Thursday, January 24, 2013

ဘာကြောင့်လဲ

ဘာကြောင့်လဲ

လွမ်း...တနင်္ဂနွေနေ့ (၂၀-၁-၂၀၁၃) ရက်နေ့ က မရောက်တာကြာလို့  ဒဂုံမြို့ သစ်မြောက်ပိုင်းက အိမ်ကို သွားပြီး ခြံထဲရှင်းလင်း၊ အခန်းတွင်း ဖုံများတက်နေတာကို သန့် ရှင်းရေးလုပ်ပါတယ်။

ညနေ ပြန်လာတော့ ကားရှေ့ ညာဖက်တာယာက လေနည်းနေတာကို တွေ့ ရတဲ့အတွက် ဒဂုံမြို့ သစ်အိမ်လမ်းထိပ်က လေထိုးဆိုင်မှာ ၀င်ပြီး လေထိုးလိုက်ပါတယ်။

မနက်ပိုင်း ရုံးသွားဖို့  ကားဂိုဒေါင်မှ ကားထုတ်တဲ့အခါ ကားရှေ့ ညာဖက်တာယာက လေတော်တော် နည်းနေတာကို တွေ့ ရပြန်ပါတယ်။ 

အနီးဆုံး ဆိုင်မှာပဲ ဘီးတာယာသွားဖာဖို့  ဖြည်းဖြည်းချင်းမောင်းသွားပါတယ်။

ကားလေထိုးဆိုင်မှာ လူငယ်လေးတစ်ယောက်ကပဲ ဘီးကိုဖြုတ်ပြီး လေထိုးပါတယ်။

Sunday, January 6, 2013

နေပြည်တော်သို့  ခရီးတစ်ခေါက်

နေပြည်တော်သို့  ခရီးတစ်ခေါက်

နှစ်ကူးအစ (၀၁-၀၁-၂၀၁၃) ရက်နေ့ က အလုပ်ကိစ္စနဲ့  နေပြည်တော်ကို သွားရမယ်လို့  မန်နေဂျင်းဒါရိုက်တာ စီစဉ်မှုဖြင့် နေပြည်တော်သို့  ခရီးတစ်ခေါက်ရောက်ခဲ့ပြန်ပါတယ်။

လမ်းခရီးတ၀က် ၁၁၅-မိုင်က စားနေကျ Feel Express မှာပဲ ညနေစာ ထမင်းစားကြပါတယ်။

ထူးခြားလာတာကတော့ နေပြည်တော်အ၀င်မှာ Toll Gate အသစ်တစ်ခု ထပ်မံပြုလုပ်ထားပြီး မြို့ ဝင်ခအတွက် ကျပ်ငွေတစ်ထောင် ထပ်မံကောက်ခံတာပါပဲ။

လမ်းမတစ်ချို့ မှာ ကွန်ကရစ်လမ်းပေါ်မှာ ကတ္တရာလမ်း ခင်းနေတာကို တွေ့ မြင်ရပါတယ်။

တည်းနေကျ Mount Pleasant Hotel မှာ သွားရောက်တည်းခဲ့ပါတယ်။ 

ဒီတစ်ခါတော့ Reception နဲ့  နီးတဲ့ သီးခြားအဆောင်လေးတွေမှာပဲ တည်းဖြစ်ပါတယ်။

လွမ်းနေခဲ့တဲ့ အခန်းပြင်ဆင်ထားပုံလေးကို ဓါတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။