Wednesday, June 22, 2011

Comment မှာ ပုံလေးတွေ ထည့်ပို့ ရအောင်

Comment မှာ ပုံလေးတွေ ထည့်ပို့ ရအောင်


လွမ်းတို့ တွေ မြို့ တော်ထဲမှာ တစ်ယောက်ဆီကို တစ်ယောက် သွားလည်ကြရင်း မှတ်ချက်လေးတွေ ရေးတဲ့အခါ ပုံလေးတွေနဲ့ ထားခဲ့ကြရင် ပျော်စရာကောင်းပါတယ်...

စာရေးထားတာထက် ပုံလေးတွေနဲ့ တွဲရေးတဲ့အခါ သူငယ်ချင်းတွေကလဲ သဘောကျမှာပါ...

သူငယ်ချင်းတွေကလဲ မှတ်ချက်လာရေးတဲ့အခါ ပုံလေးတွေနဲ့ ဆို ကိုယ့်စာမျက်နှာမှာ ပုံလေးတွေ နဲ့  လှပနေမှာပါ...

လွမ်းက သူငယ်ချင်းတွေဆီသွားလည်ရင် ပုံလေးတွေနဲ့ မှတ်ချက်ရေးတတ်ပါတယ်...

လွမ်းဆီ လာလည်လို့  ပုံလှလှလေးတွေရရင် လွမ်းပျော်တတ်ပါတယ်...

ဒီစာလေးက ပုံလေးတွေနဲ့ မှတ်ချက်ဘယ်လိုထည့်ရလဲဆိုတာ မသိသေးတဲ့ မြို့ တော်သူ၊ မြို့ တော်သားတွေ အတွက် ရည်ရွယ် ရေးသားခြင်း ဖြစ်ပါတယ်...

Comment Box မှာ ပုံလေးတွေ ထည့်ပုံ၊ ထည့်နည်း ၃-မျိုး ရှိပါတယ်...

(၁) ပုံအဆင်သင့်ရှိပြီး Website များမှ ပုံများကို ထည့်နည်း

(၂) Google မှ မိမိထည့်လိုသောပုံရှာ၍ ထည့်နည်း

(၃) မိမိကွန်ပျူတာတွင်ရှိသော ဓါတ်ပုံကို ထည့်နည်း


..................................................................................................................


(၁) ပုံအဆင်သင့်ရှိပြီး Website များမှ ပုံများကို ထည့်နည်း


လွမ်းအများဆုံးအသုံးပြုသော Website များမှာ http://www.glitter-graphics.com , http://www.spicecomments.com , http://www.friends18.com/ ဖြစ်ပါတယ်...


၁။ http://www.spicecomments.com ကို ဖွင့်လိုက်ပါ...





HP1


၂။ Category အများကြီးရွေးချယ်လို့ ရပါတယ်...

လွမ်း Flower ကို ရွေးချယ်ပြီး Click ပြုလုပ်လိုက်ပါတယ်...

Flower ရွေးနိုင်တဲ့ နံပါတ်တွေကို အများကြီးတွေ့ ရမှာပါ...

လွမ်း ပို့ ချင်တဲ့ပန်းလေးအောက်မှာ HTML Code Box တွေ့ ရမှာပါ...

အဲဒီ Code ကို Click လုပ်လိုက်တာနဲ့  Select All ဖြစ်နေပါလိမ့်မယ်...

Select ဖြစ်နေတဲ့အပေါ် Right Click ပြုလုပ်ပြီး Copy လို့  Click လုပ်ထားပါ...





HP2


၃။ မိမိပို့ လိုတဲ့ သူငယ်ချင်းရဲ့ Comment Box မှာ Right Click ပြုလုပ်ပြီး Paste ကို Click ပြုလုပ်ရုံပါပဲ... ဒါဆိုပုံထည့်ပြီး ဖြစ်သွားမှာပါ...





HP3


Code ရဲ့ အပေါ်မှာဖြစ်ဖြစ်၊ အောက်မှာဖြစ်ဖြစ် မိမိရေးလိုတဲ့ အကြောင်းအရာကို ရေးပါ...


ပြီးရင် မှတ်ချက်ထည့်မယ် ကို Click ပြုလုပ်ပါ... ဒါဆို ပုံနဲ့ စာတွဲပြီး ပို့ ပြီးဖြစ်သွားပါလိမ့်မယ်...


၎။ HTML Code ကို ထည့်ပြီးရင် အဓိကက Image Code ကို ရွေးပြီး ကျန်တာကို ဖျက်ပစ်လိုက်လို့ ရပါတယ်...

..................................................................................................................


(၂) Google မှ မိမိထည့်လိုသောပုံရှာ၍ ထည့်နည်း


ဒီနည်းကတော့ လွမ်းတို့ Blog တင်တဲ့သူတွေအတွက် အသုံးကျတဲ့နည်းပါ...

လွမ်း Comment ပို့ ရင်လဲ သုံးတတ်ပါတယ်...

နားလည်အောင် တစ်ဆင့်ချင်း ပုံတွေနဲ့ ရှင်းပြသွားပါမယ်...


၁။ http://www.google.comကို ၀င်လိုက်ပါ...


