Wednesday, September 21, 2011

ကွန်ပျူတာအခြခံ အပိုင်း(၁၁)

ကွန်ပျူတာအခြခံ အပိုင်း(၁၁)

အခုအပိုင်းမှာ မိမိကွန်ပျူတာမှ File များကို ဘယ်လိုကူးမယ်၊ ဘယ်လိုရွှေ့ မယ်ဆိုတာနဲ့  ပတ်သက်ပြီး ပထမဆုံး ရှင်းပြပါမယ်…


Move and Copy Files
File များကို ရွှေ့ ခြင်းနဲ့  ကူးခြင်း


You can move or copy your files when you want to take work home, share documents with a colleage or recoganize files on your hard drive. Copying files is also useful for making backup copies.
When you move a file, you delete the file from its original location.
When you copy a file, you create a second file that is exactly the same as the first, you can place the copy in another folder on your computer, on a network drive, on a memory stick. If you create a copy in the same folder, Windows will add “Copy of” to the file name.


မိမိ ကွန်ပျူတာမှ File များကို သူငယ်ချင်းများထံ ပေးပို့ လိုသည်ဖြစ်စေ၊ သူငယ်ချင်းများထံမှ မိမိလိုချင်သည့် File များကို မိမိကွန်ပျူတာထဲသို့  ထည့်သွင်းလိုသည်ဖြစ်စေ File များကို ရွှေ့ ခြင်းနဲ့  ကူးယူခြင်းများ ပြုလုပ်နိုင်ပါတယ်… File ကူးယူခြင်းဟာ မိမိ File များကို Backup copies များအဖြစ် သိမ်းထားရာမှာ အသုံးဝင်ပါတယ်…
File တစ်ခုကို ရွှေ့ ခြင်းပြုလုပ်ပါက မိမိက ၄င်း File ကို မူလနေရာမှ ဖျက်ပစ်လိုက်ခြင်း ဖြစ်ပါတယ်…
File တစ်ခုကို ကူးခြင်းပြုလုပ်ပါက မိမိကူးသည့် File နှင့် ထပ်တူညီသော နောက် File တစ်ခုကို ထပ်မံပြုလုပ်လိုက်ခြင်းပင် ဖြစ်ပါတယ်… မိမိကူးလိုက်သည့် File ကို မိမိကွန်ပျူတာရဲ့ တခြားသော Folder ထဲတွင် ထားနိုင်သကဲ့သို့  Memory Stick ထဲတွင်လည်း ထားနိုင်ပါတယ်… တကယ်လို့  တူညီတဲ့ Folder ထဲမှာပဲ ထားလျှင် မိမိ File နာမည်ရှေ့ တွင် “Copy of” လို့  တပ်ပေးထားမှာ ဖြစ်ပါတယ်…

You can also move and copy folders. When you move or copy a folder, all files in the folder are also moved or copied.
File ကဲ့သို့ ပင် Folder များကိုလည်း ရွှေ့ နိုင်၊ ကူးနိုင်ပါတယ်… Folder ကို ရွှေ့ ခြင်း (သို့ မဟုတ်) ကူးခြင်းပြုလုပ်လျှင် Folder အတွင်းမှ File များအားလုံးကိုပါ ရွှေ့ ခြင်း၊ ကူးယူခြင်းဖြစ်သွားမှာပါ….

When you drag and drop a file, the result depends on the file’s destination. When you drag a file to a new location on the same drive, Windows moves the file. When you drag a file onto a different drive, Windows copies the file.
တကယ်လို့  File တစ်ခုကို Mouse ဖြင့် ထောက်ပြီး ဆွဲယူပြီး လွှတ်ချလိုက်လျှင် File ကို လွှတ်ချမဲ့ နေရာပေါ်မူတည်ပြီး ရွှေ့ ခြင်း (သို့ မဟုတ်) ကူးယူခြင်း ဖြစ်သွားမှာပါ…
တကယ်လို့  File တစ်ခုကို တူညီတဲ့ Drive မှာပဲ ဆွဲယူပြီး လွှတ်လိုက်မယ်ဆိုရင် Windows က အဲဒီ့ File ကို ရွှေ့ ပေးလိုက်မှာပါ…
တကယ်လို့  File တစ်ခုကို မတူညီတဲ့ Drive ပေါ်ကို ဆွဲယူပြီး လွှတ်ချလိုက်မယ်ဆိုရင် Windows က အဲဒီ့ File ကို ကကူးပေးလိုက်မှာ ဖြစ်ပါတယ်…

ကွန်ပျူတာအခြေခံ အပိုင်း(၁၀)

ကွန်ပျူတာအခြေခံ အပိုင်း(၁၀)




ကွန်ပျူတာအခြေခံ အပိုင်း(၉)မှာ File တစ်ခုကို ဘယ်လိုဖွင့်မလဲဆိုတာကို ရေးသားခဲ့ပြီး ဖြစ်ပါတယ်…


အခုအပိုင်းမှာတော့ File တစ်ခုကို ဘယ်လို နာမည်ပြောင်းမယ်ဆိုတာ ပြောပါမယ်…



Rename Files


You can change the name of a file to better describe its contents. This makes it easier for you to find the file later. When naming your files, use a keyword that will identify the file, such as the name of the client, a project or an event.
You can use up to 255 characters to name a file. You can also include spaces and periods. The only characters you cannot use to name a file are the symbols \ / : * ? | “ < or >. If you use periods in the file name, the letters after the last period should be the file’s extension.


File တစ်ခုကို နာမည်ပေးတဲ့အခါ ပါဝင်တဲ့အကြောင်းအရာနဲ့  ပတ်သက်တဲ့ နာမည်ကိုသာ ပေးသင့်ပါတယ်…


ဒါမှသာ မိမိ File ကို ပြန်ရှာတဲ့အခါ လွယ်ကူမှာဖြစ်ပါတယ်…


File ကို နာမည်ပေးပြီးလို့  ပိုသင့်တော်တဲ့ နာမည်ကို ပြောင်းချင်တဲ့အခါ ပြောင်းပေးလို့ ရပါတယ်…


File name ပေးတဲ့အခါ Space နဲ့  Period တွေ ထည့်လို့ ရပါတယ်… ဒါပေမဲ့ \ / : * ? | “ < နဲ့  > တွေ ပါလို့  မရပါဘူး… File Name မှာ Period သုံးရင် Period နောက်ကစာလုံးက File ရဲ့ Extension ပဲ ဖြစ်သင့်ပါတယ်… (ဥပမာ… Word နဲ့ ရေးတဲစာဆိုရင် .doc, စာရင်းဇယားဆိုရင် .xls, Note Pad နဲ့ ဆိုရင် .txt စသဖြင့်ပဲ သုံးရမှာပါ)

ကွန်ပြူတာအခြေခံ အပိုင်း(၉)

ကွန်ပြူတာအခြေခံ အပိုင်း(၉)

 

လွမ်းက AutoCAD လို့ခေါ်တဲ့ Basic Engineering Drawing ကို သင်ကြားပေးနေသူ ဖြစ်ပါတယ်။

CAD ရဲ့ အဓိပ္ပါယ်ကိုက Computer Aided Design ပါ။ ကွန်ပြူတာအကြောင်း မသိဘဲ ကွန်ပြူတာနဲ့ ပုံဆွဲတာကို သင်ကြားပေးလို့ မရပါဘူး။

လွမ်းရေးခဲ့တဲ့ ကွန်ပြူတာအခြေခံများဟာ Application Software တစ်ခုကို မသင်ကြားမှိ သိသင့်တဲ့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရား၊ အခေါ်အဝေါ်တွေပဲ ဖြစ်ပါတယ်။

လွမ်းရေးခဲ့တာတွေဟာ အခြေခံသဘောတရားကလွဲလို့ အသေးစိတ်ရေးထားခြင်း မဟုတ်ပါဘူး။

ကွန်ပြူတာကို သုံးနေသူတစ်‌ယောက်အနေနဲ့ အခြေခံသိထားသင့်တဲ့ အချက်တွေကိုသာ ရေးသားထားခြင်း ဖြစ်ပါတယ်။

အခုနောက်ပိုင်း Laptop ဝယ်သည်ဖြစ်စေ၊ Desktop ဝယ်သည်ဖြစ်စေ၊ Operating Software ကို Windows 7 ကိုသာ တင်ပေးတတ်ပါတယ်။

Windows XP တုန်းက သုံးရကောင်းသလို တော်တော်များများ Software တွေကို တင်ရလွယ်ကူပါတယ်။

Windows Vista ထွက်လာတော့ Graphic တွေက အရမ်းကောင်းလာပါတယ်။ ဒါပေမဲ့ တစ်ချို့ Software တွေ တင်တဲ့အခါ Error များ ရှိလာပါတယ်။

Windows 7 မှာတော့ Vista လို Graphic တွေက ကောင်းလာတဲ့အပြင် Software တင်တဲ့အခါမှာလည်း တင်လို့ လွယ်ကူတာကို တွေ့ရမှာပါ။

ဒီ‌နေ့တော့ မိမိရဲ့ ကွန်ပြူတာမှာ File တွေကို ဘယ်လိုထားသင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးချင်ပါတယ်။

လွမ်းရဲ့ Laptop မှာလည်း Windows 7 တင်ထားတာမို့ Windows 7 ကို အခြေခံပြီး ရေးသွားပါမယ်။

Display ပေါ်မှာ မိမိသုံးနေသော Software မှလွဲပြီး မည်သည့် File မျှ တင်မထားလျှင် ပိုကောင်းပါတယ်။


ကွန်ပျူတာအခြေခံ အပိုင်း (၈)

ကွန်ပျူတာအခြေခံ အပိုင်း (၈)





How Do I Keep My Computer Healthy?
မိမိကွန်ပျူတာကို ထိန်းသိမ်းနည်း
ယနေ့  မိမိသုံးနေသော ကွန်ပျူတာကို ထိန်းသိမ်းနည်း တင်ပြချင်ပါသည်။


Computers are expensive, and with all big purchases, you probably want to protect your investment. Luckily, it is not difficult to keep your computer healthy and in good working order.

