Monday, February 17, 2014

အလွမ်းစာမျက်နှာ-၎

ကိုကိုရေ...


ဒီစာလေးဟာ ကိုကို့ အတွက် လွမ်းနောက်ဆုံးရေးလိုက်တဲ့စာလေးပါပဲ...

လွမ်း...ဒီစာလေးကို ငိုပြီးရေးနေတာကိုကို...

ကိုကို့ ဆီက ချော့တဲ့စာလေးရရင် လွမ်း ကိုကို့ ရင်ခွင်ထဲပြန်လာခဲ့မယ်လို့  လွမ်းပြောခဲ့ပါတယ်...

လွမ်း...ကိုကို့ ဆီက ချော့တဲ့စာမရခင်ကလေးမှာပဲ လွမ်းကို အားလုံးက ၀ိုင်းပြောကြတယ်ကိုကို...

လွမ်းခံစားချက်လေးတွေကို အများသိအောင်ရေးနေတာ အပြစ်တစ်ခုတဲ့လေ...

လွမ်းဆုံးဖြတ်ချက်ချလိုက်ပါပြီကိုကို...

လွမ်း... ကိုကိုနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မရေးတော့ပါဘူးလို့  ကတိပေးပါတယ်...

ကိုကို့ ရင်ခွင်ထဲကိုလဲ လွမ်း ဘယ်တော့မှ ပြန်မလာတော့ဘူးလို့  ဆုံးဖြတ်လိုက်ပါပြီကိုကို...

ကိုကို လွမ်းကိုချော့ထားတဲ့စာလေးကိုတော့ နောက်ဆုံးအနေနဲ့  ရေးပြမယ်နော်...

Friday, February 14, 2014

အလွမ်းစာမျက်နှာ-၃

ကိုကိုရေ...


ကိုကို့ ကို လွမ်းလို့  စာရေးလိုက်တာလေ...

လွမ်းလေ ကိုကိုနဲ့ ခင်ခဲ့ပြီးနောက်ပိုင်း လွမ်းကိုကို့ ကို သတိရရင် ဖုံးဆက်တတ်လာတယ်...

ကိုကို့ သူငယ်ချင်းတွေက အားလုံးသိကုန်ကြပြီလေ...

ဖုံးဆက်လွန်းလို့ လွမ်းအသံကို မှတ်မိနေကြတယ်....

ကိုကိုမရှိရင်... လွမ်း မဟုတ်လား...လွမ်းကိုကို မရှိဘူး...ည ၁၀-နာရီလောက်မှ ရောက်လိမ့်မယ် လို့ ဖြေတတ်တယ်...

ကိုကိုကလဲ ည ဘယ်အချိန်ပဲ ပြန်ရောက်ရောက် ဖုံးဆက်တတ်တယ်....

ဧပြီလ(၁၂)ရက်နေ့ က သူငယ်ချင်းအလှူက ပြန်လာတော့ မိုးတွေသဲသဲမဲမဲ ရွာချခဲ့တယ်...

လွမ်းမှာပဲ ထီးပါတယ်... ကိုကိုနဲ့ နှစ်ယောက်အတူ ထီးဆောင်းလိုက်ရတယ်...

ကိုကိုက အရပ်မြင့်တော့ ထီးကိုင်ပြီး မိုးပေးတယ်...လွမ်းက ကိုကိုနားလေး ကပ်လိုက်ရတာလေ...

အဲဒီနေ့ ညက ကိုကိုက လွမ်းအတွက် ကဗျာစပ်ထားတယ်...Mail နဲ့ ပို့ ပေးလိုက်မယ် ဆိုပြီး ပို့ ပေး ခဲ့ တယ်...

ကိုကိုစပ်ပေးတဲ့ကဗျာလေးကို ဖတ်ပြီး လွမ်းရင်ခုန်ခဲ့ရတယ်...

ကိုကိုက ပုံလေးနဲ့ တွဲပို့ ပေးတယ်...

Thursday, February 13, 2014

အလွမ်းစာမျက်နှာ-၂


ကိုကိုရေ...


ကိုကို ဆီက ပြန်စာလေး ရတယ်...

"မန်မြန်ပြန်လာပါတော့ လွမ်းလေးရေ... လွမ်းလှပြီ" တဲ့...

လွမ်းလဲ ကိုကို့ ကို လွမ်းတာပါပဲ ကိုကိုရယ်...

လွမ်းကို ပစ်တုန်းက ပစ်ထားခဲ့ပြီးတော့ ခုမှ လွမ်းကို လာခေါ်လဲ ပြန်မလာဘူး...

ဒါပေမဲ့ လွမ်းလေ ကိုကို့ ကို လွမ်းလွန်းလို့  ကိုကိုနဲ့ လွမ်း ပြောခဲ့ကြတဲ့ Chat History ကို ပြန်ဖတ်နေမိတယ် ကိုကိုရေ...

ကိုကို နဲ့ လွမ်း စတွေ့ တုန်းက ကိုကိုက ရီစရာတွေ အရမ်းပြောတာပဲ...

လွမ်းပြန်ဖတ်ပြီး ပြုံးနေမိတာ...

နောက် ကိုကိုက လွမ်းကို ကလေးလေးတစ်ယောက်လိုပဲ ဆက်ဆံတယ်...

နို့ ဗူးထဲ နို့ ထည့်ထားတဲ့ပုံပို့ ပြီး "ကိုကိုဖျော်ထားတာ...သောက်လိုက်အုန်း" လို့ အမြဲပြောတာ...

အမှတ်တရလေးတွေက ရင်ထဲမှာဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်ပါဘူး ကိုကိုရာ...

ကိုကိုက လွမ်းအတွက် အမှတ်တရကဗျာလေး ရေးပို့ တယ်...

အလွမ်းစာမျက်နှာ-၁




ကိုကိုရေ...


လွမ်း...ကိုကို့ ကို သတိရလိုက်တာ...

လွမ်း ကိုကို့ ရင်ခွင်ထဲက ထွက်ချင်လို့  ထွက်လာတာမဟုတ်ပါဘူး ကိုကိုရယ်...

ကိုကို့ နားမှာ လွမ်း နေချင်ခဲ့တာပေါ့...

ကိုကို့ ရင်ခွင်ထဲမှာ နေပြီး ကိုကိုနဲ့ စကားတွေ ပြောချင်နေခဲ့ တာပေါ့...

ဒါပေမဲ့ ကိုကိုရယ်...ကိုကိုက လွမ်းနားမှာ မနေနိုင်ခဲ့ပါဘူး...

လွမ်း အရမ်းဝမ်းနည်းတာပဲ...

လွမ်းကလေ လူ့ ဘဝမှာ မနာလိုမှုတွေနဲ့  နေနေတာကိုကို...

လွမ်း အမှန်အတိုင်း ဝန်ခံတာ...

အဲ့ဒီ မနာလိုမှုတွေက လွမ်းဘဝအတွက် တက်လမ်းတွေ ဖြစ်စေခဲ့သလို လွမ်းဘဝအတွက် ဝမ်းနည်းကြေကွဲမှုတွေကိုလဲ ဖြစ်စေတယ်ကိုကို...

လွမ်း ကျောင်းသူဘဝ၊ အင်ဂျင်နီယာဘဝတုန်းက သူများကိုယ့်ထက်သာမှာကို မနာလိုလို့  လွမ်း ကြိုးစားတယ်ကိုကို...အောင်မြင်ခဲ့တယ်...

လွမ်း ကိုကို့ ကို  စတွေ့ ပြီး ခင်ခဲ့ရတာတုန်းကလဲ ကိုကိုသူများတွေကို လွမ်းထက် ပိုခင်သွားမှာ ကို လွမ်းစိုးရိမ်ခဲ့တယ်...

ကိုကို သူများတွေနဲ့ ပြောနေရင် မနာလိုဖြစ်ခဲ့ရတယ်...

လွမ်းဘဝမှာ အချစ်ဆုံးချစ်သူမရှိတဲ့နောက် လွမ်း အထီးကျန်ညတွေကို ဖြတ်သန်းနေရတာ ကိုကို...

အဲ့ဒီ ညတွေမှာ ကိုကိုဟာ လွမ်းအတွက် စကားပြောဖော်တစ်ယောက်အနေနဲ့  လွမ်းဘဝထဲ ဝင်လာတဲ့အတွက် လွမ်း ပျော်ခဲ့ရပါတယ်ကိုကိုရယ်...

လွမ်း ကိုကိုအတွက် ခံစားရတဲ့ဇာတ်လမ်းလေးတွေ ရေးဖြစ်ခဲ့တယ်...

ကိုကိုက လွမ်းကိုပြောတယ်..."တကယ့်အဖြစ်အပျက်သာဆိုရင်တော့ ကိုကို ငိုမှာပဲ" တဲ့...

လွမ်းကလဲ ကိုကို့ ကိုရီပြီးပြောခဲ့တာလေ..."ကိုကို့ ကို တစ်ဖက်သတ်ချစ်နေတဲ့သူအနေနဲ့  ကိုကို့ ကိုအရမ်းချစ်ပြမှာ" လို့ လေ...

လွမ်း အဲလိုတွေပြောနေပေမဲ့ တကယ်ခံစားနေရတာပါ ကိုကိုရယ်...

လွမ်းချစ်သူအကြောင်းတွေကိုလဲ ကိုကို့ ကို အကုန်ဖွင့်ပြောပြတယ်...

ဒါပေမဲ့ ကိုကို လွမ်းကို အရင်လိုမချစ်တော့မှာ စိုးတဲ့စိတ်နဲ့  ဖွင့်မပြောခဲ့တာတွေလဲ ရှိခဲ့ပါတယ် ကိုကို...

ကိုကိုက လွမ်းကို အရင်လိုပဲ မပြောင်းလဲပဲ ဆက်ဆံတယ်...

လွမ်းနဲ့ ကိုကို ဖုံးပြောရင် လွမ်း ကိုကို့ ကို ချွဲပြောလဲ ကိုကိုနားထောင်ပြီး ပြန်ပြောပေးတယ်...

လွမ်းကို အမျိုးမျိုး နှစ်သိမ့်မှုတွေပေးခဲ့တယ်...

လွမ်း ကိုကိုနဲ့ ဖုံးပြောရင် ပျော်နေမိတာလေ...

ကိုကို့ အသံကို လွမ်း စကြားရကတဲက ကိုကို့ အပေါ်လွမ်းတကယ်ခင်သွားတာ...

လွမ်းနဲ့ ကိုကို ဘယ်လိုတွေပြောပြော ကိုကိုပြောနေကျစကားက "လွမ်းရာ ကိုကိုတို့ က စာပေမောင်နှမတွေပဲ" လို့  ပြောတတ်တယ်လေ...

Tuesday, February 11, 2014

"ကို"

သောကတောင်တန်း




"ကို"

စာရေးတိုင်း "ဧကရီကို ကို သိပ်ချစ်တယ်" လို့  ပြောတတ်တဲ့...ကို

"လွမ်း ဘာလုပ်နေလဲ"ဆိုပြီး တစ်နေ့ မှာ ၁၆-ခါလောက် ဖုံးဆက်မေးတတ်တဲ့... ကို

Saturday, February 8, 2014

ပြည်ပခရီးစဉ် အပိုင်း (၂)

ပြည်ပခရီးစဉ်
အပိုင်း (၂)

(၁၂-၁-၂၀၁၄) ရက်နေ့ မှာ Singapore မှာ အသစ်ဖွင့်ထားတဲ့ River Safari ကို သွားခဲ့ပါတယ်။

Singapore Zoo နေရာမှာပဲ ရှိတာပါ။

ငါးမျိုးစုံမွေးမြူထားသောကန်များနဲ့ ၊ Animal မျိုးစုံကို ကဏ္ဍများခွဲပြီး ပြသထားပါတယ်။

River Boat စီးပြီး မွေးမြူထားသော တိရစ္တာန်များကို လှည့်လည်ကြည့်ရှုရသော အစီအစဉ်လည်း ပါဝင်ပါတယ်။

River Safari မှ ရိုက်လာခဲ့သော ဓါတ်ပုံတစ်ချို့ ကို တင်ပေးလိုက်ပါတယ်။