၂။ အနီရောင်ဝိုင်းပြထားတဲ့ image ဆိုတာကို Click လုပ်ပါ...





1

၃။ Search Box မှာ မိမိလိုချင်သောပုံကို ရိုက်ထည့်ပါ... ဥပမာ...လွမ်းက မနက်ခင်းဆို Breakfast
လိုက်ပို့ မှာဖြစ်တဲ့အတွက် Search Box မှာ Breakfast လို့  ရိုက်ထည့်လိုက်ပါတယ်...

ပုံမှာမြင်ရတဲ့အတိုင်း Breakfast အစားအစာပုံတွေ ပေါ်လာပါတယ်...




Breakfast

ပုံများကို Mouse နှင့်ထောက်ကြည့်လျှင် ပုံတွင်မြင်ရသည့်အတိုင်း အကြီးချဲ့ ပြမှာ ဖြစ်ပါတယ်...





enlarge breakfast


ပို့ ချင်တဲ့ ပုံတစ်ခုကို ရွေးပြီး Click လုပ်လိုက်ပါ...


၎။ ပုံတွင်ပြထားတဲ့အတိုင်း မိမိရွေးချယ်ထားသောပုံပေါ်မှာ Right Click ပြုလုပ်ပြီး Copy Image Location ဆိုတာကို Click ပြုလုပ်ထားပါ...





Copy image location

ပုံရဲ့ညာဖက်တွင် မိမိရွေးချယ်သောပုံရဲ့ Size ကို ပြထားတာကို တွေ့ မြင်ရမှာပါ...

၅။ မိမိပို့ လိုတဲ့ Comment Box မှာ ကင်မရာပုံလေးရှိပါတယ်... Click လုပ်လိုက်ပါ...





4

၆။ ပုံတွင်မြင်ရတဲ့အတိုင်း Box ပေါ်လာတဲ့အခါ insert an existing image အောက်မှာရှိတဲ့ http:// ကို Select လုပ်ပြီး Delete ပြုလုပ်လိုက်ပါ...





5

၇။ ပုံတွင်ပြထားတဲ့အတိုင်း ကွက်လပ် Box ပေါ်မှာ Right Click လုပ်ပြီး Paste ကို Click လုပ်လိုက်ပါ...





6

၈။ ပုံတွင်ပြထားတဲ့အတိုင်း Code ထည့်ပြီး ဖြစ်နေတာတွေ့ ပါလိမ့်မယ်...Add ကို Click လုပ်လိုက်ပါ...





7

၉။ Comment Box ထဲမှာ Code ရေးပြီးသားပေါ်လာပါလိမ့်မယ်... မိမိထပ်ရေးလိုသော စာသားများကို Code အပေါ်တွင်ဖြစ်စေ၊ Code အောက်ဖက်တွင်ဖြစ်စေ ရေးသားပြီး မှတ်ချက်ထည့်မယ် ကို Click ပြုလုပ်ပေးရုံပါပဲ...


..................................................................................................................


(၃) မိမိကွန်ပျူတာတွင်ရှိသော ဓါတ်ပုံကို ထည့်နည်း


မိမိကွန်ပျူတာတွင်ရှိသော ဓါတ်ပုံများမှာ .jpg, .bmp Format များနဲ့ ရှိပြီး လှုပ်ရှားမှုပါသော ပုံများမှာ .gif Format နဲ့ ရှိတတ်ပါတယ်...

အဲဒီပုံများကို http://tinypic.com , http://photobucket.com/ , http://www.imageshack.us/ စတဲ့ Website တစ်ခုခုမှာ Upload တင်ပြီး HTML Code ကို ယူရမှာဖြစ်ပါတယ်...


၁။ http://www.imageshack.us/ ကို ၀င်လိုက်လျှင် ပုံတွင်ပြထားသည့်အတိုင်း မြင်ရပါမယ်...





11

ပထမအဆင့်အနေနဲ့  Browse ကို Click ပြုလုပ်ပြီး မိမိထည့်မဲ့ပုံကို ရွေးချယ်ပါ...

ဒုတိယအဆင့်အနေနဲ့  မိမိပုံရဲ့ Size ကို ရွေးချယ်ပေးလို့ ရပါတယ်...

တတိယအဆင့်အနေနဲ့  Start Upload ကို Click ပြုလုပ်ရုံပါပဲ...


၂။ ပုံတွင်မြင်ရတဲ့အတိုင်း HTML Code ကို ပြုလုပ်ပေးပြီး ဖြစ်နေပါလိမ့်မယ်...





Comment


..................................................................................................................


လွမ်းရေးထားသလို တစ်ဆင့်ချင်း လိုက်လုပ်မယ်ဆိုရင် Comment ကို ပုံလေးတွေနဲ့ ထည့်ပို့ တတ် သွားလိမ့်မယ်လို့  ယုံကြည်ပါတယ်...

လွမ်းဆီ လာလည်မယ်ဆိုရင်တော့ စာလေးတွေမှာ ပုံလေးတွေနဲ့  လာပို့ ပေးရမယ်နော်...

ကိုယ်တိုင် မှတ်ချက်ကို ပုံလေးတွေနဲ့  ပို့ နိုင်ကြပါစေ...






၂၈-၀၈-၀၉

နံနက် ၃း၁၆

No comments: