Wednesday, June 1, 2011

ပြည်တွင်း ခရီးသွားမှတ်တမ်း - ၁

ပြည်တွင်း ခရီးသွားမှတ်တမ်း - ၁


ကိုကို ရေ...


လွမ်း...ကိုကို့ဆီက Missed Call ရတော့ အင်းလေးကို ရောက်နေပြီလေ...

ကိုကို အဲလို ဖုန်းဆက်တတ်မှန်းသိလို့ ကိုကို့ဆီကို Mail ပို့ခဲ့တာကို ကိုကိုက မဖတ်ဘဲ ဖုံးဆက် လိုက်တာလေ...

ကိုကို မသိအောင်တိတ်တိတ်လေး ထွက်သွားမလို့ပဲ…

ကိုကိုစိတ်ပူနေမှာလည်း စိုးတာလေ...

ဒါကြောင့် စာရေးထားခဲ့တာ...

လွမ်းက ခရီးထွက်တာကို ပြန်လာမှပဲ သိစေချင်တာ...

အင်းလေးမှာက Service ရတာနဲ့ ကိုကို့ဆီကို ၈-ရက်နေ့ညမှာ ဖုန်းဆက်လိုက်တာ...

လွမ်း ၈-ရက်နေ့ညနေ အင်းလေးကိုရောက်တယ်...

အင်းလေး ဟိုတယ်က စက်လှေတွေနဲ့ လာခေါ်တာလေ...

ညနေခင်း အင်းလေးကန်မှာ စက်လှေကို ပထမဆုံးစီးဖူးတာပဲ...

စက်လှေစီးနေတုန်းမှာ ကိုကိုနဲ့ လွမ်းသူငယ်ချင်းတွေကို သတိရနေတယ်ဆိုတာ ယုံမှာလား ဟင်...

ညနေ ၆-နာရီ နေဝင်ခါနီးအချိန် တောင်တွေထဲကို နေဝင်သွားတာကို စက်လှေပေါ်ကနေ ဓါတ်ပုံ လှမ်းရိုက်ထားလိုက်တယ်...


နောက်နေ့ ဟိုတယ်မှာ Breakfast စားပြီးတာနဲ့ စက်လှေတွေနဲ့ ဖောင်တော်ဦးဘုရားကို သွားကြတယ်... ၄၅မိနစ်စီးရတယ်... 

ဘုရားမဖူးခင် ရိုးရာအဝတ်အထည်ဆိုင် ကိုဝင်ပြီး အမှတ်တရ ပစ္စည်းတွေ ဝယ်ကြတယ်...




ဘုရားကို စက်လှေနဲ့ သွားဖူးရတာ ပျော်ဖို့ ကောင်းလိုက်တာ ကိုကိုရယ်...






နောက် လွမ်းတို့တွေ အလိုတော်ပေါက်ဘုရားကို ဆက်သွားကြတယ်...








အလိုတော်ပေါက်ဘုရားလေးဖက်လေးတန်ရှိတာ တစ်ဖက်ကပြုပြင်နေဆဲပဲရှိသေးတယ်...

ဘုရားကပြန်တော့ နေ့လည် ၁၁-နာရီခွဲနေပြီကိုကို...

နေပူထဲ စက်လှေစီးရပေမဲ့ ရေပြင်ပေါ်ကို ဖြတ်တိုက်လာတဲ့လေကအေးနေတယ်လေ...

အင်းလေးမှာရှိတဲ့ ဟိုတယ်တွေကလဲ အရမ်းလှတယ်ကိုကိုရေ...
 


ဒါက HU PIN Hotel ရဲ့ တည်းခိုဆောင်လေးတွေလေ...

အခန်းထဲမှာ ပြင်ဆင်ထားတဲ့ ဆပ်ပြာခွက်က လှေပုံလေးတွေနဲ့ ကိုကိုရ...

ရိုးရာပစ္စည်းလေးတွေနဲ့ အလှဆင်ထားတာ တစ်မျိုးဆန်းတာပေါ့နော်...

လွမ်းတို့ နေ့လည်စာစားပြီး ပင်းတယမြို့ကို ဆက်သွားကြတယ်...

ကိုကို စိတ်ပူမှာစိုးလို့ စာရေးလိုက်တာ...

နောက်မှပဲ စာထပ်ရေးတော့မယ်နော်...

လွမ်း ခရီးထွက်နေတုန်း လွမ်းကို လွမ်းနေတဲ့ သူငယ်ချင်းတွေကို လွမ်းကလဲ လွမ်းနေကြောင်း ကိုကို ပြောပေးနော်...


သတိရနေတဲ့

ကိုကိုရဲ့လွမ်းလေး




လွမ်းဧကရီ

၁၁-၀၅-၂၀၀၉

ည ၉:၃၀နာရီ




မှတ်ချက်။ ။ လွမ်းရဲ့ ခရီးသွားမှတ်တမ်းလေးကို စိတ်ဝင်စားအောင် ကိုကို့ဆီ စာရေးသလိုမျိုး ရေးလိုက်တာပါ...

No comments: