Wednesday, November 28, 2012

Flash Song တွင် Group as Movie Clip ပြုလုပ်ခြင်း

Flash Song တွင် Group as Movie Clip ပြုလုပ်ခြင်း
အမေးအဖြေကဏ္ဍ အပိုင်း(၁)


လွမ်း…တစ်ခုစဉ်းစားမိပါတယ်။


လွမ်း ရေးတဲ့စာတွေမှာ မှတ်ချက်ပေးရင်းနဲ့  သိချင်တာတွေ မေးသွားတာလည်း ဖတ်ရပါတယ်။


လွမ်းတို့ ဆိုဒ်က MM Flash Songs ဖြစ်တဲ့အတွက် Flash Song နှင့် ပတ်သက်တာတွေကို အမေးအဖြေ ကဏ္ဍလေးတစ်ခု လုပ်ပေးမလားလို့  စဉ်းစားမိပါတယ်။


အခက်အခဲဖြစ်နေသူများကို လွမ်း အားချိန်ရရင် ရသလို Flash Song နှင့် ပတ်သက်တဲ့ မေးခွန်းလေးတွေကို ဖြေပေးသွားပါမယ်။


ပထမဆုံး ယနေ့  လွမ်းဆီကို မေးခွန်းလေးရောက်လာတာကို ရေးပြပါမယ်။


MM Flash Songs Member တစ်ဦးဖြစ်တဲ့ မလေးရှားက ကိုဇော်ဝင်းအောင်က စာပို့  မေးမြန်းထားတာပါ။


ကျနော့်ကိုတစ်ခုလောက်မေးခွင့်ပြုပါမမလွမ်း


မမလွမ်းရေးတဲ့ Flashsongs လေးတွေမှာ မမလွမ်းရဲ့နာမည်လေးမှာ Rainbow လေးပြေးနေအောင်ဘယ်လိုလုပ်ပါသလဲ
ကျနော့်ကိုပြောပြပေးလို့ရရင်ပြောပြပေးပါနော်
ကျနော်လုပ်တာEffect လေးကဝင်သွားပြီးရင်ရပ်နေတယ်
Effect လေးကအမြဲတမ်းလှုပ်မနေဘူး
play stop ဘတ်တွန်လေးကတော့ထည့်လို့ရပါတယ်
ကျန်တာတွေကတော့လောလောဆယ်အဆင်ပြေပါတယ်
နာမည်လေးမှာEffect လေးထည့်တတ်ချင်တာပါ
ကျေးဇူးတင်ပါတယ်

Saturday, November 24, 2012

မဟာကျိန်သစ္စာရှင်ဘုရားကြီး

မဟာကျိန်သစ္စာရှင်ဘုရားကြီး


ဒီနေ့  လွမ်းတို့ ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာက ဦးဆောင်ပြီး ကုမ္ပဏီဝန်ထမ်းမိသားစုများက မြောက်ဥက္ကလာပမြို့ နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြပါတယ်။

သံဃာတော်များကို နေ့ ဆွမ်းဆက်ကပ်လှူဒါန်းပါတယ်။

လွမ်းတို့ လည်း ဘုန်းကြီးကျောင်းမှာပဲ နေ့ လည်စာစားပြီး ပြန်လာခဲ့ပါတယ်။

လွမ်း…မြောက်ဥက္ကလာပမြို့ နယ်ဝင်ကတည်းက လှမ်းမြင်နေရတဲ့ ဘုရားကြီးကို ဖူးချင်တာနဲ့  အပြန်မှာ ၀င်ရောက်ဖူးမြော်ခဲ့ပါတယ်။
လွမ်း ဖူးတာ ဒီတစ်ခါ ဒုတိယအကြိမ်ပါ။

ဒီတစ်ကြိမ်မှာတော့ ကံအားလျော်စွာပဲ ဘုရားကြီးဖြစ်မြောက်ရေးလုပ်ငန်းကော်မတီဥက္ကဌ ဒုတိယဗိုလ်မှူးကြီး တင်မြ(ငြိမ်း)၏ ဇနီး ဒေါ်တိုးတိုးရီနဲ့  တွေ့ ဆုံခဲ့ပြီး မဟာကျိန်သစ္စာရှင်ဘုရားသမိုင်းကို ဒေါ်တိုးတိုးရီက ပြောပြပါတယ်။

ဘုရားကြီးက အမှတ်(၁၁၃၅/၃)၊ သုနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့ နယ်မှာ တည်ရှိပြီး ဘုရားရဲ့ ဥာဏ်တော်အမြင့်ဟာ ၁၂၉-ပေ၊ ၆-လက်မ ရှိပါတယ်။

မဟာကျိန်ဘုရားပုံတော်မှာ တင်ပျဉ်ခွေပုံတော်ဖြစ်ပါတယ်။ ဦးတော်တွင် ရာဇာဘိသေကမင်္ဂလာ ခံယူမည့် ဘုရင်၏ မကိုဋ်သရဖူဆောင်းထားလျက် လည်ပင်းတော်၌ အရေးသုံးပါးပါရှိပြီး နားတော်မှာ ပုခုံးတော်နှင့် မထိဘဲ ဘုရင်မင်းမြတ်ဝတ်ဆင်ထားသော နားတောင်းမျိုး ၀တ်ဆင်ထားပါတယ်။ ၀တ်ရုံတော်မှာလည်း ဘိသိက်ခံဘုရင်၏ ၀တ်ရုံတော်မျိုး ဖြစ်ပါတယ်။


Monday, November 19, 2012

နေချင်စဖွယ် နေပြည်တော်မှ ဟိုတယ်များ အပိုင်း(၄)

နေချင်စဖွယ် နေပြည်တော်မှ ဟိုတယ်များ အပိုင်း(၄)



ဒီတစ်ခါတော့ နေပြည်တော် ဟိုတယ်ဇုံမှာ ရှိတဲ့ The MyatMingalar ဆိုတဲ့ Hotel လေးအကြောင်း ရေးချင်ပါတယ်...

လွမ်း ဒီတစ်ခေါက် နေပြည်တော်သွားတာ နေ့ ချင်းပြန်သွားခဲ့တာပါ...

လွမ်းတို့  ဧည့်သည်တွေက The MyatMingalar Hotel မှာ တည်းနေတဲ့အတွက် ဟိုတယ်ကိုပဲ တိုက်ရိုက် သွားခဲ့ပါတယ်...

ဟိုတယ်ရဲ့ အဆောက်အဦပုံစံလေးတွေက ချစ်စရာလေးပါ...


Monday, November 12, 2012

လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၇)

လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၇)



လွမ်းပြုလုပ်ထားတဲ့ Flash Song များကို သူငယ်ချင်းများ နားဆင်ခံစားနိုင်စေရန် တင်ပေးခြင်း ဖြစ်ပါတယ်…





ဆုံမှတ်ဟာ အနန္တမှာ





ကိုယ်စိတ်မကောင်းဘူး



လွမ်းရဲ့ Flash Song လက်ရာများကို ဝေဖန်ပေးပါအုန်းနော်…

သီချင်းလေးများ နားထောင်ရင်း သူငယ်ချင်းများအားလုံး စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ…








လွမ်းဧကရီ

၁၂-၁၁-၂၀၁၂
ညနေ ၅:၅၅ နာရီ