Thursday, October 31, 2013

ရှင်းပြခွင့်


ရှင်းပြခွင့်



မောင်…



မောင့်ကို သတိရခြင်းများစွာနဲ့ လွမ်း စာ‌ရေးလိုက်ပါတယ်…



မောင်နဲ့ လွမ်းတို့ရဲ့  ကံကြမ္မာက တစ်နေ့မှာ ခွဲရလိမ့်မယ်လို့ သတ်မှတ်ထားပေမဲ့ တကယ်တမ်း ခွဲသွားရတော့လည်း တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်မပြတ်နိုင်ကြသေးပါဘူး…



မောင်… လွမ်းကို ချစ်ခဲ့စဉ်က မောင်ပေးခဲ့တဲ့ အကြင်နာတွေ လွမ်းရခဲ့တာတွေကို မမေ့နိုင်သေးပါဘူး…


မောင်လည်း လွမ်းလိုပဲ သတိတရရှိနေမယ်ဆိုတာ လွမ်းယုံပါတယ်…


မောင်နဲ့ လွမ်း အတူပျော်ခဲ့ရတဲ့အချိန်လေးတွေကို အမြဲအမှတ်တရရှိနေမှာပါ…


မောင်… လွမ်းကို ခွဲသွားပြီး မောင် အချစ်သစ်နဲ့ ပျော်နေပြီလား ဆိုတာ သံသယဝင်ခဲ့မိပါတယ်…




လွမ်းကိုလည်း မောင်ထားခဲ့ပေမဲ့ စိတ်မချနိုင်ဖြစ်နေတယ်ဆိုတာ လွမ်းသိပါတယ်…



လွမ်း… မောင်နဲ့ ခွဲပြီးတဲ့နောက် အချစ်သစ်မထားတော့ဘူးဆိုတာ ယုံထားပါ မောင်…



နှစ်ယောက်စလုံးက ချစ်ရဲ့နဲ့ ခွဲကြရတာက လွမ်းတို့ရဲ့ အိပ်မက်ဆိုးတစ်ခုလို့ပဲ သတ်မှတ်လိုက်ပါတော့ မောင်…



ဒီစာလေးနဲ့ မောင့်ကို ရှင်းပြချင်တာက တစ်ယောက်နဲ့ တစ်ယောက် မပိုင်ဆိုင်တော့တဲ့ဘဝမှာ ရှိခဲ့တဲ့ သံယောဇဉ်ကို ဖြတ်ဖို့ လွမ်း မကြိုးစားတော့ပါဘူး…



မောင့်အပေါ်ထားတဲ့ သံသယတွေကိုလည်း လွမ်း ဖြေဖျောက်ပစ်မှာပါ မောင်…



မောင့်ကို သတိရခြင်းများစွာနဲ့



လွမ်း





လွမ်းဧကရီ
၃၁-၁၀-၂၀၁၃

ညနေ ၄:၅၀ နာရီ

 

1 comment:

Unknown said...

တကယ်ပါဗျာ အမရေးထားလေးတွေကို
အမနေရာ ကနေခံစားမိပါတယ် အမတို့တွေ တကယ်တော် ကြပါတယ် ကျွှန်တော် မလိမ်တမ်းပြောရရင် အမဆိုဒ် ထဲကို စ၀င်လိုက်တာနဲ့
အလွမ်းရဲ့ အငွေ့အသက်တွေ ရေးရေးလေး ရလိုက်တယ်
ပထမကတော့ မထင်လိုက်မိဘူး နောက်မှသိလိုက်ရတယ်
တကယ်စိတ်မကောင်းပါဘူး အမတို့ချစ်သူနှစ်ဦး ပြန်လည် ဆုံဆည်းပါစေလို့ဆုတောင်းပေးပါတယ် ဗျာ