင် မိမိဝင်ထားတဲ့ အဖွဲ့ အောက်ခြေမှာ အဖွဲ့ ဖွဲ့ မယ် ဆိုတာကို Click ပြုလုပ်ရပါမယ်။ အဖွဲ့ မ၀င်ရသေးဘူးဆိုရင်လည်း မိမိ Profile Photo အောက်ဖက်မှာ အဖွဲ့ များ ဆိုတာကို Click ပြုလုပ်ပါ။

၂။ Group Information မှာ ထည့်ရမဲ့ အချက်အလက်တွေကတော့ -


  • Name : မိမိအဖွဲ့ ရဲ့ နာမည်ကို ရေးရပါမယ်။
  • Image : မိမိအဖွဲ့ တွင် အသုံးပြုမဲ့ပုံကို ထည့်ရပါမယ်။
  • Description : မိမိအဖွဲ့ ဖွဲ့ စည်းရတဲ့ ရည်ရွယ်ချက် အကျဉ်းချုပ်ကို ရေးရပါမယ်။
  • အဖွဲ့ လိပ်စာနေရာတွင် နမူနာပြထားသည့်အတိုင်း http://chocolatemyotaw.ning.com/group/................
          ………….. နေရာတွင် မိမိအဖွဲ့ နာမည်ကို ရေးရမှာပါ။ English လိုဖြစ်ရပါမယ်။
  • Website : http://chocolatemyotaw.ning.com လို့ ရေးပါ။
  • Location : အဖွဲ့ တည်ထောင်တဲ့ နေရာကို ရေးပေးရမှာပါ။
ညာဖက်မှာ Features, Privacy နဲ့  Messages တွေကို မိမိစိတ်ကြိုက်ပေးထားလို့  ရပါတယ်။
အားလုံးဖြည့်ပြီးရင်တော့ အဖွဲ့ ထည့်မယ် ဆိုတာကို Click လုပ်ရုံပါပဲ။
အက်မင်များရဲ့ အတည်ပြုတာကို စောင့်ရပါမယ်။


......................................................................................................................................

သူငယ်ချင်းများအားလုံးကို တပြိုင်တည်း မှတ်ချက်ပို့ လိုသူများအတွက်

လွမ်းဆီကို မှတ်ချက်လာပေးရင် တတ်နိုင်သမျှ တစ်ယောက်ချင်းစီကိုပဲ လွမ်း Reply လုပ်ပါတယ်။
သူငယ်ချင်းတွေဆီကို တစ်ခါတည်း ပို့ ချင်တယ်လို့  လွမ်းဆီကို မေးတဲ့စာလေးရောက်လို့ ပါ။

၁။ ညာဖက်မိမိနာမည်အောက်မှာ သူငယ်ချင်းများ ဆိုတာကို Click ပြုလုပ်ပါ။ ကိုယ့်သူငယ်ချင်းများ အောက်မှာ သူငယ်ချင်းအားလုံးကို စာပို့ မယ် ဆိုတာကို Click ပြုလုပ်ပါ။


၂။ မိမိသူငယ်ချင်းများကို တွေ့ ပါလိမ့်မယ်။ မိမိက နှစ်ယောက်ကို Tick ပြုလုပ်လျှင် 2 Friends Selected လို့  တွေ့ ရမှာပါ။  



Select ဘေးက Friends on this Network ဆိုတာကို Click လုပ်ရင်တော့ သူငယ်ချင်းအားလုံးကို ရွေးသွားမှာပါ။ Subject နေရာတွင် မိမိတပ်လိုသော ခေါင်းစဉ်ကို ရေးသားပြီး မှတ်ချက်ထည့်သည့်အတိုင်း ပုံများ၊ စာများ တွဲဖက်၍ သူငယ်ချင်းအားလုံးသို့  ပေးပို့ နိုင်ပါတယ်။


.............................................................................................................................................


မိမိပေးပို့ သောစာတွင် Link ချိတ်ပေးခြင်း



Link ချိတ်ပုံ သိချင်လို့ ပါလို့  စာရေးမေးတဲ့အတွက် လုပ်ပုံအဆင့်ဆင့် ရှင်းပြပါမယ်။

၁။ နမူနာအနေနဲ့  သူငယ်ချင်းတစ်ယောက်ဆီကို မိမိစာမျက်နှာ Link လေးချိတ်ပေးတဲ့နည်းလေးပါ။ မိမိ ရေးလိုသောစာကို အရင်ရေးပါမယ်။



၂။ မိမိ Link ချိတ်လိုသော စာသားလေးကို Select ပြုလုပ်ထားပါမယ်။ Select ပြုလုပ်ပုံများစွာ ရှိတဲ့အတွက် သီးခြား ရေးသားပါမယ်… Select လုပ်လျှင် စာလုံးများက Highlight ဖြစ်နေပါတယ်။



၃။ Tool Bar ထဲက Link ဆိုတာကို Click လုပ်လိုက်လျှင် Dialog Box တစ်ခု ပေါ်လာပါလိမ့်မယ်။ မိမိ Select ပြုလုပ်ထားသောစာသားက အလိုအလျောက်ပေါ်နေပြီး Link URL နေရာတွင် Address Bar မှ Link ကို ကူးရေးပေးရုံပါပဲ။ ပြီးလျှင် OK ပေးလိုက်ပါ။



၎။ Link ချိတ်ထားသောစာသားတွင် အရောင်ပြောင်းပြီး မျဉ်းသားထားတာကို တွေ့ ရပါမယ်။ ၄င်းစာသားပေါ်ကို Click ပြုလုပ်လိုက်လျှင် Link ချိတ်ထားသော စာမျက်နှာသို့ ရောက်သွားမှာ ဖြစ်ပါတယ်။



အင်တာနက်ကို အသုံးပြု၍ ကွန်ပျူတာနည်းပညာများ လေ့လာနိုင်ကြပါစေ။





လွမ်းဧကရီ
၀၂-၀၅-၂၀၁၁
စာရေးပြီးချိန် ညနေ ၃း၂၅ နာရီ

No comments: