Wednesday, June 22, 2011

Comment Box တွင် စာနှင့် တွဲ၍ ပုံထည့်ခြင်း

Comment Box တွင် စာနှင့် တွဲ၍ ပုံထည့်ခြင်း


လွမ်းတို့  Ning Website ဟာ Comment ပေးရာတွင် ပိုမိုလွယ်ကူစေရန် ပုံစံပြောင်းလိုက်တာကို အားလုံးပဲ သတိထားမိကြမှာပါ...

လွမ်းတို့  Blog ရေးသားရာမှာလဲ ပိုမိုလွယ်ကူလာတာကို တွေ့ ရပါတယ်...

ပုံစံပြောင်းသွားတာကို သတိမထားမိတဲ့ ချောကလက်မြို့ သူ၊ မြို့ သားများအနေနဲ့  မိမိထည့်လိုက်တာ ပုံအနေနဲ့  ပေါ်မလာပဲ Code တွေ ကျန်ခဲ့တာကို တွေ့ ရမှာပါ...

အသစ်ပြောင်းလဲလာတဲ့ Comment Box လေးမှာ ပုံနဲ့ စာ ဘယ်လိုထည့်သွားမယ်ဆိုတာ အဆင့်ဆင့်ရေးပြသွားပါမယ်...

မိမိ Computer တွင် သိမ်းထားသောပုံကို Comment Box တွင် ထည့်ခြင်း

၁။ ပြောင်းသွားတဲ့ Comment Box ပုံမှာ Cursor ချပြီးတဲ့အခါ Center Alignment ပုံကို Click လုပ်လိုက်တဲ့အခါ Cursor က အလယ်ကို ရောက်သွားတာတွေ့ ရမှာပါ...


၂။ Tool Bar မှာရှိတဲ့ Image ပုံကို Click ပြုလုပ်တဲ့အခါ Box တစ်ခု ပေါ်လာမှာပါ...



၃။ Box ပေါ်လာတဲ့အခါ Tab နှစ်ခု တွေ့ မှာပါ... မိမိ Computer မှာ သိမ်းထားတဲ့ပုံကို ထည့်ချင်ရင် Browse ကို Click ပြုလုပ်ပါ...


၎။ မိမိ Computer မှ ထည့်လိုတဲ့ပုံကို ရွေးချယ်ပြီး Open ကို Click ပြုလုပ်ပါ...


၅။ လွမ်းက ပုံနဲ့ စာကို ပို့ တဲ့အခါ Center Align လုပ်ပို့ တတ်တာမို့  Layout မှာ Center လို့  ရွေးချယ်ပါတယ်... ပုံရဲ့ Size ကိုလဲ ပြင်လို့ ရပါတယ်...




၆။ လွမ်းထည့်လိုက်တဲ့ စာနဲ့  ပုံကို ဒီလိုလေးမြင်ကြရမှာပါ...


ပုံရဲ့ HTML Code ကို ထည့်ခြင်း

ဒီနည်းမှာ ပုံရဲ့ HTML Code ကို အရင် ရယူရမှာပါ... လွမ်းရယူတဲ့နည်းကတော့-
၁။ Google Search ကနေ ရတဲ့ပုံလေးပေါ်မှာ Right Click လုပ်ရင် Pop-up Menu လေး ပေါ်လာပါတယ်... အဲ့ဒီထဲက Copy Image Location ဆိုတာလေးကို Click ပြုလုပ်ပါတယ်...




၂။ Comment Box မှာ ထည့်တော့မယ်ဆိုရင် Tool Bar မှာရှိတဲ့ Image ကို Click ပြုလုပ်ပါ...


၃။ ပေါ်လာတဲ့ Dialog Box မှာ ဒုတိယ Tab ကို ရွေးပြီး URL နေရာမှာ http:// ကို ဖျက်ပြီး Paste လုပ်ပေးရမှာပါ... Link နေရာမှာ အလိုအလျောက် Code ပေါ်လာမှာပါ...


၎။ OK ပေးပြီး မှတ်ချက်ထည့်မယ်လို့  Click လုပ်လိုက်ရင် ထည့်ပြီးပုံကို ဒီလိုလေးမြင်ရမှာပါ...


အရင်လို ပုံတွေကို အများကြီးပို့ ချင်တဲ့သူတွေအတွက်ကတော့ ပုံတွေကို ထည့်ပြီးရင် HTML ဆိုတာလေးကို Click လုပ်လိုက်ရင် ကိုယ်ထည့်ထားတဲ့ ပုံတွေရဲ့ Code တွေကို တွေ့ မြင်ရမှာပါ...
အဲဒါကို  Copy လုပ်ပြီး သူငယ်ချင်းတွေရဲ့ Comment Box တွေမှာ HTML ကို Click လုပ်ပြီး Paste လိုက်လုပ်နေရုံပါပဲ...

ပြောင်းပြန်အနေနဲ့  ပြန်ပြောရရင် Code လုပ်ပြီး ထည့်ချင်ရင် HTML ဆိုတာလေးကို Click လုပ်ပြီးမှ ထည့်ပေးရမှာပါ...


တစ်ခုသိထားရမှာက Comment Box မှာ ပုံမထည့်ထားရင် HTML ကို Click လုပ်ရင် မြင်ကွင်းပြောင်းတာ မသိသာပါဘူး... အောက်ခြေဘားလေး ထင်းသွားရုံပါပဲ...

Comment Box မှာ ပုံထည့်ထားရင် HTML Code ကို Click လုပ်ရင် ထည့်ထားတဲ့ပုံလေး ပြောင်းသွားပါတယ်...

အားလုံး အဆင်ပြေကြပါစေ... အခက်အခဲရှိရင် မေးမြန်းနိုင်ပါတယ်...

ရွှင်လန်းချမ်းမြေ့ကြပါစေ...



လွမ်းဧကရီ

၁၉-၁၂-၂၀၁၀

ညနေ ၃း၅၀

No comments: