Wednesday, June 22, 2011

သူငယ်ချင်း…သို့



သူငယ်ချင်း…သို့

ငါ အခု အရမ်းခံစားနေရတယ် ဟာ…

နင် ဘာလို့ ငါနဲ့ တွေ့ဆုံဖို့ ဖြစ်လာတာလဲ…

ကံကြမ္မာကိုပဲ ငါ အပြစ်ပုံချရမလား…

နင် ငါနဲ့ Chat ချင်လို့ဆိုပြီး ငါ့ကို ခွင့်တောင်းပြီး နင်လာ Add ခဲ့တယ်…

နင်နဲ့ငါ Online မှာ တွေ့တိုင်း Chatting လုပ်ဖြစ်ခဲ့ကြတယ်…


နင့်အကြောင်းတွေကို နင် မချွင်းမချန် ပြောခဲ့သလို ငါလည်း နင့်ကို ပြောပြခဲ့တယ်…

နင်ခံစားနေရတဲ့အချိန်မှာ ငါ ဖြေသိမ့်ပေးခဲ့သလို ငါ ခံစားနေရရင်လည်း နင် မနေတတ်ခဲ့ဘူး…

ငါက ကလေးလိုပဲ ဆိုးတယ်…နင် ငါစိတ်ကောက်ရင် မချော့တတ်ဘူး…

ဘာပြောရမှန်းမသိ ဖြစ်နေတတ်တယ်…

ငါ နင့်အပေါ် အရမ်းခင်လာတယ်…နင်က ပွင့်ပွင့်လင်းလင်း ပြောတတ်လို့လေ…

နင် မြန်မာပြည် ပြန်လာတော့ ငါတို့ တွေ့ဆုံခဲ့ကြတယ်…

ဟိုးအရင်ကတည်းက သိခဲ့ကြတဲ့ သူငယ်ချင်းတွေလိုပဲ ခင်ခဲ့ကြတယ်…

နောက် နင် ငါ့ကို ကိုကိုနဲ့ မိတ်ဆက်ပေးခဲ့တယ်…

ငါ့မှာ နင်တို့ နှစ်ယောက်ကိုပဲ အဖော်လုပ်ပြီး ပျော်ခဲ့ရတယ်…

နောက်ပိုင်း နင်သင်တန်းတွေ တက်နေရတော့ နင်နဲ့ငါ ဝေးသလို ဖြစ်သွားတယ်…

ဒီအချိန်မှာ ငါ ကိုကိုနဲ့ တွေ့ဆုံချိန်က ပိုများလာတယ်…

နင်က နင့်ကောင်မလေးနဲ့ ပတ်သက်ပြီး ခံစားနေရတော့ ငါ နင့်ကို နှစ်သိမ့်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူး…

ငါ နင့်ကို တွေ့ချင်တယ်လို့ ချိန်းတိုင်း နင် မအားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နင် ငြင်းခဲ့တာချည်းပဲ…

ငါ နင်နဲ့ ဖုန်းပြောလို့ နင့်ကို ငါ့နားမှာ မနေပေးဘူး လို့ အပြစ်တင်ရင် နင့်မှာ ကိုကိုရှိသားပဲလေ ဆိုပြီး နင်လွှဲပြောတတ်တယ်…

ကိုကိုက ချော့ကလက်မြို့တော်ရဲ့ မင်းသားဆိုတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာလေ…

ငါ့အတွက် အချိန်ပေးနိုင်တာ မဟုတ်ဘူး…

နောက် ငါ အရွဲ့တိုက်ချင်တဲ့စိတ် ဖြစ်လာတယ်…

ငါ ကိုကိုနဲ့ တွဲတယ်…ကိုကို့ကို ချစ်ပြတယ်…

နင်နဲ့ ဖုန်းပြောရင် ငါ ကိုကို့ကို ဘယ်လောက်ချစ်ရတယ်ဆိုတာ ပြောတယ်…

နင်က ငါပြောရင် အေးပါဟာ…ကိုကိုက ငါ့ထက်သာပါတယ် လို့ နင် ပြောတတ်တယ်…

နင် ငါ့ကို မနာလိုဖြစ်စေချင်ခဲ့တာ…

ခု ကိုကိုကလည်း သိသွားတယ်လေ…ကျွန်တော်က အရွဲ့ခံကြီး ဖြစ်နေတာပေါ့ တဲ့…

ငါ မနေနိုင်တော့လို့ နင် ငါ့ကို မချစ်ဘူးလား လို့ ငါ နင့်ကို မေးခဲ့တယ်…

နင်နဲ့ ငါက သူငယ်ချင်းလေဟာ…တဲ့

သူငယ်ချင်းဆိုတဲ့ တံတိုင်းကြီးက နင်နဲ့ ငါ့ကို ခြားထားပြီဆိုတာ ငါ နားလည်လိုက်ရတယ်…

ငါ အခု အရမ်းခံစားနေရတယ် ဟာ…




လွမ်း
၁၅-၀၅-၀၉

နံနက် ၆:၂၅ နာရီ

No comments: