Monday, June 6, 2011

ပျော်ခွင့်ပြုပါ

ပျော်ခွင့်ပြုပါ

အွန်လိုင်းသူငယ်ချင်း - ၁
 

တူ…တူ…တူ… (တယ်လီဖုန်းမြည်သံ)

ဟယ်လို…

လွမ်းလား…

ဟင်… ချစ် မဟုတ်လား…

ဟုတ်တယ်… ခဏပြန်လာတာ…

ခု… ဘယ်မှာလဲ ဟင်…

လွမ်း.. လာမလား… ကိုယ် အဝေးပြေးကားဂိတ်ရောက်နေတာ…

ဒါဆို လွမ်းလာမယ်… မိနစ် ၂၀-လောက်တော့ စောင့်နော်…

အိုကေ… စောင့်နေမယ်…
.............................................................................................................

ချစ် စောင့်နေတာ ကြာပြီပေါ့…

တွေ့ချင်တော့လည်း စောင့်ရတာပေါ့ဗျာ…

လွမ်းကိုရော သတိရရဲ့လား…

ရတာပေါ့… ရလို့လည်း ခု ရောက်ရောက်ချင်း တွေ့ချင်လို့ ဖုန်းဆက်ခေါ်လိုက်တာပဲ ဟာ…

အင်းပါ… လွမ်းလည်း သတိရတယ်… ခု တာဝန်နဲ့လား… ခွင့်နဲ့လား…

တာဝန်နဲ့လာတာ… မနက် ရုံးလိုက်ပို့မှာလား…

ပို့ပေးမှာပေါ့… ခု တစ်ခုခု သွားစားရအောင်…

အင်း… သွားလေ…

ပြီးခဲ့တဲ့အပတ်က ချစ်ရုံးကို ဖုန်းဆက်တာ ခွင့်ယူသွားတယ်တဲ့… မှန်မှန်ပြော.. ဘယ်သွားတာလဲ…

လွမ်းကို ပြောဖူးတယ်လေ.. UK က ကောင်မလေး ဆိုတာလေ… သူ မြန်မာပြည်ပြန်လာတာ.. ချောင်းသာကို သူတို့တွေသွားလို့ ကိုယ်ခွင့်ယူပြီး လိုက်သွားတာ…

ကောင်းပ.. အဲ့ဒီအချိန်ဆို လွမ်းကို သတိမရတော့ဘူး ဟုတ်… ရီမနေနဲ့…

ကိုယ်သတိရရင် လွမ်းဆီ ဖုန်းဆက်တာပဲ ဟာ…

အင်းပါ…

.............................................................................................................


အွန်လိုင်းသူငယ်ချင်း - ၂


တူ…တူ…တူ… (တယ်လီဖုန်းမြည်သံ)

ဟယ်လို…

ကျနော်ပါ…

ကိုကိုက ခု ဘယ်မှာလဲ…

အိမ်မှာ…

မနေ့က ဘယ်တွေလျှောက်သွားနေလဲ… မှန်မှန်ပြော…

ဆိုင်မှာရှိတယ်… မပြန်တော့ဘဲ ဆိုင်မှာပဲ အိပ်လိုက်တာ…

ဟုတ်လား… လွမ်းက ကိုကို့ကို လိုက်ရှာနေတာ… အိမ်ကို ဖုန်းဆက်လိုက်သေးတာ…

ပြောတယ်… လွမ်းလေး ဖုန်းဆက်တယ်ဆိုတာ…

ကိုကိုက ကောင်မလေးဆီ သွားနေတာလားလို့…

ကိုကို့ ကောင်မလေးဆီ ဒီရက်ပိုင်း အလုပ်တွေ ရှုတ်နေတာနဲ့ မရောက်ဖြစ်ဘူး…

ဒါဆို သူ့ကို ကိုကို ချော့ရတော့မယ်…

ဟုတ်တယ်…

ကိုကိုကလဲ ခုတလော ဘာတွေ အလုပ်ရှုတ်နေမှန်းကို မသိဘူး…

ကိုကို့ သူငယ်ချင်းဆိုင်တွေကို လိုက်ကူပေးနေတာ…

အင်းပါ… အိပ်ရေးလည်း ဝအောင်အိပ်အုန်းနော်…

လွမ်းလေးကို ပြောရမှာ… လွမ်းလေးလည်း အိပ်ရေးဝအောင် အိပ်အုန်း…

ဟုတ်ကဲ့ပါ… ဒါဆို တာ့တာနော် ကိုကို…

တာ့တာ…

.............................................................................................................
အွန်လိုင်းသူငယ်ချင်း - ၃

တူ…တူ…တူ… (တယ်လီဖုန်းမြည်သံ)

ဟယ်လို…

ချစ်လား… ညီညီလေ…

ဟင်… ညီညီ… ဟုတ်လား

ဟား…ဟား… ကိုထွေးပါ လွမ်းရ

အမယ်… ထူးထူးဆန်းဆန်း ဖုန်းဆက်လို့… လွမ်းရေးတဲ့ “သားကောင်ဖြစ်သွားသောမုဆိုး” ဖတ်ရလား

ဖတ်ရလို့ ညီညီလို့ သုံးလိုက်တာလေ… သတိမထားမိဘူးလား

ကိုထွေး ကောင်မလေးနဲ့ သွားတွေ့တာ ဘယ်လိုလဲ

ကိုထွေးက ခု သားကောင်ဖြစ်သွားသော မုဆိုး ဖြစ်နေတာဗျ

လွမ်းကို ပြောပြ…

ကိုထွေးချစ်သူကို သွားတွေ့တော့ ချစ်သူက အိန္ဒြာကျော်ဇင်နဲ့ တူနေတာလေ… ကိုထွေး အချစ်မုဆိုး မဟုတ်ဘဲ အချစ်သားကောင် ဖြစ်သွားတာဗျ…

ဖြစ်ရမယ်… ကိုထွေးကတော့…

ကိုထွေး… မအားဘူး လွမ်းရေ့… မြန်မာပြည်ပြန်လာတော့ သင်တန်းတွေ တက်နေရတာနဲ့

အင်းပါ… လွမ်းဆီ ဖုန်းဆက်ဖော်ရလို့ ကျေးကျေးပါ…

အိုကေ… တာ့တာ

တာ့တာ

……………………………………………………………………………………………………

အွန်လိုင်းသူငယ်ချင်း - ၄

တူ…တူ…တူ… (တယ်လီဖုန်းမြည်သံ)

ဟဲ့… နင် ဘယ်မှာလဲ…

ငါ အိမ်မှာ… နင်ရော…

ငါက ခုမှ နိုးတာ… နင် ငါ့ကို လ္ဘက်ရည် မတိုက်ချင်ဘူးလား…

ဟဲ့… ခု ၁၂-နာရီထိုးတော့မယ်… လ္ဘက်ရည် သောက်တဲ့အချိန်လား…

ငါ့အတွက်က မနက် အိပ်ရာထတာလေ ဟာ…

အေး… ပြီးရော… ငါလာခဲ့မယ်… နင်စောင့်…

အေးအေး… ငါ မျက်နှာသစ်၊ အဝတ်လဲပြီး စောင့်နေမယ်…

.............................................................................................................

နင် ဘာစားမှာလဲ… ငါကတော့ ထမင်းပေါင်းစားမှာ…

ငါက လ္ဘက်ရည်သောက်မှာလေ…

နင် မိုးလင်းမှ အိပ်တာ မဟုတ်လား…

အင်း…  ဟုတ်တယ်…

ငါ ဟိုနေ့က နင့်ဆီ ဖုန်းဆက်ပြီး ဟယ်လို လို့ ထူးသံလည်း ကြားရော ဟဲ့ နင်ထပြီလားလို့ မေးလိုက်တာ နင့်အဖေဖြစ်နေတာ ဟ… ဟား…ဟား…ဟား… ငါ့မှာ တောင်းပန်လိုက်ရတာ… နင့်အဖေက ရီနေတယ်… နောက်မှ ပြန်ဆက်လိုက်နော် သမီး တဲ့… ဟီး…

ငါက အိပ်နေတာ… နင် သိရမှာပေါ့…

အမယ်… ငါက ပြောစရာရှိလို့ ဟ…

ခု ပြော…

ငါ နေပုံထိုင်ပုံ… ပြောပုံဆိုပုံ ဟုတ်ရဲ့လား ဟင်…

နင်က ဘာဖြစ်နေလို့လဲ…


ငါက ချစ်သူရှိတဲ့ ကိုကိုတို့၊ ကိုထွေးတို့၊ နင်တို့တွေကို ရင်းရင်းနှီးနှီး ပြောဆိုနေတာတွေလေ… နင်ဆိုလည်း ချစ်သူရှိပြီးသားလေ…

ငါတို့က သူငယ်ချင်းတွေလေ ဟာ… ဒီလိုပဲ ဆက်ဆံပြောဆိုတာ ဘာအမှားလုပ်လို့လဲ…

ဒါပေမဲ့ နင်တို့ ချစ်သူတွေက ငါ့အပေါ် တစ်မျိုး မမြင်နိုင်ဘူးလား ဟင်… ငါက နင်တို့ကို သူငယ်ချင်း အရင်းကြီးတွေလို ပြောဆိုဆက်ဆံပေမဲ့ နင်တို့ချစ်သူတွေက ကြိုက်ပါ့မလားဆိုတာ ငါတွေးနေမိတာ ဟ…

မဆိုင်ပါဘူး ဟာ… ချစ်သူက ချစ်သူ၊ သူငယ်ချင်းက သူငယ်ချင်းပဲ… ကွဲပြားခြားနားတယ်လေ ဟာ…

အင်းပါ… ဒါပေမဲ့ နင်တို့ချစ်သူတွေက တစ်ခုခု ပြောလာခဲ့ရင် ငါ့ကို ပြောနော်…

အေးပါ…

ငါက သံယောဇဉ်ကြီးတတ်တာ မမိုက်ဘူး… ငါ့ကိုယ်ငါလည်း သိတယ်… နောက် ငါ ခုတလော မျက်ရည်လွယ်နေတာ… ငါ ဒီသံယောဇဉ်ဆိုတာကြီးကို ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာ… ကြိုးစားခဲ့တိုင်း မျက်ရည်က ကျလာပြီ…

နင်တို့ မိန်းခလေးတွေက အဲလိုပဲ… ငါတို့ ယောင်္ကျားလေးတွေက ရင်ထဲမှာ ကြိတ်ခံစားတာ… ကိုယ့်ခံစားချက်ကို လွယ်လွယ်ဖွင့်မပြောတတ်ဘူး…

အင်းပါ… ငါကတော့ ပြောမှာပဲ… ငါခံစားရရင် ခံစားရတယ် ပြောမှာပဲ… ငါ့ကြောင့်တော့ ဘယ်သူ့ကိုမှ မခံစားစေချင်တာ အမှန်ပဲ… ငါ့ခံစားချက်တွေကိုလည်း နင် နားလည်မှာပါ ဟာ… ငါနေရတဲ့အချိန်လေးမှာ ပျော်ခွင့်လေးတော့ ရှိချင်သေးတယ်… ဒါပေမဲ့ ပျော်တယ်ဆိုတာ ငါ့ဘဝမှာ မရှိတော့တာတော့ အမှန်ပဲ…

နင်ကလဲ နာမည်နဲ့လိုက်အောင် လွမ်းပြမနေနဲ့… သွားစို့…

အင်း… နင်လည်း ချစ်သူနဲ့ တည့်အောင် နေအုန်း…

အေးပါ…





လွမ်းဧကရီ
၀၅-၀၆-၂၀၁၁

စာရေးပြီးချိန် နံနက် ၁၀:၅၀ နာရီ



No comments: