Wednesday, June 5, 2013
ကိုယ်စိတ်မကောင်းဘူး
ကိုယ်စိတ်မကောင်းဘူး
လွမ်း မောင့်ကို ချစ်သူတစ်ယောက်အနေနဲ့ နေပေးပေမဲ့ မောင့်အပေါ်မှာ ရင်မခုန်ခဲ့ဘူး…
လွမ်းက ဖုန်းပြောရင် မောင့်ကို ချွဲပြောတတ်တာကလွဲလို့ အမှန်တွေကို မပြောတတ်ခဲ့ဘူး…
လွမ်းက မောင့်ကို ချစ်သူလို့ သတ်မှတ်ပေမဲ့ ဘယ်သူရဲ့ အသိအမှတ်ပြုခြင်းကိုမှ မခံယူစေခဲ့ဘူး…
လွမ်း…မောင့်ကို အလိုလိုက်တတ်ပေမဲ့ မောင်အလိုလိုက်တာကို မတောင်းဆိုခဲ့ဘူး…
မောင် လွမ်းကို စိတ်မဆိုးဖူးသလို မောင့်ကိုလည်း စိတ်မဆိုးခဲ့ဘူး…
မောင် တစ်ပါးသူရင်ခွင်မှာ ရောက်နေမှန်း သိပေမဲ့လည်း စိတ်မဆိုးတတ်ခဲ့ဘူး…
ဘဝမှာ အချစ်ဟာ တစ်စိတ်တစ်ပိုင်းမို့လို့ အချစ်ကို ရှေ့တန်းတင် မမိုက်ခဲ့ဘူး…
လွမ်းရဲ့ဘဝဟာ အလုပ်လုပ်ခြင်းပဲမို့ မောင့်ကို တမ်းတနေဖို့လည်း အချိန်မရခဲ့ဘူး…
မောင် ဖုန်းဆက်တော့ လွမ်း…မောင့်ကို လွမ်းလိုက်တာ လို့ ညာပြောတတ်ခဲ့တယ်…
လွမ်းကစပြီး ဘယ်တော့မှ မောင့်ဆီ ဖုနးမဆက်တတ်ခဲ့ဘူး…
ဘာကြောင့် လွမ်း အဲလိုဖြစ်နေတာလဲလို့ လာမေးရင် မဖြစ်နိုင်တဲ့ဘဝကို မဖန်တီးချင်လို့ပဲ လို့ ဖြေရမှာပဲ…
ဘာလို့ မဖြစ်နိုင်တဲ့ဘဝလဲ လို့ ထပ်မေးခဲ့ရင်တော့…..
လွမ်းနဲ့ မောင် ချစ်သူတွေပါလို့ ပတ်ဝန်းကျင် လူ့လောကကြီးကို မကြေငြာရဲလို့ပါပဲ
ဒီတော့ အကောင်းဆုံးကတော့ ချစ်ခဲ့ကြတဲ့ အချိန်လေးတွေကို မေ့ပစ်လိုက်တာ အကောင်းဆုံးပါပဲ…
မောင့်ကို အဲလိုပြောရတာ လွမ်း တကယ့်ကို စိတ်မကောင်းပါဘူး မောင်…
လွမ်းဧကရီ
၀၅-၀၆-၂၀၁၃
ညနေ ၂:၃၅ နာရီ
1 comment:
Unknown said...
မေ့ လိုက် ကြ တာ ပေါ့ လွမ်း ...
ဒီတစ် ခါတော့ လွမ်း မူပိုင် ရှင် က လွမ်းစေဘို့ စတင် ဖန်တီး သူဖြစ်သွား ပြီ။
ခံစားအား ပေးနေ တယ် လွမ်း