Wednesday, June 22, 2011

လွမ်း ခင်ရသော မြို့ သားများ အပိုင်း(၁) Ghost Man

လွမ်း ခင်ရသော မြို့ သားများ


အပိုင်း(၁)


Ghost Man




လွမ်း ခင်ရတဲ့ မြို့ သူ၊ မြို့ သားတွေအကြောင်းကို ရေးမယ်လို့  ရည်ရွယ်ထားပေမဲ့ မရေးဖြစ်ခဲ့ပါဘူး…


အခုတော့ နောင်တတရားများစွာနဲ့  မြို့ သားတစ်ယောက်အကြောင်းကို စတင်ရေးပါရစေ…


လွမ်းရေးချင်တဲ့သူအကြောင်းကတော့ Ghost Man လို့  သူ့  ကိုယ်သူအမည်ပေးထားတဲ့ သရဲလေးအကြောင်းပါ…


လွမ်းဟာ Comment လှလှလေးတွေကို နှစ်သက်သူဖြစ်တယ်ဆိုတာ မြို့ သူ၊ မြို့ သားတွေ သိပြီး ဖြစ်ပါတယ်…


သရဲလေးဟာ Comment လှလှလေးတွေ ပေးတတ်သူမှာ တစ်ယောက်အပါအ၀င်ပါ…
သရဲလေးက Comment ပေးတဲ့အခါ Website ပေါ်မှာ အဆင်သင့်တင်ထားတဲ့ ပုံတွေထက် သူကိုယ်တိုင် ဖန်တီးတီထွင်ထားတဲ့ ပုံလေးတွေနဲ့  ပေးတတ်ပါတယ်…


သရဲလေးက လွမ်းဆီကို Comment ပေးတိုင်း Page မှာပေးသလို စာနဲ့ လဲ ထပ်ပို့ လေ့ရှိပါတယ်…


သရဲလေးဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ရင်း အားလပ်တဲ့အချိန်တွေမှာ ကွန်ပျူတာနဲ့ ပဲ အချိန်ကုန်နေလေ့ရှိပါတယ်…


နောက်တော့ သရဲလေးပြောပြချက်အရ အာရုံကြော အားနည်းလာပြီး ဆရာဝန်က ကွန်ပျူတာမသုံးဖို့  သူ့ ကို မှာကြားပါတယ်တဲ့… ဒါပေမဲ့ သူက မလိုက်နာပါဘူး… လွမ်းကလဲ သရဲလေးကို နားနားနေနေ နေဖို့  အမြဲသတိပေးပါတယ်…


သရဲလေးက သူကိုယ်တိုင် ဖန်တီးပြီး ပုံလေးတွေ ပို့ ပေးခဲ့တာကို သူငယ်ချင်းတို့ တွေ ခံစားကြည့်ရှုနိုင်ပါတယ်…















သူငယ်ချင်းတွေကိုလည်း တခြားအမျိုးသမီးပုံလေး ထည့်သွင်းပြီး တူတူပေးပို့ ခဲ့တာပါ…


လွမ်းက အသည်းကွဲဇာတ်လမ်းလေးတွေ ရေးတတ်တော့ လွမ်းကို လာပြောတဲ့စကားလေးကို နားထောင်ကြည့်ပါအုန်းနော်…


မမလွမ်း က စာရေးကောင်းတယ်… ဖတ်ရတာ ဝတ္ထု ဖတ်ရသလိုပဲ… မိုက်တယ်


နောက်ဆို အသည်းကွဲတာတွေမရေးနဲ့ မမလွမ်း…


ချစ်တာပဲရေး… အသည်းကွဲတာမရေးနဲ့ 


သရဲလေးကတစ်မျိုးပဲ


ဖတ်ြပီးရင်… ရင်ထဲမှာ ကိုယ်တိုင်ခံစားရသလိုပဲ


တနုံ့ နုံ့ နဲ့ 


သရဲလေး… မမလွမ်း အသည်းကွဲတာတွေကို ဖတ်ပြီး တစ်ခုခုဖြစ်လို့ ကတော့ မမလွမ်းက တရားခံပဲ


ဟဲဟဲ


မမလွမ်းနာမည်ကို ပြောင်းလိုက်…


ချမ်းမြေ့ငြိမ်း လို့ ပြောင်းလိုက်


နောက်ပိုင်း သရဲလေးက သီချင်းလေးတွေကို စာသားလေးတွေနဲ့  Effect လုပ်တာကို သဘောကျပြီး Flash File သီချင်းလေးတွေကို Download လုပ်ရင်း သူကိုယ်တိုင် ဖန်တီးထားတဲ့ သီချင်းလေးတွေကို လိုက်ပို့ 
နေတတ်ပြန်ပါတယ်…


Ghost Man ပို့ တဲ့ ပုံတွေ၊ သီချင်းလေးတွေကို ရဖူးသူတိုင်း သိကြမှာပါ…


လွမ်းက သရဲလေးကို ပြောဖူးပါတယ်… သရဲလေးအကြောင်းကို ချော့ကလက်မြို့ တော်မှာ စာရေးတင်အုန်းမယ် လို့ …


ဒါပေမဲ့ လွမ်း… မရေးဖြစ်ခဲ့ပါဘူး…


မနေ့ ကတော့ သရဲလေးဆီက စာရောက်လာပါတယ်…




မမလွမ်း... သရဲလေး နှုတ်ဆက်ခဲ့ပါတယ် နော်




သရဲလေး ကျန်းမာရေးက တော်တော်လေး နေမကောင်းဖြစ်နေတာ


အင်တာနက် ထိုင်လို့ မရတော့ဘူးဗျာ


ဒါပေမဲ့ သရဲလေးက စိတ်အလိုကိုလိုက်လွန်းတယ်


သူငယ်ချင်းတွေနဲ့ မတွေ့ ရင် မနေနိုင်တော့ လာမိတယ် နောက်ပီးတော့ အသည်းအသန် နေမကောင်းဖြစ်တယ်ဗျာ


ချောကလိတ်က သူငယ်ချင်း တွေကို သံယောဇဉ်ကြီးတယ်


သရဲလေးရဲ့ ဘဝမှာ ပထမဆုံး သူငယ်ချင်းတွေပေါ့


အရမ်းခင်တယ် အရမ်းချစ်တယ်


သရဲလေးဘဝမှာ ဘယ်တော့မှ မေ့လို့ ရမယ့် သူငယ်ချင်းတွေမဟုတ်ပါဘူး


သရဲလေး ရှင်သန်နေသရွေ့  သူငယ်ချင်းတွေကို သတိရနေမှာပါ


အခု စာရေးနေတုန်းမှာ သရဲလေး... ငိုနေတယ်


မျက်ရည်တွေ စီးကျနေတယ် ဘယ်တုန်းကမှ မငိုခဲ့ဘူး


အခုတော့ သူငယ်ချင်းတွေနဲ့ ခွဲရမှာမို့  ငိုမိတယ်


ရင်ဘတ် ထဲကတောင် အောင့်တယ်


အခုဒီနေ့ ကစ ပြီးးး သရဲလေး gmail ...ချောကလိတ် မြို့တော် အပါအဝင် အွန်လိုင်းအကောင့်တွေအားလုံး ဖျက်ပစ်လိုက်ပီဗျာ


မမလွမ်း နဲ့  သူငယ်ချင်းတွေအားလုံးကို အမြဲထာဝရ သတိရနေမှာပါ


သရဲလေး အမြဲငိုနေရတော့မှာ... သူငယ်ချင်းတွေနဲ့  မတွေ့နိုင်တော့လို့ လေ




အကိုလူမုန်းကိုလည်း ခဏခဏ စိတ်မကောက်ပါနဲ့  မမလွမ်း


အကိုလူမုန်းက တကယ်ချစ်တာပါ


မမလွမ်းတို့  ပျော်တာကိုပဲ မြင်ချင်တယ်




နှုတ်ဆက်ခဲ့ပါတယ်


မမလွမ်း


အမြဲသတိရနေမဲ့


သရဲလေး




သရဲလေးရေးတဲ့စာဖတ်ပြီး လွမ်း ၀မ်းနည်းကြေကွဲရပါတယ်…


ချော့ကလက်မြို့ တော်မှာ သရဲလေး Page ကို ရှာတယ်… မတွေ့ တော့ပါဘူး…


Mail Reply လုပ်ကြည့်ပါတယ်… မရတော့ပါဘူး…


သရဲလေးအကြောင်းကို သူ ချော့ကလက်မြို့ တော်မှာ ရှိစဉ်ကတည်းက လွမ်း… ရေးဖြစ်ရမှာပါ…


သရဲလေး ချော့ကလက်မြို့ တော်မှာ မရှိတော့မှ လွမ်း…. သရဲလေးအကြောင်း ရေးဖြစ်ပါတော့တယ်…


သရဲလေးအတွက်က သူလုပ်တာမှန်ပါတယ်…


Account ရှိရင် သူ သုံးနေမိမှာပါ… ခုတော့ သူ အားလုံးကို သံယောဇဉ်ဖြတ်ဖို့  ကြိုးစားလိုက်တာပါပဲ…


လွမ်းတို့  အားလုံး သရဲလေးကို သတိရနေကြမှာပါ…


သရဲလေးကို သူငယ်ချင်းတစ်ယောက်အနေနဲ့  အမြဲထာဝရ ရှိနေမှာပါ…


သရဲလေး မငိုပါနဲ့ နော်…


သရဲလေး ကျန်းမာပြီး ပျော်ရွှင်စွာနဲ့  သူငယ်ချင်းတွေ ပြန်ဆုံတွေ့ ဖို့  မျှော်လင့်နေပါတယ်…


သရဲလေး အမြန်ဆုံးကျန်းမာပါစေ…


စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့  လိုရာဆန္ဒပြည့်ပါစေ…


လွမ်း

၁၅-၀၇-၂၀၁၀

ည ၉း၃၄

No comments: