Friday, July 31, 2009

အိပ်မက်ဆိုး

အိပ်မက်ဆိုး


ချစ်စခင်စ ချစ်သူရည်းစားဘဝ



တူ……….တူ……….တူ………. (တယ်လီဖုန်းခေါ်သံ)

ဟဲလို

ကိုကို လား

ဟုတ်တယ် လွမ်းလေး

ကို….ကို…. (ချွဲသံဖြင့်)

ပြောလေ လွမ်းလေး…

ကိုကို ဘာလုပ်နေလဲ…

ကိုကို့ ကွန်ပြူတာ Error တက်နေလို့ ပြင်နေတာ…

လွမ်း… ကိုကို့ကို တွေ့ချင်တယ်ကွာ…

ကိုကို… ခုမအားဘူးလေ…

ဟင့်အင် မရဘူး… ကိုကို လွမ်းဆီ ခုလာခဲ့… ဒါပဲ…

ကလေးက ဆိုးပြီကွာ…

ဆိုးမှာပဲ… လာမှာလား… မလာဘူးလား… ပြော…

အိုကေ… အိုကေ… ကိုကို ခု လာခဲ့မယ်…

ဟုတ်… ဒါမှ လွမ်းကိုကို ကွ…


.........................................................................................

တစ်ဖက်သတ်အချစ်

တစ်ဖက်သတ်အချစ်

ရင်ဖွင့်သံ - ၁


ကိုကိုရယ်… လွမ်း ငါးသုံးကို ဝင်ခဲ့တာ မှားပြီလားမသိဘူး…

ကိုကိုက လွမ်းနှလုံးသားအိမ်မှာ နေရာယူလာမယ်ဆိုတာ လွမ်း ထင်မထားခဲ့ဘူး… သိမထားခဲ့ဘူး…

လွမ်းတို့ စပြီးသိခဲ့ကြတာကို လွမ်း ပြောပြမယ်နော်…

လွမ်း ငါးသုံးကို ရောက်ပြီး လွမ်း Page ကို အရင်ဆုံးလှအောင် ပြင်တယ်…

နောက် လွမ်း အချစ်ဇာတ်လမ်းလေးတစ်ခု ရေးပြီး တင်လိုက်တယ်…

လွမ်းရေးတဲ့ Blog မှာ ကိုကို Comment လာပေးတာက စပြီး ကိုကို့ကို သတိထားမိတာ…

နောက် ကိုကို လွမ်းကို သူငယ်ချင်းအဖြစ် ပေါင်းထည့်တယ်…

ဒီတော့ လွမ်းက ကိုကို့ကို Comment ပြန်ပေးဖို့ ကိုကို့စာမျက်နှာကို ရောက်ခဲ့တယ်…

ကိုကို့စာမျက်နှာမှာ ယောင်္ကျားလေးတွေထက် မိန်းခလေးတွေ အများကြီးက Comment လာပေးထားတာကို တွေ့ရတယ်…

အဲ့ဒီအချိန်မှာ လွမ်းရင်ထဲ အမျိုးအမည်မသိတဲ့ ခံစားမှုလေးတစ်ခု စပြီး ပေါ်လာတယ်…

Wednesday, July 29, 2009

ကယ်ကြပါဦးဗျို့


ကယ်ကြပါဦးဗျို့



မရေရာတဲ့ အတွေးတွေနဲ့

လေနေတဲ့ စိတ်တွေ

ဘာလုပ်ရမှန်း မသိခင်

မြည်လာတဲ့ဖုန်းသံကြောင့်

ပေါ်လာတဲ့ နာမည်ကို ကြည့်လိုက်တော့

ပျော်သွားတဲ့စိတ်ကလေးကိုထိန်း

ဟယ်လို

ကျနော်ပါ

သိသားပေါ့ ကျနော်မှန်း

ဘယ်လိုအကြောင်းကြောင့် ဖုန်းဆက်?

ရေရာတဲ့ အဖြေမရှိ

လွမ်းကိုယ်တို်ငကလည်း ဘာပြောရမှန်းမသိ
 

ဒီလိုနေ့ရက်တွေ ကြာလာတော့


ဘယ်လိုရယ်ကြောင့် မသိ

သူဖုန်းမဆက်ရင် ကောက်မိတဲ့ စိတ်ကလေး

ပြန်ဖြောင့်လို့ မရအောင် အလိုလိုနေရင်း စိတ်တို

ဟော…ဖုန်းလာပြီ!!!

ကျနော်ဖုန်းဆက်ချင်နေတာ ခုမှပဲ ဆက်ဖြစ်တယ်

အဲလိုအသံလေး ကြားရခဏ

ကောက်နေတဲ့စိတ်တွေ အကုန်ဖြောင့်

တတ်လည်းတတ်နိုင်ပါပေ့ ကျနော်ရယ်

ဒီက အသည်းမကွဲသေးခင်

ဖြတ်မရတဲ့ သံယောဇဉ်ကြိုး

ရအောင်ဖြတ်ချင်ပြီ


ကယ်ကြပါဦးဗျို့ !!!





လွမ်း
၂၆-၀၇-၀၉
ညနေ ၆:၄၃ နာရီ

လွမ်းပုံပြင်

လွမ်းပုံပြင်


တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်တရာ ချောမောလှပတဲ့ မင်းသမီးလေးတစ်ပါး ရှိတယ်…

မင်းသမီးလေးဟာ ဘယ်သူနဲ့မှ မတူအောင် အစစအရာရာ လိုလေသေးမရှိ ပြီးပြည့်စုံတယ်…

ဒါကြောင့် မင်းသမီးလေးကို လိုချင်တဲ့ ပုရိသလူငယ် မင်းသားလေးတွေဟာ အင်မတန်မှ များပြားစွာ လာရောက်ချဉ်းကပ်ကြတယ်…

အဲ့ဒီ မင်းသားလေးတွေထဲမှာ အလွန်ယောင်္ကျားပီသပြီး ရုပ်ရည်ခန့်ညားတဲ့သူတွေလည်း မရေမတွက်နိုင်အောင် အများကြီးပေါ့…

ဒါပေမဲ့လည်း မင်းသမီးလေးဟာ ဘယ်သူ့ကိုမှ မေတ္တာမမျှနိုင်ဘဲ ဖြစ်နေတယ်…

သံယောဇဉ်

သံယောဇဉ်



လွမ်း အချစ်ဆုံးချစ်သူ ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာ လွမ်းအချစ်တွေဟာလည်း သေဆုံးသွားခဲ့ပြီလို့ လွမ်း မှတ်ယူခဲ့တယ်…


လွမ်း…နှစ်တွေကြာညောင်းလို့ လွမ်းစိတ်တွေကို အင်တာနက်ထဲမှာ နှစ်မြှုပ်လိုက်ချိန်မှာ လွမ်းရင်ထဲကို မထင်မှတ်တဲ့သူတစ်ယောက်က သေဆုံးသွားခဲ့ပြီလို့ ထင်ထားတဲ့ လွမ်းအချစ်ကို ပြန်လည်နိုးထလာအောင် စွမ်းဆောင်နိုင်ခဲ့တယ်…


လွမ်း သူနဲ့ပတ်သက်လို့ ခံစားလာခဲ့ရတယ်…


သူနဲ့ လွမ်းက အသက်ကွာတယ်…


လွမ်း…သူ့ကို ကို လို့ ခေါ်တယ်…


လွမ်းတို့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ခဲ့ကြပြီးနောက်ပိုင်း သံယောဇဉ်တွေ ဖြစ်လာကြတယ်…


လွမ်းတို့နှစ်ယောက် မဖြစ်နိုင်မှန်းသိရဲ့နဲ့ ချစ်ခဲ့ကြတယ်…


နေ့တိုင်း ဖုန်းဆက်ဖြစ်တယ်…


ဖုန်းပြောရင် စကားဖြတ်ပြီး ချလိုက်ရမှာကို စိုးရွံ့နေမိကြတယ်…


Gtalk နဲ့ ပြောဖြစ်ပြန်ရင်လည်း အချိန်တွေ ကုန်သွားမှန်း မသိနိုင်တော့လောက်အောင် ပြောနေမိကြတယ်…

Wednesday, January 21, 2009

ရင်တွင်းခံစားချက် - ၄


ရင်တွင်းခံစားချက် - ၄



ပထမအွန်လိုင်းချစ်သူရဲ့ လွမ်းကို ပြောတဲ့စကားလေးကို ပြောပြချင်လို့ပါ… 
လွမ်းက အွန်လိုင်းချစ်သူအသစ်ရသွားပြီ လို့ပြောတော့… 
“မြန်လှပါလား… ဒါကြောင့် ကျနော့်ကို မေ့နေတာပေါ့… လွမ်းက အပြောကောင်းတယ်ဆိုတော့ Boyfriend တစ်ယောက် ထပ်ရတာ မအံ့ဩပါဘူး… အဲဒီလိုအပြောလေးတွေနဲ့ပဲ ကျနော်တောင် လွမ်းကို ချစ်ခဲ့ရတာလေ… ကျနော် စကားပုံတစ်ခု ကြားဖူးတယ်… အဲဒါ သိပ်မှန်တာပဲဗျာ… မိန်းမတွေဟာ ချစ်သူက အနားမှာ မရှိတဲ့အခါ အနားမှာရှိတဲ့သူကိုပဲ ချစ်မိသွားတယ်…ဆိုတာလေ… ကြားဖူးတယ် မဟုတ်လား… လွမ်းလည်း အဲဒီလိုပါပဲ… လွမ်းဘက်က ချစ်သူတစ်ယောက် ထပ်ရတယ်ဆိုပေမဲ့ ကျနော့်ဘက်ကတော့ ဒီတိုင်းပဲ… အရာအားလုံးဟာ ပုံမှန်အတိုင်းပါပဲ… ကျနော် လွမ်းနဲ့ ပတ်သက်ပြီး နားလည်ထားပါတယ်… Sometime မှာ Everything is nothing ပဲလေ… အရာရာတိုင်းကို တစ်ချိန်ချိန်မှာ ဆုံးရှုံးမှာပဲလေ… အဲ့ဒီအတွက် Prepare လုပ်ထားပါတယ်” 
အဲဒီလို လွမ်းကို ပြောသွားတယ်… 
လွမ်း သူပြောတာကို အမှတ်တရ Print ထုတ်ထားခဲ့တာလေ… 
လွမ်း ကိုယ်ချစ်ကို ရွေးခဲ့တဲ့အတွက် တေဇာ့ရဲ့ အစားထိုးချစ်သူတစ်ယောက်လိုပဲ ဖြစ်ခဲ့ရတာပါ
 လွမ်းအပေါ် အနိုင်ယူတယ်လေ… 
သူ တစ်ခြားမိန်းခလေးတစ်ယောက်နဲ့ စကားပြောရင် သဝန်တိုတတ်တဲ့ ကိုယ့်စိတ်ကို ချိုးနှိမ်ထားခဲ့ရတယ်… 
အရာအားလုံးကို ခွင့်လွှတ်စိတ်နဲ့ ချစ်နေရတာလေ… 
ပထမအွန်လိုင်းချစ်သူက ရှိခဲ့ဖူးတဲ့ သံယောဇဉ်နဲ့ သူငယ်ချင်းကောင်းအဖြစ် ယနေ့တိုင် ရပ်တည်ပေးခဲ့ပါတယ်… 
ဒီနေရာမှာ ယောင်္ကျားလေးတွေရဲ့ စိတ်ဟာ ဆုံးဖြတ်ချက်ချထားပြီးရင် ဘယ်တော့မှ မပြင်တော့ဘူးဆိုတာ သိလာရတယ်… 
လွမ်းတို့ မိန်းခလေးတွေက ပြောသမျှ ယုံလွယ်တတ်တယ်လေ… 
လွမ်းလည်း တစ်ချိန်ချိန်မှာ ဆုံးရှုံးလာမဲ့ အချစ်အတွက် ပြင်ဆင်ထားနေပါတယ်… 
တေဇာက တာဝန်နဲ့ဆိုတော့ လွမ်းနဲ့ အဝေးမှာပဲ နေရတယ်… 
ခုတော့ လွမ်း အဝေးကြီးက လွမ်းနေရတုန်းပါပဲ…



လွမ်း