Wednesday, June 22, 2011

လွမ်းပျောက်နေတဲ့အကြောင်းပြောပြမယ်

လွမ်းပျောက်နေတဲ့အကြောင်းပြောပြမယ်



ခုတလော Ning Website တွေမှာ ၀င်ထားတဲ့ Account , Password မှန်ရက်သားနဲ့  ၀င်လို့  မရတော့ဘူးဆိုတဲ့ မေးခွန်းလေးတွေ အများကြီး ကြားလာရပါတယ်…

လွမ်းကို အကူအညီလာတောင်းတဲ့အခါ လွမ်း မဖြစ်ဖူးသေးတဲ့အတွက် ဘယ်လိုပြန်ဖြေပေးရမှန်း မသိခဲ့ပါဘူး…

၂၀၁၀-ခုနှစ်၊ မတ်လ(၈)ရက်နေ့  မနက်အစောကြီး နံနက်-၂ နာရီလောက်မှာ လွမ်းတရေးနိုးတာနဲ့  လွမ်းဆီရောက်လာတဲ့ Comment တွေကို Reply လုပ်ပါတယ်…

Reply လုပ်ပြီးတာနဲ့  ချော့ကလက်မြို့ တော်ထဲကို ၀င်လာတဲ့လူသစ်တွေကို ကြိုပါတယ်…

သူငယ်ချင်းတို့ ယုံမလားတော့မသိဘူး… လူသစ်တွေကို ကြိုဆိုရေးလုပ်ရတာ အချိန်အတော်ယူပါတယ်… မြို့ တော်ကို ၀င်လာတဲ့သူက တစ်နေ့ ကို အယောက်-၁၀၀ ကျော်ပါတယ်…

လွမ်းတို့ က ကြိုတဲ့အခါ မေးခွန်းလေးတွေ ဖြေထားတာကိုလည်း ဖတ်ရပါတယ်…

မြို့ တော်ကို ဘယ်လို အကြောင်းကြောင့် ၀င်လာတယ်ဆိုတာ မေးခွန်းလေးတွေ ဖြေထားတဲ့အပေါ်မှာလည်း ကောက်ချက်ချပါတယ်… 

ဘာမှဖြေမထားရင်ပဲဖြစ်ဖြစ်၊ ရိုင်းစိုင်းစွာဖြေထားရင်ပဲဖြစ်ဖြစ်၊ လျှောက်ရေးထားတာပဲဖြစ်ဖြစ် အဲလိုဖြစ်လာခဲ့ရင် စဉ်းစားပါတယ်… (ကြုံလို့  ပြောပြထားတာပါ…)

လွမ်း…လူသစ်တွေကို ကြိုနေတုန်းမှာ ကြိုနေရင်းနဲ့  Sign Out ဖြစ်သွားပါတယ်…

လွမ်း Sign In ပြန်လုပ်တဲ့အခါ Email Address နဲ့  password ထည့်တာ မှန်ရက်သားနဲ့  ဘာပေါ်လာသလဲဆိုတော့-

There was a problem signing in

There is no account with the email address lwanthu19@gmail.com.

Click here to sign up or sign in below with a different email address. ဆိုပြီး စာပေါ်လာပါတယ်…


Problem1

လွမ်းရဲ့ account ဟာ Ning Network မှာ မရှိတော့ဘူးဆိုတဲ့သဘောပါ…

သူငယ်ချင်းတို့ က Email Address ထည့်တာမှန်ပြီး password မှားရင်တော့ -

There was a problem signing in

Wrong password. Is Caps Lock on? ဆိုပြီး ပေါ်လာမှာပါ…


Problem

Password မေ့ရင် Forgot password ဆိုပြီး Reset ပြန်လုပ်လို့  ရပါတယ်…

လွမ်းဖြစ်တဲ့ Case က လွမ်း Account က Ning Network မှာ မရှိတော့တဲ့သဘောပါ…

လွမ်းလဲ အောက်ဖော်ပြပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပြီး Ning Network Help Center ကို စာပေးပို့ ခဲ့ပါတယ်…


Problem2


Problem3


Problem4

လွမ်းရဲ့ Email မှာ Ning Website က ပို့ တဲ့စာတွေ ရောက်တဲ့အတွက် Verify လုပ်ဖို့ မလိုဘူးလေ…

လွမ်း Page ကိုပို့ တဲ့ Comment စာတွေပဲ ၀င်မလာတော့တာ…ဒါကြောင့် အောက်ဆုံး Line ကို ရွေးချယ်ပါတယ်...


Problem5


Problem6


Problem7


Help

စာပို့ လိုက်တာနဲ့  Ning Network က ပြန်စာ ချက်ခြင်း ရောက်လာပါတယ်…


Problem9

Ning Help Center ကို စာပို့ ထားတဲ့ အချိန်အတောအတွင်းမှာ လွမ်းစာမျက်နှာလေးကို လာပို့  နေကြတဲ့ Comment လေးတွေကို လွမ်းကြည့်ပြီး Reply ပြန်မလုပ်နိုင်တဲ့အဖြစ်ပါ…

လွမ်း... ပျောက်နေတာကိုလဲ သတိထားမိတဲ့ သူငယ်ချင်းတွေလဲ ရှိပါတယ်...

မတ်လ (၉)ရက်နေ့ မှာတော့ လွမ်းဆီကို လွမ်း Account ပြန်သုံးနိုင်ပြီဆိုတာ စာရောက်လာပါတယ်... ၀င်ကြည့်တဲ့အခါ ၀င်လို့ ရသွားတဲ့အတွက် အရမ်းပျော်သွားပါတယ်...


Problem8

လွမ်းပျော်သလို လွမ်းလိုဖြစ်နေတဲ့သူတွေ ပြန်ရစေချင်တဲ့အတွက် ဒီ Blog လေးကို ရေးတင်လိုက်တာပါ...

လွမ်း မြို့ တော်ထဲကို ၀င်လို့ မရခင်မှာ လွမ်းလိုဖြစ်နေတဲ့ညီမလေးကိုလဲ Account အသစ်လုပ်ပြီး ၀င်ဖို့  အကြံဥာဏ်ပေးခဲ့သလို လွမ်းကိုယ်တိုင်လဲ Account အသစ်တစ်ခုဖွင့်ပြီး မြို့ စားလေးကို သတင်းဝင်ပို့  ခဲ့ရပါတယ်... လွမ်း နာမည်အသစ်တစ်ခုနဲ့  မြို့ တော်ထဲမှာ ရှိနေပါတယ်... လွမ်း Account အဟောင်း ပြန်မရခဲ့ရင် လွမ်းရေးထားတဲ့စာတွေ ပြန်ကူးရမှာမို့ ပါ...

လွမ်း...၀င်လို့ ရတဲ့အကြောင်းနဲ့ ကျေးဇူးတင်တဲ့စာကို Ning Team ကို ပေးပို့ ခဲ့ပါတယ်... လွမ်း ...ဒီ Blog လေးတင်နေစဉ်မှာ Ning Team ရဲ့ စာလေးကို လက်ခံရရှိခဲ့ပါတယ်...


Problem10

Ning Team ရဲ့စာအရ လွမ်းတို့ တွေ Activity ကို ဆက်တိုက်မလုပ်ဖို့  သင်ခန်းစာပေးလိုက်တာပါပဲ...

သူငယ်ချင်းတွေ အများကြီးကို ဆက်တိုက် Comment ပေးတတ်သူတွေ တွေ့ ကြုံရမဲ့ ပြဿနာလို့  လွမ်းထင်ပါတယ်...

လွမ်းအတွက်ကတော့ ပညာတစ်ခုရလိုက်တာပါပဲ...

ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

No comments: