Sunday, March 4, 2012

တကယ်တမ်းပြောရရင်

တကယ်တမ်းပြောရရင်


တကယ်တမ်းပြောရရင် အချိန်တွေ ပြောင်းလဲသွားပေမဲ့ ခုချိန်ထိ မမေ့နိုင်တဲ့ မောင့်အတွက် အမှတ်တရလေးတွေ ပြန်သတိရမိပါတယ်…

တကယ်တမ်းပြောရရင် ဘဝမှာ လွမ်းကို တစ်ယောက်တည်း ထားခဲ့မယ်ဆိုတာ ကြိုသိခဲ့ရင် မောင့်ကို စိတ်ဆိုး၊ စိတ်ကောက်ပြီး မခေါ်ဘဲ နေခဲ့တဲ့အချိန်တွေကို ပြန်လိုချင်နေမိပါတယ်…

တကယ်တမ်းပြောရရင် နှစ်ယောက်တည်း ပျော်နေရမဲ့အချိန်မှာ မောင့်ကို စိတ်မကောင်းဖြစ်အောင် စကားနိုင်လုခဲ့မိတာတွေကိုလည်း နောင်တရနေမိပါတယ်…

တကယ်တမ်းပြောရရင် ဘဝကို ထူထောင်ရင် ငွေကြေးပြည့်စုံမှ ဖြစ်မယ်ဆိုပြီး အဝေးကို မောင် သွားအလုပ်လုပ်နေရလို့ ခွဲနေရတဲ့အချိန်တွေကို ပြန်နှမြောမိပါတယ်…

တကယ်တမ်းပြောရရင် ဘဝမှာ နှစ်ယောက်လက်တွဲပြီး ဆံဖြူသွားကျိုးတဲ့အထိ ချစ်သွားမယ်ဆိုတဲ့ မျှော်လင့်ချက် အိပ်မက်လေးတွေ ပြိုလဲသွားရတာကိုလည်း ဝမ်းနည်းနေမိပါတယ်…

Saturday, March 3, 2012

လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၂)


လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၂)

ခုတလော ရုံးလုပ်ငန်းကတစ်ဖက်၊ ကိုယ်ဝါသနာပါတဲ့ Flash Song လေးတွေ လုပ်နေတာနဲ့ နည်းပညာဆောင်းပါးလေးတွေ ရေးတာ နည်းသွားပါတယ်…

အချိန်အားရရင်တော့ နည်းပညာဆောင်းပါးလေးတွေ တင်ပေးဖို့ စိတ်ကူးထားပါတယ်… 

အနာဂတ်ကောင်းကင်ရဲ့ တစ်နှစ်ပြည့်မှာ လွမ်းအနေနဲ့ မပါဝင်နိုင်ခဲ့ပါဘူး…

စည်းလုံးညီညွတ်စွာနဲ့ အားလုံးတက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတဲ့ အနာဂတ်ကောင်းကင်ကြီး တည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်းပေးပါတယ်…

လွမ်းလက်ရာ Flash Song လေးများကို ဝေဖန်အကြံဉာဏ်ပေးပါအုန်းနော်…