Friday, January 31, 2014

အမှတ်တရနေ့လေး



အမှတ်တရနေ့လေး

၂၀၀၄-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ဟာ ကျနော့်ဘဝမှာ ကျနော် ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရနေ့လေးဆိုတာ သူငယ်ချင်းတို့လည်း သိကြမှာပါ။
 
ကျနော်ဟာ ကျနော့်ချစ်သူပြန်အလာကို မျှော်နေတဲ့သူပါ။


၂၀၀၄-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့တုန်းကပေါ့။


မျှော်နေတဲ့သူမလာဘဲ ကျနော့်ဆီကို ရောက်လာတဲ့သူတွေကတော့ -

ပထမဆုံးရောက်လာတဲ့သူက သူတက်သွားတဲ့ သင်္ဘောကုမ္ပဏီက ကိုယ်စားလှယ်အန်ကယ်ပါ…

သမီးရယ်…အန်ကယ်ပြောရမှာ စိတ်မကောင်းပါဘူး…သူတို့သင်္ဘော Panama Canal မရောက်ခင် Caribbean Sea မှာ ပေါက်ကွဲနစ်မြုပ်သွားတယ်…သူက Engine Room မှာ တာဝန်ကျနေတော့ သူအပါအဝင် ငါးယောက် သင်္ဘောနစ်မြုပ်တဲ့အထဲ ပါသွားခဲ့တယ်…သတင်းကြားကြားချင်း သမီးကို လာပြောပြတာ…

သမီး မယုံဘူး အန်ကယ်…

တကယ်ဖြစ်သွားခဲ့တာပါ…သမီး ယုံပါကွယ်…

သမီး မကြားပါရစေနဲ့ အန်ကယ်…သူပြန်လာမယ်လို့ သမီးကို ပြောသွားခဲ့တာ…


အန်ကယ် တကယ်စိတ်မကောင်းပါဘူး သမီးရယ်…

Tuesday, January 21, 2014

အရမ်းကို တိုးတက်နေသော စင်္ကာပူ


အရမ်းကို တိုးတက်နေသော စင်္ကာပူ


လွမ်း စင်္ကာပူကို မရောက်တာ ကြာပါပြီ။

ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်လိုက်တဲ့အတွက် စင်္ကာပူမသွားဖြစ်ဘဲ ထိုင်းနိုင်ငံသို့သာ သွားဖြစ်ပါတယ်။
 ဒီနှစ်စမှာတော့ မရောက်တာကြာပြီဖြစ်တဲ့ စင်္ကာပူကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

စင်္ကာပူနိုင်ငံကို ၇-ကြိမ်မြောက် ခရီးထွက်ခြင်းပါ။

(၆) ကြိမ်မြောက်က ၂၀၁၀-ခုနှစ်က ရောက်ခဲ့တာပါ။

စင်္ကာပူနိုင်ငံအကြောင်းရေးရင်း လွမ်း ပြောပြချင်တဲ့အကြောင်းက နိုင်ငံခြားမှာ ပစ္စည်းဝယ်ရင် Refund ပြန်ပေးတတ်တဲ့အကြောင်းပါ။
 လွမ်း စင်္ကာပူနိုင်ငံမှာ လျှပ်စစ်ပစ္စည်းတွေ ဝယ်ဖြစ်ပါတယ်။
 လွမ်းအတွက် အသုံးကျမဲ့ 2TB External Harddisk ဝယ်ဖြစ်ပါတယ်။
Mobile Phone နဲ့ TV တွဲသုံးနိုင်တဲ့ကြိုး၊ Player နဲ့ TV တွဲသုံးနိုင်တဲ့ကြိုးတွေ ဝယ်ဖြစ်ပါတယ်။
 Mobile Phone မှာ ထည့်သုံးဖို့ Memory Card ဝယ်ပါတယ်။
 ဝယ်တဲ့ပစ္စည်းအတွက် Refund လိုချင်ကြောင်းပြောတဲ့အခါ လွမ်း Passport ကို ပြရပါတယ်။

Form မှာ လွမ်းနာမည်နဲ့ Passport ထည့်ရေးထားတဲ့စာရွက်ကို ဆိုင်က ပေးလိုက်ပါတယ်။
 
Sketcher ဖိနပ်ဆိုင်မှာလည်း Refund အတွက် စာရွက်တောင်းလာခဲ့ပါတယ်။

Monday, January 20, 2014

မြန်မာ

မြန်မာ

လွမ်း ဘန်ကောက် ကုမ္ပဏီနှစ်ပတ်လည်ပွဲကို ၂၀-၁၂-၂၀၁၃ ရက်နေ့က သွားခဲ့ပါတယ်။


၂၁-ရက်နေ့နဲ့ ၂၂-ရက်နေ့မှာ ဈေးဝယ်ထွက်ကြပါတယ်။


၂၁-ရက်နေ့က Platinum Plaza မှာ အဝတ်အထည်တွေနဲ့ Hand Carrier Baggage တစ်လုံး ဝယ်ပါတယ်။


၂၂-ရက်နေ့က Big C ကို သွားပြီး အိမ်သုံးပစ္စည်းတွေ ဝယ်ပါတယ်။


Robinson မှာ Air Fryer ဝယ်တော့ Baht 6000/- ပေးရပါတယ်။

Foreigner ဆိုရင် Airport မှာ Refund ပြန်ပေးပါတယ်။ ဒါကြောင့် Service Counter မှာ Refund အတွက် Form ဖြည့်ရပါတယ်။ မိမိရဲ့ Passport Number ဖြည့်ရပါတယ်။

Saturday, January 18, 2014

ဘန်ကောက်မြို့သို့ အလည်တစ်ခေါက်


ဘန်ကောက်မြို့သို့ အလည်တစ်ခေါက်



ကုမ္ပဏီနှစ်ပတ်လည်ပွဲအတွက် ဖိတ်ကြားလို့ ဘန်ကောက်မြို့ကို (၂၀-၁၂-၂၀၁၃) ရက်နေ့က အလည်တစ်ခေါက် သွားရောက်ခဲ့ပါတယ်။




ယခုတစ်ကြိမ်နှင့်ဆိုလျှင် (၃)ကြိမ်မြောက်ရောက်ခြင်းပါ။



လေဆိပ်ကို ကုမ္ပဏီက ကားလာကြိုပေးတဲ့အတွက် အဆင်ပြေပါတယ်။