Monday, September 2, 2013

အချစ်လို့ ခေါ်လား

အချစ်လို့ ခေါ်လား


ကို

လွမ်းတယ်ကိုရယ်…


လွမ်းက ကို့အပေါ် တကယ်ချစ်သွားခဲ့မှန်း လွမ်းကိုယ်လွမ်းတောင် သတိမထားခဲ့မိပါဘူး…


လွမ်းနဲ့ ကို စတွေ့တဲ့နေရာလေးကတော့ တစ်ချိန်က လွမ်း နှစ်သက်ပြီး နေ့တိုင်းရောက်ခဲ့ရတဲ့ MM FLASH SONG WEBSITE ပါ…


ကိုလွမ်းစာမျက်နှာမှာ လာ‌ပေးတတ်တဲ့ Comment လေးတွေကိုလည်း ပြန်လည် သတိရတမ်းတမိပါတယ်…


မိတ်ဆွေတစ်ယောက်အနေနဲ့ e-mail နဲ့ စာအပြန်အလှန်ပို့ကြရင်း ခင်မင်ရင်းနှီးလာပါတယ်…


တစ်ယောက်အကြောင်း တစ်ယောက်ပြောဖြစ်ခဲ့ပါတယ်…
 
ကိုက လွမ်းနားထောင်ဖို့ သီချင်းလေးတွေ ပို့ပေးတတ်ပါတယ်…


ကို ပို့ပေးတဲ့သီချင်းလေးတွေ နားထောင်ပြီး လွမ်း ခံစားလာမိပါတယ်…


ကို့အပေါ် ခံစားချက်လေးတွေ ချရေးဖြစ်ရင်းနဲ့ ကို့အချစ်ကို လွမ်း ရခဲ့တာပါ…

လွမ်းကပဲ ကို့ကို စချစ်မိတာလား၊ ကိုကပဲ လွမ်းကို စချစ်တာလားဆိုတာတောင် မသိတော့ပါဘူး…

တစ်မြို့ထဲနေပေမဲ့ ကိုက လွမ်းကို တွေ့ခွင့်မတောင်းသလို လွမ်းကလည်း ကို့ကို တွေ့ဖို့ မကြိုးစားမိပါဘူး…


ကိုနဲ့ ချစ်သူဖြစ်တော့ ကိုက ဖုန်းနံပါတ်ပေးတာနဲ့ ဖုန်းဆက်ဖြစ်ပါတယ်…


လွမ်းနေမကောင်းဖြစ်တုန်းက ကို့ဆီ ဖုန်းဆက်ပြောပါတယ်…


ကို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ လွမ်းအပေါ် ဂရုစိုက်တာတွေ ကြားရတော့ လွမ်း…ကို့ကို ပိုချစ်မိသွားပါတယ်…
 

ကိုက ကို့အကြောင်းကို ဖွင့်ပြောပြပါတယ်…ကို လွမ်းကို ခွဲပြီး နိုင်ငံရပ်ခြားကို ထွက်သွားမဲ့အကြောင်း ကြိုပြောထားပါတယ်…


ကိုက ခရီးထွက်တတ်ပါတယ်… တစ်ခါတစ်လေ လွမ်းကို မပြောဘဲ ခရီးထွက်သွားပြီး ဖုန်းအဆက်အသွယ် ပြတ်သွားတတ်ပါတယ်…


ကို…ဒီလိုလုပ်ရင် လွမ်း မနှစ်သက်ပါဘူး…


လွမ်း နေပြည်တော်ကို သွားရတော့ ကိုက တောင်ငူကို ရောက်နေတယ်…ကိုက ကို့သူငယ်ချင်းကို အကူအညီပေးနေတာတဲ့…


လွမ်းက လွမ်းကိုပဲ ဂရုစိုက်စေချင်တာလေ…ကို လွမ်းနဲ့ လက်ထပ်ပြီးရင် ဒီလိုပဲ သူငယ်ချင်းတွေနဲ့ နေနေမှာကို တွေးပူလာတယ်…


ကို့ပတ်ဝန်းကျင်နဲ့ လွမ်းပတ်ဝန်းကျင် အနေအထားက မတူတော့ လွမ်းစိုးရိမ်လာတယ်…


ကို့ကို စိတ်ကောက်ပြတော့ ကိုက မချော့တဲ့အပြင် လွမ်းကို အဆက်အသွယ်ဖြတ်လိုက်ပါတယ်…


ကို…အဆက်ဖြတ်လိုက်တော့မှ လွမ်းရင်ထဲ နာကျင်ခံစားလာရပါတယ်…


လွမ်းဆီကို ပြန်မလာတော့မှာ သိပါတယ်…



လွမ်း ဘာများတတ်နိုင်အုန်းမှာလဲ ကိုရယ်…


ကို… လွမ်းကို မချစ်နိုင်တော့မှန်း သိပါတယ်…


လွမ်းကတော့ ကိုနဲ့ ချစ်ခဲ့ပြီးနောက်ပိုင်း ဘယ်သူ့ကိုမှ မချစ်တော့ပါဘူး…


ဒီတော့မှ လွမ်း ကို့အပေါ် တကယ်ချစ်သွားတာပါလားဆိုတာ လွမ်းကိုယ်လွမ်း သိလိုက်ရပါတယ်…


လွမ်းပေးပေမဲ့ ပေးတိုင်းပြန်မရတာ အချစ်လို့ ခေါ်သလား ဟင်?




ကို့ကို သတိရလျက်


လွမ်း
 



မှတ်ချက်


အချစ်လို့ ခေါ်လား” ဆိုတဲ့ သီချင်းလေးက လမင်းငယ်ငယ်က e-mail ကနေ ပို့ပေးထားတဲ့ သီချင်းလေးပါ။ လမင်းငယ်ငယ်ကို ကျေးဇူးတင်ပါတယ်။





လွမ်းဧကရီ
၀၂-၀၉၀၂၀၁၃

နံနက် ၀၆:၂၀ နာရီ









1 comment:

Unknown said...

မလွမ်း နေကောင်းလားဗျ မလွမ်းကိုချောကလက် မရှိထဲက
ပျောက်နေတာလေ စာသားတွေက တယ်မိုက်ပါလား
ခံစားချက်ပါနေလို့လား တိဝူး ဟားဟား