Wednesday, June 1, 2011

အလွမ်းနေ့ရက်များ


အလွမ်းနေ့ရက်များ




ဟဲ့ လွမ်း

နင်ဘာတွေလုပ်နေလဲ

နင်တို့အိမ်နား ငါရောက်နေတာ

ဆင်းခဲ့…လ္ဘက်ရည်ဆိုင်သွားမယ်


ဒီလိုပြောနေကျ

နင့်အသံ ငါမကြားရတာကြာတော့

လွမ်းလိုက်တာဟာ

နင့်သူငယ်ချင်း ငါ့ကို

သတိမှရရဲ့လားလို့

ငါသိချင်လိုက်တာ


နင့်သူငယ်ချင်း

လွမ်း


No comments: