Wednesday, June 22, 2011

လွမ်း နဲ့ ချော့ကလက်မြို့ တော်


လွမ်း နဲ့ ချော့ကလက်မြို့ တော်


၂၀၁၀-ခုနှစ်၊ မတ်လ-၁၈ ရက်နေ့  ချော့ကလက်မြို့ တော်ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ မှာ Admin.3 ဖြစ်တဲ့ လွမ်းက နှုတ်ခွန်းဆက် စကားလေးပြောချင်ပါတယ်…

လွမ်း…ချော့ကလက်မြို့ တော်ကို မြို့ စားလေးရဲ့ဖိတ်ကြားချက်အရ ၂၀၀၉-ခုနှစ်၊ ဇွန်လ-၁၄ ရက်နေ့  မှာရောက်လာတာပါ…

လွမ်း… ချော့ကလက်မြို့ တော်မှာ သက်တမ်း ၉-လရှိပါပြီ…

သက်တမ်း ၉-လအတွင်းမှာ လွမ်းသူငယ်ချင်း ၁၁၉၃-ယောက်ရှိပါတယ်…

လွမ်းရေးတင်တဲ့ Blog က ၅၆-ပုဒ် ရှိပါတယ်…

လွမ်းဆီကို ၀င်တဲ့စာက ၁၉-မျက်နှာရှိပါတယ်…တစ်မျက်နှာမှာ အစောင်-၅၀ ရှိပါတယ်...

လွမ်းဆီကို Comment ပေးပို့ ထားတာ ၈၉၀၀-ကျော်ပါပြီ…

လွမ်း… ချော့ကလက်မြို့ တော်ကို သံယောဇဉ်ဖြစ်သွားမိတယ်ဆိုတာ မလွန်ပါဘူးနော်…

လွမ်း… ချော့ကလက်မြို့ တော်ကို စရောက်တဲ့နေ့ ပဲ ကလေးအတွေးဆိုတဲ့ စာလေးကိုရေးတင်ပါတယ်… လွမ်းရေးတဲ့စာမှာ မှတ်ချက်လေးတွေ လာပေးကြပါတယ်…

အဲဒီ့မှတ်ချက်လေးတွေက လွမ်းကို စာဆက်ရေးဖို့  အားဖြစ်စေပါတယ်… လွမ်း ကိုယ်တိုင်ရေး ခံစားချက်စာလေးတွေ ဆက်တိုက်ရေးတင်ဖြစ်ပါတယ်…

လွမ်းရေးတဲ့အခါတိုင်း မြို့ သူ၊ မြို့ သူတွေက မှတ်ချက်ပေးပြီး အားပေးကြပါတယ်…

မြို့ တော်သူ၊ မြို့ တော်သားတွေရဲ့ ချစ်စရာကောင်းတဲ့အချက်က လွမ်းရေးတဲ့စာကို လာဖတ်ပြီး မှတ်ချက်လေးတွေ ရေးသွားတတ်တာပါပဲ…

လွမ်းက စာရေးတင်ပြီးရင် ကိုယ်ရေးတဲ့စာမှာ ဘယ်သူက ဘယ်လိုများ မှတ်ချက်လေးရေးသွားလဲ ဆိုတာ ၀င်ဝင်ဖတ်ရတာ အမောပါ…

အရင်ကဆိုရင် လွမ်းဆီ မှတ်ချက်ရေးပေးတဲ့သူတွေကို တစ်ယောက်ချင်း ကျေးဇူးတင်ကြောင်း လိုက်ပြောပါတယ်…

ခုတော့ မှတ်ချက်ထဲမှာ မေးထားတဲ့မေးခွန်းတွေ ပါလာရင် သွားဖြေပါတယ်…

လွမ်းရေးတဲ့စာကို အားပေးကြတဲ့ မြို့ သူ၊ မြို့ သားတွေအားလုံးကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း ထပ်မံပြောကြားလိုပါတယ်…

လွမ်းတတ်သိထားတဲ့ ပညာရပ်လေးတွေကိုလည်း ဆက်လက်ဝေမျှသွားပါ့မယ်…

ချော့ကလက်မြို့ တော်ရဲ့ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ မှာ လွမ်းအနေနဲ့  မြို့ တော်သူ၊ မြို့  တော်သားတွေကို ကျန်းမာ၊ ချမ်းသာကြပြီး ဘေးဘယာကင်းဝေးပါစေကြောင်းနဲ့  ချော့ကလက်မြို့  တော်လေးမှာ ပျော်ရွှင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းပါတယ်…




လွမ်း

၁၈-၀၃-၂၀၁၀

နံနက် ၁၀း၀၁

No comments: