Wednesday, June 22, 2011

သူ

သူ




လွမ်း... သူ့ ရင်ခွင်ထဲ စ၀င်တော့ လွမ်းကို နွေးထွေးစွာနဲ့  ဆီးကြိုခဲ့တယ်...

လွမ်း...သူ့ ရင်ခွင်ထဲမှာ တကယ့်ကို ပျော်ခဲ့ပါတယ်...

သူ့  ရင်ခွင်ထဲမှာ နေပြီး လွမ်းရဲ့ ခံစားချက်စာလေးတွေကို ချရေးတယ်... သူက ဘာမှ မကန့် ကွက်ဘူး...

လွမ်းကို စိတ်ကြိုက်ရေးစေခဲ့ပါတယ်...

သူ ... လွမ်းကို အလိုလိုက်တယ်... လွမ်းဖြစ်ချင်တာတွေ ဖန်တီးပေးတယ်... ဒီတော့ လွမ်းလဲ သူ့ ကို ပိုချစ်လာပါတယ်...


လွမ်း .. သူ ရင်ခွင်မှာ နေပြီး လွမ်းရဲ့ဖေဖေအကြောင်း ကို ပြောပြခဲ့ဖူးတယ်... (၁)

သူ့ ရင်ခွင်မှာ နားခိုပြီး လွမ်းကို ပစ်သွားခဲ့ဖူးတဲ့ ချစ်သူ နဲ့  ပြန်တွေ့ ခဲ့တဲ့အကြောင်း ပြောပြခဲ့တယ်...

လွမ်း ပြန်တွေ့ တဲ့ချစ်သူကို တိတ်တိတ်လေးပဲ ချစ်သွားမယ်လို့  ပြောတော့ သူ ပြုံးနေခဲ့တယ်... (၂)

လွမ်းအကြောင်းကို သူသိနေသလိုပဲ... လွမ်းကို ထားရစ်ခဲ့ကြတဲ့ ချစ်သူနဲ့ ပဲ ဆုံတွေ့ ရမယ်ဆိုတာ သူ သိနေတယ်...

သူ့ ရင်ခွင်ထဲမှာ လွမ်း နေနေပေမဲ့ ဟန်ဆောင်ချစ်သူတစ်ယောက် လွမ်းထားခဲ့သေးတာ... သူ မသိချင်ယောင်ဆောင်နေတယ်... (၃)

လွမ်း Comment ချစ်သူတစ်ယောက်လည်း ထားခဲ့ဖူးတာလေ...

Comment ချစ်သူကို လွမ်းက Comment ပုံတွေနဲ့  လွမ်းကြောင်း စာရေးတော့ သူက လွမ်းကို သတိပေးတယ်... လွမ်း နာမည်ပျက်မှာ မလိုလားခဲ့ပါဘူး... (၄)

Comment ချစ်သူကလည်း လွမ်းနာမည်ပျက်မှာကို မလိုလားတဲ့သူဖြစ်နေတော့ လွမ်းကို ထားရစ်ခဲ့ပြန်ပါတယ်...

လွမ်းက ထားရစ်ခဲ့တဲ့ ချစ်သူအကြောင်း ရေးပြန်တော့ သူ... လွမ်းကို မတားခဲ့ပါဘူး... (၅)

လွမ်းပျော်နေရင် သူ ကျေနပ်နေတတ်ပါတယ်...

လွမ်းလေ... သူ့ ရင်ခွင်ကနေ တခြားရင်ခွင်ကို ပြောင်းဖို့  ကြိုးစားကြည့်မိပါသေးတယ်...

ဒါပေမဲ့ တခြားရင်ခွင်မှာ လွမ်း မပျော်ခဲ့ပါဘူး...

လွမ်း... သူ့ ရင်ခွင်ကို ပြန်ဝင်လာတော့ လွမ်း... ဘယ်လိုပဲ ထွက်သွားသွား သူ့ ရင်ထဲမှာ လွမ်းက ရှိနေပြီးသားပါတဲ့...

သူ့ ရင်ခွင်ထဲကို ပြန်လာတဲ့ လွမ်း... မျက်ရည်ကျခဲ့ပါတယ်...

လွမ်းလည်း သူနဲ့  မခွဲနိုင်ပါဘူး...

သူနဲ့ ဝေးရာမှာ လွမ်း... မနေနိုင်ပါဘူး...

သူ့ ရင်ခွင်မှာနေပြီး လွမ်းချစ်တဲ့၊ လွမ်းကိုချစ်တဲ့ မောင်နှမတွေနဲ့ လည်း ဘယ်တော့မှ မခွဲဘူးလို့  ဆုံးဖြတ်ချက်ချလိုက်ပါတယ်...

သူ ဆိုတာ ချောကလက်မြို့ တော်လေးပါ...

ရွှင်လန်းချမ်းမြေ့ကြပါစေ...








လွမ်းဧကရီ

၁၁-၁-၁၁ ရက်နေ့  အမှတ်တရ ရေးသားပါသည်...




ရည်ညွှန်းစာများ-

(၁) ဖေဖေသို့  အမှတ်တရ

(၂)တိတ်တိတ်လေးပဲ ချစ်သွားမယ်

(၃)  သားကောင်ဖြစ်သွားသောမုဆိုး

(၄)Comment များနဲ့  ပေါက်ကွဲခြင်း

(၅) ကို

No comments: