Wednesday, June 22, 2011

Blog Post မှာ အရောင်လေးတွေနဲ့  ရေးတင်ကြမယ်

Blog Post မှာ အရောင်လေးတွေနဲ့  ရေးတင်ကြမယ်


Blog ကို ရေးတင်တဲ့အခါ အရောင်လေးတွေနဲ့  ဘယ်လိုတင်တယ်ဆိုတာ ရေးမယ်ဆိုပြီး မရေးဖြစ်တာ ကြာသွားတဲ့အတွက် ခွင့်လွှတ်ပေးပါ...


လွမ်း Blog ရေးတဲ့အခါ အရောင်လေးတွေနဲ့ ရေးတတ်သွားတာ အနတ္တ အနော်မာ ရဲ့ သင်ကြားပြသပေးမှုကြောင့် တတ်သွားတာပါ...


လွမ်း အရင်က အရောင်နဲ့ မရေးတတ်ပါဘူး...


လွမ်းကတော့ အင်တာနက်သုံးရင်း ကိုယ်မတတ်သေးတဲ့ပညာဆိုရင် တတ်မြောက်ချင်တာပါပဲ...


တစ်ရက်မှာ အနော်မာက လွမ်းကို အရောင်နဲ့ Blog ရေးတင်တာကို သင်ပေးပါတယ်...


လွမ်းလဲ သင်ပြီးတဲ့နောက်မှာ Blog တွေကို အရောင်နဲ့ တင်တတ်သွားပြီး လွမ်းကို လာမေးတဲ့သူကို ပြန်လည်သင်ပေးခဲ့ပါတယ်...


ခုတော့ လာမေးတဲ့သူများလာတဲ့အတွက် Blog မှာ အရောင်နဲ့ ဘယ်လိုတင်တယ်ဆိုတာကို ပုံနဲ့ တကွ အဆင့်ဆင့် ရှင်းပြပေးသွားပါ့မယ်...

၁။ လွမ်းက Blog တင်မယ်ဆိုရင် Microsoft Word ထဲမှာ အရင်ရေးပါတယ်...


blog1


၂။ ကဗျာဆိုရင်Center Alignment လုပ်ရေးရင် ကြည့်လို့ လှပါတယ်...

စာရေးတာဆိုရင်တော့ Left Alignment လုပ်ရေးရပါတယ်...

ကိုယ်ထည့်ချင်တဲ့ Text Color ကို ထည့်ထားရပါမယ်...

ကိုယ်လုပ်ချင်တဲ့ Design ကိုလည်း လုပ်ထားပါတယ်...


၃။ အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ Edit>>>Select All လုပ်ပြီး Copy (Ctrl+C) လို့ လုပ်ထားခဲ့ပါ...


blog2


၎။ မိမိရဲ့ gmail ထဲမှ Compose Mail ကို ဖွင့်လိုက်ပါ... Mail Box ထဲမှာ Paste ( Ctrl+V) လုပ်ပါ...


blog3


blog4

တစ်ခုသတိပြုရမှာက Compose Mail ကို Mozilla Firefox နဲ့ ပဲ ဖွင့်ရမှာဖြစ်ပါတယ်...

IE (Internet Explore) ကို အသုံးပြုလို့  မရပါဘူး...

Microsoft Word မှာ မိမိရေးထားခဲ့တဲ့အတိုင်း ဟုတ်မဟုတ် စစ်ဆေးပါ...

ပြင်ချင်ရင် Mail Box ထဲမှာလဲ ပြင်လို့ ရပါသေးတယ်...


Gmail ရဲ့ Compose mail ထဲမှာလဲ မိမိတင်မဲ့ Blog Post ကို တစ်ခါတည်းရေးထားလို့ ရပါတယ်...

Compose Mail ထဲမှာ ရေးတာဆိုရင်တော့ အဆင့်-၁ ကနေ ၄ အထိက မလိုတော့ပဲ အဆင့်-၂ အတိုင်း Compose Mail ထဲက Text Tool Bar ကို အသုံးပြုပြီး Alignment, Color, Font Size တွေကို ရွေးချယ်ပြီး ပြင်ဆင်ထားရပါမယ်...


၅။ မိမိစိတ်ကြိုက်ပြင်ပြီးပြီဆိုရင်တော့ Select All လုပ်ပြီး Right Click ပြုလုပ်ပါ... Shortcut Menu Box ပွင့်လာပါလိမ့်မယ်... အဲဒီထဲက View Selection Source... ကို ရွေးချယ်ပြီး Click ပြုလုပ်လိုက်ပါ...


blog5


၆။ DOM Source of Selection Dialog Box ပေါ်လာပါလိမ့်မယ်... Edit>>>Select Allပြုလုပ်ပြီး Copy (Ctrl+C) ပြုလုပ်ထားပါ...


blog7


blog6


၇။ မိမိစာမျက်နှာမှ Add a Blog Post ဆိုတာလေးကို Click လုပ်ပြီး ဖွင့်လိုက်ပါ... အောက်ဖေါ်ပြပါအတိုင်း မြင်ကြရမှာပါ...


blog8


blog9


၈။ အလယ် Box ထဲတွင် Paste (Ctrl+V) ပြုလုပ်လိုက်ပါ...

မိမိရေးထားသည်များကို Code နဲ့ တကွ ရေးထားပြီးဖြစ်နေတာတွေ့ ရပါမယ်...


blog10


မတင်ခင် Preview အရင်ကြည့်ပါ...


တချို့ သောနေရာများတွင် စာလုံးကွာသွားသည်များဖြစ်တတ်ပါတယ်...


Code ထဲမှ စာများကို မိမိလိုသလို ပြင်နိုင်ပါတယ်...

စာလုံးကွာသွားပါက Backspace အသုံးပြု၍ ပြန်လည်ကပ်ပေးခြင်း၊ စာပိုဒ်ကို အောက်တစ်လိုင်း ချလိုပါက
ဟုရိုက်၍ ချပေးခြင်းတို့  ပြုလုပ်နိုင်ပါတယ်...


Title တွင် မိမိရေးသားသောစာ၏ ခေါင်းစဉ်ကို တပ်ပေးရမှာဖြစ်ပါတယ်...


Tags ဆိုသည်မှာ မိမိရေးသားသော စာအမျိုးအစားကို ဖော်ပြနိုင်ပါတယ်... ကဗျာ၊ ဆောင်ပါး၊ ၀တ္ထုတို၊ Forward Mail စသဖြင့်ရေးသားဖော်ပြနိုင်ပါတယ်... ထိုသို့ ဖော်ပြခြင်းဖြင့် မိမိ Ning Network တွင် ကဗျာမည်မျှ၊ ဆောင်ပါးမည်မျှ၊ ၀တ္ထုတိုမည်မျှ၊ Forward Mail မည်မျှတင်ထားသည်ကို သိရှိနိုင်ပါတယ်...

လွမ်းကတော့ လွမ်းရေးသောစာများ တစ်စုတစ်စီးတည်းဖြစ်စေရန် Tags တွင် လွမ်း လို့ အမည် ဖော်ပြပါတယ်... ထိုအခါ လွမ်းရေးသောစာ မည်မျှရှိသည်ကို သိရှိနိုင်ပါတယ်...


blog11


What date would you like for your post?

မိမိရေးသားထားသည်ကို အခုချက်ခြင်းတင်လိုသလား၊ သို့ မဟုတ် မည်သည့်နေ့ ရက်တွင် တင်လိုသည်ကို ရွေးချယ်နိုင်ပါတယ်...


Who can view this post?

မိမိတင်ထားသည်ကို အားလုံးအတွက်၊ မိမိသူငယ်ချင်းများအတွက်၊ မိမိအတွက် မြင်စေလိုသလား ဆိုတာ သုံးမျိုးရွေးချယ်နိုင်ပါတယ်....


Who can comment on this post?

မိမိတင်ထားသောစာတွင် အားလုံးကို၊ မိမိသူငယ်ချင်းသာ၊ မိမိတစ်ဦးတည်းသာ Comment ပေးစေလိုသလားဆိုတာ သုံးမျိုးရွေးချယ်လို့ ရပါတယ်...


Save as Draft ဆိုတာ မိမိရေးသားထားသည်ကို Blog Post မလုပ်သေးပဲ ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါက Draft စာကြမ်းအနေဖြင့် သိမ်းဆည်းထား၍ ရပါတယ်...


၉။ ကဗျာများတင်ရာတွင် ခေါင်းစဉ်နှင့်ကပ်၍ တင်ပါက အထက်ပိုင်းတွင် စောင်းသွားတတ်ပါတယ်...

ထိုအခါ
ကို ငါးခုခန့် ရေးပြီး ခွာပေးသင့်ပါတယ်...

ဒါမှမဟုတ် ကဗျာနှင့်လိုက်ဖက်သောပုံကို ထည့်ခြင်းဖြင့် ခေါင်းစဉ်နှင့် ခွာရေးသကဲ့သို့  ဖြစ်သွားပါမယ်...

ပုံများထည့်ပုံကတော့ "လွမ်းရဲ့ Comment မှာပုံလေးတွေ ထည့်ပို့ ရအောင်" ထဲမှာ အဆင့်ဆင့် ရေးပြထားတဲ့အတိုင်း ထည့်လို့ ရပါတယ်...


ထပ်ရေးပြရမယ်ဆိုရင် Image တွေကို ထည့်ချင်ရင်တော့၊ ထည့်မယ့် Image က Online Web Site တစ်ခုခုမှာ ရှိနေမှရပါတယ်....


Google Image ထဲက ပုံတွေပဲ ဖြစ်ဖြစ်၊တခြားဘယ် Web Site ကပုံဖြစ်ဖြစ် Mouse နဲ့ 
အပြာရောင်ဖြစ်သွားအောင် Select လုပ်ပြီး Ctrl + C နဲ့  Copy လုပ် ၊ Compose Mail ထဲ Ctrl + V နဲ့  Paste လုပ်ချပြီးထည့်လို့ ရပါတယ်...

Gif Extension တွေလို လှုပ်ရှားနေတဲ့ပုံတွေကိုလည်း လုပ်လို့ ရပါတယ်။

အဓိက က Mouse နဲ့ ဆွဲယူပြီး Select လုပ်ရပါမယ်...


ကိုယ်တင်ချင်တဲ့ ပုံက Online Web Site တစ်ခုခုမှာ မရှိပဲ၊ ကိုယ့်Computer ထဲက ပုံများကို ထည့်ချင်ရင် Free Image Hosting Site (eg.http://www.freeimagehosting.net) တွေမှာ အရင်တင်ပြီး၊အပေါ်မှာပြောတဲ့ အတိုင်း Select လုပ်ပြီး၊ Compose Mail ထဲထည့်လို့ ရပါတယ်...


Ning Network ရဲ့ Add a Blog Post မှာပါပြီးသား၊ Add an Image ကထည့်လည်းရပါတယ်...


၁၀။ Preview ကြည့်လို့  စိတ်ကြိုက်မဖြစ်သေးရင် Back နဲ့ ပြန်သွားပြီး ပြင်ပေးပါ...


blog12

စိတ်ကြိုက်ဖြစ်ပြီဆိုမှ Publish Post ပြုလုပ်ပါ...




စာများ၊ ကဗျာများဟာ သာမန်စာလုံးနဲ့ ရေးရင် စိတ်ဝင်စားမှုအင်အား နည်းပါးစေပါတယ်...


အရောင်များနဲ့ တင်တဲ့အခါ စာဖတ်သူကို စိတ်ဝင်စားမှုပိုလာစေတယ်လို့  လွမ်း ယူဆပါတယ်...


ဒါကြောင့် မိမိကိုယ်တိုင် စာ၊ ကဗျာများကို အရောင်များနဲ့ တင်ကြရင်း ကျွမ်းကျင်သော ကွန်ပျူတာသုံးစွဲသူများ ဖြစ်လာကြပါစေလို့  လွမ်း ဆုတောင်းပေးပါတယ်...





၀၆-၁၁-၀၉


ညနေ ၅း၀၀

No comments: