Wednesday, June 22, 2011

Interview with honey


Interview with honey


လွမ်း ခုတလော တွေ့ ဆုံမေးမြန်းခန်းလေးတွေ တင်ဆက်တဲ့အခါ မြို့ တော်တွင်းက မြို့ သူ၊ မြို့ သားများနဲ့  ဆက်လက်တွေ့ ဆုံ မေးမြန်းပေးဖို့  မှတ်ချက်များ ရေးသားကြတာကို ဖတ်ရှုခဲ့ရပါတယ်...


လွမ်းစာမျက်နှာမှာ ထူးခြားတဲ့ပုံလေးတွေနဲ့  မှတ်ချက်လာပို့ တတ်တဲ့ ဟန်နီကို သတိထားမိခဲ့ပါတယ်... လွမ်းလဲ ဟန်နီကို တွေ့ ဆုံမေးမြန်းဖို့  တောင်းဆိုတဲ့အခါ လက်ခံခဲ့ပါတယ်...


စာအပြန်အလှန်ပေးပို့ မေးမြန်းခဲ့သော တွေ့ ဆုံမေးမြန်းခန်းလေးကို စတင်လိုက်ပါရစေ...


ဟန်နီက လွမ်းမေးခွန်းတွေကို ဘယ်လိုလေးတွေ ဖြေတယ်ဆိုတာ သိချင်နေကြပြီ ထင်ပါရဲ့...



၁။ ချော့ကလက်မြို့ တော်ကို ၀င်ရောက်ခဲ့ပုံလေးကို သိချင်ပါတယ်... ၀င်တဲ့နေ့ လေးရော မှတ်မိလား ဟင်...

ဒီမြို့လေးကိုစရောက်လာတာကတော့ ၂၀၀၉-ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ကပါ... ညီမလေးတစ်ယောက်က ဒီချော့ကလက်မြို့ တော်လေးမှာ Member ၀င်ထားတယ်လေ… သူဖွင့်ထားတာကို ၀င်ကြည့်ရင်း ကိုယ်တိုင်ကလည်း သဘောကျတာနဲ့ Member ၀င်ဖြစ်ခဲ့တာပါ...



၂။ မြို့ တော်ကို စရောက်ခါစ ခံစားမိပုံလေးကို သိချင်ပါတယ်...

စရောက်ခါစကဆို တော်တော်လေးကို အထီးကျန်မိတယ် စစ်ရဲ့….သူငယ်ချင်းကလဲ သိပ်မရှိဘူး… တော်တော်ကြီးကို ပျင်းခြောက်ခြောက်နဲပေါ့... တစ်နေ့ဖွင့်ကြည့်လဲ ဘယ်သူမှမရှိဘူး… နောက်တစ်နေ့ ဖွင့်ကြည့်တော့လဲ ဘယ်သူမှမရှိဘူးနဲ့… အခုတော့လည်း သူငယ်ချင်းတွေ အများကြီးရနေပါပြီ…



၃။ ချော့ကလက်မြို့ တော်အပေါ် ညီမလေးရဲ့ အမြင်....

ကောင်းပါတယ်... ဒီချော့ကလက်မြို့ တော်လေးက တော်တော်လေးတော့ ထူးခြားတယ်... တခြား site တွေ နဲ့ စာရင်လေ... တော်တော်လေးတော့ ရသစုံတာတွေ့ရတယ်... အဲဒါကြောင့် ဒီ site လေးကို အမြဲသုံးဖြစ်တယ်...



၎။ ညီမလေးက ခံစားချက်ကဗျာလေးတွေ ရေးထားတာ တွေ့ ရပါတယ်... ချစ်သူအပေါ် ခံစားရေးထားတာများလား...

ဟုတ်တယ်စစ်… ဒီကဗျာလေးတွေက တခါတလေ သူ့ကို ရင်ထဲက ပြောချင်တဲ့စကားတွေ ဖြစ်လာရင် ရေးဖြစ်ခဲ့တဲ့ကဗျာလေးတွေပါ... ခံစားချက်နဲ့ ရေးထားခဲ့တာပါ… :D



၅။ ဒါဆို ညီမလေးမှာ ချစ်သူရှိတာပေါ့နော်...

ဟုတ်... ရှိပါတယ်...



၆။ ညီမလေးက ကဗျာကို ချစ်သူရမှ ရေးဖြစ်တဲ့သဘောပေါ့နော်... ဒါမှမဟုတ် ကဗျာရေးတာကို ဘယ်အချိန်လောက်က စရေးတယ်ဆိုတာလေး ပြောပြလို့ ရနိုင်မလား...

ဟုတ်... သေသေချာချာရေးဖြစ်တာတော့ ၁၀-တန်းဖြေပြီးနောက်ပိုင်းမှပါ...



၇။ စာ၊ ကဗျာတွေကို လေ့လာဖူးပါသလား... ညီမလေးကြိုက်နှစ်သက်တဲ့ ကဗျာဆရာ၊ စာရေးဆရာများရှိရင် ပြောပြပေးပါလား...

ဟုတ်... ရှိပါတယ်... ကြိုက်နှစ်သက်တဲ့ စာရေးဆရာကတော့ ဂျူး၊ လမင်းမိုမို၊ တာရာမင်းဝေ၊ နီကိုရဲ၊ နောက် သတိုးတေဇ



၈။ ညီမလေး အချစ်နဲ့ ပတ်သက်လို့  ဘယ်လိုခံယူထားလဲ...

အချစ်ဆိုတာကို လူတွေကတော့ အဓိပ္ပါယ် အမျိုးမျိုးနဲ့ ချစ်ကြတာပဲလေ… အဓိကတော့ တစ်ယောက် နဲ့ တစ်ယောက် နားလည်စွာနဲ့ ချစ်နေကြဖို့ပါပဲ... ဟုတ်တယ်လေစစ်ရဲ့… စစ်စဉ်းစားကြည့်လေ... တစ်ယောက် နဲ့ တစ်ယောက် နားလည်မှု မရှိပါပဲနဲ့ ဘယ်လိုမှ အချစ်တစ်ခုကို မတည်ဆောက်နိုင်ဘူးလေ... ဒါပေမဲ့ ဟန်နီကတော့ အချစ်ဆိုတာကို ပေးဆပ်ခြင်းဆိုတဲ့အချစ်မျိုးနဲ့ပဲ ချစ်ချင်တယ်...



၉။ blackrose လေးကို မေးခဲ့သလိုပဲ ပေးဆပ်တဲ့အချစ်မှာ ဆုံဆည်းမှုရှိမယ်လို့  ညီမလေး ထင်လား?

စစ်... ဒါကတော့ ကံကြမ္မာနဲ့လဲ ဆိုင်ပါတယ်… ချစ်သူနှစ်ဦး ချစ်ကြမိပြီဆိုရင် နောက်ဆုံး သူတို့နှစ်ယောက် ဆုံဆည်းခွင့်ရှိ၊ မရှိဆိုတာ ကံကြမ္မာက အဆုံးအဖြတ်ပေးပါလိမ့်မယ်...



၁၀။ ဟန်နီက ကျောင်းတက်နေတုန်းအရွယ်ဆိုတော့ မိန်းခလေးတစ်ယောက်ဟာ ဘယ်အရွယ်မှ လက်ထပ်သင့်တယ်လို့  ဟန်နီ ထင်လဲ?

လက်ထပ်ဖို့ အကောင်းဆုံးအရွယ်ကတော့ ၂၃-နှစ်လောက်တော့ ထင်ပါတယ် စစ်...



၁၁။ အွန်လိုင်းအချစ်အပေါ် ဟန်နီ့ ထင်မြင်ယူဆချက်လေး သိချင်ပါတယ်...

အွန်လိုင်းပေါ်မှာ အချစ်စစ်ဆိုတာ ရှိပါတယ်... အွန်လိုင်းပေါ်မှာပဲတွေ့၊ အွန်လိုင်းပေါ်မှာပဲချစ်နဲ့၊ တကယ်လဲ အပြင်မှာ ညားသွားတဲ့သူတွေလဲ ရှိပါတယ်... တချို့ကြတော့လဲ နည်းနည်းလေး အရောမ၀င်နဲ့ အရောဝင်လိုက်ရင် Q ချင်တဲ့ လူတွေက ခပ်များများရယ်… အဲဒါကြောင့် အွန်လိုင်းအချစ်ကို ယုံပါလို့လဲ မပြောချင်ပါဘူး... ဒါပေမဲ့ သတိထားပြီးမှ ယုံကြပါလို့ ပြောချင်ပါတယ်...



၁၂။ လွမ်းက ဟန်နီ့ ကို သတိထားမိတာက ဆန်းသစ်တဲ့ Comment လေးတွေ ရလို့ ပါ... ဟန်နီ သူငယ်ချင်းတွေကို ပို့ ဖို့  ပုံလေးတွေ ဘယ်လိုရှာဖွေ စုဆောင်းတယ်ဆိုတာ ပြောပြနိုင်မလား...

အင်း... အရင်ကဆို ဟန်နီက comments တွေကို gif file နဲ့ပဲ ပို့လို့ရတယ်လို့ ထင်နေတာ...
တနေ့ကျတော့ midnight စစ်ကပေါ့... ဟန်နီဆီကို ထူးထူးဆန်းဆန်း comments လေးတွေ လာလာပို့ပေးတယ်... စစ်ပို့ပေးတဲ့ commentsလေးတွေ ကြည့်ပြီး ဟန်နီလဲ photo ပါတဲ့ comments လေးတွေ ပို့တတ်လာတယ်…
Google ထဲကနေ အဲဒီ site လေးကို ၀င်လည်ရင်းကနေ အဲဒီထဲမှာပါတဲ့ photo comments လေးတွေကို သူငယ်ချင်းတွေကို ပို့မိတယ်... သူငယ်ချင်းတွေကလဲ အဲဒီ့ comments လေးတွေကို အရမ်းကြိုက်တယ်လို့ ပြောကြတယ်... အခုထိလဲ အဲဒီ site ထဲက comments လေးတွေကို ပို့ဖြစ်တုံးပဲ... အဲဒီ့ site လေးကတော့
www.allfunnygames.netပါ...



၁၃။ ချော့ကလက်မြို့ တော်တည်ထောင်သူ မြို့ စားလေးအပေါ် ဟန်နီ ပြောချင်တာများရှိရင် သိချင်ပါတယ်...

မြို့စားလေးရေ… မြို့စားလေးရဲ့ ချောကလက်မြို့တော်လေး ဒီထက်မက အောင်မြင်မှုတွေကို ဆက်လက် ပိုင်ဆိုင်နိုင်ပါစေနော်...



၁၄။ နောက်ဆုံးမေးခွန်း အနေနဲ့  ဟန်နီ ပြောချင်တာများရှိရင် ကြားချင်ပါတယ်...

ဟန်နီက သိပ်မပြောတတ်ပါဘူး... တကယ်လို့ ဟန်နီပြောတာ မှားနေရင်လဲ နားလည်ပေးကြပါလို့... ခုလိုလာမေးပေးတဲ့ မလွမ်း (စစ်) ကိုလဲ ကျေးဇူးတင်ပါတယ်… ပြီးတော့ ဒီမြို့လေးကို တမျိုးတဖုံ ထူးထူးခြားခြားလေး create လုပ်ထားတဲ့ မြို့စားလေးကိုလဲ ကျေးဇူးတင်ပါတယ်နော်... ဒီမြို့လေးကြောင့် သူငယ်ချင်းလေးတွေလဲ အများကြီးရနေပါပြီ…
ချစ်တဲ့သူတိုင်း ကိုယ်ချစ်တဲ့သူနဲ့ ထာဝရပေါင်းဖက်နိုင်ကြပါစေလို့….


လွမ်းကို Sister တစ်ယောက်အနေနဲ့  စစ်...စစ်နဲ့ ခေါ်ပြီး ဖြေသွားတာ အရမ်းကို ချစ်စဖွယ် ကောင်းပါတယ်...


ဟန်နီဖြေတာလေးကိုလည်း အားလုံးက ကျေနပ်နှစ်သိမ့်ကြမယ်လို့  ယုံကြည်ပါတယ်...


လွမ်းတို့ ရဲ့ တွေ့ ဆုံမေးမြန်းခန်းလေးကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ...


ချော့ကလက်မြို့ သူ၊ မြို့ သားများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...







လွမ်း


၁၃-၁၂-၀၉


နံနက် ၁၂း၄၂

No comments: