Thursday, July 25, 2019

ကမ္ဘောဒီးယားနိုင်ငံသို့ အလည်တစ်ခေါက်


ကမ္ဘောဒီးယားနိုင်ငံသို့ အလည်တစ်ခေါက်



၂၀၁၉-ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့က ဘန်ကောက်မြို့မှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ကားဖြင့် ခရီးထွက်ခဲ့ပါတယ်။


လမ်းမှာ တစ်ထောက်နားပါတယ်။ ဘန်ကောက်ကနေ နယ်စပ်မြို့အထိ လေးနာရီ မောင်းရပါတယ်။



လမ်းမှာ အင်ကြင်းပင်က အသီးများသီးနေတာတွေ့လို့ မှတ်တမ်းတင်ခဲ့ပါတယ်။



ဘန်ကောက် Immigration မှာ Return Visa လုပ်ရပါတယ်။ Baht 1200/- ပေးရပါတယ်။


Cambodia Immigration က လွမ်းတို့ကို နှစ်ပတ် Visa ထုတ်ပေးပါတယ်။


နိုင်ငံဝင်ခွင့်လုပ်တဲ့အခါ Bangkok အဝင်မှာလိုပဲ လက်နှစ်ဖက်စလုံးရဲ့ လက်ဗွေကို ယူပါတယ်။


Cambodia နယ်စပ်ကနေ သွားလည်မဲ့ Siem Reap ကို ရောက်ဖို့ ၃-နာရီ ကားမောင်းရပါတယ်။


လမ်းမှာ နေ့လည်စာ ဝင်စားပါတယ်။ ချက်တဲ့ဟင်းတွေက ချိုနေပါတယ်။ ဒါကြောင့် ငါးကြော်တစ်ခု ပဲ စားလို့ အဆင်ပြေပါတယ်။







ပထမဆုံး Hotel မသွားခင် လမ်းမှာ Memorial, Burial Site ကို အရင်ဝင်ကြည့်ပါတယ်။

ခမာနီတပ်များ အုပ်ချုပ်စဉ်က ထောင်ပေါင်းများစွာ အကျဉ်းသားများကို ခိုင်းစေပြီး နည်းအမျိုးမျိုး ဖြင့် သတ်ထားခဲ့သည်များကို အရိုးများနဲ့ အရိုးခေါင်းများကို ပြန်လည်တူးဖော်ရထားသည့် မှတ်တမ်း ဓာတ်ပုံများ ရေးသားထားသည်ကို တွေ့မြင်ရသလို အရိုးခေါင်းများ ထည့်ထားသည့် မှန်ပုံးကိုလည်း တွေ့မြင်ခဲ့ရပါတယ်။


 


ဝင်းအတွင်းရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းဆောင်များနဲ့ ဂျပန်က လှူထားသော ခေါငိးလောင်း တို့ကို တွေ့ခဲ့ရပါတယ်။






လွမ်းတို့တွေ နောက်တစ်နေ့မှာ လည်ပတ်မဲ့ နေရာဝင်ခွင့်အတွက် လက်မှတ်ဝယ်ရန် Ticket Center ကို သွားကြပါတယ်။ တစ်ဉီးကို ၃၇-ဒေါ်လာ ပေးရပါတယ်။


Ticket Center မှာ ၁-၁-၂၀၁၉ ရက်နေ့ကနေ လွမ်းတို့သွားတဲ့ ၂၇-၆-၂၀၁၉ ရက်နေ့အထိ Angkor Wat ကို လာလည်တဲ့ နိုင်ငံခြားသားပေါင်း ၁,၂၃၀,၁၅၀-ယောက် ရှိပါတယ်။





လွမ်းတို့တွေ လက်မှတ်ဝယ်ပြီး Hotel ကို Check-in ဝင်ကြပါတယ်။





လွမ်းဧကရီ


၂၅-၇-၂၀၁၉
နေ့လည် ၁:၁၅ နာရီ