Monday, December 28, 2020

ကိတ်မုန့်ပြုလုပ်ခြင်း

 

ကိတ်မုန့်ပြုလုပ်ခြင်း

 

ပထမဆုံး ကြက်ဥ သုံးလုံးကို အကာနဲ့ အနှစ်ခွဲလိုက်ပါတယ်။


နေကြာဆီ (သို့မဟုတ်) ဟင်းသီးဟင်းရွက်အဆီ 30 gm ချိန်ထားပါမယ်။

နွားနို့ (သို့မဟုတ်) နို့မှုန့်ရည်ကိုလည်း 30 gm ချိန်ထားပါမယ်။

ကိတ်ဂျုံကိုတော့ 90 gm ချိန်ထားပါမယ်။

သကြားကိုလည်း 90 gm ချိန်ထားပါမယ်။ အချိုကြောက်ရင်တော့ 60 gm လောက်ပဲ ချိန်ထားပါ။


ကြက်ဥအနှစ်ကို ဆား 1 gm ခန့်ထည့်ပြီး မွှေထားပါမယ်။

ကြက်ဥအကာကို မွှေတံဖြင့်ဖြစ်စေ၊ Mixer ဖြင့်ဖြစ်စေ မွှေပေးပါမယ်။ မွှေနေစဉ်မှာ သကြားကို သုံးကြိမ်ခွဲပြီး ထည့်ပေးပါမယ်။ ကြက်ဥအကာက Cream လိုမျိုး ဖြစ်လာသည်အထိ မွှေပေးရပါမယ်။


ကြက်ဥအကာက Cream လိုမျိုး ဖြစ်လာပြီဆိုလျှင် ကြက်ဥအနှစ်ထည့်ပြီး ဖြေးညှင်းစွာ မွှေပေးပါမယ်။

ထိုနောက် အနှစ်ရည်ထဲသို့ ကိတ်ဂျုံကို ဇကာဖြင့် စစ်ပြီး ထည့်ပါမယ်။ မွှေတံဖြင့် အောက်မှ အထက်သို့ ဖြည်းညှင်းစွာ ဂျုံမှုန့်များ ပျောက်သွားသည်အထိ မွှေပေးပါမယ်။


သီးခြားခွက်တစ်ခုဖြင့် နွားနို့ရည်ထဲကို ဆီထည့်ပြီး မွှေပါမယ်။ ထိုနောက် ကြက်ဥနဲ့ ဂျုံ နယ်ထားသော အနှစ်ရည် အနည်းငယ်ထည့်ပြီး မွှေပေးပါမယ်။ သမအောင် မွှေပြီးပါက ကြက်ဥနဲ့ ဂျုံအနှစ်ရည်ထဲသို့ လောင်းထည့်ပြီး အားလုံး သမသွားအောင် မွှေပေးပါ။ ဒါဆို ကိတ်ဖုတ်ရန်အတွက် အဆင်သင့်ဖြစ်ပါပြီ။

မိမိလိုချင်တဲ့ပုံအတွက် ပုံစံခွက်ရွေးပြီး အနှစ်ရည်ကို ထည့်ပေးပါမယ်။ ခွက်ကို အနည်းငယ် မ,ပြီး ဆောင့်ချပေးပါမယ်။ အရည်ထဲတွင် လေမခိုစေရန်အတွက်ပါ။ မျက်နှာပြင်ကိုလည်း တူဖြင့် ညှိပေးလို့ရပါတယ်။

Oven ကို 170-Degree ဖြင့် ၃-မိနစ်ခန့် အပူပေးထားပါမယ်။ ထိုနောက် အောက်ခြေအဆင့်တွင် သံဇကာထားပြီး ၁၇၀-ဒီဂရီဖြင့် ၁၅-မိနစ် ထားပါတယ်။ ထိုနောက် အပြင်ကို အနည်းငယ်ထုတ်ပြီး ကိတ်မုန့်ပေါ် အရာလေး ပေးပါတယ်။ Oven ထဲ ပြန်သွင်းပြီး နောက်ထပ် ၁၅-မိနစ်ထားလျှင် ကိတ်မုန့် ရပါပြီ။




 

 


ကိုယ်တိုင်စမ်းသပ်အောင်မြင်ကြပါစေ။

 

လွမ်းဧကရီ

၂၈-၁၂-၂၀၂၀

ညနေ ၄:၂၀ နာရီ