Thursday, June 2, 2011

ပြန်ပြောမပြပါနဲ့

ပြန်ပြောမပြပါနဲ့

သူငယ်ချင်းတို့ကို သိအောင် လွမ်းရင်ထဲက ခံစားချက်လေးတစ်ခု ပြောပြမယ်နော်….

သူ့ကိုတော့ ပြန်ပြောမပြပါနဲ့နော်…

လွမ်းဘဝမှာ အချစ်ဆုံးချစ်သူကို ဆုံးရှုံးခဲ့ဖူးတယ်…


လွမ်းရဲ့ အချစ်ဆုံးချစ်သူနာမည်က တေဇာပါ…(နာမည်တူရှိရင် ခွင့်လွှတ်ပေးပါ။)

လွမ်းဘဝမှာ အချစ်ဆုံးချစ်သူကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် အထီးကျန်ကာလတွေကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတယ်…


နောက်ပိုင်း လွမ်းရဲ့အဖော်က ကွန်ပြူတာလေး ဖြစ်လာခဲ့တယ်…


အဝေးမှာ အလုပ်လုပ်နေတဲ့ ညီမလေးနဲ့ ဆက်သွယ်ဖို့ အင်တာနက်အသုံးပြုရာကနေ လွမ်း အွန်လိုင်းသူငယ်ချင်းတွေ ရခဲ့ပါတယ်…

လွမ်း သူငယ်ချင်းတွေက Zorpia, Hi5, Friendster စတဲ့ Webpage တွေကနေ တဆင့် ရခဲ့တာပါ…

လွမ်းက Webpage Create လုပ်ရတာကို ဝါသနာပါတယ်…Design လုပ်တယ်…Photo တွေ ထည့်တယ်လေ…
 
အဲဒီလိုနဲ့ လွမ်းဘဝလေးထဲကို လူတစ်ယောက် ဝင်လာပါတယ်…

Hi5 မှာ လျှောက်ဝင်ကြည့်ရင်းနဲ့ တေဇာဆိုတဲ့ နာမည်လေးနဲ့ ဓာတ်ပုံတင်ထားတဲ့သူ တစ်ယောက်ကို သွားတွေ့တယ်…


လွမ်းရဲ့ ချစ်သူအပေါ် စွဲလမ်းစိတ်ကြောင့်ပဲလား…တေဇာရဲ့ ဓာတ်ပုံကို တွေ့လိုက်ရလို့ပဲလား မခွဲခြားနိုင်ဘဲ စိတ်ဝင်စားခဲ့မိတယ်…

လွမ်းတို့မိန်းခလေးတွေက လူတစ်ယောက်ကို ချစ်မိသွားရင် စပြောပိုင်ခွင့်မှ မရှိတာလေ…


လွမ်းကို တေဇာသတိထားမိအောင် သူ့ Homepage မှာ Comment တွေ သွားပို့ပေးတယ်…

မကြာခဏသွားပို့တဲ့အတွက် တေဇာရဲ့ Homepage မှာ လွမ်း Comment တွေချည်းပဲ ဖြစ်လာခဲ့တယ်…

အဲဒီတော့မှ တေဇာ လွမ်းကို သတိထားမိပြီး gmail address တောင်းပါတယ်…

စပြီး စကားပြောတော့ တေဇာက အရမ်းအေးတယ်ဆိုတာ သတိထားမိတယ်…စကားလည်း မပြောတတ်ဘူး…

နောက်ကြာလာတော့မှ သူရီရီမောမောနဲ့ စကားပြောတတ်လာတယ်…စတတ်၊ နောက်ပြောင်တတ်လာတယ်…

သူနဲ့ စကားပြောနေရင် လွမ်း တခြားသူငယ်ချင်းတွေနဲ့ မပြောဖြစ်တော့ဘူး…


အချိန်တွေကြာလာတော့ တေဇာက သူ့အကြောင်းတွေ အကုန်ဖွင့်ပြောပြတတ်လာတယ်…

တေဇာက နိုင်ငံရပ်ခြားမှာ ပညာတော်သင် သွားနေတာလေ…

သူကျောင်းသွား၊ ကျောင်းပြန် နှုတ်ဆက်တယ်…

သူစာကျက်ပြီး အိပ်တော့မယ်ဆို လွမ်းကို စကားလာပြောပြီးမှ အိပ်တယ်…

တစ်ရက်မှာ လွမ်းကို “ဝမ်းသာစရာစကား ပြောစရာရှိတယ်” ဆိုပြီး ပြောလာတယ်…

ငါစင်္ကာပူက ကောင်မလေးတစ်ယောက်ကို ချစ်ခွင့်ပန်တာ လက်ခံလိုက်ပြီ” တဲ့လေ

လွမ်း သူရိုက်ပြနေတဲ့ Gtalk က စာလုံးလေးတွေကို ကြည့်ရင်း ဝါးလာတယ်…


အဲဒီတော့မှ လွမ်းမျက်ရည်တွေ ကျနေမှန်း သိလိုက်ရတယ်…

နင် ကံကောင်းတာပေါ့ဟ” လို့ လွမ်း ပြန်ပြောပေးခဲ့ပါတယ်…

လွမ်းကို ခုထိ သူငယ်ချင်းတစ်ယောက်လို သူနဲ့ သူ့ကောင်မလေးအကြောင်းတွေကို ပြောပြနေတုန်းပါပဲ…

လွမ်း နားထောင်ပေးနေတုန်းပါပဲ…
 
လွမ်းခံစားချက်ကို သူငယ်ချင်းတို့ နားလည်မှာပါ…

လွမ်း ဖြစ်ပေါ်လာတဲ့ခံစားမှုအပေါ် သူငယ်ချင်းတို့ အပြစ်တင်ခဲ့ရင်လည်း လွမ်း ကျေနပ်စွာနဲ့ ခံယူနေမှာပါ…

လွမ်း တေဇာ့အပေါ် ခံစားခဲ့တာကိုလည်း သူမသိစေချင်ပါဘူး…

ထပ်မှာပါရစေနော်…

ပြန်ပြောမပြကြပါနဲ့…


လွမ်းဧကရီ
၀၉-၀၈-၀၉

နံနက် ၉:၂၀ နာရီ

1 comment:

သျှင်နေမင်း said...

ပြန်ကျောမှာပဲ ရဘူး