Basically, there are 3 areas that you need to maintain. You need to:
Keep the physical components of your computer clean
Protect your computer from threats such as viruses, and
Keep your files in order to make day-to-day use of your computer efficient and easy.


ကွန်ပျူတာသည် ဈေးကြီးမြင့်သည့်အတွက် မိမိကွန်ပျူတာကို ထိန်းသိမ်းရန် လိုအပ်ပါသည်။ မိမိကွန်ပျူတာကို နေ့ စဉ် ထိန်းသိမ်းသည်မှာ ခက်ခဲသောကိစ္စ မဟုတ်ပါ။

Friday, September 16, 2011

Double Tun အား ကျေးဇူးတင်ရှိခြင်း

Double Tun အား ကျေးဇူးတင်ရှိခြင်း



ဦးစွာ လွမ်း MM Flash Song ကို ရောက်လာခဲ့ပုံလေးကို ပြောပြချင်ပါတယ်…


လွမ်းက Ning Network တွေ စတင်ပေါ်ပေါက်လာကတည်းက ခံစားချက် အလွမ်းစာလေးတွေကို ရေးနေတဲ့ Online Writer တစ်ဦးပါ…


တစ်ရက်မှာ လွမ်းရေးသားထားတဲ့ ၂၀၁၁-ခုနှစ်၊ အချစ်သ၀ဏ်လွှာကို Flash File လုပ်ထားတာကို တွေ့  လိုက်ရပါတယ်…


Online Friends တွေဆီ လိုက်လံစုံစမ်းရာမှ MM Flash Song ကို တွေ့ ရှိပြီး ၂၀၁၁-ခုနှစ်။ ဇူလိုင်လ (၂၆)ရက်နေ့ မှာ ၀င်ရောက်ခဲ့ပါတယ်…


ရောက်စမှာပဲ Double Tun ကို သူငယ်ချင်းအဖြစ် Add တဲ့အခါ လက်ခံခဲ့ပါတယ်…


၂၀၁၁-ခုနှစ်၊ အချစ်သ၀ဏ်လွှာကို Double Tun က Forward Mail မှ ရခဲ့ကြောင်း၊ နှစ်သက်တဲ့အတွက် ပျော်ရွှင်စရာအဖြစ် Flash File ကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြပါတယ်…


ရေးသူမှာ လွမ်းဧကရီမှန်း Double Tun မသိပါ…

အလွမ်းမှတ်တမ်း

အလွမ်းမှတ်တမ်း


လွမ်းရဲ့ အလွမ်းမှတ်တမ်းကို Flash File လေး လုပ်ပြီး ရေးထားတာကို သူငယ်ချင်းတွေကို ဝေမျှလိုက်ပါတယ်...


လွမ်းရဲ့ ပထမဆုံးခြေလှမ်းလေးဖြစ်တဲ့ Flash File လေးကို ကြည့်ရှုဝေဖန်ပေးပါအုန်းနော်...


လိုအပ်ချက်တွေက ရှိနေမှာပါ...


လေ့လာနေဆဲ အခြေအနေမို့ ပါ...



Thursday, September 15, 2011

ကိုကို့အချစ် နံပါတ် (၁)

ကိုကို့အချစ် နံပါတ် (၁)



ကိုကိုရေ…

ကိုကိုက ချစ်လေးပို့တဲ့စာကို အမှတ်တရ Flash File လေးလုပ်ပြီး ကိုကို စာပြန်လို့ ချစ်လေး ဝမ်းသာလိုက်တာ…



ကိုကိုက ချစ်လေးအတွက် ကြိုတင်လုပ်ပေးထားတဲ့ IT Box လေးကို သဘောကျနေတာ…



ကိုကိုက အမျှော်အမြင် အရမ်းကြီးတာပဲနော်…



သေရင်တောင်မှ စိတ်ချင်းတူတဲ့ ကိုကိုက ချစ်လေးနဲ့ ဆင်တူ အသုံးပြုရအောင် တစ်ပုံစံတည်း လုပ်ထားတာကိုး.....




ချစ်လေး ချစ်သူတွေထဲမှာတော့ ကိုကိုက နံပါတ်(၁)ပေါ့…



ဒါကြောင့် ချစ်လေးအတွက် အမြဲစဉ်းစားပေးနေတဲ့ ကိုကို့အချစ်ကလည်း နံပါတ်(၁) ပါပဲ…


ကိုကိုရဲ့

ချစ်လေး





လွမ်းဧကရီ
၂၁-၀၇-၂၀၁၁