Wednesday, June 22, 2011

လွမ်းသိသော မြို့ စားလေး

လွမ်းသိသော မြို့ စားလေး


၂၀၁၀-ခုနှစ်၊ မတ်လ (၁၈) ရက်နေ့ ဟာ ချော့ကလက်မြို့ တော်ရဲ့ တစ်နှစ်ပြည့်မြောက် နှစ်ပတ်လည်နေ့ လေးပါပဲ…

တိတိကျကျပြောရမယ်ဆိုရင် ချော့ကလက်မြို့ တော်ရဲ့ Creator မြို့ စားလေးရဲ့ မွေးနေ့ ပါပဲ…

ဒီလိုအခါသမယမှာ လွမ်းအနေနဲ့  လွမ်းသိသော မြို့ စားလေးအကြောင်းကို ပြောပြချင်ပါတယ်…

Ning Network တွေ အများကြီးရှိတဲ့အထဲမှာ ချော့ကလက်မြို့ တော်ရယ်လို့  နာမည်ကြီးပြီး Member တွေ ၀င်ရောက်လာတာဟာ တစ်ရက်ကို အယောက်-၁၀၀ ကျော်ပါတယ်…

အခုဆိုရင် မြို့ သူ၊ မြို့ သားပေါင်း ၂၈၀၀၀-ကျော်ရှိနေပါပြီ…

ဒီလိုအောင်မြင်လာတာဟာ မြို့ စားလေးရဲ့ စွမ်းဆောင်ချက်ကြောင့်ပါပဲ…

မြို့ စားလေးဟာ ချော့ကလက်မြို့ တော်ကို သူ့ မွေးနေ့ မှာ စတင်တည်ထောင်ခဲ့ပြီး မြို့ တော် စည်ပင်သာယာ ၀ပြောလာစေဖို့ အတွက် တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားလာခဲ့တဲ့သူပါ…


မြို့ စားလေးရဲ့ ကြိုးပမ်းမှု


ကြိုးစားမှုဆိုတဲ့အပိုင်းမှာ ကျတော် တကယ့်ကို ရူးသွပ်စွာကြိုးစားခဲ့ပါတယ်။ အပျော်တန်း ဆိုဒ်တခု ဆိုပေမယ့် ကျတော်ဒီထဲမှာ တော်တော်လေးစိတ်မြုပ်ခဲ့တာပါ… မသိတဲ့ပညာတွေကို Online ကနေ ရှာပါတယ်…HTML တွေကိုမသိရင် HTML တွေကိုရှာတယ်… Script တွေကို မသိရင် Script တွေကိုရှာတယ်… အများတကာ ဆိုဒ်တွေဘာတွေလုပ်ထားလဲ အချိန်ပေးပြီး လေ့လာတယ်… (လေ့လာတယ်ဆိုတဲ့နေရာမှာ ကျတော်ခုချိန်ထိ သူများဆိုဒ်တွေကို နေ့ တိုင်းနီးပါးဝင်ကြည့်ပါတယ်… ဘာတွေလုပ်နေလဲ ဘာအသစ်အဆန်းတွေ ရှိနေလဲပေါ့) သူများထက်သာချင်ရင် သူများထက် ပိုလုပ်နိုင်ရပါမယ်… သူများထက် ပိုလုပ်နိုင်ဖို့ ဆိုတာ အိမ်တွင်းအောင်းပြီး လုပ်နေလို့ မရပါဘူး… မနေ့  က ငါကို ဒီနေ့  ငါကနိုင်ရမယ် ဆိုတဲ့စကားကို ကျတော်လက်မခံဘူး… ဘာလို့ လဲ လူဆိုတာ ကိုယ့်ဟာကို ညှာတတ်တဲ့လူမျိုးလေ… ဒါကြောင့် စံတခုထားပြီး ကိုယ့်ကိုယ်ကိုယှဉ်ရပါမယ်… ဘာကိုစံထားမှာလဲ ကိုယ်နဲ့ အနီးဆုံးပြိုင်ဘက်ကို စံထားပါ… သူ့ ကို ကိုယ်က ကျော်တက်သွားပြီလား… နောက်ထပ်လူတွေရှိနေပါသေးတယ်… ဒီလိုပဲ တဆင့်ခြင်းပေါ့နော်…


မြို့ စားလေးရဲ့ခံယူချက်


တိုက်ခိုက်ဝေဖန်မှု၊ တိုက်ခိုက်ရင်ကျရှုံးရမှာပေါ့နော်… တကယ်ကတော့ တိုက်ခိုက်ခံရခြင်း ဆိုတာလဲ အောင်မြင်မှုရဲ့ အားဆေးပါပဲ… ဘာလို့ လဲ လူဆိုတာ မခံချင်စိတ်ဆိုတာ ရှိပါတယ်… ဒီမခံချင်စိတ်က အောက်ကို ဆွဲချနိုင်သလို၊ အမြင့်ကိုလဲတင်ပေးနိုင်တယ်… မခံချင်လို့  ရည်ရွယ်ချက်ကို လက်လွှတ်လိုက်တဲ့ သူတွေရှိသလို၊ မခံချင်စိတ်ကြောင့် မင်းထက်သာရမယ်ဆိုတဲ့ စိတ်ဓါတ်ဆိုတာလဲ ရှိပါတယ်… အဲ့တော့ ဘယ်လမ်းရွေးမလဲ ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပါ… ကိုယ့်ရည်ရွယ်ချက်ကိုစွန့် ရင် သူများနိုင်မယ်… (တနည်း မပြိုင်ခင်ထဲကရှုံးမယ်) မင်းထက်သာအောင် ကြိုးစားမယ်ဆိုတဲ့စိတ်ရှိရင် အချိန်တန်ရင် အဆုံးအဖြတ်ဆိုတာရှိမယ်… အစထဲက အရှုံးပေးရင် ပြိုင်ပွဲဆိုတာမရှိပါဘူး… ပြိုင်ပွဲဆိုတာရှိရင် မျော်လင့်ချက်ဆိုတာရှိပါတယ်… ဘယ်အရာမဆို အရင်းမရှိပဲ မမြတ်နိုင်ဘူး... အဲ့လိုပဲ အရှုံးလဲ မရှိနိုင်ဘူးလို့ ထင်စရာရှိမယ်… ဒါပေမယ့် တစ်ခု တွေးကြည့်ရမှာက ငုတ်တုတ်ထိုင်နေရင် ဘာမှမရှုံးပေမယ့်၊ အချိန်တွေ ရှုံးပါတယ်… အခွင့်အလမ်းတွေ ရှုံးပါတယ်… ထိုင်နေသူခြင်း မသိသာပေမယ့် တချိန်မှာ ကိုယ်ကဒီနေရာမှာပဲ သူများတွေက ပန်းတိုင်နဲ့ နီးနေတာတွေကို တွေ့ လာခဲ့ရင် နောင်တဆိုတဲ့ အရှုံးပဲ ရမှာ သေချာပါတယ်…
ဒါကြောင့် လက်လွှတ်မလား ပြိုင်ပွဲဝင်မလား…

မြို့ စားလေးရဲ့ စေတနာ


mr&miss ပြိုင်ပွဲလုပ်တယ်… ဆွေးနွေးခန်းတွေ ထည့်တယ်… ခုလဲကြည့်သိနိုင်ပါတယ်… မြို့ စားလေး ဆွေးနွေးခန်းအများဆုံးပါပဲ… ကိုယ်ပိုင် အိုင်ဒီယာလေးတွေလဲထည့်တယ်ဗျာ… ဒီဆိုဒ်ကိုလာသုံးတဲ့သူတွေ ဘယ်လိုလေးတွေကိုထည့်ပေးရင် အဆင်ပြေမလဲဆိုတာလေးတွေပေါ့… ဥပမာ chocolate မြို့ တော် ကဏ္ဍလေးများ ဆိုတာမှာ ကဏ္ဍမျိုးစုံခွဲပြီးထည့်ထားပေးတယ်… ဒီဆိုဒ်ထဲဝင်လာတာနဲ့  အခြားစိတ်ဝင်စားတာလေးတွေကိုပါ Link ကနေတဆင့်သွားလို့ ရအောင်ပေါ့… ဒီကြားထဲ ကဗျာပြိုင်ပွဲ ၀တ္တုတိုပြိုင်ပွဲလေးတွေလဲ လုပ်သေးတယ်ဗျာ… ဒါလေးတွေကလဲ လူစိတ်ဝင်စားမယ့်အရာတွေပေါ့… ကျတော် ဒီမြို့ တော်ကို စတည်ထဲက Member ၀င်လာတဲ့ လူတိုင်းကို ကြို ဆိုကွန်မန့် ပေးတယ်… မွေးနေ့ တိုင်း မွေးနေ့  ကွန်းမန့် ပေးတယ်… ခုနောက်ပိုင်းတော့ အက်မင်တွေကလဲ ၀ိုင်းဝန်းကူညီကြပါတယ်... ဒါကတော့ ကျတော် မြို့  တော်လေးရဲ့ မပျက်တဲ့ ၀တ္တရားလေးလို့  ဆိုရမှာပေါ့… တချို့ ကလဲ ဒါလေးကို နွေးထွေးတယ်ထင်တယ်…
ကျတော့်မြို့ တော်လေးမှာ လူပေါင်း တသောင်း ခြောက်ထောင်ကျော်တဲ့ထိအက်မင်မရှိခဲ့ပါဘူး… ကိုယ်ထူကိုယ်ထ၊ ကိုယ်လဲလဲကိုယ်ထ၊ မထချင်လဲထ၊ ထချင်လဲထနဲ့  ကြိုးစားခဲ့တာပါ… ဒီရက်တွေတိုင်း ကျတော် ၀တ္တရားမပျက် ကြိုဆိုနဲ့  မွေးနေ့ ကို ပေးတုန်းပါ…


မြို့ စားလေးရဲ့တာဝန်ယူမှု


နောက်တစ်ခု က လာတင်တဲ့ပုံတွေ ဘလော့တွေကို ကြည့်ဖို့ လိုပါတယ်… တင်ချင်တိုင်း တင်ပေးလိုက်ရင် ဘာတွေဖြစ်လာမယ်ဆိုတာ တော်တော်များများ တွေးမိလောက် ပါတယ်နော်… လူတော်တော်များများအတွက်စည်းကမ်းတွေကိုချထားရတယ်... ဒီစည်းကမ်းတွေ ဆိုတာလဲ မချထားလို့ မရလို့  ချထားရတာပါ…
အရေးပါတဲ့စည်းကမ်းချက်တွေကတော့-
၁။ နိုင်ငံရေးမလုပ်ရ
၂။ ဘာသာရေးအရစော်ကားတဲ့အပြုအမူမလုပ်ရ
၃။ ညစ်ညမ်းပုံနဲ့ စာတွေမတင်ရ


ဒီလောက်ဆိုရင် လွမ်းတို့ ရဲ့ ချော့ကလက်မြို့ တော်ကို တည်ထောင်သူတစ်ယောက် အနေနဲ့  ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကို ပေးပြီး ချော့ကလက်မြို့ တော်ကို ဒီထက်ပိုကောင်းအောင် အမြဲစဉ်းစားနေတတ်တဲ့
မြို့ စားလေးရဲ့ စွမ်းဆောင်ချက်လေးတွေကို သိရပြီထင်ပါတယ်…

မြို့ စားလေး တည်ထောင်ထားလို့  ချော့ကလက်မြို့ တော်ဆိုတာ ပေါ်ပေါက်လာရတာပါ…

ပင်လယ်ပြင်မှာ လှိုင်းမရှိရင် မဖြစ်သလို ချော့ကလက်မြို့ တော်မှာလဲ မြို့ စားလေး မရှိလို့  မဖြစ်ပါဘူး…

လွမ်းဆိုတာကလဲ ချော့ကလက်မြို့ တော်ရှိလို့  ရှိနေတာပါ… (ကြုံတုန်း ကြော်ငြာဝင်တာပါ… :P)

နောက်မြို့ စားလေးဆိုတာ ဘယ်သူလဲဆိုတာ မြို့ တော်သူ၊ မြို့ တော်သားများ အားလုံးသိထားသင့်ပါတယ်…

ဒါကတော့ မြို့ စားလေးရဲ့ ဓါတ်ပုံပါ… ဓါတ်ပုံကြည့်တာနဲ့  မြို့ စားလေးက ဘယ်မှာနေတာလဲဆိုတာ သိမှာပါ…


MyoZarLay


Anniversary


ချော့ကလက်မြို့ တော်ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ မှာ ချော့ကလက်မြို့ တော်ကြီး နှစ်ပေါင်းများစွာ ရေရှည်တည်တန့်  ခိုင်မြဲပါစေလို့  လွမ်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်…



မြို့ စားလေးလည်း-

မွေးနေ့ မှသည် နောင်နှစ်-၁၂၀ တိုင်

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး

လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့ 

လွမ်းဆုတောင်းပေးပါတယ်…


မြို့ စားလေးအတွက် Birthday Cake လေးပါ…


Birthday Cake

ချော့ကလက်မြို့ တော်ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ မှာ မြို့ တော်သူ၊ မြို့ တော်သားများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ…





ကိုးကားချက်။


Posted by မြို့ စားလေး on January 28, 2010 at 10:45am

No comments: