Sunday, February 3, 2013

အမှတ်တရ လွမ်းသီချင်းလေး

အမှတ်တရ လွမ်းသီချင်းလေး


လွမ်းဘဝက လွမ်းကျန်ရစ်ခဲ့ရသူဖြစ်တဲ့အတွက် လွမ်းဧကရီ နာမည်ဖြင့် ၂၀၀၈-ခုနှစ်မှ စတင်၍ စာရေးလာခဲ့တာ ကြာပါပြီ။


ကွန်ပြူတာနည်းပညာများ ရေးသားသလို အလွမ်းဇာတ်လမ်း မြောက်များစွာကိုလည်း ရေးခဲ့ပါတယ်။


မကြာသောကာလကမှ အဆိုတော်ဦးခင်မောင်တိုး ဆိုထားတဲ့ လွမ်း သီချင်းကို ရခဲ့ပါတယ်။


လွမ်းသီချင်းကို စက်မှုတက္ကသိုလ်ကျောင်းပုံနဲ့ အမှတ်တရ လုပ်ထားပါတယ်။


ဦးခင်မောင်တိုးကလည်း စက်မှုတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။



လွမ်းသီချင်းတွင် ပါတဲ့ “ပညာရှာရင်းနဲ့ ကျောင်းကြီးရဲ့အရိပ်အောက်မှာ” ဆိုတာ စက်မှုတက္ကသိုလ်ကို ရည်ညွှန်းစပ်ဆိုထားပုံ ရပါတယ်။


လွမ်းက အလွမ်း၊ အချစ်ဇာတ်လမ်းများ ရေးသားသော်လည်း ငယ်ရွယ်သူတစ်ဦးတော့ မဟုတ်ပါ။


အချစ်က အသက်အရွယ်နဲ့ မဆိုင်ဘူးဆိုရင်တော့ လွမ်းက လူငယ်များလိုပဲ ခံစားတတ်သူတစ်ဦးဆိုတာ ဝန်ခံပါတယ်။


အင်တာနက်မှာ စာရေးသူဖြစ်တဲ့အတွက် လွမ်းအချစ်များဟာ Online အချစ်အများဆုံးဖြစ်ပြီး Online ထဲမှာပဲ ပျောက်ဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။


လွမ်း စက်မှုတက္ကသိုလ်တက်စဉ်က တက္ကသိုလ်ရဲ့ ကျောင်းသူဘဝကို ပီပြင်စွာ ဖြတ်သန်းခဲ့ရပါတယ်။


သူငယ်ချင်းများတွေ့ဆုံပွဲများတွင်လည်း လွမ်း ရောက်အောင်သွားပြီး တက္ကသိုလ်တက်စဉ်က အကြောင်းများကို သူငယ်ချင်းများနဲ့ ပြန်ပြောင်းပြောဆိုဖြစ်ကြပါတယ်။


လွမ်းတို့နှစ်က Mechanical မှာ မိန်းခလေး (၈) ယောက်ပဲ ရှိပါတယ်။


လွမ်း ကျောင်းတက်စဉ်မှာ ရည်းစားမရှိခဲ့ပေမဲ့ အမှတ်တရများစွာ ရှိခဲ့ဖူးပါတယ်။


လွမ်းတို့ကျောင်းကို စွယ်တော်ရိပ်လို့ နာမည်ပေးထားတာပါ။


G-Hall သူလို့ မိန်းခလေးဆောင်နေသူများကို ခေါ်ထဲအထဲတော့ လွမ်း မပါပါ။


လွမ်းက အိမ်ကနေ ကျောင်းတက်တဲ့သူပါ။ မန္တလေးကနေ ရန်ကုန်ကို ပြောင်းလာပြီး တက္ကသိုလ် တက်တာပါ။



အဆိုတော်ခင်မောင်တိုးအတွက် အမှတ်တရ လွမ်းသီချင်းလေးကို Flash Song ပြုလုပ်ထားတာကို သူငယ်ချင်းများ နားဆင်နိုင်ရန် တင်ပေးလိုက်ပါတယ်။







လွမ်းဧကရီ
၃-၂-၂၀၁၃

နံနက် ၁၂:၃၀ နာရီ

2 comments:

Unknown said...

အလည်တစ်ခေါက်ရောက်ခဲ့ပါတယ်လွမ်းရေပျော်ရွှင်ပါစေ

Unknown said...

i like this