Wednesday, June 22, 2011

နှင်းဆီပွင့် အရေအတွက်အလိုက် အဓိပ္ပါယ်များ



နှင်းဆီပွင့် အရေအတွက်အလိုက် အဓိပ္ပါယ်များ



လွမ်းဟာ နှင်းဆီပန်းကို နှစ်သက်သူဖြစ်ပါတယ်…


နှင်းဆီပန်းလေးဟာ အရေအတွက်ကို လိုက်ပြီး အဓိပ္ပါယ်ရှိပါတယ်…


ဒါကြောင့် သူငယ်ချင်းတို့လည်း ကိုယ့်မိတ်ဆွေ၊ ကိုယ့်ချစ်သူကို နှင်းဆီပန်းလေး လက်ဆောင် ပေးတဲ့အခါ အဓိပွါယ်လေးတွေကို မပြောဘဲနဲ့ သိစေလိုသောဆန္ဒဖြင့် ရေးသားတင်ဆက်လိုက် ပါတယ်…

အချစ်ဦး နှင့် တိတ်တခိုးချစ်ရသူ

အချစ်ဦး နှင့် တိတ်တခိုးချစ်ရသူ

ရွှေမြန်မာဥယျာဉ်မှာ ဥယျာဉ်သားလေးသို့ လွမ်း…ပေးပို့တဲ့ အချစ်သဝဏ်လွှာ ပေးစာကို နူးညံ့နှလုံးသားပိုင်ရှင်က ချေပရင်း ခင်မင်ခဲ့ပါတယ်…
 သင်္ကြန်မှာလည်း ဇာတ်လမ်းအတူတူရေးမယ်လို့ စီစဉ်ပေမဲ့လည်း မရေးဖြစ်ခဲ့ပါဘူး…
 ဒီနေ့တော့ လွမ်းရေးတဲ့ အချစ်ဦး ဆိုတဲ့ကဗျာကို နူးညံ့နှလုံးသားက ခံစားပြီး ပြန်ရေးထားတဲ့ တိတ်တခိုးချစ်ရသူ ဆိုတဲ့ ကဗျာစုံတွဲလေးကို သူငယ်ချင်းများ ခံစားနိုင်စေရန် တင်ပြအပ်ပါတယ်…










လွမ်းဧကရီ


၀၉-၀၅-၂၀၁၁

၁၄:၁၀ နာရီ


သူငယ်ချင်း…သို့



သူငယ်ချင်း…သို့

ငါ အခု အရမ်းခံစားနေရတယ် ဟာ…

နင် ဘာလို့ ငါနဲ့ တွေ့ဆုံဖို့ ဖြစ်လာတာလဲ…

ကံကြမ္မာကိုပဲ ငါ အပြစ်ပုံချရမလား…

နင် ငါနဲ့ Chat ချင်လို့ဆိုပြီး ငါ့ကို ခွင့်တောင်းပြီး နင်လာ Add ခဲ့တယ်…

နင်နဲ့ငါ Online မှာ တွေ့တိုင်း Chatting လုပ်ဖြစ်ခဲ့ကြတယ်…


ဝက်ဝံရုပ်လေးရဲ့ သစ္စာတရား

Lwan




ဝက်ဝံရုပ်လေးရဲ့ သစ္စာတရား


အပိုင်း(၁)


လွမ်းစာမရေးဖြစ်တာ ကြာပါပြီ…

ဒီနေ့  ၀က်ဝံမလေးက လွမ်းအိမ်လေးမှာ Comment လာပေးတော့ အမျိုးအမည်မသိ ခံစားချက်လေး ဖြစ်လာခဲ့ပါတယ်…

ဒါနဲ့  ၀က်ဝံမလေးအိမ်ကို ပြန်သွားကြည့်လိုက်တဲ့အခါ မင်္ဂလာပါ…ကျေးဇူးပါ ချော့ကလက်မြို့ တော် တဲ့… အဲလိုရေးထားတဲ့ စာသားလေးကြောင့် လွမ်းသိခဲ့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရေးမိအောင် တိုက်တွန်းလိုက်သလိုပါပဲ…

သတင်းစာရှင်းလင်းပွဲ


သတင်းစာရှင်းလင်းပွဲ


ဒီနေ့  ချော့ကလက်မြို့ တော်ကြီး တစ်ခုလုံး လှုပ်လှုပ်ရွရွနဲ့  ချော့ကလက်မြို့ တော်ရဲ့ မြို့ တော်ခန်းမရှေ့  တွင် လူများစုရုံးရောက်ရှိနေကြပါတယ်…


မြို့ တော်ခန်းမအတွင်းတွင်လည်း မြို့ တော်ရဲ့ အုပ်ချုပ်သူ မြို့ စားလေးနဲ့  အက်မင်များက ရှေ့ ဆုံးမှ နေရာယူထားကြပြီး သတင်းယူမဲ့ မြို့ တော်သတင်းထောက်များ၊ လာရောက်နားထောင်သော မြို့  တော်သူ၊ မြို့ တော်သားများနဲ့  ခန်းမတစ်ခုလုံး ပြည့်နေပါတယ်…

Comment မှ ပြောသော ဇာတ်လမ်းလေး


Comment မှ ပြောသော ဇာတ်လမ်းလေး


လွမ်း သူငယ်ချင်းတွေဆီ ဒီနေ့ပေးမဲ့ Comment တွေရှာရင်း စိတ်ကူးလေးတစ်ခု ရလာတယ်…

Comment လေးတွေနဲ့ ဇာတ်လမ်းလေး ဆင်မလားလို့…

ဒါနဲ့ Comment လေးတွေနဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ရေးထားတာပါ…

သူ

သူ




လွမ်း... သူ့ ရင်ခွင်ထဲ စ၀င်တော့ လွမ်းကို နွေးထွေးစွာနဲ့  ဆီးကြိုခဲ့တယ်...

လွမ်း...သူ့ ရင်ခွင်ထဲမှာ တကယ့်ကို ပျော်ခဲ့ပါတယ်...

သူ့  ရင်ခွင်ထဲမှာ နေပြီး လွမ်းရဲ့ ခံစားချက်စာလေးတွေကို ချရေးတယ်... သူက ဘာမှ မကန့် ကွက်ဘူး...

လွမ်းကို စိတ်ကြိုက်ရေးစေခဲ့ပါတယ်...

သူ ... လွမ်းကို အလိုလိုက်တယ်... လွမ်းဖြစ်ချင်တာတွေ ဖန်တီးပေးတယ်... ဒီတော့ လွမ်းလဲ သူ့ ကို ပိုချစ်လာပါတယ်...

၂၀၁၁-ခုနှစ် နှစ်သစ်စကားလက်ဆောင်

၂၀၁၁-ခုနှစ် နှစ်သစ်စကားလက်ဆောင်


ချောကလက်မြို့ တော်သူ၊ မြို့ တော်သားများ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့  ပြည့်စုံကြပါစေလို့  ဆုတောင်းမေတ္တာပို့ သပါတယ်…

နှစ်သစ်ရောက်လာရင် နှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့တာတွေထဲက အကောင်းအဆိုး ဝေဖန် သုံးသပ်ပြီး ဘ၀ကို ဆက်လက်ဖြတ်သန်းဖို့  အားအင်တွေ မွေးကြရအုန်းမှာပါ…

နှစ်သစ်မှာ လွမ်း အမှတ်တရ စကားလက်ဆောင်လေး ပေးချင်လို့  ဒီစာလေးကို ရေးဖြစ်တာပါ…

အတန်းပညာ နဲ့  အတတ်ပညာအကြောင်းပါ…

ခိုင့် မွေးနေ့  အမှတ်တရ

ခိုင့် မွေးနေ့  အမှတ်တရ

လွမ်း … ဒီနေ့  ချော့ကလက်မြို့ သူလေးတစ်ယောက်ဖြစ်တဲ့ ခိုင့်ကို မိတ်ဆက်ပေးချင်ပါတယ်…


ချော့ကလက်မြို့ တော်တွင်းမှာ ရှိတဲ့ကစားပွဲတွေမှာ ၀င်ရောက် ကစားဖူးသူ မြို့ သူ၊ မြို့  သားများတိုင်း ခိုင့်ကို သိကြမှာပါ…


ချောကလက်မြို့ တော်ရဲ့ ကစားပွဲတွေမှာ တစ်ခါတစ်ရံ ခိုင်ဟာ ဒိုင်လူကြီးလုပ်ပေးဖူးပါတယ်…


ခိုင်ဟာ မြို့ တွင်းမှာရှိတဲ့ သူငယ်ချင်းတွေဆီ သွားလည်ရင် ယဉ်ကျေးပြူငှာစွာနဲ့  ပြောဆိုလည်ပတ်လေ့ ရှိပါတယ်…


ညီမလေးခိုင်ရဲ့ စာမျက်နှာကို သွားလည်မယ်ဆိုရင် နှင်းဆီနီလေးတွေကို သတိထားမိကြမှာပါ…


သူငယ်ချင်းတွေဆီ သွားလည်ရင်လဲ သူနှစ်သက်တဲ့ နှင်းဆီနီလေးတွေကတော့ မပါမဖြစ် ပါလာတတ်တာကို တွေ့  ရမှာပါ…

တိမ်ပြာ အတွက် မွေးနေ့ ဆုတောင်း

Happy Birthday

Happy Birthday




အတွက်

မွေးနေ့ ဆုတောင်း



မမလေး နေနေကောင်းလားလို့  Online မှာတွေ့ တိုင်း နှုတ်ဆက်တတ်သူ…


ပြောသမျှ နားထောင်ပြီး နှစ်သိမ့်ပေးတတ်သူ…


ပြောသမျှ မငြင်းပဲ ဆောင်ရွက်ပေးတတ်သူ…


ကိုယ်တိုင်လှူရုံမက အလှူဖြစ်မြောက်ရေးလည်း ၀ိုင်းဝန်းကူညီတတ်သူ…


ချော့ကလက်မြို့ တော်တွင် စာ၊ ကဗျာများကို သီကုံးရေးဖွဲ့ နေသူ…


ကရကဋ်ရာသီဖွားလေး တိမ်ပြာ မွေးနေ့ မှသည်


နောင် နှစ်-၁၂၀ တိုင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့  ပြည့်စုံ၍


လိုရာဆန္ဒ ပြည့်ဝပါစေလို့  မမလွမ်း ဆုတောင်းပေးပါတယ်…

Happy Birthday

လွမ်း ခင်ရသော မြို့ သားများ အပိုင်း(၂) အမျိုးကောင်းသား



လွမ်း ခင်ရသော မြို့ သားများ

အပိုင်း(၂)

အမျိုးကောင်းသား


အမျိုးကောင်းသားကိုလည်း သူငယ်ချင်းတော်တော်များများ သိကြမှာပါ…

ကော့သောင်းမြို့ ကပါ… ပန်းတိမ်လုပ်တယ်ဆိုပြီး သူကိုယ်တိုင်လုပ်ထားတဲ့ ရွှေထည်ပစ္စည်းများကိုလည်း လက်ဆောင်လာပေးတတ်ပါတယ်…

အမျိုးကောင်းသားက လွမ်းချော့ကလက်မြို့ တော်ကို စ၀င်ကတည်းက ရှိနေတာပါ…

လွမ်းရေးတဲ့စာကို လာဖတ်ပြီး Comment ပေးရာကနေ Comment လေးတွေ အပြန်အလှန် ပေးနေတာ ယနေ့ ထက်တိုင်ထိပါပဲ…

ရင်းနှီးခင်မင်မှုကလဲ ကြာလာတဲ့အတွက် အခေါ်အဝေါ်ကလဲ တဖြေးဖြေး ပြောင်းလာပါတယ်…

စလာလည်တုန်းကတော့ လွမ်းတဲ့…

အချိန်ကြာလာတော့ မမလွမ်းလို့  ပြောင်းခေါ်ပါတယ်…

ယခုတော့ တီလေးလွမ်းတဲ့… :P

လွမ်း ခင်ရသော မြို့ သားများ အပိုင်း(၁) Ghost Man

လွမ်း ခင်ရသော မြို့ သားများ


အပိုင်း(၁)


Ghost Man




လွမ်း ခင်ရတဲ့ မြို့ သူ၊ မြို့ သားတွေအကြောင်းကို ရေးမယ်လို့  ရည်ရွယ်ထားပေမဲ့ မရေးဖြစ်ခဲ့ပါဘူး…


အခုတော့ နောင်တတရားများစွာနဲ့  မြို့ သားတစ်ယောက်အကြောင်းကို စတင်ရေးပါရစေ…


လွမ်းရေးချင်တဲ့သူအကြောင်းကတော့ Ghost Man လို့  သူ့  ကိုယ်သူအမည်ပေးထားတဲ့ သရဲလေးအကြောင်းပါ…


လွမ်းဟာ Comment လှလှလေးတွေကို နှစ်သက်သူဖြစ်တယ်ဆိုတာ မြို့ သူ၊ မြို့ သားတွေ သိပြီး ဖြစ်ပါတယ်…


သရဲလေးဟာ Comment လှလှလေးတွေ ပေးတတ်သူမှာ တစ်ယောက်အပါအ၀င်ပါ…

မွေးနေ့ အတွက် ကျေးဇူးတင်လွှာ နှင့် ဖက်ရှင်မောင်မယ် ရွေးချယ်ခြင်း

မွေးနေ့ အတွက် ကျေးဇူးတင်လွှာ


နှင့်


ဖက်ရှင်မောင်မယ် ရွေးချယ်ခြင်း



လွမ်းရဲ့ ဒီနှစ်မွေးနေ့ က တကယ်ထူးခြားတဲ့မွေးနေ့  ဖြစ်ပါတယ်…


ဒီလိုထူးခြားအောင်လဲ လုပ်ပေးတဲ့ မောင်လေး CRAZYFIST ကို ကျေးဇူးတင်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်…


လွမ်းရဲ့ မွေးနေ့ မှန်းမသိပဲ လွမ်းမွေးနေ့ အတွက် ကိုယ့်ရဲ့ မူရင်းပုံလေးတွေနဲ့ ချော့ကလက်ဖက်ရှင် မောင်မယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်တဲ့ မောင်လေး၊ ညီမလေးတွေကို လွမ်း ကျေးဇူးတင်ကြောင်း ပြောပါရစေ…


လွမ်းမွေးနေ့ မရောက်ခင်ကတည်းက ကြိုတင်ဆုတောင်းပေးပြီး မွေးနေ့ မှာ ထပ်မံလာရောက်ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေအားလုံးကို လွမ်းကျေးဇူးတင်ပါတယ်…


လွမ်းကျေးဇူးတင်စကားပြောကြားဖို့  နောက်ကျသွားတဲ့အတွက်လည်း လွမ်းကို ခွင့်လွှတ်ပေးပါ…


လွမ်း မွေးနေ့ မတိုင်ခင်ညမှာကတည်းက အင်တာနက် မသုံးဖြစ်လို့ ပါ…

လွမ်း နဲ့ ချော့ကလက်မြို့ တော်


လွမ်း နဲ့ ချော့ကလက်မြို့ တော်


၂၀၁၀-ခုနှစ်၊ မတ်လ-၁၈ ရက်နေ့  ချော့ကလက်မြို့ တော်ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ မှာ Admin.3 ဖြစ်တဲ့ လွမ်းက နှုတ်ခွန်းဆက် စကားလေးပြောချင်ပါတယ်…

လွမ်း…ချော့ကလက်မြို့ တော်ကို မြို့ စားလေးရဲ့ဖိတ်ကြားချက်အရ ၂၀၀၉-ခုနှစ်၊ ဇွန်လ-၁၄ ရက်နေ့  မှာရောက်လာတာပါ…

လွမ်း… ချော့ကလက်မြို့ တော်မှာ သက်တမ်း ၉-လရှိပါပြီ…

သက်တမ်း ၉-လအတွင်းမှာ လွမ်းသူငယ်ချင်း ၁၁၉၃-ယောက်ရှိပါတယ်…

လွမ်းရေးတင်တဲ့ Blog က ၅၆-ပုဒ် ရှိပါတယ်…

လွမ်းဆီကို ၀င်တဲ့စာက ၁၉-မျက်နှာရှိပါတယ်…တစ်မျက်နှာမှာ အစောင်-၅၀ ရှိပါတယ်...

လွမ်းဆီကို Comment ပေးပို့ ထားတာ ၈၉၀၀-ကျော်ပါပြီ…

လွမ်း… ချော့ကလက်မြို့ တော်ကို သံယောဇဉ်ဖြစ်သွားမိတယ်ဆိုတာ မလွန်ပါဘူးနော်…

လွမ်း… ချော့ကလက်မြို့ တော်ကို စရောက်တဲ့နေ့ ပဲ ကလေးအတွေးဆိုတဲ့ စာလေးကိုရေးတင်ပါတယ်… လွမ်းရေးတဲ့စာမှာ မှတ်ချက်လေးတွေ လာပေးကြပါတယ်…

အဲဒီ့မှတ်ချက်လေးတွေက လွမ်းကို စာဆက်ရေးဖို့  အားဖြစ်စေပါတယ်… လွမ်း ကိုယ်တိုင်ရေး ခံစားချက်စာလေးတွေ ဆက်တိုက်ရေးတင်ဖြစ်ပါတယ်…

လွမ်းရေးတဲ့အခါတိုင်း မြို့ သူ၊ မြို့ သူတွေက မှတ်ချက်ပေးပြီး အားပေးကြပါတယ်…

မြို့ တော်သူ၊ မြို့ တော်သားတွေရဲ့ ချစ်စရာကောင်းတဲ့အချက်က လွမ်းရေးတဲ့စာကို လာဖတ်ပြီး မှတ်ချက်လေးတွေ ရေးသွားတတ်တာပါပဲ…

လွမ်းက စာရေးတင်ပြီးရင် ကိုယ်ရေးတဲ့စာမှာ ဘယ်သူက ဘယ်လိုများ မှတ်ချက်လေးရေးသွားလဲ ဆိုတာ ၀င်ဝင်ဖတ်ရတာ အမောပါ…

အရင်ကဆိုရင် လွမ်းဆီ မှတ်ချက်ရေးပေးတဲ့သူတွေကို တစ်ယောက်ချင်း ကျေးဇူးတင်ကြောင်း လိုက်ပြောပါတယ်…

ခုတော့ မှတ်ချက်ထဲမှာ မေးထားတဲ့မေးခွန်းတွေ ပါလာရင် သွားဖြေပါတယ်…

လွမ်းရေးတဲ့စာကို အားပေးကြတဲ့ မြို့ သူ၊ မြို့ သားတွေအားလုံးကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း ထပ်မံပြောကြားလိုပါတယ်…

လွမ်းတတ်သိထားတဲ့ ပညာရပ်လေးတွေကိုလည်း ဆက်လက်ဝေမျှသွားပါ့မယ်…

ချော့ကလက်မြို့ တော်ရဲ့ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ မှာ လွမ်းအနေနဲ့  မြို့ တော်သူ၊ မြို့  တော်သားတွေကို ကျန်းမာ၊ ချမ်းသာကြပြီး ဘေးဘယာကင်းဝေးပါစေကြောင်းနဲ့  ချော့ကလက်မြို့  တော်လေးမှာ ပျော်ရွှင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းပါတယ်…




လွမ်း

၁၈-၀၃-၂၀၁၀

နံနက် ၁၀း၀၁

လွမ်းသိသော မြို့ စားလေး

လွမ်းသိသော မြို့ စားလေး


၂၀၁၀-ခုနှစ်၊ မတ်လ (၁၈) ရက်နေ့ ဟာ ချော့ကလက်မြို့ တော်ရဲ့ တစ်နှစ်ပြည့်မြောက် နှစ်ပတ်လည်နေ့ လေးပါပဲ…

တိတိကျကျပြောရမယ်ဆိုရင် ချော့ကလက်မြို့ တော်ရဲ့ Creator မြို့ စားလေးရဲ့ မွေးနေ့ ပါပဲ…

ဒီလိုအခါသမယမှာ လွမ်းအနေနဲ့  လွမ်းသိသော မြို့ စားလေးအကြောင်းကို ပြောပြချင်ပါတယ်…

Ning Network တွေ အများကြီးရှိတဲ့အထဲမှာ ချော့ကလက်မြို့ တော်ရယ်လို့  နာမည်ကြီးပြီး Member တွေ ၀င်ရောက်လာတာဟာ တစ်ရက်ကို အယောက်-၁၀၀ ကျော်ပါတယ်…

အခုဆိုရင် မြို့ သူ၊ မြို့ သားပေါင်း ၂၈၀၀၀-ကျော်ရှိနေပါပြီ…

ဒီလိုအောင်မြင်လာတာဟာ မြို့ စားလေးရဲ့ စွမ်းဆောင်ချက်ကြောင့်ပါပဲ…

မြို့ စားလေးဟာ ချော့ကလက်မြို့ တော်ကို သူ့ မွေးနေ့ မှာ စတင်တည်ထောင်ခဲ့ပြီး မြို့ တော် စည်ပင်သာယာ ၀ပြောလာစေဖို့ အတွက် တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားလာခဲ့တဲ့သူပါ…

CRAZYFIST အတွက် မွေးနေ့ဆုတောင်း

CRAZYFIST အတွက် မွေးနေ့ဆုတောင်း

၂၀၁၀-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့ဟာ ချော့ကလက်မြို့တော်ရဲ့ Administrator တစ်ယောက်ဖြစ်တဲ့ မောင်လေး CRAZYFIST ရဲ့ ၂၆-နှစ်မြောက် မွေးနေ့လေးပါပဲ…

မောင်လေး CRAZYFIST ဟာ ၂၀၀၉-ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့က ချော့ကလက်မြို့တော်ကို စတင် ဝင်ရောက်ခဲ့ပြီး ချော့ကလက်မြို့တော်ရဲ့ ပထမဆုံး ခန့်အပ်ခံရတဲ့ Administrator တစ်ယောက်ပါ…

မောင်လေးက ကိုးရီးယားနိုင်ငံမှာ အလုပ်လုပ်ရင်း အားလပ်ချိန်တွေမှာ ချော့ကလက်မြို့တော်မှာ Creator ဖြစ်တဲ့ မြို့စားလေးကို ဝိုင်းကူညီပေးနေသူတစ်ယောက် ဖြစ်ပါတယ်…

မောင်လေးက အင်တာနက်နည်းပညာတွေကို အားလပ်ချိန်မှာ လေ့လာရင်း ကိုယ်တတ်သိထားတာတွေကို ပြန်လည် ဝေမျှတတ်တာကို တွေ့ရှိရပါတယ်…

မောင်လေးက နိုင်ငံရပ်ခြားမှာ မွေးနေ့ရောက်တိုင်း ကွန်ပြူတာရှေ့မှာ တစ်ဦးတည်း ကျင်းပနေရတယ် ဆိုတာလေးကို သိခဲ့ရပါတယ်…

ချောကလက်မြို့ တော်မှ အက်မင် angelhlaing နှင့် တွေ့ ဆုံမေးမြန်းခြင်း

ချောကလက်မြို့ တော်မှ အက်မင် angelhlaing နှင့် တွေ့ ဆုံမေးမြန်းခြင်း




လွမ်းတို့ ရဲ့ ချောကလက်မြို့ တော်မှာ အင်တာဗျူးအစီအစဉ်လေးကို မလုပ်ဖြစ်တာ အတန်ငယ် ကြာမြင့်သွားပါတယ်…

ချောကလက်မြို့ တော်လေးကို angelhlaing က အက်မင်တစ်ဦးအဖြစ် တာဝန်ယူပြီးနောက်
ချောကလက်မြို့ တော်လေးမှာ မျက်နှာဖုံးရှင် Mr. & Miss ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်…


angelhlaing က ချောကလက်မြို့ တော်သို့  တင်သော Blog Post များကို စိစစ်ရွေးချယ်ပြီး Member များ အလွယ်တကူ ဖတ်ရှုနိုင်စေရန် ဝေမျှပေးခဲ့ပါတယ်…

angelhlaing ကိုယ်တိုင်ကလည်း စာ၊ ကဗျာများရေးသားပြီး Member များ ဖတ်ရှုခံစားနိုင်စေရန် Blog Post များ တင်နေသော စာရေးသူတစ်ဦးဖြစ်ပါတယ်…

မြို့ စားလေးဆန္ဒအရ angelhlaing ကို အင်တာဗျူးရန်အတွက် လွမ်းဧကရီမှ တာဝန်ယူပြီး ယခုလို angelhlaing နှင့် တွေ့ ဆုံ မေးမြန်းခဲ့ပါတယ်…



ချော့ကလက်မြို့ သူ midnight နှင့် တွေ့ ဆုံမေးမြန်းခန်း

ချော့ကလက်မြို့ သူ midnight နှင့် တွေ့ ဆုံမေးမြန်းခန်း



လွမ်းရဲ့ ချစ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ midnight ကို တွေ့ ဆုံမေးမြန်းခန်းလေးလုပ်ဖို့  လွမ်း... midnight ဆီ မေးခွန်းလေးတွေ ပို့ ပေးထားတာ ကြာပါပြီ...
ခုလို ချော့ကလက်မြို့ တော်ရဲ့ နှစ်ပတ်လည်အစီအစဉ်လေးထဲမှာ လွမ်းနဲ့  midnight တို့ ရဲ့ တွေ့ ဆုံမေးမြန်းခန်း လေးကို တင်ဆက်ချင်တဲ့အတွက် midnight လေးကို ပြောပြတဲ့အခါ မနေ့ ညက မအိပ်ပဲ ရေးပို့ လိုက်ပုံ ရပါတယ်...
လွမ်းကလဲ တင်ဆက်ချင်တဲ့ အကြောင်းအရာတွေများနေတာနဲ့  ညနေပိုင်းမှ တွေ့ ဆုံမေးမြန်းခန်းလေးတင်ဖို့  ပြင်ဆင်ရပါတယ်...
midnight လေးရဲ့ ဖြေကြားချက်လေးကို နားဆင်ကြည့်ကြပါစို့ ... (ဒီလိုပဲရေးရမှာပေါ့နော်..:P)

ချော့ကလက်မြို့ တော်မှ မြို့ သား ကောင်လေး နှင့် တွေ့ ဆုံမေးမြန်းခန်း


ချော့ကလက်မြို့ တော်မှ မြို့ သား ကောင်လေး

နှင့်

တွေ့ ဆုံမေးမြန်းခန်း



ဒီတစ်ခါတော့ ချော့ကလက်မြို့ တော်မှ မြို့ သားတစ်ဦးဖြစ်တဲ့ ကောင်လေး နဲ့  တွေ့ ဆုံ မေးမြန်းခန်းလေး တင်ဆက်ချင်ပါတယ်...


လွမ်းက သူငယ်ချင်းတွေဆီက Comment မှာ ပုံလှလှလေးတွေရတာကို နှစ်သက်သူတစ်ဦးပါ...


လွမ်းဆီကို Comment ရောက်လာရင် လွမ်းကလဲ ပုံလေးတွေရှာပြီး ပုံနဲ့ လိုက်တဲ့ စကားလေးတွေနဲ့  နောက်ပြောင်ပြောဆိုပြီး ပြန်လည်ပေးပို့ တတ်ပါတယ်...


ချော့ကလက်မြို့ တော်မှာ လွမ်းက သူငယ်ချင်းတွေနဲ့  Comment ပို့ ရင်း ရင်းနှီးခင်မင်ခဲ့ကြတာပါ...


ဒါကြောင့် Comment ကို ပုံလှလှလေးတွေနဲ့  လာပို့ ပေးတတ်တဲ့ ကောင်လေးကို လွမ်း သတိထားမိတာပါ...


ကောင်လေးရဲ့ Comment လှလှလေးတွေရဖူးတဲ့သူတွေကတော့ ကောင်လေးကို သိကြမှာပါ...


ကောင်လေးဆီ စာပို့ ပြီး တွေ့ ဆုံမေးမြန်းလိုကြောင်း ပြောတဲ့အခါ လက်ခံခဲ့ပါတယ်...


ကောင်လေးကရော လွမ်းမေးတာလေးတွေကို ဘယ်လိုဖြေတယ်ဆိုတာ သိချင်နေကြမှာပါနော်...


လွမ်းတို့ ရဲ့ တွေ့ ဆုံမေးမြန်းခန်းလေးကို စလိုက်ကြရအောင်ပါ...

Interview with honey


Interview with honey


လွမ်း ခုတလော တွေ့ ဆုံမေးမြန်းခန်းလေးတွေ တင်ဆက်တဲ့အခါ မြို့ တော်တွင်းက မြို့ သူ၊ မြို့ သားများနဲ့  ဆက်လက်တွေ့ ဆုံ မေးမြန်းပေးဖို့  မှတ်ချက်များ ရေးသားကြတာကို ဖတ်ရှုခဲ့ရပါတယ်...


လွမ်းစာမျက်နှာမှာ ထူးခြားတဲ့ပုံလေးတွေနဲ့  မှတ်ချက်လာပို့ တတ်တဲ့ ဟန်နီကို သတိထားမိခဲ့ပါတယ်... လွမ်းလဲ ဟန်နီကို တွေ့ ဆုံမေးမြန်းဖို့  တောင်းဆိုတဲ့အခါ လက်ခံခဲ့ပါတယ်...


စာအပြန်အလှန်ပေးပို့ မေးမြန်းခဲ့သော တွေ့ ဆုံမေးမြန်းခန်းလေးကို စတင်လိုက်ပါရစေ...


ဟန်နီက လွမ်းမေးခွန်းတွေကို ဘယ်လိုလေးတွေ ဖြေတယ်ဆိုတာ သိချင်နေကြပြီ ထင်ပါရဲ့...


ချော့ကလက်မြို့ တော်မှ ဟာသစာရေးဆရာမလေး မေမီ နှင့် တွေ့ ဆုံမေးမြန်းခန်း




ချော့ကလက်မြို့ တော်မှ ဟာသစာရေးဆရာမလေး မေမီ
နှင့်
တွေ့ ဆုံမေးမြန်းခန်း


တွေ့ ဆုံမေးမြန်းခန်းလေး မစတင်မှီ တွေ့ ဆုံမေးမြန်းခန်းလေး ဘာကြောင့် ဖြစ်ပေါ်လာရသလဲဆိုတာ အနည်းငယ် ရှင်းပြလိုပါတယ်...

ချော့ကလက်မြို့ တော်မှ အလွမ်းမင်းသမီးလေး လွမ်းနှင့် တွေ့ ဆုံမေးမြန်း... ကို လွမ်းရေးတင်ခဲ့ပါတယ်...အဲဒီ့
တွေ့ ဆုံမေးမြန်းခန်းလေးဟာ လွမ်းကိုယ့်ဟာကိုယ် အမေးအဖြေလုပ်ထားတာပါ... ဘယ်သူမှ လာမေးတာ မဟုတ်ပါဘူး... :P ရီစရာသဘောလေးနဲ့  ရေးတင်လိုက်တာပါ...


မကြာသေးခင်ကမှ သူငယ်ချင်း blackrose က လွမ်းတို့ သူငယ်ချင်းနှစ်ယောက်အတွက် အမှတ်တရဖြစ်အောင် သူ့ ကို မေးခွန်းတွေမေး၊ သူဖြေမယ်ဆိုပြီး လာပြောတော့ လွမ်းတို့  သူငယ်ချင်းနှစ်ယောက်ရဲ့ Interview with blackrose ဆိုပြီး တွေ့ ဆုံမေးမြန်းခန်းလေးကို ရေးတင်ခဲ့ပါတယ်...


အဲဒါလေး ရေးတင်အပြီးမှာ ချော့ကလက်မြို့ တော်ကို တည်ထောင်တဲ့ မြို့ စားလေးကို တွေ့ ဆုံမေးမြန်းဖို့  စိတ်ကူးနေတုန်းမှာပဲ သူငယ်ချင်း မေမီ နဲ့ blackrose က မြို့ စားလေးနဲ့  တွေ့ ဆုံမေးမြန်းဖို့  တိုက်တွန်းခဲ့ပါတယ်...


လွမ်းမြို့ စားလေးနဲ့  တွေ့ ဆုံမေးမြန်းခန်း ရေးတင်ပြီးနောက် လာပေးတဲ့ Comment တွေ ဖတ်ရှုရတဲ့အခါ လွမ်း ဒီလို မြို့ စားလေး နဲ့  တွေ့ ဆုံမေးမြန်းခန်း လုပ်တာ မှန်သွားတယ်ဆိုတာ သိသွားပါတယ်...

မြို့ စားလေးဟာ ချော့ကလက်မြို့ တော်ကို တည်ထောင်သူဆိုတာ မသိတဲ့သူ ရှိသလို မမြင်ဖူးပါဘူးလို့  ပြောလာတဲ့သူတွေ တွေ့ ရပါတယ်... မြို့ စားလေး စာမျက်နှာကို သွားကြည့်ရင် မြို့ စားလေး ဓါတ်ပုံတွေ ထည့်ထားတာ တွေ့ ရမှာပါ...


လွမ်းက မျက်နှာလိုက်ပြီး မေးမြန်းတာလဲ မဟုတ်ပါဘူး... လွမ်းရဲ့ အနီးဆုံး သူငယ်ချင်းတွေကိုပဲ မေးဖြစ်တဲ့သဘောပါ...


လွမ်း ခုရေးတဲ့စာမှာ Link တွေ ထည့်ပေးထားပါတယ်... ယခင်က ရေးခဲ့တဲ့စာတွေ၊ မေမီပြောတဲ့ သူငယ်ချင်းတွေရဲ့ စာမျက်နှာတွေကို သွားချင်ရင် လွယ်ကူအောင် Link တွေ ထည့်ပေးထားပါတယ်(စာလုံးအနီရောင်လေး ဖြစ်နေရင် Link ထည့်ထားတာပါ)... Click လုပ်လိုက်တာနဲ့  ရောက်သွားမှာပါ...


လွမ်းရှင်းပြနေတာ ပျင်းသွားပြီလား မသိဘူး... စာရေးဆရာမလေး မေမီရဲ့ ဖြေကြားပုံလေးကို သိချင်နေကြပြီ ထင်ပါရဲ့...


အမေးအဖြေလေး စတင်လိုက်ကြရအောင်ပါ... မေမီက လွမ်းမေးခွန်းလေးကို ညမှာ ဒီလိုလေး
တွေးပြီး ပြန်ပို့ ပေးလိုက်တာပါ...