Wednesday, June 22, 2011

သတင်းစာရှင်းလင်းပွဲ


သတင်းစာရှင်းလင်းပွဲ


ဒီနေ့  ချော့ကလက်မြို့ တော်ကြီး တစ်ခုလုံး လှုပ်လှုပ်ရွရွနဲ့  ချော့ကလက်မြို့ တော်ရဲ့ မြို့ တော်ခန်းမရှေ့  တွင် လူများစုရုံးရောက်ရှိနေကြပါတယ်…


မြို့ တော်ခန်းမအတွင်းတွင်လည်း မြို့ တော်ရဲ့ အုပ်ချုပ်သူ မြို့ စားလေးနဲ့  အက်မင်များက ရှေ့ ဆုံးမှ နေရာယူထားကြပြီး သတင်းယူမဲ့ မြို့ တော်သတင်းထောက်များ၊ လာရောက်နားထောင်သော မြို့  တော်သူ၊ မြို့ တော်သားများနဲ့  ခန်းမတစ်ခုလုံး ပြည့်နေပါတယ်…



ဒီနေ့ က မြို့ တော်တွင် တစ်ခါမှ မကျင်းပဖူးသေးတဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပါတယ်…






မြို့ တော်တွင်းမှာ သတင်းဖြစ်ပေါ်နေတဲ့ မြို့ တော်ရဲ့ အက်မင်တစ်ဦးဖြစ်သူ လွမ်းရဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်…


ကျင်းပမည့်အချိန် နေ့ လည်တစ်နာရီမှာ လွမ်းခန်းမအတွင်း ၀င်ရောက်လာပြီး ဓါတ်ပုံအရိုက်ခံပါတယ်…


အဲဒီနောက်မှာတော့ သတင်းစာရှင်းလင်းပွဲ စတင်ပါတယ်…






သတင်းထောက်။ ။ မြို့ တော်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လွမ်းနဲ့  လူမုန်းတို့ က ချစ်သူတွေဆိုတဲ့ သတင်းက မှန်ပါသလားခင်ဗျာ…


လွမ်း။ ။ မှန်ပါတယ်…




သတင်းထောက်။ ။ ဒီသတင်းနဲ့  ပတ်သက်ပြီး ရှင်းပြပေးပါလား ခင်ဗျာ…


လွမ်း။ ။ အားလုံးပဲ သိချင်နေကြမယ်ထင်လို့  ဒီသတင်းစာရှင်းလင်းပွဲလေး လုပ်လိုက်ရတာပါ…


လွမ်းကို နှင်းဆီသံစဉ် အင်တာဗျူးမေးခဲ့စဉ်က လွမ်း မြို့ တော်တွင်းမှာ အရူးထခြင်းတစ်မျိုးအနေနဲ့  လူမုန်းနဲ့  Comment ပေးရင်း ချစ်သူလုပ်တမ်း ကစားခဲ့တယ်လို့  ပြောခဲ့ပါတယ်…


အားလုံးသိကြတဲ့အတိုင်းပါပဲ… လွမ်းဟာ Comment လှလှလေးတွေရရင် ပျော်နေတတ်သူပါ… လွမ်းကလဲ သူငယ်ချင်းတွေကို Comment ပေးရင် လှမယ်ထင်တာလေးတွေ ရွေးပြီး ပေးတတ်ပါတယ်… လွမ်းဆီ လာပေးတဲ့ Comment ကိုဖတ်ပြီး Reply လုပ်တဲ့အခါ လိုက်ဖက်မဲ့ ပုံတွေရှာပေးရတာ ပညာပါပါတယ်…


အဲဒီပညာက လူမုန်းမှာရှိပါတယ်… သူနဲ့  အပြန်အလှန် Comment ပေးရင်း ချစ်သူအဆင့် ရောက်လာပြီး စုံတွဲပုံလေးတွေ ပေးလာပါတယ်… လွမ်းနဲ့  လူမုန်းဟာ Comment နဲ့  ချစ်သူဖြစ်နေကြပေမဲ့ အဲဒီ့အချိန်မှာ နှစ်ယောက်စလုံးဟာ Chatting ဆိုတဲ့ စကားစမြည်ပြောဆိုခြင်းကို Gtalk မှာ တစ်ခါမှ မလုပ်ခဲ့ကြပါဘူး… Gmail Address လဲ မသိပါဘူး…




သတင်းထောက်။ ။ ဒါဆို တကယ့်ချစ်သူတွေ မဟုတ်ဘူးပေါ့…


လွမ်း။ ။ လွမ်း ဆက်ပြောပြပါ့မယ်… Comment အပြန်အလှန်ပေးပြီး ချစ်သူဖြစ်နေစဉ်မှာ လူမုန်းဟာ တစ်ရက်မှာ လွမ်းကိုပေးတဲ့ပုံနဲ့  အတူတူ အခြားသူတွေကို လိုက်ပေးနေတာ တွေ့ တဲ့အခါ လွမ်း လူမုန်းကို စိတ်ကောက်ခဲ့ပါတယ်… လူမုန်း လွမ်းကို ချော့ပါတယ်… အဲဒီအချိန်မှာ လွမ်း စိတ်ခံစားချက်က လူမုန်းကို လွမ်းချစ်သူတစ်ယောက်လို သဘောထားလာမိပါတယ်…




သတင်းထောက်။ ။ Comment ချစ်သူလုပ်ရင်း တကယ်ချစ်လာတဲ့ သဘောပေါ့…


လွမ်း။ ။ အချစ်ဆိုတာ ဘာမှန်းမသိပေမဲ့ လူမုန်းနဲ့  ပတ်သက်လာရင် ချစ်သူတွေမှာ ဖြစ်တတ်တဲ့ သ၀န်တိုမှုတွေ၊ မနာလိုတဲ့စိတ်တွေ လွမ်း ဖြစ်လာပါတယ်… လူမုန်းက Comment Reply လုပ်တာ တော်တော့ သူ့ ကို ခင်တဲ့သူ များပါတယ်… လွမ်း လူမုန်းကို ဒုတိယအကြိမ် စိတ်ကောက်တဲ့အချိန်မှာ လွမ်း ဘာကြောင့်စိတ်ကောက်တတ်တယ် ဆိုတာကို လူမုန်း ရိပ်မိလာပြီး လွမ်း စိတ်ကောက်စေမဲ့ အရာကို သူ ရှောင်လာပါတယ်… ဒါကို မြို့ တော်သူတွေလဲ ရိပ်မိကြမှာပါ…




သတင်းထောက်။ ။ စိတ်ဝင်စားစရာတော့ ကောင်းသားဗျ…


လွမ်း။ ။ မြို့ တော်သူ၊ မြို့ တော်သားတွေကတော့ လွမ်းနဲ့ လူမုန်းတို့  Comment အပြန်အလှန်ပေးတာကို တွေ့ ပြီး ချစ်သူစုံတွဲအဖြစ် သတ်မှတ်ကြပါတယ်…


လွမ်းနဲ့  လူမုန်းဟာ ဒီလို အသတ်မှတ်ခံရတာကိုပဲ ကျေနပ်လက်ခံခဲ့ကြပါတယ်…


ဒီအချိန်မှာ လွမ်းထက် ငယ်ပေမဲ့ လွမ်းကို ညီမလေးလို ခေါ်တတ်တဲ့ လွမ်းလေးစားရတဲ့ လူတစ်ယောက်ဆီက စာရောက်လာပါတယ်…


"ကလေးတွေမဟုတ်တော့ဘူးနော်

သိပ်မချစ်နေကြနဲ့..စိတ်မဆိုးနဲ့နော်ခင်လို့

နောက်တစ်ယောက်နဲ့တစ်ယောက်မကောင်းဘူး

တစ်ကယ်ခံစားနေမိမှာကြောက်လို့ပါ

အင်း..ဘယ်လိုပြောရမလဲတောင်မသိဘူး

ချစ်ကြတယ်ပေါ့..တစ်ကယ်မတွေ့ရမနေနိုင်ကြတော့ရင်

တစ်ယောက်ယောက်ကပေါ့...ဘယ်လိုလုပ်မှာလဲ

တစ်ကယ်တွေ့နိုင်…တစ်ကယ်ချစ်နိုင်ကြမယ်ဆိုရင်တော့

အတိုင်းထက်အလွန်ပေါ့… ဝမ်းတောင်သာသေးတယ်

ကို့  ညီအကိုမောင်နှစ်မတွေပဲလေ

တစ်ယောက်ယောက်နစ်နာမှာ ကြောက်လို့ပါ

ဘယ်သူကိုမှလည်းမနစ်နာစေချင်ဘူး… မခံစားစေချင်ဘူး

ပျော်ပျော်နေနော်... ကျွန်တော်ကြောင့်စိတ်မညစ်စေချင်ဘူး

ကျွန်တော်ကလည်းမပြောရင်မနေနိုင်လို့ပါ"
တဲ့….


လွမ်း အဲဒီလိုစာရောက်လာကတည်းက လူမုန်းကို ပြောပြပြီး ဖြတ်ဖို့  ကြိုးစားခဲ့ပါတယ်…


လူမုန်းက ဒီအတိုင်းလေးပဲ ဆက်နေပေးပါဆိုလို့  Comment ချစ်သူအဖြစ် ဆက်လက်နေခဲ့ပါတယ်…




သတင်းထောက်။ ။ Comment ချစ်သူဆိုတာ ဘာကိုဆိုလိုတာပါလဲ…


လွမ်း။ ။ Comment မှာ ချစ်သူတွေအနေနဲ့  အပြန်အလှန် Comment ပေးနေကြတာပါ… လွမ်းကို လူမုန်းက ချစ်တယ်လို့  ဖွင့်ပြောတာလဲ Comment နဲ့ ပါပဲ… မှတ်မှတ်ရရ ပြောရရင် မေလ ၃၁-ရက်နေ့ က ပြောတာပါ… လွမ်းကလဲ ချစ်တယ်လို့  Comment နဲ့ ပဲ အဖြေပြန်ပေးတာပါ… အဲဒီ့အချိန်အထိ လွမ်း … လူမုန်းကို မမြင်ဖူးပါဘူး… Chatting လဲ မလုပ်ခဲ့ပါဘူး…






သတင်းထောက်။ ။ တော်တော်ထူးဆန်းတာပဲ…. အဲဒါက အချစ်စစ်ဖြစ်နိုင်ပါသလား?


လွမ်း။ ။ ဒီမေးခွန်းကိုတော့ မဖြေပါရစေနဲ့ ... လူမုန်းကို လွမ်းက မြင်ဖူးချင်ပါတယ်ပြောတော့ သူ့  စာမျက်နှာမှာ သူ့ ဓါတ်ပုံကို တင်ခဲ့ပါတယ်… သူငယ်ချင်းတွေ မြင်ခဲ့သလို လွမ်းလဲ အဲဒီတော့မှ လူမုန်းကို သေချာမြင်ဖူးတာပါ… လွမ်းဆီကို ဓါတ်ပုံပို့ မပေးခဲ့ပါဘူး…




သတင်းထောက်။ ။ လူမုန်းကရော လွမ်းကို မြင်ဖူးပါသလား?


လွမ်း။ ။ လွမ်းက တစ်ခါတစ်ရံ လွမ်းစာမျက်နှာမှာ ဓါတ်ပုံတင်တတ်ပါတယ်… လူမုန်းက လွမ်းကို မြင်ဖူးတယ်လို့  ပြောပါတယ်… လွမ်းဓါတ်ပုံကိုလဲ သူမတောင်းခဲ့ပါဘူး…




သတင်းထောက်။ ။ လွမ်းနဲ့  လူမုန်း ချစ်တဲ့အချစ်ကို ဘယ်လိုပြောပြချင်ပါလဲ…


လွမ်း။ ။ လွမ်း သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အဓိကအကြောင်းက ချော့ကလက်မှာ လွမ်းနဲ့  လူမုန်းတို့  နှစ်ယောက်ရဲ့ အချစ်ကို သိစေချင်လို့  လုပ်ရတာပါ… လွမ်းတို့ က တစ်ယောက်နဲ့  တစ်ယောက် ပြောချင်တာကို Comment နဲ့  ပြောနေကြရတာပါ… လွမ်းတို့  နှစ်ယောက်ရဲ့ Comment ကို ကြည့်ပြီး အားကျတဲ့သူတွေ ရှိခဲ့ပါတယ်… လွမ်းတို့ နှစ်ယောက်ဟာ တကယ့်ချစ်သူတွေလိုပဲ အပြန်အလှန် Comment ပေးခဲ့ကြတာပါပဲ… ခုချိန်မှာ လူမုန်းဟာ Comment ပေးဖို့  စိတ်မပါတော့ဘူးလို့  ပြောပါတယ်… Comment နဲ့  ချစ်သူဖြစ်လာတဲ့သူက Comment မပေးချင်တော့ဘူးဆိုတော့လဲ လွမ်းတို့ ရဲ့ အချစ်ဇာတ်လမ်းလေးကလဲ ပြီးဆုံးသွားတဲ့သဘောပါ… လွမ်းကတော့ သူငယ်ချင်းတွေလိုပဲ ဆက်လက် Comment ပေးသွားမှာပါ… လွမ်းတို့ နှစ်ယောက်က ချစ်သူတွေဖြစ်ခဲ့ကြပေမဲ့ နှစ်ယောက်စလုံးက မဖြစ်နိုင်မှန်း ကြိုတင်သိထားပြီးသားပါ… လွမ်းကြောင့် လူမုန်း အချိန်မကုန်စေချင်ပါဘူး… လူမုန်းဘ၀ခရီးအတွက် လက်တွဲဖော်ဆိုတာ ရှာရအုန်းမှာပါ…
လွမ်းတို့  နှစ်ယောက်အနေအထားကို အားလုံးကို သိစေချင်လို့  ရှင်းလင်းပွဲလေး လုပ်လိုက်ရတာပါ…


ချော့ကလက်မြို့ တော်သူ၊ မြို့ တော်သားတွေ အားလုံး လွမ်းနဲ့  လူမုန်းတို့  နှစ်ယောက်ရဲ့ အချစ်ကို နားလည်နိုင်ကြပါစေ…


လူမုန်းဘ၀ခရီးဖော်အတွက် လူမုန်းကို နားလည်မဲ့၊ သစ္စာရှိတဲ့၊ ချစ်တတ်တဲ့ မိန်းခလေးရပါစေလို့  လွမ်းဆုတောင်းပေးပါတယ်…


လွမ်း…ဒီစာရေးပြီးတဲ့အချိန်လောက်မှာပဲ လူမုန်း ချော့ကလက်မြို့ တော်မှာ မရှိတော့ပါဘူး…လွမ်း တကယ့်ကို ၀မ်းနည်းရပါတယ်...


သူ့  သူငယ်ချင်းတွေကိုတော့ နှုတ်ဆက်စာရေးသွားခဲ့ပါတယ်…


မြို့ တော်သူ၊ မြို့ တော်သားများလဲ ချစ်ခြင်းများနဲ့  ပျော်ရွှင်ချမ်းမြေ့ကြပါစေ…




လွမ်း


ညနေ ၃း၃၅


၂၆-၀၇-၂၀၁၀

No comments: