Monday, August 30, 2010

ဝဋ်ကြွေးလေလား



ဝဋ်ကြွေးလေလား

အပိုင်း (၁)

ကျနော်ချစ်တဲ့ မိန်းမတစ်ယောက်က ကျနော့်အပေါ် ဒီလောက်ရက်စက်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူးဗျာ…

 
ခုချိန်မှာ ကျနော် ဆေးရုံပေါ် ရောက်နေတာလေ…

 
ကျနော့်အမေတစ်ယောက်ပဲ ကျနော့်ဘေးမှာ ရှိနေတာ…

 
အမေရဲ့ ညှိုးနွမ်းနေတဲ့မျက်နှာကို ကြည့်ပြီး ကျနော် ရင်နာတယ်…

 
ကျနော် နေရမဲ့ ကျန်ရှိနေတဲ့ သက်တမ်းလေးကို အမေ့ကြောင့် ဆွဲဆန့်နေမိတာ…

 
ကျနော့်လို အဖြစ်မျိုးလည်း ဘယ်သူ့ကိုမှ မကြုံစေချင်ပါဘူးဗျာ…

 
ကျနော့်အကြောင်းကို ခင်ဗျားတို့ကို သိအောင် ပြောပြမယ်…

Wednesday, August 11, 2010

ကျေနပ်ကြပါတော့


ကျေနပ်ကြပါတော့

လှည့်ကွက် (၁)


မိုး

ကျော့်ကို ပြောစရာရှိတာနဲ့ အတော်ပဲ

ဘာပြောမလို့လဲ မိုးရ

ချော့ကလက်မြို့တော်မှာ အွန်လိုင်းအချစ်ဇာတ်လမ်းတွေ ရေးနေတဲ့ လွမ်းဆိုတာ ကျော်သိလား?

သိတယ်လေ… ဘာလို့လဲ?

သူ့ကို မိုး စိတ်ဝင်စားတယ်…

အဲဒီတော့…

မိုး သူခံစားရတာကို မြင်ချင်တယ်…

ကျော့်ကို ဘာလုပ်စေချင်လို့လဲပြော… မိုးအတွက်ဆို ကောင်းကင်က ဓူဝံကြယ်ကိုပဲ ဆွတ်ယူပေးရမလား… ကျော်ရအောင် ယူပေးမယ်…

အဲလောက်ခက်ခဲတာကို မလုပ်ခိုင်းပါဘူးနော်… သူ့ကို ချဉ်းကပ်ပြီး သူ့အချစ်ကို ရအောင် ယူကြည့်ပါလား…


အိုကေ… စိမ်လိုက်… သူက ကိုယ်တို့နှစ်ယောက် ပတ်သက်တာကို သိထားတော့ သူ့ကို ယုံအောင်တော့ ဒီရက်အတွင်း ဆင်ခြင်ပြီး နေမှရမယ်ထင်တယ်…
အင်းပါ မိုးလည်း သူ့ကိုအရမ်းခင်တယ်ဆိုပြီး တစ်ဖက်က ဝင်မယ်မိုးဆီကိုတော့ အခြေအနေ သတင်းပို့အုန်းနော်

စိတ်ချပါမိုးရာကိုယ် မိုးကို အမြဲဆက်သွယ်နေမယ်

မြစ်တစ်စင်းရဲ့ အလင်္ကာ



  မြစ်တစ်စင်းရဲ့ အလင်္ကာ


ကဗျာတွေနဲ့
ခရီးဆက်ချင်တယ်…။


ဟော့ဒီမြစ်ကြီးရှိနေသ၍
သက်တံ့တွေမကုန်ဆုံးဘူး…။


မြစ်ကြီးထဲမှာ
မြစ်လက်တက်လေးတစ်ခု စီးဝင်ခွင့်ပြုပါ…။


အဲ့ဒီမြစ်လေးကနေ
မြစ်ကြီးရဲ့အသက်
ရှင်သန်နေခဲ့တာပဲလေကွယ်
မြစ်ကြီးဆိုတဲ့ဝေါဟာရက
မြစ်လေးမရှိရင် ဘာအဓိပ္ပါယ်ရှိအုန်းမှာလဲ…။


မြစ်ကြီးစီးဆင်းရှင်သန်နေဖို့
မြစ်လက်တက်လေးက
အမြဲထာဝရစီးဝင်နေမှာပါ…။


လှပတဲ့တောင်တန်းတွေ ညီညာနေ
ဟော့ဒီ မြစ်လက်တက်လေးတွေကြောင့်ဆိုတာ
မင်းငြင်းအုန်းမှာလား…။


တိမ်ပြာပြာအောက်က
တောင်တန်းတွေအလှကို ခံစားရင်း
ဘဝမှာ နေပျော်ချင်ပါတယ်…။


အဲ့ဒါ ပန်းချီကားတစ်ချပ်ရဲ့
အလှကို မင်းလှမ်းမြင်လိုက်တာပဲ
အဲ့ဒီ ပန်းချီကားကို အပြာရောင်တွေနဲ့
ရေးဆွဲလိုက်ကြမယ်
မြစ်တစ်စင်းရဲ့ အလင်္ကာအောက်မှာ
ရှုမျှော်ခင်းတွေ ရှည်လျားနေမှာပါ…။


အပြာရောင်ပန်းချီကားထဲမှာ
အသည်းနှလုံးအနီစက်လေးတစ်ခု
ထည့်ဆွဲမယ်…။


အနီရောင်မြစ်ထဲ
အပြာရောင်တိမ်တိုက်တွေ ဆင်းသောက်
ချစ်သူတွေ ထာဝရရှင်သန်မှုတွေနဲ့
စီးဆင်းလို့
တစ်ချို့ ရေဆင်းချိုး
တစ်ချို့ ရေဆင်းခတ်
တစ်ချို့ချို့ မြစ်ကမ်းဘေးမှာ ထိုင်နေလိမ့်အုန်းမယ်…။


စီးဆင်းနေတဲ့ မြစ်ရဲ့အနားသတ် ကမ်းစပ်တွေကို
လွမ်းမောမှုတွေ မတိုက်စားဘဲ
ဆက်လက် စီးမြောနေချင်တယ်
မြစ်ကမ်းစပ်ရဲ့တစ်ဖက်မှာ
အထီးကျန်မှု အလွမ်းတွေနဲ့
ငေးမောထိုင်နေရလို့ပါ…။


ဒါကို အထီးကျန်ခြင်းလို့ မဆိုလိုက်ပါနဲ့လားကွယ်
ပန်းတွေဖူးပွင့်ဖို့ အညတရလေညှင်းက
ဝတ်မှုံကူးခြင်းနိယာမနဲ့
တိုက်ခတ်ပေးနေတာပါ
လရောင်က ဘာမှမပိုင်ပေမဲ့
လရောင်ကို မြတ်နိုးနေကြတယ်လေ…။

လေညှင်းလေးတွေရယ်
လရောင်လေးတွေရယ်
ပန်းရနံ့လေးတွေရယ်
ရေစီးအသံလေးတွေရယ်
တသွင်သွင် စီးဆင်းနေလိုက်ကြတာပေါ့…။



တိမ်ပြာ + လွမ်း
၀၉-၀၈-၂၀၁၀
ညနေ ၄-နာရီ

မပြိုင်သင့်ခဲ့သော ပြိုင်ပွဲ

မပြိုင်သင့်ခဲ့သော ပြိုင်ပွဲ



သိမ့် မောင့်ကို ချစ်တယ်လို့ အဖြေပေးပြီးတဲ့နောက်မှာ ချစ်သူရည်းစားဘ၀နဲ့  ပျော်နေခဲ့တယ်...


အတူသွား၊ အတူလာနေရင်းနဲ့ မှ မောင့်မိသားစုလေး အကြောင်းသိလာရတယ်...


မောင်တို့ မိသားစုက နယ်မြို့ လေးမှာ ချမ်းသာတဲ့မိသားစုမှန်း သိလာရတယ်...


သိမ့်...မောင့်ကိုအဖြေပေးခဲ့စဉ်က မောင့်မိသားစု အကြောင်းကို ထည့်မစဉ်းစားခဲ့ရိုး အမှန်ပါ...


သိမ့်မိသားစုက ၀န်ထမ်းမိသားစုဆိုတော့ မိသားစုအသိုင်းအ၀ိုင်းနှစ်ခုက မတူကြဘူး...


ပထမအဆင့် အနေနဲ့ သိမ့်တို့ တိုင်ပင်ပြီး သိမ့်နဲ့ မောင် ချစ်နေကြကြောင်းကို နှစ်ဖက်မိဘကို အသိပေးကြတော့ သိမ့်မိဘတွေက အလုပ်အကိုင် အတည်တကျဖြစ်ပြီးမှ လက်ထပ်စေချင် တယ်...


မောင့်မိဘတွေကတော့ ထုံးစံအတိုင်း ချမ်းသာတဲ့မိသားစုအသိုင်းအ၀ိုင်းက မိန်းခလေး တစ်ယောက်နဲ့  မောင့်ကို လက်ဆက်ပေးဖို့  ကြိုးစားခဲ့ကြသေးတယ်...


မောင်က သိမ့်ကလွဲပြီး ဘယ်သူနဲ့ မှ လက်မထပ်နိုင်ဘူးလို့  မောင့်မိဘတွေကို ကျေညာတဲ့အတွက် မောင့်မိဘတွေက ဘာမှ မတတ်သာတော့တာလေ...


ဒီအကြောင်းလေးကို သိလိုက်ရတဲ့ သိမ့်စိတ်ထဲ ပထမဆုံးအကြိမ် မောင့်မိဘတွေအပေါ် စိတ်ကွက်မိတာတော့ အမှန်ပါ...

မျှော်လင့်ခြင်းများစွာဖြင့်


မျှော်လင့်ခြင်းများစွာဖြင့်




အပိုင်း(၁)


ကိုရင်မောင် အလုပ်ကိုသာ လာရတယ်... စိတ်က မဖြောင့်...

အိမ်မှာ သားတော်မောင်က နေမကောင်းဖြစ်နေတယ်... ဒီနေ့  ကျောင်းမတက်နိုင်...

ဒီကောင်က လေးတန်း... အိမ်နားနီးတဲ့ မူလတန်းကျောင်းမှာပဲ ထားတယ်...

သူများမိဘတွေလို ကျောင်းလိုက်မပို့ နိုင်...

သားတော်မောင်ကို ကိုယ့်အားကိုယ်ကိုး ကျောင်းသွားခိုင်းရတယ်...

ဒီကောင်ကလဲ မိဘတွေအပေါ် အလိုက်သိတယ်...

မနေ့ က ကျောင်းက အပြန် မိုးမိပြီး ဒီနေ့ ဖျားတော့ ကျောင်းမတက်နိုင်တာ...

ကျနော့်အလုပ်ကလဲ ခွင့်တင်ထားတာ မဟုတ်တော့ မသွားလို့  မရ...

ကျနော်က အစိုးရအလုပ်ရုံတစ်ခုက လုံခြုံရေးတာဝန်ခံလေ...

စကားလှအောင် ပြောတာပါဗျာ... အပေါက်စောင့်ဆိုပါတော့...

ကိုယ့်အလုပ်ရုံက မဟုတ်တဲ့ကားတွေကို စစ်ဆေးမေးမြန်း လက်မှတ်ထိုးခိုင်းပြီးမှ တံခါးဖွင့်ပေးရတာလေ...

ဝင်တဲ့ကား ပြန်ထွက်တော့လဲ ပြန်ထွက်ချိန်ကို မှတ်ထားပြီး တံခါးဖွင့်ပေးရတာ...

အလုပ်က အဆိုင်းနဲ့ ဆင်းရတာ... မနက် ၆-နာရီကနေ နေ့ လည် ၂-နာရီက တစ်ဆိုင်း၊ နေ့ လည် ၂-နာရီကနေ ည ၁၀-နာရီက တစ်ဆိုင်း၊ ည ၁၀-နာရီကနေ မနက် ၆-နာရီက တစ်ဆိုင်း အဆိုင်း
၃-ဆိုင်း ခွဲပြီး အလုပ်ဝင်ရတာ...

ဒီနေ့  အလုပ်က မနက် ၆-နာရီ ၀င်ရမှာလေ... ပင်ပန်းပြီး အိပ်ပျော်နေတဲ့ မိန်းမကို မနှိုးတော့...

မိန်းမက အထည်ချုပ်အလုပ်ရုံမှာ အပ်ချုပ်စက် အလုပ်သမ...

သူက အချိန်ပိုလုပ်ရင် လုပ်သလောက်ရတော့ အလုပ်လောဘကြီးပြီး မနေ့ က ည ၇-နာရီမှ အိမ်ပြန်ရောက်လာတယ်...

သားတော်မောင် ကိုယ်ပူကြီးတော့ ရေခဲသွားဝယ်ပြီး အပူကျအောင် လုပ်ပေးနေတာနဲ့  ည ၁၁-နာရီမှ အိပ်သွားရတယ်... သူ့ အလုပ်က မနက် ၉-နာရီမှ သွားရမှာ...

ကျနော်လဲ မနက် ၄-နာရီခွဲထ၊ မနေ့ က ကျန်တဲ့ ထမင်းလေးကျော်... သူတို့ နှစ်ယောက်အတွက် ချန်ပြီး အလုပ်ကို အပြေးလာခဲ့ရတာ... ညဆိုင်းဝင်တဲ့သူနဲ့  တာဝန်လွှဲပြောင်းရတာလေ...

တာဝန်လွှဲပြောင်းပြီးတာနဲ့  အလုပ်ရုံကို တစ်ပတ် လှည့်ပတ်ပြီး စစ်ဆေးရတယ်...

စစ်ပြီးတာနဲ့  တံခါးဂိတ်ကို ပြန်လာပြီး အစီရင်ခံစာမှာ လိုအပ်တာတွေ ဖြည့်ရတယ်...

ထွက်လာခါနီး သားတော်မောင်ကို ကိုယ်ပူစမ်းခဲ့တာ နွေးနွေးလေး ကျန်သေးတယ်...

နှောင်းနောင်တ

နှောင်းနောင်တ


အပိုင်း-၁


သီရိတို့ သူငယ်ချင်းအုပ်စုက ယောင်္ကျားလေး လေးယောက်၊ မိန်းခလေးလေးယောက်...

ကွန်ပျူတာတက္ကသိုလ်မှာ အတန်းတူ၊ ကျောင်းကားအတူတူဖြစ်လို့  တွဲမိသွားတာလဲ ပါတယ်...

သီရိတို့ သူငယ်ချင်းတွေနာမည်ကို နာမည်ပြောင်ပဲ ခေါ်ကြတာ...

သီရိကိုတော့ သူငယ်ချင်းတွေက မှန်ကြောင်လို့ ခေါ်တယ်... မျက်မှန်တပ်ရလို့  လေ...

ယောင်္ကျားလေးတွေနာမည်ကလဲ သမိန်ပေါသွပ်၊ ညောင်ညောင်၊ ဦးစိတ်တို နဲ့  တာတီးဗိုး လို့ ပေး ထားကြတာ...

သီရိတို့ မိန်းခလေးလေးယောက်နာမည်က မှန်ကြောင်၊ ရှင်ဂွမ်းဂွိ၊ တရုပ်မနဲ့  ဘုတ်ဆုံမ လေ...

ကျောင်းကားပေါ်မှာ သီရိတို့ အုပ်စုက အကဲဆုံး... ကျောင်းကားပေါ်မှာ ဆူညံနေအောင် စကားတွေ ပြောကြတာလေ...

အတန်းထဲထိ ပြောစရာစကားက မကုန်ကြဘူး...

ဒါပေမဲ့ သီရိတို့ အုပ်စုက ဆရာ၊ ဆရာမတွေကို ရိုသေတယ်... စာကြိုးစားလို့  ခင်တဲ့သူပေါတယ်...

သီရိတို့  အုပ်စုက တစ်ယောက်နဲ့ တစ်ယောက် နောက်ပြောင် ရိုက်ပုတ်နေကြတာ...

သမိန်ပေါသွပ်နဲ့ ရှင်ဂွမ်းဂွိ နှစ်ယောက်သာ ရည်းစားဖြစ်သွားပေမဲ့ ကျန်တဲ့သုံးယောက်က စီးပွားရေးတက္ကသိုလ်က ကောင်မလေးတွေနဲ့  ရည်းစားဖြစ်နေကြတာ...

သီရိတို့ တွေပါ ရွာသာကြီးကို လိုက်လည်ကြသေးတာလေ...

သီရိတို့ ကျောင်းကနေ ၄-နာရီကျောင်းဆင်းပေမဲ့ အိမ်ကို ၅-နာရီခွဲမှပဲ ပြန်ရောက်တယ်...

သီရိ အကျင့်တစ်ခုရလာတယ်...

ကျောင်းကအပြန် အင်တာနက်ဆိုင်ကိုဝင်ပြီး သုံးတဲ့အကျင့်ဖြစ်လာတယ်...

ကြေကွဲဝမ်းနည်းရတဲ့ ဘ၀မှတ်တမ်း

Image and video hosting by TinyPic



ကြေကွဲဝမ်းနည်းရတဲ့ ဘ၀မှတ်တမ်း



အပိုင်း(၁)



သိမ့် မောင့်ကို စချစ်ခဲ့ကတည်းက ဘ၀သက်ဆုံးတိုင် ရည်ရွယ်ပြီး ချစ်ခဲ့တာပါ...


မောင်နဲ့ သိမ့်က ကျောင်းအတူတူပြီးလို့  အလုပ်ထဲဝင်မှ တွေ့ ခဲ့ကြတာလေ...


အလုပ်အတူတူဆင်းရင်း သွားအတူ၊ စားအတူဖြစ်ရာက မောင်က သိမ့်ကို ချစ်တယ်လို့  ဖွင့်ပြောခဲ့တယ်...


သိမ့်ကလဲ မောင်ကို ချစ်တယ်လို့  ပြန်အဖြေပေးခဲ့တယ်...


နှစ်ဖက်မိဘတွေ ဖွင့်ပြောပြီး ဘ၀ခရီးကို အတူလက်တွဲဖို့  ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်...


ရည်းစားဘ၀မှာပဲ အိမ်ထောင်ပစ္စည်းလေးတွေကို စုဆောင်းခဲ့ကြတယ်...


တစ်ယောက်စိတ်သဘော၊ တစ်ယောက်သိနားလည်ဖို့  ကြိုးစားညှိနှိုင်းခဲ့ကြတယ်...


သိမ့်က အိမ်မှာအလတ်ဆိုတော့ ဘာမှမလုပ်ရတော့ ထမင်း၊ ဟင်း မချက်တတ်ဘူး...


သရက်သီးတောင် အခွံမနွှာတတ်ဘူး...


သိမ့်က အပြင်သွားရင် လှလှပပနေတတ်ပေမဲ့ အိမ်မှာ အ၀တ်တွေကို ပုံထားတတ်တယ်...


တစ်ပတ်တစ်ခါမှ အ၀တ်တွေ စုလျှော်တတ်တယ်... သွားခါနီးမှ မီးပူတိုက်ဝတ်တယ်...


ဒါပေမဲ့ သိမ့်က စာတော်တယ်... ဥာဏ်ကောင်းတယ်... ထက်မြက်တယ်...

မိန်းမတစ်ယောက်ရဲ့ မာန



မိန်းမတစ်ယောက်ရဲ့ မာန


မသိလို့ မှားခဲ့တဲ့အမှားအတွက်



နောင်တရဖို့ တန်သလား



ယုံခဲ့တဲ့ ငါ့အမှားလား



ညာခဲ့တဲ့ နင့်ရဲ့အပြစ်လား



ပြီးခဲ့တဲ့ ဇာတ်လမ်း



ပြန်ဆက်မယ်ရော ထင်သလား



ဟားတိုက်ရယ်မောခံရတဲ့ မိန်းမတစ်ယောက်ဟာ



ဒီဘဝမှာ တစ်သက်စာမှတ်သွားတယ်ဆိုတာ



နင် နားလည်ရင်



ဘယ်တော့မှ နောက်ထပ်ရယ်ဖို့ မကြိုးစားပါနဲ့



ငါ့မှာလည်း မာနဆိုတာ ရှိတယ်



နင့်ကို သိခွင့်ပေးတဲ့



ကံကြမ္မာကို



ငါ



မုန်း



တယ်





လွမ်း
၀၃-၁၂-၀၉

နံနက် ၅:၀၉ နာရီ

Thursday, August 5, 2010

တစ်ယောက်သောသူသို့



တစ်ယောက်သောသူသို့

မသိလိုက်ဘူး



..တကယ့်ကို မသိလိုက်ဘူး..



သိလိုက်တော့လည်း



…မသိချင်တော့ပြန်ဘူး…



သိနေတာထက်



….မသိတာဘဲ ကောင်းပါတယ်….



မသိသလိုဘဲ



…..နေလိုက်ကြရအောင်ပါ…..




လွမ်း
၂၆-၀၇-၂၀၁၀

မနက် ၁၀:၃၇ နာရီ